တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
နအဖ တရားခွင်
နအဖစစ်အစိုးရသည် မြန်မာနိုင်ငံအား သောက်မြင်ကပ်ပုဒ်မနှင့် နားလည်မှုပုဒ်မ နှစ်မျိုးဖြင့်သာ အုပ်ချုပ်နေပါသည်။
တရားခွင်-၁ တရားသူကြီး ။ ။ ရုံးတော်ရှေ့ရောက်နေတဲ့ တရားခံက ဘာအမှုလဲ။ ဆွဲချရှေ့နေ ။ ။ ရပ်ကွက်ထဲမှာ ရယကခွင့်ပြုချက်မပါဘဲ တံတားဆောက်၊ လမ်းတွေမြေဖို့တဲ့ အတွက်ပါခင်ဗျား.........။ တရားသူကြီး ။ ။ အပိုင်အကြီးအကဲကို မထီမဲ့မြင်ပြုတဲ့အတွက် သောက်မြင်ကပ်ပုဒ်မ နဲ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀-နှစ် ကျခံစေ။ တရားခွင်-၂ တရားသူကြီး ။ ။ ရုံးတော်ရှေ့ရောက်နေတဲ့ တရားခံက ဘာအမှုလဲ။ တရားခံရှေ့နေ ။ ။ ငါးလောင်းပြိုင်လူသတ်မှုကို သက်သေနဲ့တကွ ဖမ်းမိတာပါခင်ဗျား...............။
(တရားသူကြီးအား နှစ်ကိုယ်ကြား လေသံဖြင့်) ဗိုလ်ချုပ်........ နဲ့ တရားခံက ဒီလို ဒီလို ရှိပါတယ်ခင်ဗျ။ တရားသူကြီး ။ ။ တရားခံသည် အပိုင်အကြီးအကဲနှင့် နားလည်မှုယူထားပြီး ဖြစ်သည့်အတွက် နားလည်မှုပုဒ်မနှင့် တရားသေလွတ်စေ။
မောင်ပါလ
၃၀ နိုဝင်ဘာ ၂၀၁၀
---------------------
ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ အကျယ်ချုပ် ချခံနေရသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြောင်းရွှေ့ချုပ်နှောင်သည့်မြင်ကွင်းဟု ယူဆရသည့် ဗီဒီယိုဖိုင်တခု မကြာသေးမီက အင်တာနက် စာမျက်နှာသို့ ရောက်လာသည်။
FaceBook အင်တာနက် လူမှုကွန်ရက်တွင် အကောင့် ရှိသူများ http://www.facebook.com/video/?id=100001219370983#!/video/video.php?v=144212602296051 တွင် သွားရောက် ကြည့်ရှုနိုင်သည်။
လက်ရှိ ကြည့် ရန် ဤ နေရာတွင်နှိပ်ပါ။ ပေါ်လာသည့် ဗွီဒီယိုင် ဖိုင်ကို ဖွင့်ပါ။ မိုး အနည်းငယ်ရွာနေသည့် ညဘက်တွင် ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ အိမ်ရှေ့သို့ လုံခြုံရေး အရာရှိတချို့  စုဝေးနေပုံကို ဗီဒီယို အစ ပိုင်းတွင် တွေ့ရသည်။ ခြံတခါးဝ၊ အိမ်ရှေ့တံခါးဝတို့တွင် ၂ မိနစ်ကြာမျှ စောင့်ဆိုင်းပြီးနောက် ဦးခင်ညွန့်၊ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေ တို့ တံခါးဖွင့်ပေးသည်ကို တွေ့ရသည်။ ဆံပင်ဆေးဆိုးမထားသည့် ဦးခင်ညွန့်သည် ပုဆိုး၊ ဂျာကင်အဖြူတို့ကို ၀တ်ဆင်ထားသည်။ အရာရှိများထဲမှ ရဲချုပ်ခင်ရီဟု ယူဆရသူက ဦးခင်ညွန့်ကို အလေးပြုပြီး အိမ်ထဲသို့ ၀င်သွားကြသည်။ ဦးခင်ညွန့်က ပြန်လည် အလေးပြုခြင်း မရှိပေ။ ထို့နောက် အရာရှိများနှင့် ဦးခင်ညွန့်တို့ ၀ိုင်းဖွဲ့စကားပြောပုံကို တွေ့ရသည်။ ဦးခင်ညွန့်က စကား အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော်လည်း ဗီဒီယိုဖိုင်တွင် အသံ ပါဝင်ခြင်း မရှိသဖြင့် မည်သည့်အကြောင်းအရာများကို ပြောနေကြောင်း မသိရပေ။ ဦးခင်ညွန့်သည် ယခင်က ကဲ့သို့ ကိုယ်လက်အမူအယာဖြင့် သွက်လက်စွာ စကားပြောနေသည်ကို မြင်ရသည်။ မကြာမီ ဇနီးမောင်နှံ ၂ ဦး အိတ်ငယ် ကိုယ်စီဖြင့် အပေါ်ထပ်မှ ဆင်းလာသည့်ပုံကို တွေ့ရသည်။ အမျိုးသမီး လေးဦးခန့်ကိုလည်း တွေ့ရသည်။ တချို့က ကလေးများကို ပွေ့ထားကြသည်။ ဦးခင်ညွန့်က ကလေးများကို နမ်းရှုံ့ပြီး နောက် အိမ်မှ ထွက်ကြသည်။ အဆောက်အအုံတခုသို့ အရောက်တွင် ၎င်းတို့ လင်မယားကို ကြိုဆိုသူများ ရှိနေသည်။ အမျိုးသမီး ၂ ဦးက လက်သုတ်ပုဝါများ ပေးကြသည်။ ဧည့်ခန်းအတွင်း စကားဝိုင်း ဖွဲ့ပုံကို ပြရာ ဦးခင်ညွန့်က စကားအများဆုံး ပြောသည်ကို တွေ့ရသည်။ ထိုမြင်ကွင်းများကို မကြာခဏ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။ ဦးခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ရာထူးမှ ဖယ်ရှားခံရပြီး မကြာမီ ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရပြီး မိသားစုလိုက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။ ဤမှတ်တမ်းဗီဒီယိုကို မည်သည့်အချိန်က ရိုက်ကူးထားမှန်း မသိရပေ။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိုအိမ်ဝန်းကျင်တွင် မတွေ့ရသည်မှာ တလကျော်ခန့် ရှိပြီဟု ၎င်း၏ အိမ်အနီး နေထိုင်သူ မိုးမခ ပရိသတ် တဦးက ပြောသည်။ မိုးမခအထောက်တော် အမှတ် ၀၀၂ နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ -------------------------------- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာက တဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့် လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။ “ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့ အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်း ပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော် တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။” ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။ VOA- by ကျော်ကျော်သိန်း သောကြာ, 26 နိုဝင်ဘာ 2010
--------------------
မျက်နှာပုံရိပ်နဲ့ ကွန်ယက်နိုင်ငံရေး ကေသွယ် နိုဝင်ဘာ ၂၂၊ ၂၀၁၀ ကာလ ယန္တယားကြီး ကတော့ ..တစက္ကန့် မျှ.. ရပ်နားခြင်း မရှိ ..ယာဉ်ရထား ကြီး တစီးကို ပုံမှန် ခုတ်မောင်း ပေးနေ လျက်သာ။ အနှစ် နှစ်ဆယ်..ဆယ့်နှစ် နှစ်.. . ခုနှစ်နှစ်.. ဆို သလို .. အပိုင်း အခြား တွေ ကြားထဲ .. ဒီ ယဉ် ရထား ကြီး ရဲ့ ပြတင်း တွေ မှာ ..သူမ ကို.. မြင်တွေ့ လိုက်.. ပျောက်ကွယ် သွားလိုက်.. ။ ဒီလို နဲ့ ပဲ... ဒေါ်စု ကနေ.. အမေစု ဖြစ် လာခဲ့ ပြီ။ ဒါပေမဲ့.. တရိပ်ရိပ် ကျန်ခဲ့ တဲ့......ရှုမျှော်ခင်း တွေကသာ... တမျိုး ပြီး တမျိုး ပြောင်းလဲ သွားပေမဲ့..အမေစု က တော့ .. လန်းဆန်းဆဲ.. ရွှင်လန်းမြဲ.. ပန်းပန်လျက် ပါပဲ..။ ဒီယဉ် ရထား ကြီးပေါ်က.. တခြား ခရီးသည် တွေ လည်း.. ဒါးရာ တွေ တထစ်ပြီး တထစ်..ထစ်ရင်း.သာ... ပြတင်းဝ တွေ ကို ဆက်လက် ငေးမော နေ ကြ ဆဲ။တချို့ တော့ လမ်းခုလတ် မှာပဲ..ခရီး ဆုံး သွား ကြ သည် ။ မျိုးဆက်သစ် တချို့ ... ပြတင်း အပြင် ကို.. ခေါင်းပြူ ထွက်ကြည့် လာ ကြ သည်။
