တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
မြစ်ဆုံဆည် ရပ်ဆိုင်းထားမှု ကြိုဆို
ထိခိုက်မှုများမည်ဟု လူပြောများနေသည့် မြစ်ဆုံဆည်စီမံကိန်းအား ပြည်သူ့ သဘော ထား အတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်း ထားမည်ဖြစ် ကြောင်း သမ္မတဦးသိန်းစိန်က သောကြာနေ့တွင် လွှတ်တော်များသို့ သဝဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။
“မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထား ရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်” ဟု ၂၉.၉.၂ဝ၁၁ နေ့စွဲဖြင့် လွှတ်တော်များသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။
မြစ်ဆုံဆည်စီမံကိန်းများကြောင့် “မြစ်ဆုံသဘာဝအလှပျက်စီးခြင်း၊ မြစ်ညှာဒေသ ရေမြုပ်၍ ဒေသခံများ၏ သက်မွေး ဝမ်းကြောင်းလုပ်ငန်းများ ပျက်စီးခြင်း၊ ပုဂ္ဂိလငွေကြေးဖြင့် စီးပွားဖြစ်စိုက်ပျိုးနေသည့် ရော်ဘာနှင့် စိုက်ခင်းများ ပျက်စီးနိုင်ခြင်း၊ ရာသီဥတုဖောက်ပြန်ပါက ဆည်ပျက်စီး၍ ဆည်အောက်ပိုင်း မြို့ရွာနှင့် ပြည်သူ များ သေကြေ ပျက်စီးခြင်းနှင့် ဧရာဝတီမြစ် ပျက်စီးနိုင်ခြင်း” များကို ပြည်သူများ စိုးရိမ်နေသည်ကို သိရှိကြောင်းလည်း ပြောဆို ထားသည်။
ယခုကဲ့သို့ ရပ်ဆိုင်းထားမည်ဖြစ်သည့်အတွက် စာချုပ်ချုပ်ဆိုထားသည့် တရုတ်နိုင်ငံနှင့်လည်း မိတ်မပျက်စေဘဲ သဘောတူလက်ခံလာအောင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း သမ္မတ၏ သဝဏ်လွှာထဲတွင် ပါရှိသည်။
ယခုကဲ့သို့ ထိခိုက်မှုများမည်ဟု အများက စိုးရိမ်နေသည့် ဆည်စီမံကိန်း ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ပညာရှင်၊ နိုင်ငံရေးပါတီ၊ အနုပညာရှင်နှင့် ဆည်စီမံကိန်းရပ်တန့်ရေး လက်မှတ်ထိုး လှုပ်ရှားနေသူ တချို့ကို မဇ္ဈိမသတင်းထောက် ထွန်ထွန်းက ဆက်သွယ် မေးမြန်းထားသည်။
ဦးလနန် (အထွေထွေအတွင်းရေးမှူး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO)
“ကျနော်တို့ အဲဒီကိစ္စနဲ့တော့ သဘောထားမှတ်ချက်ပေးဖို့တော့ စောသေးတယ်ခင်ဗျ။ အခု အားလုံးက တောင်းဆိုနေတာတော့ အစိုးရကာလ တခု တည်းကို ပြောတာမဟုတ်ပါဘူး။ ရာသက်ပန် အဲဒီဒေသမှာ ရေကာတာ မတည်ဆောက်ဖို့ ပြောနေကြတာပဲ။ ဒါတောင် အစိုးရကကာလသက်တမ်း၊ သမ္မတဦးသိန်းစိန်ရဲ့ သူ့ရဲ့ သက်တမ်းမှာ မလုပ်ဘူးဆိုတာကတော့ ဒါ အာမခံချက် မရှိတဲ့ ကိစ္စပါ။ အခု အစိုးရအဖွဲ့တွေရဲ့ ကာလ ကျော်လွန်သွားတဲ့ အခါမှနောက်လာမယ့် အစိုးရတွေ လုပ်ချင် လုပ်ပလေ့ဆိုတဲ့ ပုံစံမျိုး လမ်းဖွင့်ပေးရင်တော့ မသင့်ဘူးခင်ဗျ။ အခုအစိုးရ အနေနဲ့ ဖြစ်လာနိုင်တဲ့ လူထုအုံကြွမှုကို ခေတ္တခဏ ရှောင်လွှဲတဲ့ပုံစံပါ။ ပြဿနာကို ထိပ်တိုက်မရင်ဆိုင်မိအောင် သတိနဲ့ ရှောင်လွှဲတဲ့သဘောပါ။ ဒါကိုလည်း ပြည်သူတွေ ကတော့ သုံးသပ်နိုင်မယ် ထင်ပါတယ်။ အမှန်တကယ်တော့ ဒါက ရာသက်ပန် အဲဒီဒေသမှာ Dam တခုကို မဆောက်သင့်ဘူးဗျ။ လူထုတွေ အကုန်လုံး တောင်းဆိုနေတာက အဲဒီကိစ္စပါ”
ဦးအုန်း (သဘာဝပတ်ဝန်းကျင်ပညာရှင်)
“တားတဲ့သတင်းကတော့ ကောင်းတဲ့သတင်းပေါ့။ မြစ်ဆုံ Dam ကို ရပ်တယ်ဆိုတာ အမြဲတမ်း ရပ်မှာလား၊ ခဏ ရပ်မှာ လားတော့ မသိဘူးပေါ့ဗျာ။ ဘာပဲပြောပြော ကောင်းတယ်လို့ မြင်တယ်။ လောလောဆယ် ရပ်လိုက်တာ တော့ ကောင်းတဲ့သတင်းပေါ့။ လုံးလုံးကြီး မလုပ်ရင်တော့ ပိုကောင်း တာပေါ့။ ဘာလို့ဆိုတော့ ဒီ ကချင်ပြည်နယ်က Biodiversity Hotspot။ အင်မတန်ကို ရှားပါးတဲ့ အပင်တွေ၊ သစ်ပင်တွေ၊ သစ်ခွတွေ၊ ဆေးဖက်ဝင် အပင်တွေ၊ အကောင်တွေ၊ ငှက်တွေ။ ဒီနေရာမျိုးကို ဘာမှ မထိတာ အကောင်းဆုံးပဲ။ ထပ်ပြီးတော့ မပြောချင်သေးဘူးစောင့်ကြည့် ရမယ်”
ဦးဝင်းတင် (ဗဟိုကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)
“ဒါကတော့ အကောင်းဆုံးပေါ့ဗျာ။ ဘာဖြစ်လို့ အကောင်းဆုံးလဲဆိုတော့ ကျနော်က ပထမဆုံး ဟိုဒင်းပြုတာ ကတော့ ဒီလို ဟာမျိုးလုပ်ပေးပြီးတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ဒီလိုပြတ်ပြတ်သားသား လုပ်တာဟာ အဲဒါက တခုပေါ့။ အဲဒီသိပ်ကောင်းတယ်ဆိုတာ သူ့ရဲ့ဆုံးဖြတ်ချက်က ပြည်သူ များရဲ့ လိုလားချက်ကို လိုက်လျောတဲ့အနေနဲ့ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ပိုကောင်းတယ်လို့ ကျနော် ယူဆတယ်”
“နောက်တခုကတော့ ဒီမြစ်ဆုံဆည်ဆိုတာက ဒီကိစ္စနဲ့ပတ်သက်လို့က ကျနော်တို့ အသေးစိတ်တော့ မသိသေး ဘူးပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော ဒီလိုလုပ်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ယူဆတယ်။ အထူးသဖြင့် ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ ဦးဇော်မင်းလို ဝန်ကြီး တယောက်ကနေပြီးတော့ ဒီကိစ္စကို ဆက် လုပ်မယ်၊ သူများ ဘာတွေပြောပြော ဆက်လုပ်မယ်ဆိုပြီးတော့ အပိုင်ကို ပြောနေတဲ့ဟာတခု ကို ကျော်ပြီးတော့ အခုလို ဆုံးဖြတ်နိုင်တာကလည်း ကောင်းတယ်လို့ ယူဆတယ်”
“အဲဒီလို ဆောင်ရွက်ဖို့ လိုအပ်တဲ့ဟာတွေလည်း ရှိပါတယ်။ လိုအပ်တဲ့ကိစ္စတွေ တိုင်းပြည်မှာ အများကြီး ဒီလို လိုအပ်နေတာတွေ အများကြီးရှိနေတယ်။ လိုအပ်တယ်ဆိုတာက အကျဉ်းသားကိစ္စတို့ ဘာတို့ စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေမှာ ကက်ဘိနက်ထဲကနေ သူ့ကို သဘောတူတာတို့၊ တချို့ ကက်ဘိ နက်ထဲမှာရှိတဲ့ သူတွေက သူ့ရဲ့လုပ်ပိုင်ခွင့်တွေ ဘာတွေကို ဟန့်တားပြီးတော့ သမ္မတကို ဘာမှမလုပ်နိုင်အောင် လုပ်နေတဲ့ အနေအထား
တွေရှိတယ် ဆိုတာ ထင်ရှားနေတာကိုး”
“အခုကျတဲ့အခါကျတော့ ဒီလို မြစ်ဆုံလို ဧရာမကိစ္စကြီး၊နည်းနည်းနောနော ကြီးမားတဲ့ကိစ္စချည်း။ ဒီကိစ္စ ချည်းကို သမ္မတက အခုလို ရပ်ဆိုင်းပစ် လိုက်တယ်။ သူ့သက်တမ်း အတွင်းမှာတော့ မလုပ်ဘူးလို့ ပြောလိုက် ခြင်းဟာ ဒါ အလွန်ကို ရဲတင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျနော် ယူဆတယ်။ တခုပဲ ရှိတယ်။ သမ္မတက ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ သူ့ရဲ့သက်တမ်းအတွင်းမှာ မလုပ်ဘူး။ ဒါက ငါးနှစ်သက်တမ်းကို ပြောတာဖြစ်တယ်”
“အဲဒီတော့ ကျနော်တို့က ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကို ဆုံးဖြတ်ချက် ပေးဖို့ ကောင်းတာက ဘာလဲ ဆိုတော့ နောက် သူ သမ္မတ အပြောင်းအလဲတွေ လုပ်လို့ နောက် သမ္မတနဲ့ အပြောင်းအလဲတွေ လုပ်တဲ့ အခါမှာ နောက်သမ္မတ သက်တမ်း လာမယ့်ပုဂ္ဂိုလ်ကို ထပ်ပြီးတော့ လွှဲပြောင်းတဲ့ အမှာစကားတွေ ချမှတ်တဲ့ အခါမှာ ဒီအလုပ်ကိုတော့ ဆက်ပြီးတော့ မလုပ်ပါနဲ့။ နောက်သမ္မတကလည်း မလုပ်ပါနဲ့လို့ သူ့ရဲ့မှာကြားချက်နဲ့ အတူ နောက်သမ္မတ သက်တမ်းတွေ၊ သက်တမ်းတွေမှာလည်း ထပ်ပြီးတော့ မလုပ်ဖြစ်ဘဲနဲ့ ဒီကိစ္စဟာ ထာဝရကို ရပ်ဆိုင်းသွားတဲ့ ကိစ္စမျိုးဖြစ်သွားအောင် ဆုံးဖြတ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပဲ”
ကာတွန်းအော်ပီကျယ်
“အောင်ပွဲဆိုတာထက် အောင်မြင်မှုတခုပေါ့။ ဘာလို့လဲဆိုတော့ဒါက စာမေးပွဲလိုဆိုရင်တော့ ဘာသာရပ် တရပ်ပဲ အောင်တဲ့ သဘောပဲ ရှိသေးတာကိုး။ စာမေးပွဲဆိုရင် ဘာသာစုံအောင်မှ အောင်တာကိုး”
“ကျနော်တို့ကတော့ ပညာရှင်တွေကော ပြည်သူတွေကော အားလုံး တောင်းဆိုတဲ့ဟာက အောင်မြင်မှုတခု ရတယ်လို့ကျနော် ယူဆပါတယ်။ သို့သော် ဒီဟာသည် ယာယီ ရပ်ဆိုင်း တာ ဖြစ်တဲ့အတွက် ဒီမြစ်ဆုံနဲ့ ပတ်သက်တဲ့ ဆိုးကျိုး၊ ကောင်းကျိုး လေးတွေကို စနစ်တကျ လေ့လာမှုကိုတော့ မရပ်စေ
