တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
သူရိယ ဆိုတာ အများသိကြတဲ့အတိုင်း နေမင်း ဆိုတဲ့အမည်ပါ။ နေမင်းဟာ သက်ရှိသက်မဲ့ အရာအားလုံးအပေါ် အဆင့်အတန်းမခွဲခြားပဲ တူညီသော အလင်းနှင့် အပူရှိန်ကိုပေးသကဲ့သို့  သူရိယ အဖွဲ့ သည်လည်း ပြည်သူတို့ သိသင့်သိထိုက်သည့် အချက်များကို အချွင်းမချန် ဖော်ပြပေးသွားရန် ရွယ်ရွယ်ပါသည်။ ကျွန်ုပ်တို့ သူရိယ အဖွဲ့ဟာလည်း အများပြည်သူတွေ အတွင်း ဘ၀ ရောင်ခြည်တည်းဟူသော အသိတရား အလင်းတန်းများ ပေးဝေမျှဖို့ အတွက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့မြန်မာပြည်မှာ ပြည်သူတွေမှာ
သက်ဦးဆံပိုင်ဘုရင်စနစ်ခေတ်၊
အင်္ဂလိပ်နဲ့ ၈ျပန် နယ်ချဲ့ ခေတ်။ လွတ်လပ်ပြီးစ ရောင်စုံသူပုန် များနဲ့ ပြည်ထောင်စု အစိုးရခေတ်။ ဟန်ပြ ဆိုရှယ်လစ်စနစ်နဲ့  မဆလ အစိုးရခေတ်။ စစ်အစိုးရ ချုပ်ကိုင်ထားသည့် နအဖ အစိုးရခေတ် စသည် စသည်သော ခေတ်အဆက်ဆက်က အသိဥာဏ်အလင်း အမှောင်အချ ခံခဲ့ရတာမို့ လက်ရှိတိုးတက်နေတဲ့ခေတ်ကြီးမှာ ပင် မြန်မာပြည်သူ -၈၀ ရာနှုံးကျော်ဟာ အင်တာနက်ကို မသုံးနိုင်ကြသေး။
ကမ္ဘာကြီး ပြားကာ ရွာကြီးအဆင့် ရောက်သည်ကို လည်း ပြည်သူအများစု မသိကြ သေး၊ ။
ကွန်ပြုတာ အင်တာနက်ဆိုသည်မှာလည်း ကန့် သတ်ချုပ်ချယ်မှု အမျိုးမျိုးအောက်မှာ ပြည်သူအများစုနှင့် မနီးစပ်နိုင်ကြေသေးပေ။
ထိုထိုသော နောက်ကျကျန်ရစ်ခဲ့သည့် မြန်မာပြည်သားတို့ အတွက် ကျွန်ုပ်တို့ သူရိယ-အဖွဲ့ မှ သတင်းအချက်အလက်များနှင့် အကျိုး ရှိ နိုင်မည့် သုတ အချက်အလက်များကို ပေးစွမ်းမည်ဟု ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ ပေးသည့်အချက်အလက်များသည် အဖွဲ့ အစည်းအချို့  လူပု၈္ဂိုလ်အချို့ မှ သဘောကျချင်မှ ကျကြပါလိမ့်မည်။
ပြည်သူများအကျိုးရှိရေးနှင့် အဖြစ်မှန်ကို သိရှိပြီး ဝေဖန် နိုင်ရေးအတွက် ကျွန်ုပ်တို့ အဖွဲ့ မှ ကြိုးစားသွားမည်ဟု ၈တိပြု ပါသည်။ သူရိယအဖွဲ့  နော်ဝေ မြန်မာ မိတ်ဆွေများ အသင်း။ ယော်ဗစ်မြို့ ။ နော်ဝေ
ဆက်သွယ်ရန်
editor.thuriya@gmail.com
နော်ဝေ ဘာသာ စာမျက်နှာလည်း တည်ထောင်ထားပါတယ်။
ဆက်သွယ်လိုပါက
Svein Elvsborg ---93 24 62 73
E-post----
sv-elvs@online.no