လမ်းခရီး မှတ်တိုင် တွေ လည်း .. . တခုပြီး တခု.. ရပ်လိုက်.. ဆက် လိုက်..။ ဆိုပါတော့.. ၈၈ မှတ်တိုင် ကပဲ.. စလိုက် အုံးတော့.. ၉ ၀ မှတ်တိုင်.. ၉ ၆ မှတ်တိုင်... ဂန္ဒီ ခန်းမ မှတ်တိုင် .. ညောင်နှစ်ပင် မှတ်တိုင် .. တက္ကသိုလ်ရိပ်သာလမ်း မှတ်တိုင် .. ရွှေဂုံတိုင် မှတ်တိုင် . ဒီပဲယင်း မှတ်တိုင် .. ရွှေဝါရောင် မှတ်တိုင် ..။ တလော လေးက..ဆိုက်သွားခဲ့ တယ်..၂၀၁၀ မှတ်တိုင်...။ အဲဒီ မှတ်တိုင် မှာ..တချို့ ဆင်းကျန် ခဲ့ ကြလေ ရဲ့..။ ဒါဆို..အခု ရောက် တဲ့ မှတ်တိုင် ကို..ဘယ်လို အမည် တပ်ရ ပါ့..။ ( အမေစု ) နာမည်ပေးလိုက် သလို..၂၁ ရာစု ပင်လုံ မှတ်တိုင် လား..။ ဒေါင်လိုက် ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ကနေ.. အလျားလိုက် ..ဒီမိုကရေစီ ကွန်ယက် ကြီး တခု ဖြစ်ကြရ အောင် ဟေ့.. ဆို တော့ ကာ .. ကွန်ယက် မှတ်တိုင် ကြီး ပေ ပဲ လား..။ ကွန်ယက် ခေတ် မို့.. ကွန်ယက် စကား ပြောခြင်း သည်.. သဘာဝ ကျ ပါသည်။ ဒါပေမဲ့..ဒီ ကွန်ယက် ဆို တဲ့.. စကား ကို.. အဓိပ္ဗါယ် ဖွင့် ဆို ဖို့ နဲ့.. လက်တွေ့ အသုံးချ ဖို့ ဆို တဲ့ ကိစ္စ ကတော့.. ထင်သလောက် ရိုးရှင်း ပါ့ မလား ။ နေအိမ် အကျယ်ချုပ် ခံ နေ ရတဲ့..လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က.. သူမ လွတ်လာရင်.. Twitter ဆိုတဲ့.. လူမူကွန်ယက် ကို သုံးကြည့်ဖို့.. စိတ်ဝင်စား ပါတယ် ဆိုတဲ့..သတင်းက..အစပြုလို့.. ၂၁ ရာစု ရဲ့.. နည်းပညာ လှိုင်းတွေ ပေါ်မှာ.. လွတ်လပ် ပျော်ရွှင်စွာ..တနေကုန် တနေခမ်း ကူးခပ်နေကြတဲ့.. ပြည်တွင်း ပြည်ပ..မြန်မာလူမျိုး တွေ ကြားထဲမှာ အထူး. .လှုပ်လှုပ် ရှားရှား ဖြစ် သွားကြ သည် ။ အခု.. ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ် ချုပ် က..လွတ်မြောက် ခဲ့ ပြီ။ ဒါပေမဲ့.. ခု အချိန်မှာတော့... သူမ အနေနဲ့.. Twitter ပဲ သုံးရမလား facebook ကို သုံးရမလား.. မဆုံးဖြတ်ရ သေး ပါ.. တဲ့..။ တကယ်လို့ သုံးဖြစ် မယ် ဆိုရင် လည်း.. သူ့ ရဲ့ popularity အတွက် သုံးဖို့ မဟုတ်ပဲ.. သူ ဘာလုပ်နေတယ် ဆိုတာ.. အများ ပြည်သူ တွေ အနေနဲ့... သိရှိ ဆက်သွယ် နိုင်ဖို့ .. ပြည်သူ့ အသံ ကို နားထောင် ဖို့ ပါ လို့.. CNN အင်တာဗျူး တခု မှာ..သေသေချာချာ ကွဲပြားအောင် ပြောသွား လေ သည်။ .. အင်တာနက်လိုင်း သုံးနိုင်ဖို့ကိုတောင် သက်ဆိုင်ရာ အာဏာပိုင် တွေဆီမှာ..လျှောက်ထား ဆဲဟု သိရသည် ။ ၂၁ ရာစု ပင်လုံ နဲ့ ပတ်သတ် လို့ လည်း.. ၂၁ ရာစု ဆိုတဲ့.. နာမ၀ိသေသ နဲ့ လိုက်ညီ အောင်.. နည်းပညာ ကွန်ယက် ဆက်သွယ်မူ နဲ့ပဲ.. လုပ်ကြရင် မကောင်းဘူး လား ဆိုတဲ့ .. သဘောထား လည်း ရှိနေ လေ သည်။ ဒေါ်စု အနေနဲ့..ကွန်ပြူတာ ကိုင်တွယ် အသုံးချ မူ ကို.. ယဉ်ပါးပြီးသား ဖြစ်လိမ့်မယ် ဆိုတာ..သေချာပါတယ်။ ၈၈ ကာလ တွေ လောက် ကတည်းက.. တိုးတက်တဲ့ တခြားနိုင်ငံကြီးတွေ မှာ..ကွန်ပြူတာကို တွင်တွင် ကျယ်ကျယ် အသုံးပြု နေ ခဲ့ ကြ ပြီပဲ။ ၇ နှစ် ကျော် ကြာ..မမြင်ရ.. မထိတွေ့ ခဲ့ ရတဲ့..လူထု ကြီး ရဲ့.. သောင်းဖြ မျက်ရည် တွေ ကို လည်း.. အိတ်ဆောင် ကင်မရာ လေး တွေ.. လက်ကိုင်ဖုန်း လေး တွေ.. တဖြတ်ဖြတ် ကြား မှာ...တလက် လက် .. တွေ့ လိုက် ရ တော့.. ၂၁ ရာစု ဆက်သွယ်ရေး ခေတ်ကြီး အတွက်.. ဒေါ်စု တယောက် အံ့သြ ၀မ်းသာ ဖြစ်ရ ပုံ ကိုလည်း..မြင်ခဲ့ သိခဲ့ ကြ ရသည် ။ Her first encounter with technology ဆိုပြီး.. နိုင်ငံ တကာသတင်း ဌါန တွေက ခေါင်းစဉ် တပ်သလို.. သူမကိုယ်တိုင် ကလည်း ဆဲလ်ဖုန်း လေး သေးသေးလေး ကို.. ပါးစပ် မှာ ထားရမလို ..နားမှာ ကပ်ရ မလို ဖြစ် ရ ပုံ..ကို.. ရွှင်မြူးစွာ ပြောသွားခဲ့ သည်။ aungsansukyi.youth@gmail.com ဆို တဲ့.. အီးမေးလ် လိပ်စာ တခု က.. အင်တာနက် အသုံးပြုသူ တွေ ကို .. နှောင့်ယှက် ဖျက်စီး နိုင်တယ် ဆို တဲ့.. ကိစ္စ..သတိ ပေးချက် တွေ လည်း ပြန့် နှံ့ နေ သည်။ တချို့ account တွေ က လည်း..တကယ်ပင်.. ဒေါ်အောင်ဆန်းစုကြည် အနားမှာ လုပ်ကိုင်ဝန်းရံ ပေးနေသော..လူငယ်တချို့၏.. စိတ်ကူး အကြံ များ ဖြစ်ကောင်း ဖြစ်နိုင်ပေ မည်။