ချင်ဘူး။ အဲဒီလေ့ လာမှုကိုတော့ ပညာရှင်တွေနဲ့၊ တကယ်နိုင်ငံတကာအသိအမှတ်ပြုတဲ့ လူတွေ၊ မြန်မာနိုင်ငံကလည်း တကယ်တော်တဲ့ ပညာရှင်တွေ ပေါ့လေ။ အဲဒါတွေနဲ့သေချာကွင်းဆင်းပြီးတော့ မြစ်ဆုံရဲ့ အထက်ပိုင်းကော၊ အောက်ပိုင်းကော လေ့လာဆန်းစစ်မှုပေါ့လေ။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့သော်လည်းကောင်း၊ ရေအနေအထားနဲ့ပတ်သက်လို့သော်လည်းကောင်း၊ လူမှုရေး လူမျိုးရေးနဲ့ပတ်သက်လို့ သက်ရောက်မှုတွေ အဲဒါတွေ အကုန်လုံး ကိုတော့ သေသေချာချာ ဆက်လက် ပြီးတော့ မရပ်ဘဲနဲ့ ဆန်းစစ်စေချင်ပါတယ်”
“ဒါက ကိုယ့်နိုင်ငံက စီးပွားရေးသမားနဲ့ လုပ်တာ မဟုတ်ဘူး လေ။ ကိုယ့်နိုင်ငံက စီးပွားရေးသမားကတော့ နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာကိုး။ အခုဟာကတော့ အခြား နိုင်ငံ၊ အဲဒီနိုင်ငံကလည်း ရိုးရိုးနိုင်ငံ မဟုတ်ဘူး။ အင်မတန် အင်အားကြီးတဲ့ နိုင်ငံ။ အဲဒီအင်အားကြီးတဲ့ နိုင်ငံမှာ ကိုယ့်ဘက်က ရပ်လိုက်ရုံနဲ့ ရှေ့ပိုင်းက သဘောတူထားတဲ့၊ ရှေ့ အစိုးရတုန်းက သဘောတူထားတဲ့ စာချုပ်စာတမ်းတွေ၊ငွေပေးချေမှုတွေ ရှိသေးတာကိုး။ အဲဒါတွေ ကိုကျတော့ ဘယ်လို ဆောင်ရွက်မလဲဆိုတာ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း မပျက်စေ ချင်ဘူးဗျာ။ သို့သော် ကျနော်တို့ နိုင်ငံရဲ့ ပင်မ အသက် သွေးကြောကြီးကိုလည်း မပျက်စီးစေချင်ဘူး။ ဆိုတော့ အဲဒါကိုတော့ ကျနော် ထင်တယ်။ စနစ်တကျနဲ့မှ ရမယ် ထင်တယ်။ ဘာလို့ဆိုတော့ ဘယ်သူတွေက စာချုပ် ချုပ်ပြီးတော့ ဘယ်လို သဘောတူညီချက်တွေနဲ့ လုပ်ခဲ့လဲဆိုတာကို ပြည်သူတွေ ဒါမှမဟုတ် အမျိုးသားညီလာခံမှာ ချပြဖို့ လိုမယ်”
“လှေကားထစ်တွေကတော့ အများကြီးလိုသေးတာပေါ့နော်။ တထစ်ပြီးမှ တထစ်သွားကြရတာ။ သိပ်လည်း ကြာလို့တော့ မဖြစ်ဘူးလေ။ တထစ် တထစ်ကို တနှစ်လောက်ကြာနေရင်လည်း မဖြစ်သေးဘူးလေ။ ကျနော် တို့ကတော့ ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန်ပေါ့ဗျာ။ ထိရောက်မှုဆိုတာက အချိန်လည်း လိုသေးတာ ကိုး။ ဒါကြောင့် ထိထိရောက်ရောက်၊ လျင်လျင်မြန်မြန်နဲ့ နောက်ကျန်တဲ့အဆင့်တွေလည်း လျင်လျင်မြန်မြန် ဖြစ်စေချင်တာပေါ့”
“ဒီမြစ်ဆုံကိစ္စက တချို့လူတွေက မထွေးနိုင် မအန်နိုင် ဖြစ်နေမှာပေါ့။ ကျနော်ကတော့ မထွေးနိုင် မအန်နိုင် ဆိုတဲ့မြန်မာစကားလုံးကို ဒီတခါတော့ သုံးဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်မြိုထားတဲ့အရာက နည်းနည်း ကြီးတာကိုဗျ။ မြိုထားတဲ့အရာကကြီးတော့ အန်ရမယ့်လူကလည်း အန်လိုက်ရင် သူ့ဗိုက်ထဲမှာ ဘာကို စားထားတယ်ဆိုတာ ပေါ်သွားမယ် ထင်တယ်။ အဲဒီတော့ သူကလည်း မအန်နိုင်၊ နောက်ပြီး မျိုချလို့လည်း မရသေးပေါ့ဗျာ။ အဲဒီလိုအခြေအနေလို့တော့ ကျနော်က မြင်တာပဲ။ ဒါက ကာတွန်းဆရာတယောက်ရဲ့ အမြင်ပါဗျာ”
ဦးဝင်းချို (မြစ်ဆုံစီမံကိန်း ပြန်လည်သုံးသပ်ရန် လက်မှတ်ထိုးကောက်ခံမှု လှုပ်ရှားသူ)
ကျနော်ကတော့ “ဧရာဝတီကျေးဇူး” နဲ့ “မင်း”နဲ့ “ပြည်သူ” ညီညွတ်ပြီလို့ ပြောရမှာပေါ့ဗျာ။ အစိုးရသစ်ရဲ့ ပြည်သူနဲ့ ညှိနှိုင်းလုပ်ဆောင်လိုတဲ့ ဆန္ဒကို ပြည်သူတွေညီညွတ်စွာနဲ့ ဖြည့်ဆည်းပေးလိုက်တာပါဘဲ။ အကောင်း ဘက်ကို ဦးတည်တယ်။ ညီညွတ်မှုကို ထိန်းသိမ်းမထားနိုင်ရင် ဖြစ်လာမယ့် ပြဿနာတော့ ရှိလိမ့်မပေါ့ဗျာ။ ပြည်သူတွေကို အသိအမှတ်ပြုထားပြီးပြီဖြစ်တဲ့အတွက် ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင် သွားရင် ဒီကိစ္စဟာ အခက်အခဲ မဟုတ်တော့ပါဘူး”
မူရင်း။။ထွန်းထွန်း | မဇ္ဈိမ
------------------------
- မြန်မာ သတင်းမီဒီယာများနှင့် နိုင်ငံရေး သမား အားလုံးသို့  ဘုန်းကျော် -5,9, 2011။ သာမန်ပြည်လုပ်လုပ်လက်စားပြည်သူတွေရဲ့ အသံကို မီဒီယာမှာ ကြားချင်လိုက်တာဗျာ။ ဘာကိုကြားချင်တာလဲလို့ မေးရင် ဒီလိုပြောရ ပါလိမ့်မယ်။ ဘီဘီစီ အာအက်က်ဖေ ဗွီအိုအေ မှာ တချိန်လုံး အမြင်ကတ်အောင် ပြောနေတဲ့သူတွေကိုလေ့လာကြည့်ပါ။ ထင်မြင်ချင်ပေးတဲ့လူတွေ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေ လွတ်တော်အမတ်တွေဟာ ဒီလူဒီလူချည်းပဲ။ ဘယ်မီဒီယာကိုကြည့်ကြည့် သူတို့ပဲ။ မျက်စိကိုနောက်နေတာပဲ။ ဒေါ်စုသတင်းကလည်း မပါလို့ မပြီးလား မသိဘူး။ သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ နိုင်ငံရေး ရင်ဖွင့်သံတွေကြားချင်တယ်။ သူတို့ ရဲ့ မျှော်လင့်ချက်တွေကို နားထောင်ချင်တယ်။ သူတို့ ဘယ်လို ဒုက္ခရောက်ရလဲဆိုတာကို မျှဝေခံစားချင်တယ်။ အခုတော့ မီဒီယာ အားလုံးက တလွဲချည်းပဲ။ အင်တာဗျူးတာလေး ထင်မြင်ချက်ပေးတာလေးတွေကို ပြင်စေချင်တယ်ဗျာ။ နောက်ပြီး မီဒီယာတိုင်းက သူများသတင်းကိုပဲ လိုချင်တယ်။ သူတို့ မီဒီယာ ဝိုင်းတော်သားတွေသတင်းကိုကြတော့ တခါမှ မကြားမိပါလား။ သူတို့ ကောင်းကြောင်းတော့ ကြားမိပါရဲ့ ။ ဖြစ်နိုင်ရင် ခင်ဗျားတို့ ရဲ့ ကိုယ်ပိုင် နိုင်ငံရေးအမြင်လည်း ကြားချင်ပါတယ်။ သူများကိုချည်း လျှောက်ကြပ်တာတော့ တစ်ဖက်သက် ကြလွန်းပါတယ်။ အဖွဲ့ အစည်းခေါင်းဆောင်တွေလောက်ပဲ ခေါင်းပါတာမဟုတ်တဲ့အတွက် အောက်ခြေက အဖွဲ့ ဝင်တွေကိုလည်း မေးစေချင်ပါတယ်။ တခါလာလည်း နိုင်ငံရေး အကျဉ်းသားကိစ္စ။ သတင်း။ သူတို့ ပဲ အသက်ပါတာမဟုတ်ဘူးနော်။ သူတို့ ပဲ နိုင်ငံရေးလုပ်တာ မဟုတ်ဘူးနော်။ သတိထားကြပါ။ ဒီနေ့ ဒီအချိန်မှာ အရေးကြီးဆုံးအရာကတော့ အရင်တုန်းက လုပ်နေကြ တွေးနေကြ ပုံစံခွက်တွေကို ဆေးကြောပစ်ရတော့မယ်။ အတိုက်အခံ အချင်းချင်းဝေဖန်နေတာတွေကိုလည်း မီဒီယာမှာ ဖော်ပြသင့်တယ်။ အင်တာဗျူးသင့်တယ်။ ဒါမှ ပြည်သူက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ အေဘီအက်စ်ဒီအက်ဖ်အတွင်းရေးမှူးဟောင်း ကိုသန်းဝင်းက ကိုဇော်ဦးနဲ့ ဗဟုအဖွဲ့ ကို ဝေဖန်တဲ့ကိစ္စ။ နောက်ပြီး ဒီမိုကရေစီဘက်တော်သား တစ်ဦးရေးတဲ့ ယူကေ ကန်ပိန်းဖော် ဘားမားနဲ့ ဦးဟန်ညောင်ဝေ ကိစ္စ။ ဒီလို စွတ်စွဲချက်တွေဟာ အတိုက်အခံလောကမှာ အများကြီးပါ။ စွပ်စွဲသူနဲ့ စွပ်စွဲခံရသူတို့  နှစ်ဦးနှစ်ဘက် မီဒီယာမှာ တရားဝင် ရှင်းခွင့်ပေးရင် ရှင်းရဲရင် မလိုလားအပ်တဲ့ သို့ လောသို့ လော မေးခွန်းတွေ အထင်လွဲမှူတွေ ရှောင်ရှားနိုင်လိမ့်မယ်။ ညီညွတ်မှူ ရနိုင်မယ်။ ဒါပေမဲ့ ယနေ့ အထိ မီဒီယာတိုင်းက ဒီလို စွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူး ဆဲနေတာဆိုပြီး လစ်လျှူပြုထားတယ်။ ဘယ်လောက်ကြာနေပြီလဲ။ ဒီလူတွေအားလုံးကလည်း နိုင်ငံရေးသမားတွေပါ။ တန်ဘိုးရှိတဲ့ လူတွေပါ။ အားလုံးရဲ့ အသံကို ကြားချင်ပါပြီ။ လေးစားလျှက် ဘုန်းကျော်
----------------
ဟီးရိုးအင်းနဲ့  ကြံ့ဖွံ့ ဝန်ကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းရွှေအား ထုတ်ပယ်ခဲ့ခြင်းမှာ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ၍ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောကြားသည်။ နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ဦးသောင်းရွှေကို ရာထူးမှနှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သော် လည်း အကြောင်း ရင်းကို သတင်းထုတ်ပြန်ခြင်းမရှိပေ။ အဆိုပါ ပြည်နယ်ဝန်ကြီးသည် ဇနီးနှစ်ဦးအား တစ်ပြိုင်နက်ပေါင်းသင်းနေသူဖြစ်ပြီး ဇနီးနှစ်ဦး၏ တိုက်ပွဲ ကြားတွင် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ခဲ့ ရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။ “သူ့မယားကြီးက မယားငယ်အိမ်ကို ရာမပစ်ပြီး ရဲကိုသတင်းသွားပေးတာ။ ရဲက အိမ်ကိုဝင် စစ်ကြည့်တော့ မူးယစ်ဆေးတွေ့ပြီး အိမ်ပိုင်ရှင်က သူဖြစ်နေတော့ သူပါ အမှုတွဲထဲပါသွားတာ” ဟု အဆိုပါ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။ ၎င်း၏နေအိမ်တွင် ထိုကဲ့သို့ မူးယစ်ဆေးဝါးတွေ့ရှိခဲ့သော်လည်း ၎င်းမှာမူ ဥပဒေအရ အရေးယူခံရခြင်း မရှိကြောင်း အဆိုပါ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။ အဆိုပါဖြစ်ရပ်အား သက်ဆိုင်ရာ အာဏာပိုင်များမှ အတတ်နိုင်ဆုံးဖုံးထားခဲ့သော်လည်း နောက်ဆုံးတွင် သတင်းများ ထွက်ပေါ်လာ ခဲ့ရသည့် အတွက် ၎င်းအား ရာထူးမှနှုတ်ထွက်စေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ပြော ကြားသည်။ “သူတို့က ပြည်ခိုင်ဖြိုးနဲ့ပတ်သက်တဲ့မကောင်း သတင်းဆို အရမ်းဖုံးဖိတတ်တာ။ အခု မတတ်နိုင်လွန်းလို့ ဖြုတ် လိုက်တာ” ဟု ၎င်းကဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းထံသို့ ဆက်သွယ်မေးမြန်း ခဲ့ သော်လည်း ၎င်းက ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ဦးသောင်းရွှေသည် ရှမ်းပြည်နယ် ကလောမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ၀င်ရောက်အရွေးချယ်ခံခဲ့သူ ဖြစ်ပြီး ယခု မူးယစ်ဆေး ၀ါး တွေ့ရှိခဲ့သော ၎င်း၏အိမ်မှာလည်း ကလောမြို့နယ်တွင်တည်ရှိသည်။ TH yangonchronicleသတင်းလွှာ “နေအိမ်တွင် မူးယစ်ဆေးဝါးဖမ်းမိသဖြင့် ရှမ်း ပြည်ခိုင်ဖြိုးဝန်ကြီး နှုတ်ထွက်” မှ ကူးယူဖော်ပြပါသည်။
(၅.၈.၂၀၁၁)
------------------------------
့ရှင်းသော မန္တလေးမြို့တော်ဝန်ဘုန်းဇော်ဟန် -စည်ပင်သာယာရေးဝန်ထမ်းများ-18,6, 2011။- သန့်ရှင်းသော အစိုးရသစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မသန့်ရှင်းသော မန္တလေးမြို့တော်ဝန်ဘုန်းဇော်ဟန်သည် သူ၏နှုတ်မှ သမ္မတကြီးမှာ သူ၏ ဆရာအရင်းဖြစ်သည်၊ ဦးစီးချုပ်နှင့် ပြည်ထဲရေး ၀န်ံကြီးမှာလည်း တစ်ပတ် စဉ်ထဲ သူငယ်ချင်းဖြစ်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ဂရှုစိုက် စရာ မလိုဘူး ဟု နှုတ်မှတဖွဖွပြောကာ နဂိုထက်ပိုဆိုးပြီး လုပ်ငန်းရှင်ပြည်သူ များနှင့် ၀န်ထမ်းများကို နှိပ်စက် ဒုက္ခပေးနေပါသည်။ ယ္ခင်မြို့တော်ဝန် ဗိုလ်မှူးချုပ် ဘုန်းဇော်ဟန်ဘ၀ ဖြင့် ကိုယ့်ထက်စီနီယာကျသော သူများကို မချေမငံဆက်ဆံ၊ ငယ်သူများကိုနှိပ်စက်၊ လစဉ်ဆရာ များအား ဧည်ခံ စားရိတ်ုပြပြီး စားရင်းမရှိ၊ အင်းမရှိ အလွှဲသုံးစားလုပ်ခဲ့သည်။ ၄င်းကိစ္စကို ပြောသူများအားလည်း ဖြုတ်ပစ်၊ တိုင်းမှူး အဆက်ဆက်နှင့်မတည့်၊ မန္တလေးမြို့ရှိ မြေလွတ်များ ကိုလည်း ရှိသမျှ ဆွေမျိုး ပေါင်းစုံ၏ အမည်ဖြင့် ဂရံ ချပေး၊ ရေမြောင်းများ ပါမကျန်ဖို့ပြီး မြေကွက် လုပ်ရောင်း စည်ပင်အတွက် လိုအပ်သော ဘိလပ်မြေ၊ သံချောင်း၊ ကတ္တရာများ အစရှိသည် ပစ္စည်းများကို ပေါက်ဈေးထက်ပိုမိုပေး၍ ယောက်ဖဆွေမျိုး များထံမှဝယ်၊ သိန်းပေါင်း များစွာ လာတ်စားပြီး ပြည်သူလူထု ကိုနှိပ်စက်နေသော မန္တလေးမြို့တော်ဝန် ဘုန်းဇော်ဟန်အား မည်သည့် အတွက် အရေးမယူပါသလဲဟု သိချင်ပါတယ်။ သန့်ရှင်းသောအစိုးရဟု ကြွေးကြော်နေသော အစိုးရသစ်လက်ထက်တွင် ဘုန်ဇော်ဟန်ကဲ့သို့ မသန့်ရှင်းသောသူမျိုးအား ဆက်လက် တာဝန်ပေးလျှင် တိုင်းပြည်အတွက် များစွာနစ်နာ၍ ပြည်သူများဒုက္ခ ရောက်မည်မှာ ဧကန် မလွဲပါ။ ပြန်လည်စီစစ်အရေးယူသင့်ပါသည်။ စည်ပင်သာယာရေးဝန်ထမ်းများ… -sit naing-1,7, 2011။- ----------------
သန့်ရှင်းသောအစိုးရမှ ဒုတိယသမ္မတ ဖန်ကွက် ရိုက်ကွက် အစိုးရသစ်မှာပါဝင်သော ဒုတိယသမ္မတဖြစ်သူ သီဟသူရတင်အောင်မြင့်ဦးသည် ယ္ခင်အစိုးရ လက်ထက်တွင် အတွင်းရေးမှူး (၁)အဖြစ် တာဝန်ယူဆောင်ရွက်စဉ်အခါက ဒေါ်လာသန်း (၅၀၀)ထက် မနည်း လာတ်စားခဲ့ပါသည်။ ဥပမာတစ်ခုတင်ပြရလျှင် နိုင်ငံတကာလေကြောင်းလှိုင်းများမှ မြန်မာနိုင်ငံပေါ်တွင် ဖြတ်သန်းခ ရရှိသော ဒေါ်လာသန်း(၇၀)အား ဘိန်းဘုရင် လောစစ်ဟန်၏ သားဖြစ်သူ Asia world Coမှ ထွန်းမြင့်နိုင်အား ဒေါ်လာသန်း(၃၅)သန်းရယူစေပြီး ကျန်ငွေ သန်း(၃၅) သန်းကိုမှ မြန်မာ့လေကြောင်း လိုင်း ဘဏ်စာရင်းထဲသို့ထည့်၍ အလွှဲသုံးစားလုပ်ခဲ့ပါသည်။ သီဟသူရတင်အောင်မြင့်ဦးသည် Asia world Co မှ ထွန်းမြင့်နိုင်သည် လုပ်ငန်းအကျိုးတူ လုပ်ကိုင်ပြီးရရှိသော အမြတ်ငွေထဲမှ (၅၀%)ရယူခဲ့ပါသည်။ ထို့အပြင်၎င်းင်း၏ တပည့်ဖြစ်သူနှင့် သန်း(၂၅၀) တန်ဖိုးရှိ ဘိလပ်မြေများကို လိုင်စင်မရှိဘဲ တင်သွင်းခဲ့ပါသည်။ တင်သွင်းပုံမှာ သူ၏သား ဖြစ်သူ တေဇစောဦးနှင့် ပူးပေါင်း၍ ကာကွယ်ရေးဌာန (ကကထောက်)မှ တံဆိပ်တုံးအတုများပြုလုပ်ကာ အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုကိစ္စကို အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်းများသိရှိခဲ့၍ ပြဿနာဖြစ်သည့်အခါ သီဟသူရ တင်အောင်မြင့်ဦးသည် သူ၏အတွင်းရေး မှူး အာဏာကို အသုံးပြု၍ ဖုံးဖိကာ ပြဿနာများကို ဖြေရှင်းခဲ့ပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်အခွန်ကိုများစွာ နစ်နာစေခဲ့ ပါသည်။ ထို့အပြင် သီဟသူရတင်အောင်မြင့်ဦး၏သား တေဇစောဦးသည် စင်္ကာပူလေဆိပ်တွင် ဒေါ်လာငွေအမြောက် အများနှင့် ဖမ်းဆီး မိခဲ့ပါသည်။ ထိုငွေထဲတွင် Asiaဗ်ငေ ႊၽသမူိ ဃသ မွ ထွန်းမြင့်နိုင်ထံမှ တေဇစောဦးနှင့် ဇနီးသုံးရန် ပေးငွေ (၂)သန်းတန် ချက် လက်မှတ်တစ်စောင်ပါပါသည်။
ထိုကိစ္စကို သွားရောက်ဖြေရှင်းပေးရသော စင်္ကာပူရှိ မြန်မာသံရုံးဝန်ထမ်းများမှသိရှိခဲ့ရခြင်း ဖြစ် ပါသည်။ ထိုကိစ္စသည် စင်္ကာပူ နိုင်ငံတွင် ယ္ခုတိုင် လူပြောများနေဆဲဖြစ်ပါသည်။ ထို့ပြင် သီဟသူရ တင်အောင်မြင့်ဦးသည် ကုန်သွယ်ရေးမူဝါဒ ဥက္ကဌအဖြစ် ဆောင်ရွက်စဉ်ကာလမှာ ကားတစ်စီးလျှင် သိန်း(၃၀၀၀)တန်ဖိုးရှိေူသသည ႊၽေါသည မ်ားကို Asia world Co မွ ထွန်းမြင့်နိုင်သို့ အစီးရေ (၁၅၀)ခန့် ချပေးခဲ့ပြီး ရရှိသောအမြတ်ငွေထဲမှ (၅၀%) ရယူခဲ့ပါသည်။ သီဟသူရတင်အောင်မြင့်ဦးသည် ဗ်ငေ ႊၽသမူိ ဃသ မွ ထွန်းမြင့်နိုင်ကို ညာလက်ရုံးအဖြစ် လည်းကောင်း Max Co မှ ဇော်ဇော်ကို ဘယ်လက်ရုံးအဖြစ်လည်းကောင်း အသုံးချပြီး ဦးပိုင်ကိစ္စများ နိုင်ငံတော်စီမံကိန်းများကို ပေါ်က်ဈေးထက် သုံးလေးဆတင်ကာ နိုင်ငံတော်ငွေများကို အလွှဲသုံးစား လုပ်ပြီး သူတို့ကိုယ်စား စီမံကိန်းများ ချပေးခဲ့ပါသည်။ နောက်ဆုံးကမ်းနားလမ်းတိုးချဲစီမံကိန်းတွင် ထိုကဲ့သို့သော ကိစ္စများကို လေ့လာလျှင် သိရှိနိုင်ပါသည်။ အခြားစီးပွားရေးသမားများနှင့် ၀န်ကြီးဌာန တော်တော်များများကို ဖိနိပ်ပြီး နှိပ်စက်မှုများလည်းတော်တော်များနေပါသည်။ ယ္ခုအစိုးရသစ်သည် သန့်ရှင်းသောအစိုးရအဖွဲ့ဟု ကြေငြာနေပြီး သီဟသူရတင်အောင်မြင့်ဦး ကဲ့သို့ လာတ်စာခြင်း၊ တိုင်းပြည် ငွေများကို အလွှဲသုံးစားလုပ်ခြင်းနှင့် ကိုယ်ကျိုးစီးပွားနှင့် ယှဉ်လာသော သူအား နှိပ်စက်ဖိနှိပ်ခြင်း စသောအပြစ်ပေါင်းစုံကျူး လွန် နေသူအား အစိုးရအဖွဲ့သစ်မှာ ဆက်လတ် ထားရှိနေမည်ဆိုလျှင် မည်သည့်နည်းနှင့်မျှ သန့်ရှင်းသော အစိုးရအဖြစ်ပြော၍မရဘဲ နိုင်ငံတကာ၏ ကဲ့ရဲ့ခြင်း၊ ရှုံ့ချခြင်းသာခံရမဲ့ မသန့်ရှင်းသောအစိုးရဖြစ်မည်မှာ အမှန်မလွှဲပါ။ ယ္ခုကဲ့သို့တင်ပြသော သတင်းအချက်အလက်ကို နည်းမမှန်ဘဲလုပ်ကြံသော သတင်းအချက် အလက်များဟု ပြောပါလျှင် အထက် ဖော်ပြပါ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ စင်္ကာပူသံရုံးရှိ မြန်မာဝန်ထမ်းများ ၊ စီးပွားရေးလုပ်ငန်းရှင်များအား စုံစမ်းစစ်ဆေးမေးမြန်းကြည့်လျှင် သိနိုင်ပါသည်။ တပ်မတော်အတွင်းလည်း မေးမြန်းကြည့်နိုင်ပါသည်။ သန့်ရှင်းသောအစိုးရဖြစ်စေချင်သူ