ဒါပေမဲ့.. အခု အချိန် မှာ..အစောတလျင်.. မရှိသင့် သေးပေ။ အခု လောလောဆယ်ဆယ်.. ထွက်လာသမျှ ဒေါ်စုနာမည် နဲ့ပတ် သတ် တဲ့ facebook account များ အားလုံး လိုလို သည်လည်း.. ..မသပ် မရပ် နိုင် လှ သည် ဟု ထင်မိ သည်။ လူ ပြော အများဆုံးဖြစ်နေ တဲ့.. ဒေါ်စု ကိုယ်တိုင် မကြာခင် သုံးမည် ဟု.. အသံ လွှင့် ထားသော AungSan SuuKyi (People's Voices) ဆို သော.. စာမျက်နှာ သည်ပင်.. နံရံပေါ် မှာ.. ရေးချင်တာ တွေ ၀ိုင်း ရေး ထား ကြ သည် မှာ.. မျက်စိ နောက်စရာ.. စိတ်ရှုပ်ထွေး စရာ ကောင်း နေ တော့ သည်။ မိသားစု ခွင့်ပြုချက် နဲ့..Burma Campaign UK က.. လုပ်ပေး ထား ပါတယ် ဆိုတဲ့.. facebook account သည်ပင်.. နံရံတခု လုံး ရှုပ်ပွ နေ အောင်.. လူမျိုးစုံ က..၀ိုင်းပြီး တင်ချင်တာ တွေ တင်.. ရေးချင်တာ တွေ ရေးထား တာ တွေ့ ရသည်။ တကယ် ဆို.. တာဝန်ရှိသူ.. ( သို့ ) ကာယကံရှင် တယောက်တည်း ကသာ.. တည်းဖြတ် ရေးသား ခွင့် ရှိတဲ့..စာမျက်နှာ တခု လုပ်ဖို့ ခက်ခဲ လှ မယ် မထင်။ အခု လေ့လာ ရ သလောက်.. မြင်မိ သလောက်.. နိုင်ငံရေး သမား များ ရဲ့.. facebook စာမျက်နှာ တိုင်း လိုလို ဟာ လည်း.. တခြား တပါး လူတွေ ၀င် ပြီး နံရံ ပေါ်မှာ လုပ် ချင်ရာ လုပ်သွားလို့ မရ အောင်..စနစ်တကျ လုပ်ထား ကြ သည် သာ များသည်။ ပြီးတော့.. နိုင်ငံရေး တာဝန် တွေ နဲ့အလုပ်ရှုပ်ကြ မဲ့ လူတွေ ချည်း မို့.. ကြားလူ တယောက် ယောက်.. (သို့) ရုံးအဖွဲ့ တခုခု က.. တာဝန်ယူ ကြီးကြပ် ပေး ရ တာ မျိုး သာ..ဖြစ်သင့်. .ဖြစ်နိုင် ပေ သည်။ ဥပမာ.. comment နဲ့ Like function တွေ ကိုပဲ ..ဖွင့်ပေး ထားခြင်း အားဖြင့် .. အများ ပြည်သူ.. ရဲ့.. အသံ.. ဝေဖန် အကြံပြု ချက် တွေ ကို.. ရယူ ကြားနာ နိုင် မှာ ပါ။လတ်တလော.. facebook မှာ ထိပ်ဆုံး ပြေး နေတဲ့.. နိုင်ငံရေး သမား တွေ ကတော့..ထုံးစံ အတိုင်း.. အမေရိကန် သားတွေ များ ပါတယ် ။ သမ္မတကြီး Obama က.. ပရိသတ် ၁၆ သန်း နဲ့.. နံပတ် တစ် ဖြစ်ပြီး.. သမ္မတ ကတော် က..ဒုတိယ ..။ နောက်.. သမ္မတ ဟောင်း ကြီး Bill Clinton ဒုသမ္မတ လောင်း ပြုတ် Sara Palin .. ရီပါ့ဘလစ်ကန် သမ္မတလောင်း.. MaCain စသဖြင့်.. အသီးအသီး.. ( Like ) နှစ်သက် ထောက်ခံ သူ အရေ အတွက် တွေ.. သိန်း သန်း ချီ ပြီး အပြိုင် ရှိ နေ ကြ ပါ တယ်။ အဲဒီ အထဲ မှာ.. Burma Campaign UK က တာဝန်ယူ ဖွင့် ပေး ထားတဲ့.. Aung San Suu Kyi စာမျက်နှာ က.. ပရိသတ် ၃ သိန်း နီးပါး နဲ့.. ၂၆ နေရာ လောက် မှာ လိုက်နေ ပါတယ်။ Obama ဆိုရင်.... အဲဒီ.. facebook တွေ.. Twitter တွေ ပေါ် ကနေမှ .. သာမန် လူထု နဲ့ ... နီးကပ် အောင် စည်းရုံး ထိတွေ့ နိုင် ခဲ့ လို့ ..သမ္မတ ကြီး ဖြစ် ခဲ့ ရတယ် ဆို တဲ့..ခေတ်ပေါ် ပုံပြင် တွေ ကလည်း..