16/6/2011
--------------------
အတောင်းကြမ်း တဲ့ စမ်းချောင်းက လ.ဝ.က ကျွန်တော်တို့ မိသားစုသည် စမ်းချောင်းမြို့နယ် တွင် နေထိုင်လာကြသည်မှာ အနှစ် နှစ်ဆယ် ကျော် ရှိပါပြီ မနှစ်က ကျွန်တော်တို့ အိမ်နီးနားခြင်း တဦးက သူ့သားအတွက် တစ်ဆယ့်ရှစ် နှစ်ပြည့် မှတ်ပုံတင် သွားလုပ်တာ လဝက ရုံး က ငါးသောင်း တောင်းတယ်လို့ ပြောပါတယ် ဦးစီးမှူး အတွက်က သုံးသောင်း ဖြစ်ပြီး လုပ်ပေးသူ ဒု- ဦးစီးမှူး သူ့အတွက်က နှစ်သောင်း ဖြစ်ပါတယ် သူတို့လိုအပ်သမျှစာရွက်စာတမ်း အားလုံးလဲ ပြည့်စုံ ပါတယ် အဖေ အမေ ဘိုးဘွား တို့၏ နိုင်ငံသား ကဒ်ပြား များ လဲပြည့်စုံ ပါတယ် ဒါပေမဲ့ မရပါဘူး မပေးရင် မပေးတဲ့ စာရွက်စာတမ်း တွေ ဒီအတိုင်းဘဲ ဘီဒိုပေါ်မှာ ပစ်ထား ရမှာ ဘဲလို့ ဆိုပါတယ် သားသမီး တို့၏ ပညာရေး နောင်ရေး လို အပ်ချက် အရ ပေး နေကြရ ပါသည်။ ယခု ကျွန်ုပ် ၏ အလှည် ဖြစ်ပါသည် ထုံးစံအတိုင်း ငွေ ငါး သောင်း ၊ လိုအပ်သမျှစာရွက်စာတမ်း အားလုံးလဲ ပေး ထားပြီးပါ ပြီ ဦးစီးမှူး အတွက်က သုံးသောင်း ဖြစ်ပြီး လုပ်ပေးသူ ဒု- ဦးစီးမှူး သူ့အတွက်က နှစ်သောင်း တို့ကို စာအိပ် သပ်သပ်စီ ထဲပြီး ကိုယ်တိုင် ဦးစီးမှူး ကို ဒု- ဦးစီးမှူး အတူဝင်ပြီး ရုံးမှာပေး ရတာပါ တခြားသူများလဲ ထိုနည်းတူစွာ ပေးနေရပါတယ် ပို၍ ဆိုးရွားသည်မှာ ယခုတိုင်အောင် မရသေးခြင်းပါ သုံးလ ကျော် ပြီဖြစ်ပါသည် သွားပြီး မေးတိုင်းလဲ ခရိုင် သို့မဟုတ် တိုင်း က မကျသေး လို့ ဆိုပြီးဘဲ ပြော နေပါတယ် ဆက်လက် စောင့်စား နေရုံမှ တပါး တခြား မရှိပါ။ သူတို့ပြောသော အထက်သို့ တိုင်ကြား ရင်လဲ မြည်သို့ထူးခြား နိုင်ပါသလဲ၊ ငွေလဲဆုံး ပိုလဲကြာ သွားမှာ စိုးပါတယ်။ မတရား တောင်းရန်း မှူ့က ယခုကဲသို့ဆက်လက် ကြီးထွားနေပြီး သူတို့ပေးမှ ရမလို ဖြစ်နေပါတယ် ထပ်ပြီးလဲ မပေးနိုင် တော့ပါ ကျွန်တော်တို့လဲ စားဝတ်နေရေး အတွက်ရုန်းကန်နေရဆဲပါ မစားရက် မသောက်ရက် စုထား၍ ပေးထားသော ငွေလေး ငါးသောင်း မဆုံး ဘဲ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား ရပါစေ ဆုတောင်းရင်း။။။ ။။။ သူဌေးဖြစ်လဘ်စားတောင်းရမ်းမှူ့ကို အများသိစေရန် ဝေမျှ တင်ပြ အပ်ပါသည်၊၊
MgMg Lay ၂၉။ ၅။ ၂၀၁၁
---------------------------
- ချိုးလင်းပြာ အမျိုးသမီးစာစောင်၏ နှုတ်ခွန်းဆက် စကား --1,May, 2011။- လေးစားရပါသော မိတ်ဆွေများရှင် မြန်မာ့အမျိုးသမီးသမဂ္ဂမှ ၂ လတစ်ကြိမ် ပုံမှန်ထုတ်ဝေခဲ့သော ချိုးလင်းပြာ အမျိုးသမီးစာစောင်၏ အွန်လိုင်းစာမျက်နှာကို ဖတ်ရှုနိုင် ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အွန်လိုင်းစာမျက်နှာသို့ ဤလင့်ခ်- http://www.choelinpyar.com/ မှတဆင့် ၀င်ရောက် ဖတ်ရှု နိုင်ပါပြီ။ အွန်လိုင်းစာဖတ်ပရိသတ်များ၊ အင်တာနက်သုံးသော ပြည်တွင်း ပြည်ပ စာဖတ်ပရိသတ်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် အွန်လိုင်းစာမျက်နှာကို စီစဉ်ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ချိုးလင်းပြာအမျိုးသမီးစာစောင်ပါ အကြောင်းအရာများအပေါ် ဝေဖန်အကြံပြုချက်များ၊ ဆွေးနွေးမှုများကိုလည်း ကြိုဆိုပါသည်။ အမျိုးသမီးရေးဆိုင်ရာ အကြောင်းအရာများကို အားကောင်းကောင်းနှင့် ပိုမို တင်ဆက် နိုင်ရန်အတွက် မိတ်ဆွေများ အနေဖြင့် စောင့်ကြည့်အကဲခတ် ဝေဖန်ပေးရန်နှင့် မြန်မာပြည်သူ လူထုအား အသိပေး ဖြန့်ဝေအပ်သည့် အမျိုးသမီး ရေးဆိုင်ရာ သတင်း အချက်လက်များ ရှိလျှင်လည်း မျှဝေ ဖလှယ်ပေးရန် မေတ္တာရပ်ခံပါသည်။ မိတ်ဆွေများအနေဖြင့် လက်လှမ်းမှီရာ စာဖတ်ပရိသတ်များသို့လည်း ချိုးလင်းပြာ အွန်လိုင်းစာမျက်နှာ လင့်ခ်အား ထပ်ဆင့် ဖြန့်ဝေ ပေးစေချင်ပါသည်။ လေးစားလျှက် ဇင်မာဖြိုး (ချိုးလင်းပြာအမျိုးသမီးစာစောင်- မြန်မာ့အမျိုးသမီးသမဂ္ဂ) 1,5, 2011
//////////////////////
ကလေးများ လိမ်တတ်အောင် သင်ပေးသူ အောင် လွန်ခဲ့သည့် တစ်လ၊ နှစ်လ ခန့်လောက်က သြစတေးလျ တီဗွီ အစီအစဉ် တစ်ခုတွင် ကလေး ငယ်များသည် လိမ်ညာတတ်သည့် အကြောင်း သုတေသန ပြုသည့် အစီအစဉ် တစ်ခု ပြသွားသည်ကို ကြည့်လိုက်ရသည်။ ထို အစီအစဉ်တွင် အခန်းငယ် ၅ ခန်းခွဲပြီး၊ ကလေး ၅ ဦးကို တစ်ခန်းစီမှာ ထား၍ သူတို့ မသိ မမြင် နိုင်အောင် လှို့ဝှက် ကင်မရာများ တပ်ထားသည်။ ကလေးငယ် များ၏ အနောက်တွင် အရုပ် တစ်ခုချင်း ချပြီး ကလေးများကို နောက်မှာ ချထားသည့် အရုပ်အား လှည့်မကြည့်ရန် မှာထားသည်။ ထို့နောက် လူကြီး တစ်ယောက်စီက တစ်ခန်းစီမှာ ကလေးငယ်များကို နောက်မှ ချထားသည့် အရုပ်၏ အော်သံကို ဖွင့်ပြသည်။ ဥပမာ ဝုတ်ဝုတ် ဟု အော်လျှင်၊ ဒါခွေးရုပ် ဖြစ်သည်၊ ညောင်ဟု အော်လျှင် ဒါကြောင်ရုပ် ဖြစ်သည်ဟု ကလေးများက ဖြေရသည်။ အဖြေမှန်လျှင် သူတို့ကို ထိုအရုပ် ပေးလိုက်သည်။ သို့ဖြင့် တစ်ချိန်တွင် ဂေါ်ဇီလာရုပ် ချထားရာ ဂေါ်ဇီလာ မြည်သံကို ကလေးများက နားယဉ် ကြားဖူးခြင်း မရှိကြချေ။ ထိုအခါ ကလေး များသည် တွေဝေနေကြစဉ် သူတို့အား မေးနေသည့် လူကြီးက ကဲ မင်းတို့ စဉ်းစားထားနော်၊ နောက်လှည့် မကြည့်ရဖူးနော်၊ မျက်လုံး လဲ သေချာ ပိတ်ထား၊ ၁၅ မိနစ် စဉ်းစားချိန် ပေးမယ်၊ ငါ အပြင်သွားပြီး ၁၅ မိနစ်နေရင် ပြန်လာမယ် လို့ မှာပြီး ကလေးများကို တစ်ဦးထဲ အခန်း တစ်ခုစီမှာ ထားခဲ့ပြီး အပြင် ထွက်သွား သည်။
လူကြီး ထွက်သွားပြီး ကလေး တစ်ဦးချင်း အခန်း တစ်ခန်းစီမှာ ရှိနေကြသည့် အခါတွင် သူတို့သည် မကြာခင်မှာပင် နောက်သို့ ခိုး၍ လှည့်ကြည့်ပြီး အနြေ္ဒိ မပျက် မျက်လုံးကို လက်ကာ၍ အရုပ်ထားရာ ဖက်ကို ကျောခိုင်း နေကြသည်။ လူကြီးက ပြန်ဝင်လာသည့် အခါတွင် ကလေးများကို အဖြေရပြီလားမေးလျှင် ကလေးများက အဖြေမှန် ဂေါ်ဇီလာ ရုပ်ဖြစ်သည်ဟု ဖြေလေသည်။ ထိုအခါ လူကြီး က မင်းတို့ နောက်လှည့် ကြည့်လား မေးလျှင် ဟင့်အင်း- မျက်လုံးမှာ လက်ကာ ထားတာ ညောင်းတာတောင်မှ လက်မချပါ ဖူးဟု ပိပိရိရိ ညာလေသည်။ ကလေး ၅ ယောက်တွင် တစ်ယောက်သာ ခိုးကြည့် မိပါသည်ဟု ဝန်ခံသည်။ ထိုအစီအစဉ်ကို ကြည့်ခြင်းဖြင့် ကလေးများမှာ ငယ်စဉ်ကပင် လိမ်ညာ တတ်သည်ကို တွေ့ရသည်။ ထိုသို့ လိမ်ညာတတ်ခြင်းမှာ ကလေးများသည် သူတို့၏ အနီးကပ်ဆုံး ရှိသည့် လူကြီး မိဘများထံမှ စတင် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်ကိုမူ လူကြီး မိဘတို့က သတိ မပြုမိဘဲ ရှိတတ်ပြီး၊ ကလေးများ လိမ်တတ်ခြင်း ကိုပင် အပြစ် ဆိုချင် ကြသေးသည်။ ကလေးများမှာ စကား စတင်ပြောတတ်သည့် အရွယ်မှ စလို့ပင် သူတို့၏ ဦးဏှောက်နှင့် မှတ်ဥာဏ် တို့သည် အလွန် လန်းဆန်း ဖွံ့ဖြိုးလာသည် ဖြစ်ပြီး၊ ကလေးများသည် အရာရာကို အနီးစပ်ဆုံး သူများထံမှ ဦးစွာ သင်ယူ ရရှိလာလေသည်။ ထိုအချိန်ကပင် သူတို့၏ ကိုယ်ပိုင်ဥာဏ် နှင့် ရှိသည့် ဗဟုသုတ တို့ဖြင့် စဉ်းစား တွေးတော တတ်လာပြီလည်း ဖြစ်သည်။ ကလေးငယ်များအား လိမ်ညာ တတ်အောင် သင်ပေးခြင်း နှင့် ပတ်သက်၍ မကြာသေးမှီက ကြားသိရသည့် အဖြစ်အပျက် တစ်ခု ပြောရသော် – တရက်တွင် မိမိ၏ မိတ်ဆွေ လူကြီး တစ်ဦးသည် သူ့၏ မိတ်ဆွေ ကလေးငယ်များထံ အလည် အပတ်သွားရာ ကလေးများက – ဘဘကြီး ဘယ်က လာသလဲဟု မေးရာတွင် သူက ဘဘကြီးက နတ်ပြည်က လာတယ်ဟု ပြန်ဖြေလေသည်။ ထိုအခါ ကလေးငယ်များမှာ နတ်ပြည် ဆိုသည်ကို အလွယ်တကူ လက်ခံလိုက်သည် မဟုတ်ပေ။ သူ့အား နတ်ပြည် ဆိုသည်မှာ ဘယ်သို့ ဘယ်ပုံ၊ ဘယ်လိုသွား၊ ဘယ်လို လာရသည် စသည်ဖြင့် အသေးစိတ် လိုက်မေးတော့သည်။ သူကလဲ ပါးစပ်ထဲ ရှိရာ လျှောက်ပြော လိုက်တော့သည်။ ထိုအခါ ကလေးငယ်များမှာ ထိုလူကြီး ပြောခဲ့သည့် အကြောင်း အရာများကို သူတို့၏ ဦးဏှောက် မှတ်ဥာဏ်ထဲတွင် စွဲထည့် ထားသည် ဖြစ်သည်။ တစ်ချိန်တွင် ထိုလူကြီး ပြောခဲ့သည့် အကြောင်းမှာ မဟုတ်သည်ကို သူတို့ တွေ့မြင်သည့် အခါ စကားကို မမှန်မကန် ပြောချင်ရာ ပြောလို့ရတယ်ဟု သူတို့၏ အသိတွင် ဝင်သွားတော့သည်။ အလားတူပင် ကလေးငယ်များအား မိဘများက သူရဲဖြင့် ခြောက်ခြင်း၊ မဟုတ်က ဟုတ်ကပြောပြီး နှစ်သိမ့်ခြင်း၊ ကလေးများ၏ သင်ယူနေသည့် မှတ်ဥာဏ်ကို အထင်သေးပြီး စကားကို အလွယ်တကူ ပေါ့ပေါ့ တန်တန် မဟုတ်တာ ပြောလိုက် ခြင်းတို့သည် ကလေးများအား လိမ်ညာခြင်းကို စသင်ပေးလိုက် သလိုဖြစ်နေတော့သည်။ မိမိ၏ မိတ်ဆွေ တစ်ဦးတွင် ၇နှစ် အရွယ် သားလေး တစ်ယောက်ရှိသည်။ ထိုကလေးသည် အလွန်မှ လိမ်ညာတတ်သည်။ တစ်ခါက မိမိမှာ သူတို့၏ အိမ်သို့ တပတ်ခန့်သွားရောက် နေထိုင်ဖူးစဉ် သူ့ဖခင်မှာ ကလေးက မုန့်စားချင်၍ တောင်းသည့်အခါမှာ မုန့်မရှိတော့ ဖူး ဟု ညာပြောတာမျိုး၊ ကလေးက အကြောင်း တစ်ခုခု သိလိုလျှင် ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်ပြောတာမျိုး လုပ်လေ့ ရှိသည်ကို တွေ့ရသည်။
ကလေး ဆိုသည်မှာ သူတို့ သိချင် လိုချင်သည့် အရာကို အထက်က ပြောခဲ့သည့် တီဗွီ အစီအစဉ်မှာ ပါသလို ကြံဖန် လုပ်တတ်သည် ဖြစ်သည်။ မုန့်မရှိဖူး ပြောသော်လည်း သူသည် မုန့်ထားသည့် နေရာကို ချက်ခြင်း သွားမရှာသည့်တိုင် နောင်တစ်ချိန်တွင် ထိုမုန့်ရှိ သည့် နေရာမှ မုန့်ရလာလျှင် ယခင်က ဖခင်သည် သူ့အား ညာခဲ့သည်ကို သူချက်ခြင်း သိနိုင်သည်။ ထိုအခါ လိမ်ညာခြင်းသည် အပြစ်မရှိသည့် လုပ်ရပ် တစ်ခုလို သူအနေဖြင့် သတ်မှတ်သွားမည် ဖြစ်တော့သည်။ မိမိနှင့် သိကျွမ်းသည့် အခြားမိတ်ဆွေ တစ်ဦးမှာမူ သူ့၏ သားကို ကလေးပင် ဖြစ်သော်လည်း လေးလေး စားစား ဆက်ဆံသည်ကို တွေ့ရသည်။ ကလေးက မုန့်စားချင်လို့ တောင်းလျှင် ဒီအချိန်သည် မုန့်စားရသည့် အချိန်မဟုတ်ကြောင်း၊ အကျိုး အပြစ်တို့ကို သေ သေချာချာ ခွဲခြား ရှင်းပြတတ်သည်။ ထိုအခါ ထိုကလေးသည် လိမ်ညာခြင်း အကျင့်မရှိတော့ဘဲ အမှန်ကိုသာ ပြောပြီး၊ ထို အမှန် တရား ကို လက်ခံသင့်သည့် အကြောင်းအား စူးစမ်းလိုစိတ် ဖြစ်လေတော့သည်။ အလားတူ ကလေးက အကြောင်း တစ်ခုခုကို သိလိုသဖြင့် မေးမြန်းလျှင်လည်း၊ ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်မပြောဘဲ ကလေးနားလည်အောင် သေသေချာချာ ရည်ရည်လည်လည် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ ထိုအခါ ကလေးသည် သူသိချင်သည့် အရာကို သေသေချာချာ သိ လိုက်ရပြီး နောင်တွင် သူ့အနေဖြင့် သူသိထားသည့် အရာမှာ မှန်ကန်သည်ကို တွေ့ရလျှင် သူ့၏ ဖခင်ကို လေးစားသည့် စိတ်ဝင် သွားမည် ဖြစ်သည်။ သြစတေးလျတွင်မူ ကလေးများအား ကျောင်းမထား မနေရ ဖြစ်ပြီး၊ ကျောင်းပညာရေး အဆင့် အတန်း မှာလည်း မြင့်မားသည့် အတွက်၊ လူကြီး မိဘ အုပ်ထိန်း သူများက ချို့ယွင်းချက် ရှိသည့်တိုင် ကလေးများမှာ ကျောင်းသို့ ရောက်ကြလျှင် လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရန် ပြုပြင် နေထိုင် လာတတ်ရန် အခွင့် အရေး ရှိကြသည်။ မြန်မာနိုင်ငံတွင်မူ ပညာရေး အဆင့်အတန်းမှာ အလွန် နိမ့်ပါးလျှက် ရှိရာ၊ တဖက်မှာလည်း ကလေးများအားလုံး ပညာသင်ရခြင်း မရှိကြသည့် အတွက် လူကြီး မိဘ အုပ်ထိန်းသူ များမှာ ကလေးများ လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရေး အတွက် အလွန် အရေးကြီး လှတော့သည်။ မကြာခင်က မိမိရေးခဲ့သည့် အချဉ်ဖမ်းသည့် အတတ် တွင် လူ့ယဉ်ကျေးမှု အဆင့်အတန်းသည် လူတို့၏ ဂုဏ်ကို ဖော်ဆောင် နေကြောင်း ဖော်ပြခဲ့သည်။ မိမိတို့ လူမျိုးများတွင် အများအားဖြင့် လိမ်ညာမှုကို ယဉ်ပါးစွာ ပြုလုပ်နေကြခြင်းဖြင့် လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျနေပြီး၊ လူ့ဂုဏ်သိက္ခာ ကျဆင်းနေခြင်း ဖြစ်သည်ကို ဆင်ခြင်ကြပြီး၊ နောင်မျိုးဆက်များတွင် ထိုသို့ မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်း လိုကြသည် ဆိုပါက၊ လူကြီး မိဘများ တို့သည် သူတို့၏ ကလေးငယ်များအား လိမ်ညာခြင်း အတတ်ကို မသင်ပေးဖြစ်အောင် စတင် ဆောင်ရွက်သင့်မည် ထင်ပါသည်။ အောင်
သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး
ကျွန်တော်တို့ တတွေ ဘာ့ကြောင့် နောက်ကျကြပါသလဲ။ ပြည်တွင်းက သတင်းသမားတွေ၊ ပြည်ပက ဘလော့ခ်တွေ၊ နိုင်ငံရပ်ခြားသတင်းဌာနတွေ နောက်ကျနေကြတယ်။ သတင်းတွေ မြန် ဆန်ဖို့ အရေးကြီးသလိုမျိုး သတင်းတစ်ခု ထွက်မလာမီက အဲဒီသတင်းရဲ့ ရှေ့ ပြေးအချက်အလက်တွေနဲ့ ပကတိ အခြေအနေ မှန် တွေ ဟာ မီဒီယာတချို့ မှာ တင်ထားပြီးဖြစ်လို့ သတင်းချစ်ခင်သူတွေအတွက် သတင်းသုံးသပ်ချက်ကို ပိုဆာလောင်တတ်ပါတယ်။
ဘယ် ရင်းမြစ်ကဖြစ်ဖြစ် ပစ်လွှတ်လိုက်တဲ့ သတင်းကို အမြန်ဆုံး ပိုင်းခြားလက်ခံနိုင်ဖို့ သတင်းရည် ၀ ဖို့ လည်း လိုအပ်ပေမယ့် ရယူသူ အများစုဟာ သူတို့ ရဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ဖတ်ရှု နားထောင်ရတာ ဖြစ်လို့ ဒီလိုအခြေအနေမျိုး ရှိချင်မှ ရှိပါလိမ့် မယ်။ အရည်မရ အဖတ်မရ ကြီးတော်နွား ကျောင်းနေတဲ့ မြန်မာ့မျိုးချစ်များအနေနဲ “့ကြယ်တွေလတွေတောင် မြင်လိုက်ရတယ်” ဆိုတဲ့ ဝေဖန်သုံးသပ်ချက်မျိုးကို ခပ်စောစော ချ ပြ နိုင်ရပါမယ်။
ဒီ့ အတွက် မီဒီယာအမျိုးမျိုးက သတင်းတွေကို အူစင်းစင်းနဲ့ ဖတ်ရပါမယ်။
နိုင်ငံရေးမှာ ရန်ငါ စည်း ထားချင် ထားလို့ ရပေမယ့် သတင်းရေးမှာ အားလုံးဟာ ရောင်းရင်းတွေလို့ မှတ်ယူသင့်ပါတယ်။ “မုန်းရင် တုံး” ပါလိမ့်မယ်။
ရန်ကုန်မြို့ တော်ဝန်နဲ့ မန္တလေးမြို့ တော်ဝန်ကို သမ္မတသစ်ရဲ့ ထုတ်ပြန်မှုဟာ သတင်း မဟုတ်သလို အရင် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်း နေရာပျောက်သွားရတာ သတင်း မဟုတ်ပါဘူး။ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးစာရင်း ကြေညာတဲ့နေ့ မှာဘဲ တိုင်းနဲ့ ပြည်နယ်ဒေသကြီး ၀န်ကြီးချုပ်နဲ့  ၀န်ကြီးအသီးသီးရဲ့ နံမည် တွေ နဲ့ သူတို့ ရဲ့ ပို့ စ် တွေကို ပူးတွဲ ထုတ်ပြန်သွားတာကို အစိုးရသတင်းစာတွေ မှာ တွေ့ ရပါတယ်။
မန္တလေးတိုင်းဒေသကြီး။ ဦးဖုန်းဇော်ဟန် - မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။ ရန်ကုန်တိုင်းဒေသကြီး။ ဦးလှမြင့် - စည်ပင်သာယာရေးဝန်ကြီး။ ဦးလှမြင့်ရဲ့ နံမည်ဘေးမှာ မြို့ တော်ဝန် ဆိုတဲ့ ပို့ စ် ပါ မလာပါဘူး။ ဒီကိစ္စကို မိတ်ဆွေတချို့ နဲ့ ဝေဖန်ဆွေးနွေးခဲ့ပါသေးတယ်။
အရင် မြို့ တော်စည်ပင်က ကျန်ရစ်ခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အသစ်ချပ်ကျွတ် ရန်ကုန် စည်ပင် သာယာရေးဝန်ကြီးတို့ ဌာနပိုင်း ဆိုင်ရာ တွေ့ ဆုံပွဲအပြီးမှာ ရန်ကုန်မြို့ တော်ဝန်ဆိုတဲ့ရာထူးကို သမ္မတသစ် လက်မှတ်နဲ့ အရေးတကြီး ထုတ်ပြန်လိုက်တာက ဦးစားပေးသတင်းဖြစ်ပါတယ်။
ဦးဖုန်းဇော်ဟန် - မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။ ဦးလှမြင့် - မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။ အဲဒီလိုမျိုး ကနဦးကတည်းက ထွက်မလာတာ ဘာ့ကြောင့်များလဲ။ သတင်းချစ်ခင်သူတွေ တွေးကောင်းတိုင်း တွေးဖို့  ကျွန်တော်တို့  အ စ ဖော်ပေးသင့်ပါတယ်။ သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး။ အောင်မျိုးထွန်း ၉- ၄- ၂၀၁၁