နားထောင် လို့ အတော် ကောင်း ခဲ့ ပါတယ်။ အဲဒီလို ... လူမူ ကွန်ယက် ကိစ္စ တွေ အတွက်.. သမ္မတလောင်း Obama က.. facebook စတင် တည်ထောင် သူ ထဲ က.. တယောက် ဖြစ် တဲ့.. Chris Hughes ဆို သူ ကို.. ငှါးရမ်း ပြီး ဆောင်ရွက် ခဲ့ ခြင်း ဖြစ် သည်။ အဲဒီ ၂၀၀၈ အမေရိကန် ရွေးကောက်ပွဲ နဲ့..အိုဘားမား ကန်ပိန်း ကြောင့်.. facebook Politics ဆိုတဲ့ ဝေါဟာရ တခု တောင်. ..အစပြု သွား ခဲ့ သည် ဟု ဆိုစမှတ် ပြုကြ လေ သည်။ အဲဒီ တုန်းက.. Obama က.. ခလေး လေး တယောက် ရဲ့ မေးခွန်း တွေ ကို တောင်..အရေးတယူ ဖြေကြား ပေး ခဲ့ တယ် ဆို ပြီး .. သတင်းတွေ လည်း မွှေးနေ ခဲ့ တာပေါ့..။ ဒါပေမဲ့.. အမေရိကန် တနိုင်ငံ လုံးက..ခလေး တိုင်း ရဲ့..မေးခွန်း တွေ ကိုတော့..သူ ဖြေနိုင်မယ် လို့ မထင် ပေ..။ ခု နောက်ပိုင်း မှာ တော့.. လူမူ ကွန်ယက် တွေ သူ့ အတွက် သိပ် မလို တော့ လို့လား.. ရိုးသွား လို့ လား တော့ မသိ... လူငယ်တွေ ကို တောင် facebook သုံးစွဲ မူ ကို အထူးသတိ ထား ဖို့ လိုကြောင်း စာသင် ကျောင်းတကျောင်း မှာ..ဆုံးမ သြ၀ါဒ ပေး သွား ပြန် သည်။ ယခု လက်ရှိ သူကိုယ်တိုင် ရဲ့.. တရားဝင် facebook စာမျက်နှာ မှာ လည်း.. တပတ် တခါ လောက်သာ.. သူ့ရဲ့ လှုပ်ရှားမူ အချို့ ကို.. သတင်း ထုတ်ပြန် တဲ့ ပုံစံ နဲ့.. တင်တော့ တာကိုသာ တွေ့ ရ တော့ သည်။ Obama for women ဆိုတာမျိုး က စလို့.. အမျိုးစုံအောင် ရှိနေတဲ့.. သူ့ နာမည် သုံးထား တဲ့ facebook စာမျက်နှာတွေ အပြင် .. တခြား ဘယ်လို Twitter feed တွေ မှာမှ.. စကား မပြော ဖူး ဆိုတာ ကို လည်း.. တရားဝင် လူသိ ရှင်ကြား ကြေငြာ ထား သည်။ ဒုသမ္မတလောင်း.. Sara Palin ကတော့.. နောက် သမ္မတ သက်တမ်း မှာ ၀င်အရွေးခံ မယ် ဆိုတဲ့ ထင်ကြေး တွေ နဲ့ အတူ.. မထင်မှတ်ပဲ.. ပရိသတ် စိတ်ဝင်စား မူ ကို အထူး ခံနေရသူ ဖြစ် သည်။ သူမ ကတော့..သူ့ ရဲ့.. လူမူ ကွန်ယက် စာမျက်နှာ တွေ အတွက်.. Los Angeles က..ဘလော့ဂါ တယောက် ကို.. သောင်းဂဏန်း အခ ကြေးငွေ ပေး ပြီး.. ငှားရမ်း ထားတယ် လို့.. သတင်း တွေ မှာ ရေး ကြ လေ သည်။ လွန်ခဲ့တဲ့..၂ နှစ်လောက် တုန်းက အထိ..အင်တာနက် နဲ့ ပတ်သတ် လို့.. မသိ နားမလည်..ပါဘူး ဆိုတဲ့.. သမ္မတ လောင်း McCain ကြီးတောင်..ခု တော့ဖြင့်.. Twitter message တွေ ဝေေ၀ ဆာဆာ နဲ့.. ပရိသတ်တွေ.. များ နေ လေ သည် ဆိုတော့.. ကွန်ယက် ခေတ် ကြီး ကတော့ ဖြင့်.. ကြီးငယ် နိမ့်မြင့် မဟူ .. အားလုံးကို.. ဆွဲဆောင် ခေါ်ငင် နေ ပေ တော့ သည်။
နောက်ဆုံး..သိပ် အရေးပါ တဲ့.. နိုင်ငံ့ ခေါင်းဆောင် တယောက် ဆိုရင်တောင်.. သူ ဒီအစည်းအဝေး ပြီးရင်.. ဘယ်ကို သွားမယ် ဆိုတဲ့.. လှုပ်ရှား သွားလာ မူ တိုင်း .. လူတွေ ကို အသိ ပေးဖို့ မလိုလှ ဘူး လို့ .. ရိုးသားစွာ ထင်မြင် မိ သည်။ အဲဒီ အထဲ မှာ မှ.. ထူးခြား တဲ့..နိုင်ငံ့ ခေါင်းဆောင် တယောက် ကတော့..နိုင်ဂျီးရီးယား သမ္မတ သစ် Jonathan Goodluck ပါ။ သူက.. ၂၀၁၀ က မှ.. facebook စာမျက်နှာကို စဖွင့် တယ် လို့ ဆိုတယ်။ အာဖရိက တတိုက်လုံးမှာ အင်တာနက် သုံးစွဲမူ အများဆုံး တတိယ လိုက်တဲ့..နိုင်ငံ တခု က.. ခေါင်းဆောင် တယောက် အနေနဲ့.. သူ့ နိုင်ငံသား တွေ အများအပြား အပါအ၀င်.. အချိန် တို အတွင်းမှာ ပရိသတ် သုံးသိန်း ကျော် ရှိနေ ပါ ပြီ။ သူ ကတော့.. သတင်းစကား တွေ ကို..