////////////////////////
နအဖ စစ်အစိုးရ မှ အသစ် ဖွဲ့ လိုက်သောပြည်ထောင်စုအစိုးရအဖွဲ့  ။
နိုင်ငံတော်သမ္မတ - ဦးသိန်းစိန် ဒုတိယသမ္မတများ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။ ပြည်ထောင်စုဝန်ကြီးများ။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊
ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး)၊
ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊
ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊
ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊
ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊
ဝဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊
ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန)၊
ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊
ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)၊
ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊
ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊
ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)၊
ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊
ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန)၊
ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊
ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)၊
ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန)၊
ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန)၊
ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး)၊
ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊
ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊
ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊
ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)၊
သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)၊
ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊
ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊
ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊
ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန)၊၊
ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)။ ပြည်ထောင်စုဒုဝန်ကြီး။ (၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊ (၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊ (၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊ (၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ (၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ (၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ (၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)၊ (၈ ) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊ (၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊ (၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)၊ (၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊ (၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊ (၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)၊ (၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊ (၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)၊ (၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊ (၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)၊ (၁၈ ) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)၊ (၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)၊ (၂ဝ ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)၊ (၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)၊ (၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)၊ (၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊ (၂၄) ဦးသန့်ရှင်း (ဒုတိယြုန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊ (၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)၊ (၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊ (၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊ (၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊ (၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊ (၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊ (၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊ (၃၂) ဒေါ် သန္တာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)၊ (၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)၊ (၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊ (၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)၊ (၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)၊ (၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊ (၃၈ ) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊ (၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)။
1/4/2011
---------------------
မြန်မာနိုင်ငံသံရုံး (စင်္ကာပူ)
အမိမြန်မာနိုင်ငံကို သံယောဇဉ် ကြီးလွန်းလို့၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ရမှန်း သိပေမဲ့ ခုချိန်ထိ စာအုပ်နီလေးတွေကို မစွန့်လွှတ်နိုင်ရက်လို့၊ ဒီစာအုပ်နီကလေးကို တန်ဘိုးကြီးကြီး ပေးပြီး ကိုင်နေကြတဲ့သူတွေ အများကြီးပါ။ ကျောင်းသားတွေ၊ အလုပ်သမားတွေက အစ သံဃာတော်များ အဆုံး ဒီစာအုပ်နီလေးတွေကို ကိုင်ထားကြတာ အများကြီးပါ။
ဒီစာအုပ်တန်ဘိုးကလည်း သိကြတဲ့အတိုင်း သေးတာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံကို အလည်အပတ်ပဲ ဖြစ်ဖြစ်၊ အကြောင်းကိစ္စတခုခုနဲ့ပဲ ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် ဒီစာအုပ်ကလေးတွေက တန်ဘိုးရှိမှန်း သိလာလိမ့်မယ်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ၊ ခွင့်နဲ့ပြန်ကြောင်း ထောက်ခံစာ၊ အလုပ် မလုပ်ကြောင်း ထောက်ခံစာ စသဖြင့် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့ ထောက်ခံစာ ယူဖို့ သံရုံးကို သွားရပါလိမ့်မယ်။ ဒီအခါမှာ သံရုံးကို နောက်ဆုံးအချိန်ထိ အခွန်ဆောင်ပြီး ဖြစ်ရပါမယ်။ ဒါကြောင့် အဲဒီအချိန်မှာ ဒီစာအုပ်နီလေးတွေ ဘယ်လောက် တန်ဘိုးရှိတယ်ဆိုတာ သိလာကြရတယ်။