သူကိုယ်တိုင် တနေ့ တခု နီးပါး တင် ပြီး.. သူ့ နိုင်ငံ သား တွေ နဲ့ ထိတွေ့ ဆက်ဆံ ဖို့ ကြိုးစား သူပါ။ ဒါပေမဲ့.. သူ..သတင်းစကား တခု တင်ပြီးတာနဲ့.. ချက်ခြင်း ဆိုသလို.. ၀ိုင်းရေး ကြတဲ့ မှတ်ချက် စကား ရာပေါင်း များစွာ ကို တော့.. သူ ကိုယ်တိုင် တည်းဖြတ် ဖတ်ရှု နိုင်ပါ့ မလား ဆိုတာ ..ဘယ်သူမှ မသိနိုင် ပါဘူး။ ဆောင်းပါး တခု မှာ ရေးထား သည်က.. Facebook သုံးစွဲမူ ပုံစံ များ သည်..ကောက်ရိုးမီး ဆန်ပြီး.. စစ်မှန်မူ ပိုင်းမှာ လည်း အား နည်း သည် ဟု ဆိုကာ.. ကြားဖြတ် ၂ နှစ်သက်တမ်း ရွေးကောက်ပွဲ မှာ ရှုံးနိမ့်သွား သော.. သမ္မတကြီး အိုဘားမား ကို ပင်... ၂၀၀၈ က.. ပရိတ်သတ် တွေ..ဘယ်ရောက်သွားပြီ လည်း လို့.. လှောင် ထား လေ သည်။ အခု.. ဒီ လူမူ ကွန်ယက် ကြီး ပေါ်ကို.... လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်လာ မည် ဆိုတဲ့.. သတင်း ကို.. ကျမ ကိုယ်ပိုင် အမြင် အရ... တပိုင်း အားဖြင့်.. ထောက်ခံ ကျေနပ် အားရ မိ ပေမဲ့.. ကျန်တဲ့ တပိုင်း မှာ လည်း..စိုးရိမ်မူ တွေ ရှိ နေပါ တယ်။ ထောက်ခံ ကျေနပ် မိ တာ ကတော့.. အရင် တုန်းကလို.. ပြည်သူလူထု ထဲကို.. ကိုယ်တိုင် ဆင်း တိုင်း လုံခြုံရေး အတွက်.. ၀ိုင်းဝန်း ပူပန် နေရ မဲ့ အနေ အထား ကနေ.. မိန့် ခွန်း တွေ..အမှာစကား တွေဟာ .. ကွန်ယက် တွေ ..မီဒီယာ တွေ က တဆင့် လျင်လျင် မြန်မြန် ပြန့် နှံ့ သွား နိုင် တော့ မှာ မို့ ပါ။ အချိန် တွေ.. နေရာ ဒေသ တွေကို.. ချုံ့ ပြစ် လိုက် နိုင် တော့မှာ မို့ပါ။ ပြည်သူ တယောက် အနေနဲ့ အကြံပြု ခွင့် ရ မယ် ဆိုရင်....လူမူ ကွန်ယက် ဆိုတဲ့ ကိစ္စ နဲ့ ပတ်သတ် လို့ ..ဒေါ်စု အနေနဲ့ ပြန်ကြားရေး နဲ့ ကိုယ်ရေး အကြံပြု အဖွဲ့ တခု ကို.. သေသေချာချာ စနစ်တကျ ရွေးချယ်ပြီး.. တာဝန် ပေး စေ ချင်ပါ သည် ။ အဲဒီ အဖွဲ့ ကနေ မှ.. ဒေါ်စု ရဲ့..ကွန်ယက် နိုင်ငံရေး စိတ်ကူး ကို.. ၀န်းရံ ပြီး.. သပ်သပ်ရပ်ရပ် အကောင် အထည် ဖော်စေ ချင် ပါ သည်။ ကာယကံ ရှင် ကိုယ်တိုင် ရဲ့ အသိအမှတ် ပြု..တာဝန် ပေး မူ နဲ့ အတူ ဒေါ်စု ရဲ့.. မျက်နှာ ပုံရိပ်လေး ...စနစ်တကျ ဖြစ် လာပြီး.. ကွန်ယက် နိုင်ငံရေး အင်အားစုကြီး တရပ် တကယ် ပေါ်ပေါက် လာပြီ ဆိုရင်တော့.. ကျမ တို့ အားလုံး..၀မ်းပမ်း တသာ..စိတ်ချ လက်ချ ကြိုဆို ပါဝင်ကြ မှာ.. အသေအချာပါ။ အခုလို.. လောလော လတ်လတ် အချိန် ကာလ မှာ တော့.. ဒေါ်စု ရဲ့ ကွန်ယက် နိုင်ငံရေး ဆိုတဲ့.. စိတ်ကူး လေး ကို.. ဒီမိုကရေစီ ခေါင်းဆောင်ကြီး တယောက်ဖြစ်တဲ့..ဘဘဦးဝင်းတင် ပြော သလို “ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ခုမှ အပြင်ကို ထွက်လာပြီး ပြောရ ဆိုရ ဖြစ်တဲ့အတွက် ကျနော်တို့တတွေ အားလုံးက အချိန်ယူပြီးတော့ စဉ်းစားတာတွေ၊ တိုင်ပင်တာတွေ၊ ဆွေးနွေး ပြင်ဆင်တာတွေ လိုအပ်ပါတယ်။ အသေးစိတ်ကို နားလည် သဘောပေါက်နိုင်ကြဖို့ပေါ့။ တော်ကြာ အဓိပ္ပါယ် အကောက် လွဲ တာတွေ ဖြစ်သွား တာမျိုးတွေကို ကျနော့် အနေနဲ့ မလိုလား ပါဘူး ” ဆိုတဲ့ စကားလေး နဲ့ ပဲ... အလေးအနက် ထား ကိုးကား ပြီး.. သဘောပေါက် ယူ စေချင် နေ မိ ပါတယ်။ ( ပြည်သူ တယေက် ရဲ့ အသံ အဖြစ်....)
၂၃ နိုဝင်လာ ၂၀၁၀
-----------------
စစ်တပ်အတွင်း ဒေါ်စု နှိပ်ကွပ်ရန် စီမံမှု
၂၀၁၀ခုနှစ် နိုဝင်ဘာလ(၁၃)ရက် ပ-ကကကြည်း လ-ဗိုလ်မှူးချုပ်ထွန်းသန်း လက်ရှိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အထက်လူကြီးညွှန်ကြားချက်အရ ပြင်ဆင်ထားတဲ့အတိုင်း လုပ်ဆောင်ပြီး ကောင်မလေးနဲ့ ပတ် သက်ပြီး လှုပ်ရှားမှုပိုင်းကို ပြုလုပ်လာတဲ့အခြေအနေရှိတယ်၊ လက်ရှိ နေပြည်တော်က ကြေးနန်းပို့  လိုက်တယ်၊ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ခိုင်းထားတဲ့တိုင်းဗိုလ်မှူးချုပ်ထွန်းသန်း တို့ အဖွဲ့ လက်ရှိ လုံခြုံရေးဆိုင်ရာ ထုတ်ဖော်မပြဘဲ ရန်ကုန်တိုင်းအတွင်းမှာ ကြိုတင် ပြင်ဆင်မှုပိုင်း လုပ်ဆောင်ပြီးNLD ပါတီနဲ့  လူထုလှုပ်ရှားမှုဆိုင်ရာဖြစ်လာ တာနဲ့  ချေမှုန်းရေးအဖွဲ့ ကိုလည်း အဆင့်သင့်ပြင်ဆင်စီစဉ်ခိုင်းတဲ့တိုင်း လုပ်ဆောင်ပါ၊
လက်ရှိ နိုင်ငံရေးဆိုင်ရာအဖွဲ့ များကို ချေမှုန်း ရေးပိုင်းပြုလုပ်ဖို့  ပြင်ဆင်ထားတဲ့အဖွဲ့ ကို ချပေးထားတဲ့ ဆေးဝါးများနဲ့  အရက်များ ကို တိုက်ကျွေးထားပြီး လက်ရှိလှုပ်ရှားမှုပိုင်း ဖြစ်တာနဲ့ ပြင်ဆင်ထားတဲ့အဖွဲ့ ကို ဗိုလ်ချုပ်ထွန်းသန်း ဦးစီးပြီး ချေမှုန်းရေးပြုလုပ် စီစဉ် နိုင်အောင် အထက်က ကြေးနန်းပေးပို့ လာ တဲ့အတွက် ပြင်ဆင်ထားတဲ့အဖွဲ့ ကို ချသုံးပြီး ချေမှုန်းရေးပိုင်းကိုကြိုတင်လုပ်ဆောင် သွားပါ၊ ။။။။။။။။။။။။။။။။။။ ပ-ပဲခူးတိုင်းမှူး လ-ကကကြည်း အထက်တင်ပြချင်တာက အထက်က ပြုလုပ်ခိုင်းတဲ့တိုင်း စီစဉ်ပြုလုပ်ပေမဲ့ လက်ရှိ တပ်မတော်နဲ့ ပတ်သက်ပြီးအကြီးကဲဗိုလ်ချုပ်များ ရော ဗိုလ်မှူးများပါ လက်ရှိ ကောင်မလေးနဲ့ ပတ်သက်ပြီး ကြိုဆိုမှုတွေရှိသလို တပ်မတပ်ရင်းမိသားစုများပါ ပါသွားပြီး သွားရောက် ကြိုဆိုတာမျိုးရှိတဲ့ အခြေအနေမှာ အရမ်းပြုလုပ်လိုက်ရင် အခြေအနေကပိုဆိုးသွားနိုင်တယ်၊ -လက်ရှိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းတပ်မတပ်ရင်းမိသားစုဝင်များက ရန်ကုန်တက်ပြီး ကောင်မလေး နဲ့  ပတ်သက်ပြီးသွား ရောက်စောင့်တာမျိုး တွေ့ ရှိရတာကြောင့် လက်ရှိအခြေအနေမှာ လှုပ်ရှားမှုဖြစ်သွား တာနဲ့ အထက်ကချေမှုန်းရေးပိုင်း ပြုလုပ်စီစဉ် မယ်ဆိုရင် လက်ရှိ နိုင်ငံရေးဆိုင်ရာ နဲ့ ပတ်သက်ပြီး ပြိုကွဲသွားနိုင်တဲ့ အခြေအနေရှိတဲ့ အချက်ကို တွေ့ ရှိရသည်၊ လက်ရှိအခြေအနေမှာ နိုင်ငံရေးဆိုင်ရာ အရမ်းပြုလုပ်လိုက်ရင် လုပ်ဆောင်ဖို့  ခက်ခဲမှုရှိတဲ့အချက်ကြောင့် အထက်ကိုတင်ပြတာပါ၊ ------------------------ ၂၀၁၀ခုနှစ် နိုဝင်ဘာလ(၁၃)ရက် ပ-ကကကြည်း လ-နပတ အထက်တင်ပြချင်တာက လက်ရှိ အထက်က ပြင်ဆင်ခိုင်းတဲ့အတိုင်းကို ရန်ကုန်တိုင်းရော နိုင်ငံရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုပြုလုပ် စီစဉ်လာရင် ကြိုတင် ပြင်ဆင်ပြီး ချေမှုန်းရေး ကြိုတင်ပြုလုပ်သွားဖို့ ကိစ္စကို အားလုံး ပြင်ဆင် ပြုလုပ်ထားပါတယ်၊ လက်ရှိ ပြည်နယ်ဖက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကရင်ပြည်ဖက်ကို ထိုးစစ် ဆင်ခိုင်းထားပြီး ဘုရားသုံးဆူအခြေအနေ များနဲ့ ပတ်သက်ပြီး တိုက်ပွဲခြေအနေက ရပ်ဆိုင်းထားပါတယ်၊ . -နောက်တချက်က လက်ရှိ ပဲခူးတိုင်း တပ်မိသားစုအပါဝင် ကောင်မလေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း တက်လာတဲ့ အခြေအနေသိရှိရသည်၊ . -ဒါကြောင့် အထက်က ခိုင်းထားတဲ့တိုင်း လုပ်ဆောင်ဖို့  အကြမ်းဖက်ချေမှုန်းရင် တပ်မိသားစုများပါ ပါဝင်တာကြောင့် ချေမှုန်း ရေး ဆိုင်ရာ ပြုလုပ်စီစဉ်လိုက်တာနဲ့ အခြေ အနေက တမျိုးဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်၊ လက်ရှိအခြေအနေမှာ အထက်က စီစဉ်တဲ့တိုင်း ပြုလုပ်စီစဉ်သွားဖိုဏ္ဍကိစဏ ပိုပြီး ကြပ်တည်းမှုရှိတာတွေ့ ရလို့  အထက်တင်ပြတာပါ၊ -------------------------------- ပ-နပတ လ-ဗခခင်ရီ လက်ရှိ နိုင်ငံရေးဆိုင်ရာအခြေအနေက သိပ်မကောင်းတဲ့အချက်ကို တွေဏ္ဍရှိရသည်၊ ဒါကြောင့် အခြေအနေ ပြင်ဆင်စီစဉ်မှုပိုင်း ပိုပြီး ကောင်းဖို့ လိုတယ်၊ -လက်ရှိအခြေအနေမှာ ကောင်မလေးနဲ့ ပတ်သက်ပြီး တပ်မိသားစုဝင်များကပါ ပါသွားပြီး ကြိုတဲ့အချက်ကို တင်ပြထားတယ်၊ ဒါကြောင့် လက်ရှိအခြေအနေများနဲဏ္ဍပတ်သက်ပြီး သေချာစီစဉ်လုပ်ဆောင်ဖို့  လိုတယ်၊ လက်ရှိ လူထုအခြေအနေနဲ့  တပ်မတော် အခြေအနေ အပေါ် စောင့်ကြည့်မှုပြုလုပ်ထားပါ၊ လက်ရှိ ကောင်မလေးနဲ့ ပတ် သက်ပြီး ကစားခိုင်းထားပြီး လက်ရှိ လူထုအခြေအနေ ထိမ်းနိုင်တဲ့ အခြေ အနေပြုလုပ်နိုင်ရင် လက်ရှိ ကောင်မလေး နဲ့ ပတ်သက်ပြီး ထိမ်းချုပ်ထားဖို့ ကိစ္စ ပြုလုပ်စီစဉ်ပါ၊ -လက်ရှိ လူထုအခြေအနေက ထိမ်းဖို့ ကြပ်တဲ့ အနေထားကို တွေရှိရင် ကောင်မလေးနဲ့  ပတ်သက်ပြီး လွှတ်ပေးပြီးနောက် ထပ်မံ ပြန်ပြီး ဖမ်းဆီးမှုပိုင်းကို ပြုလုပ်စီစဉ်ပါ၊ လက်ရှိအခြေအနေမှာတော့ ကောင်မလေးနဲ့  ပတ်သက်ပြီး လူထုအခြေအနေကိုကြည့်ပြီး ပြန်ပြီး ထိမ်းချုပ်မှုပိုင်းကို ပြုလုပ်စီစဉ်ဖို့ အခြေအနေကို အဓိက စောင့်ြုကည့်နေ ပြီး အခြေအနေကိုသာ ဖြစ်အောင် ပြုလုပ်ဆောင် ရွက် ထားပါ၊ ၂၀၁၀ခုနှစ် နိုဝင်ဘာလ(၁၃)ရက်
-----------------------
ဖော်ဝပ်မေးလ်မှ ရရှိပါသည်။
၁၈ နိုဝင်ဘာ ၂၀၁၀
။။။။။။။။။။။။။။။။။။။။။။။။။
ယခင် ဖော်ပြပြိး စာမျက်နှာများသို့ (နှိပ်ပါ)