ဒီကြားထဲမှာမှ ကိုယ့်စာအုပ်က သက်တမ်းကုန်နေပြီ ဆိုရင် သက်တမ်းတိုးဖို့ကိစ္စက ပိုက်ဆံ ထပ်ထွက်ရဦးမယ်။ ကျွန်တော် ပြောချင်တာက ငွေကုန်တာကို မဟုတ်ပါဘူး။ လုပ်နည်း လုပ်ဟန်တွေကိုပါ။ လောလောလတ်လတ် စာအုပ်က သက်တမ်း ကုန်တော့မှာမို့ သံရုံးကို အဲဒီကိစ္စအတွက် ရောက်ခဲ့ပါတယ်။ သံရုံးရဲ့ စီစဉ်ဆောင်ရွက် ပုံလေးတွေကို ကြည့်ကြရအောင်။ ပထမဆုံး ၁ ရက်က လျှောက်လွှာတင်ဘို့ ရက်ချိန်းယူရပါတယ်။ အဲဒီနေ့မှာ ဘာမှ လုပ်မပေးပါဘူး။ ရက်ချိန်းယူပြီး ပြန်ရုံပါပဲ။ ရက်ချိန်းပေးထားတဲ့နေ့မှာ မနက်ပိုင်းသွားပြီး စာရွက်စာတမ်းတွေကို စိစစ်ဖို့ တန်းစီပြီး တင်ရပါတယ်။ စာရွက်စာတမ်းတွေ စိစစ်ပြီးတော့ ဆက်ပြီး ငွေသွင်းဖို့နဲ့ ဆောင်ရွက်စရာတွေ လုပ်ပေးဘို့ ညနေပိုင်းမှာ တခေါက် ပြန်လာခိုင်းပါလိမ့် မယ်။ မနက်ပိုင်းကနေ ညနေ ၄ နာရီ လောက်အထိ အချိန်ဖြုန်းဘို့ စဉ်းစားထားဖို့ လိုပါတယ်။ အချိန်မဖြုန်းချင်ရင်တော့ လမ်းစားရိတ် အကုန်ခံ၊ အိမ်တခေါက် ပြန်ပြီး ညနေ အချိန်နီးမှ တခေါက်ပြန်လာဘို့ပဲ။ အလုပ်ကနေ မနက်ပိုင်း ခဏလောက် ပြောပြီး ထွက်လာဖို့တို့၊ နေ့ဝက်ခွင့်တင်ပြီး နေ့လယ် အလုပ်ပြန်သွားဖို့တော့ မစဉ်းစားနဲ့။ သံရုံးကလည်း အဲဒီကိစ္စ မစဉ်းစားဘူး။ အားလုံးကို အားနေတဲ့သူတွေလို့ပဲ ယူဆထားပုံရတယ်။ ညနေပိုင်း သွားတဲ့အခါကျတော့ မနက်က တွက်ထားပေးတဲ့ အခွန်ငွေကို ပေးပြီး ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုး စတဲ့ ကိစ္စတွေ လုပ်ရပါတယ်။ ဒီနေရာမှာလည်း အခွန်ငွေ ပေးဆောင်ပြီးကြောင်း စာရွက်ထုတ်ပေးရင်းနဲ့ အဲဒီစာရွက်ကို မိတ္ထူ ၁ စောင်ကူးပြီး ပတ်စ်ပို့ စာအုပ်သစ် အတွက် စာရွက်စာတမ်းတွေ တင်ရင် အတူ တင်ပေးဖို့ မှာပါတယ်။ ဒီတော့ စာရွက်ရတဲ့သူက ရုံးထဲမှာရှိတဲ့ ကော်ပီကူးစက်ကနေ မိတ္တူ ကူးကြရတာပေါ့။ ဒီလိုကူးတော့လည်း တချို့က မလုပ်တတ်လို့၊တချို့ကျတော့လည်း အကြွေစေ့မရှိလို့ မေးရ၊ ရှာကြရနဲ့ အလုပ် များကြရပြန်ရော။ အဲဒါပြီးတော့ တခါ စာအုပ်သစ်လုပ်ဖို့ စာရွက်စာတမ်းတွေ စိစစ်ဖို့နဲ့ လက်ဗွေနှိပ်ဖို့ တခေါက် တန်းစီရပြန် ရော။ (ဒီနေရာမှာ စဉ်းစားမိတာက ဘာလို့ ဒီမိတ္တူကို သံရုံးက ကူးမပေးတာလဲ၊ အဲဒီလို ကူးပေးပြီး မိတ္တူကူးခကို ၅၀ါး (သို့) ၁ိ/- ယူရင် လည်း ပေးကြမှာပါပဲ။ ဘာဖြစ်လို့ လူတွေကို အလုပ်ရှုပ်အောင် ကူးခိုင်းရတာလဲ လို့။) ဓာတ်ပုံရိုက်တုန်းက ပေးထားတဲ့ ဖြတ်ပိုင်းလေးပေါ်မှာ ဘယ်နေ့ စာအုပ်လာပြန်ရွေးရမယ်ဆိုတဲ့ နေ့စွဲကို ရေးပေးထားပါလိမ့်မယ်။ (အဲဒီဖြတ်ပိုင်းလေးက စာအုပ်သစ်ထုတ်ရင် ပြရမှာ တဲ့) အဲဒီနေ့မှာ စာအုပ်သစ် လာထုတ်ပေါ့။ အဲဒီလိုဆိုတော့ ငါ ဒီနေ့အဖို့ လာတဲ့ကိစ္စပြီးပြီ၊ အဲဒီနေ့ ကြိုက်တဲ့အချိန်ပြန်လာပြီး စာအုပ်ထုတ်ရုံပဲလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။
ခုန ပေးလိုက်တဲ့ ဖြတ်ပိုင်းလေးကို သေချာ ဖတ်ကြည့်လိုက်တော့မှ အဲဒီနေ့ မနက်ပိုင်းမှာ စာအုပ်ဟောင်း ပြန်လာအပ်ပြီး၊ ညနေပိုင်းမှာ စာအုပ်သစ် လာထုတ်ပါလို့ ရေးထားတာ တွေ့ရလိမ့်မယ်။ ဒီတော့မှ အဲဒီနေ့ကျရင်လည်း သံရုံးကို ၁ ရက်ထဲ ၂ ခေါက် သွားရဦးမှာပါလားလို့ သဘောပေါက်သွားလိမ့်မယ်။ သံရုံးက သူ့နိုင်ငံသားတွေကို မကြာမကြာ တွေ့ချင်ပုံရတယ်။ အခွန်ထမ်းတွေမှာ ဒီတနေ့လုံး သံရုံးကို မနက်တခေါက် ညနေတခေါက် အခေါက်ခေါက်လာရလို့ ဒုက္ခ များကြမှာပဲ၊ တခေါက်ထဲနဲ့ အဆင်ပြေအောင် ဘယ်လို လုပ်ပေးရမလဲလို့ မစဉ်းစားမိကြဘူးလား မသိဘူး။ အေးလေ၊ ဒါက သူတို့ကိစ္စမှ မဟုတ်တာ။ ပြောမှာပေါ့။ အဆင်ပြေအောင် အဲဒီလို မလာချင်ရင် ပွဲစားတွေနဲ့ လုပ်ခွင့်ပေးထားသားပဲလို့။ သံရုံးရဲ့ အခက်အခဲတွေကြီးပဲ ပြောပြီး ကောင်းတာလေးတွေလည်း ပြောမှတရားမှာပေါ့။ သံရုံးမှာ လက်ရှိ ရှေ့ကကောင်တာတွေမှာ ထိုင်တဲ့ ၀န်ထမ်းတွေကတော့ အရင်ဝန်ထမ်းတွေနဲ့မတူ၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ဆက်ဆံတာကတော့ သံရုံးရဲ့ တိုး တက်မှုတခုပါပဲ။ နောက်တခု ကြားသိခဲ့ရတဲ့ သတင်းကလည်း နတ်လူ သာဓုခေါ်ရမှာပါပဲ။ စလုံးမှာ အခွန်ဆောင်နေတဲ့သူတွေ အသက် ၆၀ နှစ်ကျော် ရင် အခွန် ကင်းလွတ်ခွင့်ပြုပါတယ် တဲ့။
ပါတ်စ်ပို့စာအုပ်သစ် ထုတ်ယူရမည့်အစီအစဉ် အစီအစဉ်ကတော့ အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း မနက်ဖက်တခေါက် စာအုပ်ဟောင်း လာအပ်၊ ညနေတခေါက် စာအုပ်သစ် လာ ထုတ်ပေါ့။ အဲဒီမှာ ပြောစရာလေးတွေ ထပ်ကြုံရပြန်ရော။ ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၃ နှစ်က စာအုပ်သက်တမ်း တိုးတုန်းမှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးပါ။ အဲဒီတုန်းက သံရုံးက အခုလက်ရှိ အဖွဲ့မဟုတ်ဘူး။ အရင်အဖွဲ့ပါ။ အဲဒီတုန်းက သံရုံးမှာ ရှေ့ပိုင်းက လုပ်စရာတွေပေးစရာတွေ ပေးပြီးလို့ စာအုပ်ထုတ်ဖို့ ရက်ချိန်းလိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒါသောကြာနေ့ပါ။
အဲဒီတုန်းက ကောင်တာမှာ တာဝန်ကျတဲ့ ခပ်၀၀ အမျိုးသမီးက အဲဒီနေ့မှာ မနက်ပိုင်းက သံရုံးမှာ အလုပ်များတတ်လို့ နေ့လယ် ဘက်မှ လာရွေးဘို့ သေချာမှာလိုက်တယ်။ အဲဒီနေ့ နေ့လယ်ပိုင်း စာအုပ်ထုတ်ဖို့ သွားတော့ သံရုံးလည်း ရောက်ရော သံရုံးက သံတံခါးကြီးက ပိတ်ထားပြီး၊ စာ ကပ်ထားတယ်။ အဲဒီနေ့ သောကြာက စပြီး ကောင်စစ် အလုပ်တွေကို သောကြာနေ့လည်ပိုင်းမှာ ဆောင်ရွက်ပေးမှာ မဟုတ်ဘူး ဆိုပြီး ရေးထားတယ်။ တကယ်ဆိုရင် အဲဒီနေ့က နေ့လယ်ပိုင်းလာဖို့ သူတို့ ချိန်းထားတဲ့ သူတွေကိုတော့ ကြိုတင် အကြောင်းမကြားနိုင်တောင် ဘယ်နေ့ ထပ်လာကြပါ ဆိုတဲ့အကြောင်းလေးတော့ စာလေး ကပ်ထားပြီး အသိပေးမထားသင့်ဘူးလားဗျာ။ ခုတော့ အလုပ်ထဲကနေ ဒီအကြောင်းပြချက်နဲ့ ထွက်လာခဲ့ပြီး၊ ဒီရောက်တော့ စာအုပ်လည်း မရ၊ ဘယ်တော့ပြန်လာရမယ် ဆိုတာလည်း မသိရနဲ့ ဘယ်လောက် စိတ်တိုစရာ ကောင်းသလဲ စဉ်းစားကြည့်ကြပါ။ နောက်ပိုင်း သတင်းကြားရတာက၊ အဲဒီအချိန်က စာမေးပွဲအချိန် ဖြစ်နေလို့ သံရုံးဝန်ထမ်းတွေက စာမေးပွဲစောင့်ဖို့ သွားကြရလို့ ဆိုတာပဲ။ ဒီတခါတော့ တနေ့ကို ၂ ခေါက်လာရတာကလွဲရင် လုပ်ထားတဲ့ အစီအစဉ်က သိပ်မဆိုးလှတော့ ချိန်းတဲ့နေ့ကျရင်တော့ စာအုပ်ရမှာ ပဲလို့ တွေးထားမိတာ၊ အဲဒီနေ့ မနက် စာအုပ်အပ်ဘို့ သွားတဲ့အခါမှပဲ မှားပါတယ်လို့ သိလိုက်ရတယ်။ စာအုပ်လာအပ်ကျတဲ့အခါကျတော့ တဦးချင်း သူတို့စာရင်းတွေနဲ့ တိုက်ပြီး စစ်ဆေးရသေးတယ်။ အစက စာအုပ်ပြန်အပ်ပြီး ကိစ္စပြီးပြီ မကြာဘူးလို့ ထင်ထားတာအခုတော့ စစ်ဆေးနေတာစောင့်ရုံပေါ့။ ကိုယ့်အလှည့်လည်းရောက်ရော စာရွက်စာတမ်းတွေ ပြန်စစ်ဆေးပြီးတော့ စာအုပ်မလောက်လို့ WP,EP,SPass တွေကို ဦးစားပေး ရလို့ ဒီနေ့မရနိုင်ဘူးလို့ ပြန်ပြောတယ်။ ဘယ်လောက် ကျွဲမြီးတိုသွားမယ်ဆိုတာ ကိုယ်ချင်းစာကြည့်မိကြမှာပါ။ ဒါကြောင့် ဒီနေ့လာပါ ဆိုတာ သံရုံးက ချိန်းတာပါ၊ ကိုယ့်ဘက်က ဘယ်နေ့ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုထားတာမဟုတ်ဘဲနဲ့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ စောဒက တက်ကြည့်တော့ ကောင်တာက ၀န်ထမ်းက သူတို့ နောက်ထပ်ရက် ချိန်းပေးပါ့မယ်၊ အဲဒါသဘောမတူရင် လူကြီးနဲ့ တွေ့ပြီး ပြောပါလို့ ပြောပါတယ်။ အစကတော့ တော်တော် စိတ်တိုသွားခဲ့ပေမဲ့ နောက်တော့ ပြန်စဉ်းစားကြည့်တော့ သူလည်း ၀န်ထမ်း ဆိုတော့ အထက်က ပြောတဲ့ အတိုင်း လုပ်ရတာပဲလေ။ သူနဲ့ ရန်ဖြစ်နေလည်း အကြောင်းထူးမှာ မဟုတ်ဘူးဆိုပြီး ပေးတဲ့ရက်ချိန်းကို ယူပြီးတော့ အဲဒီနေ့တော့ ရမှာပါနော်လို့ သေချာအောင် မေးရသေးတယ်။ မေးသာ မေးတာ၊ အဲဒီနေ့ကျမှ မရသေးဘူး ဆိုလည်း စိတ်တိုရမှာကလွဲပြီး ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဒီမှာလည်း စဉ်းစားကြည့်ကြရအောင်။ သံရုံးက ဒီနေ့လာပါလို့ ချိန်းထားပြီး၊ အဲဒီနေ့မှာ မဆောင်ရွက်ပေးနိုင်မှန်းသိရင် အဲဒီသူကို ကြိုတင် အကြောင်းမကြားသင့်ဘူးလား။ ဒါဆို အချိန်ကုန်၊ အလုပ်ပျက်ခံ၊ လမ်းစားရိတ် ကုန်ခံရမဲ့ ဒုက္ခ မငြိမ်းဘူးလား။ အခုတော့ အခွန်ထမ်းတွေကို အမြဲတမ်း အားနေတဲ့လူတွေလို့ သဘောထားလို့လား။ ဒါမှမဟုတ် ဒါ သူတို့ပြဿနာ ငါတို့နဲ့မဆိုင်ဘူးလို့ပဲ သဘောထားလို့လား။ နောက်တခေါက် ချိန်းတဲ့ရက်က အရင်ရက်ထက် ၃ ပတ်လောက် ကွာပါတယ်။ တကယ်တော့ ကျွန်တော့ ပတ်စ်ပို့ သက်တမ်းက ကုန်လုနေပါပြီ။ ဒါကို ဘာပြောလဲ ဆိုတော့၊ ဒီရက်မှာ ခရီးသွားစရာမရှိဘူး မဟုတ် လား၊ PR က သက်တမ်းကျော်သွားလဲ ကိစ္စမရှိပါဘူး တဲ့။ ခရီးထွက်တာ မထွက်တာက ဘယ်လို သေချာပေါက်ပြောမလဲ။ ဒီကြားထဲ အရေးပေါ် ခရီးထွက်ဖို့ ကြုံလာရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ဒါတွေ လျှောက်ရှည်နေရင် ကိုယ်ပဲ ပို စိတ်တိုရ၊ ဒေါသ ထွက်ရဖြစ်မှာ မို့ နောင်ခါလာနောင်ခါဈေးပဲ ဆိုပြီး ချိန်းတဲ့ရက်ပဲ ယူလာခဲ့တော့တယ်။ ချိန်းတဲ့နေ့ ရောက်ခါနီးတော့မှ သတိထားမိတာက အဲဒီနေ့ ၁၀ တန်း စာမေးပွဲတွေ စစ်တဲ့အချိန် ဖြစ်နေတယ်။ ဒီတော့ လွန်ခဲ့တဲ့ ၃ နှစ်က အတွေ့အကြုံကို သတိရမိပြီး အခုတခေါက်ရော ဒီလိုများ ကြုံရဦးမှာလားလို့ တွေးပူမိတယ်။ ချိန်းတဲ့နေ့ရောက်လို့ ခပ်လန့်လန့်နဲ့ပဲ မနက်ပိုင်း စာအုပ်သွားအပ်တော့၊ ညနေ ၅ ကျော်မှာ ပြန်လာပြီး စာအုပ်ထုတ်ဖို့ ပြောတယ်။ ဒီတော့မှ ဒီနေ့တော့ သေချာပြီလို့ စိတ်အေးရတော့တယ်။ ညနေ စာအုပ်ထုတ်ပေးတော့ ၅ နာရီခွဲ လောက်ရှိနေပါပြီ။ သံရုံးမှာ လူတွေကတော့ မစဲသေးပါဘူး။ သံရုံးဝန်ထမ်းတွေလည်း တော်တော် အလုပ် လုပ်ကြရပါတယ်။ ကျွန်တော်ပြန်တဲ့ အချိန် ၆ နာရီ လောက်အထိ အလုပ်များနေကြတုန်းပဲ။ စာအုပ်တွေ ပြန်ပေးတော့ နာမည်ခေါ်ပြီး ပေးပါတယ်။ ကိုယ်ကတော့ ငါ့နာမည်ခေါ်ပြီး စာအုပ်ရရင် ပြန်လို့ရပြီလို့ ထင်နေတာ၊ ရှေ့က မိန်းကလေးတယောက် စာအုပ်ရပြီးမှ ပြန်တန်းစီနေတာ တွေ့တော့ မေးကြည့်မိတယ်။ အဲဒီတော့မှ register စာအုပ်ထဲမှာ ဖြည့်ဖို့ တန်းစီရတာလို့ သိရတယ်။ ဒီတော့ စာအုပ်ထုတ်ပြီးတော့ အဲဒါလုပ်ဖို့ တခါ တန်းစီရပြန်တာပေါ့။ အဲဒီ register စာအုပ်ထဲမှာ ဘာတွေ ဖြည့်ရသလဲဆိုတော့ နာမည်၊ PP အဟောင်းနံပါတ်၊ PP အသစ်နံပါတ်၊ ဒါပါပဲ။ ဒီတခါလည်း ပြောစရာက တွေ့ပြန်ရော။ ဒီအချက်အလက်တွေကို Database ထဲမှာ မှတ်မထားဘူးလား။ အခုစာအုပ်ထဲမှာပဲ မှတ်တယ်ဆိုရင် ပြန်ရှာချင်ရင် ဘယ်လိုရှာမလဲ။
နာမည်တွေ နံပါတ်တွေ ရေးထည့်ထားတာ အက္ခရာစဉ်လိုက်လည်း မဟုတ်၊ နံပါတ်စဉ်လိုက်လည်း မဟုတ် ဘယ်လိုရှာကြမလဲ။ နောက်မှ ဒါ ငါ့ပြဿနာမှမဟုတ်တာ ဆိုပြီး ခေါင်းရှုပ်ခံမနေတော့ဘဲ ကိုယ့်စာအုပ်ကလေး ကိုယ်ယူပြီး ပြန်ခဲ့ပါတော့တယ်။ သံရုံးက အခွန်ငွေတွေ တိုးတက် ပွားများလာသလို အခွန်ထမ်းတွေ အတွက်လည်း ဒီထက် လွယ်ကူချောမွေ့တဲ့၊ ပိုမိုသက်သာ ကောင်းမွန်တဲ့ အစီအစဉ်တွေု ဆောင်ရွက်ပေးနိုင်ကြပါစေ။ PP သက်တမ်းကိုလည်း နိုင်ငံတကာစံနှုန်းအတိုင်း ၁၀ နှစ်လောက်ထိ တိုးပြီး ပေးနိုင်ပါစေ။ စာအုပ်နီချစ်သူ မတ် ၁၈၊ ၂၀၁၁ REUTERS - Vivek Prakash
------------
သို့
သူရိယ မှ တဆင့်
ဒေါ်အောင်ဆန်းစုကြည်သို့ မေးပါရစေ၊
(၁) စာချုပ်စာတန်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးအပေါ် ချွင်းချက်မရှိသဘောတူပါသလား။ တူလျှင်ဆက်မေးစရာမရှိပါ၊ မတူလျှင် ဘယ်အချက်ကို မတူပါသနည်း၊ အင်္ဂလိပ်ကို ဆက်လက်တိုက်ပွဲဝင်ရမည့် အချက်ရှိသေးလျှင် သိချင်ပါသည်။
(၂) ၁၉၄၈ ခု လွတ်လပ်ရေးအပေါ် သဘောမတူခဲ့သည့် ဗ.က.ပ များ ယနေ့တိုင်ရှိနေဆဲ လှုပ်ရှားနေဆဲဖြစ်ပါသည်။ အင်အယ်ဒီကို ဝိုင်းရံသည့် မူကိုလည်း ချမှတ်ထားပါသည်။ ထိုသူများအပေါ် ဒေါ်စု ဘယ်လိုသဘောထားပါသနည်း။
(၃) မြန်မာနိုင်ငံတွင် မည်သည့်ပုံစံ ဒီမိုကရေစီမျိုးကို ဒေါ်စုအနေဖြင့် ရချင်ပါသနည်း။ အနီးစပ်ဆုံးနိုင်ငံတခုဖြင့် ဥပမာပြု ဖြေကြား ပေးပါ။
(၄) စစ်အစိုးရသည် သူတို့အာဏာတည်မြဲရေးနှင့် သူတို့သဘောကျ ဒီမိုကရေစီစံနစ်ဖော်ဆောင်ရေးအတွက် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာစီယံ၊ လိုအပ်လျှင် အမေရိကန်တို့နှင့်ပါ အပေးအယူ နိုင်ငံရေးပုံစံကို ကျင့်သုံးနေတာတွေ့ရပါသည်။ ဒေါ်စုအနေနှင့်ရော မိမိတို့ လိုချင်သည့် ဒီမိုကရေစီစံနစ်အတွက် အပေးအယူနိုင်ငံရေးပုံစံကို လိုလားပါသလား။
(၅) တိုင်းပြည်တစ်ပြည်တွင် အစိုးရဆိုးတရပ်၏ အောက်မှ လွတ်မြောက်ရေးအတွက် လူထုအားသက်သက်ဖြင့် တိုက်နိုင်သည်ဟု ယုံကြည်မျှော်လင့်ပါသလား။
(၆) ပြည်ပအကူအညီတခုခု လိုသည်ဟု ယူဆလျှင် အပေးအယူမရှိဘဲ ရနိုင်မည်ဟု ထင်ပါသလား။
(၇) ဒေါ်စုအနေဖြင့် ယနေ့အရေးအကြီးဆုံး ချမှတ်လုပ်ဆောင်ရမည့် ကိစ္စသည် ဘာဖြစ်မည်ဆိုတာကို သိချင်ပါသည်။
မေးခွန်းများနေလျှင် ခွဲပြီးမေးပေးစေလိုပါတယ်ခင်ဗျား။ ။
ဦးဖိုးသာအောင်
နော်ဝေ
၁၂။၃။၂၀၁၁
။။။။။။။။။။။။။။။
၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်တွေကို မြန်မာစစ်ကောင်စီက ခွဲဝေ ချမှတ်ပေးလိုက်တာမှာ ကာကွယ်ရေး အတွက် အသုံးစရိတ်က စုစုပေါင်း အသုံးစရိတ်ရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ တဘက်မှာတော့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ် နှစ်ခုပေါင်းရင်တောင် ၅% ကျော်ကျော်လေးပဲ သတ်မှတ်ထားပါတယ်။ စစ်ရေးဆိုင်ရာ အသုံးစရိတ်ဟာ ကျိုးကြောင်း မဆီလျော်ဘဲ များလွန်းလှပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ အသုံးစရိတ်ငွေ နည်းလွန်းတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက် နစ်နာစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ ပါဝင်တဲ့ အသေးစိတ် လျာထား သတ်မှတ်ချက်တွေကို အင်္ဂါနေ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကို ပြဋ္ဌာန်းတုန်းကလည်း အကျယ်တ၀ံ့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့သလို အခုလည်းပဲ သာမန် ပြည်သူလူထု များရာစုကြီး ဖတ်ခွင့်ရဖို့ ခက်ခဲလှတဲ့ ပြန်တမ်းမှာပဲ ကြေညာခဲ့တာပါ။ အဲဒီကြေညာချက်အရ စစ်ဘက် အသုံးစရိတ်ကို ဘဏ္ဍာငွေ တခုလုံးရဲ့ ၂၃.၆%၊ ဈေးကွက်ပေါက်ဈေးအရ အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ဒေါ်လာ သန်း ၂,၀၀၀ ကျော် သုံးစွဲဖို့ သတ်မှတ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အသုံးစရိတ်ကို ၁.၃%၊ အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကျော်၊ ပညာရေးအတွက် အသုံးစရိတ်ကို ၄.၁၃%၊ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး အသီးသီး သတ်မှတ် ထားပါတယ်။ အခုလို စစ်ရေးအသုံးစရိတ်နဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအတွက် အသုံးစရိတ် အဆမတန် ကွာခြားနေတဲ့အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို မှတ်ချက်ပေးပါတယ်။ “စစ်ရေး အသုံးစရိတ် အဲဒီလို မြင့်နေတာ တိုင်းပြည်တိုးတက်ရေးအတွက် ဘာမှ အကျိုးမရှိဘူးဗျ။ သူတို့က လုံခြုံရေး ဦးစားပေး ပြောနေပေမဲ့ လုံခြုံရေး အခက်အခဲက မရှိဘူး။ တကယ်တမ်းကျတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆိုတာလည်း နိုင်ငံရေးအရ ရှင်းလို့ရှိရင် ဒါတွေက ဒီလောက်အထိ သုံးစရာ မလိုဘူး။ ပညာရေး၊ ကျန်းမာရေးစရိတ် မမြင့်ဘဲနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။” အခုသတ်မှတ်ပေးလိုက်တဲ့ ဘဏ္ဍာငွေဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သုံးစွဲဖို့ ဖြစ်တာကြောင့် အခြေခံဥပဒေကို ပြဋ္ဌာန်း၊ ရွေးကောက်ပွဲတွေလုပ်၊ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတာတောင်မှပဲ စစ် အစိုးရကပဲ ရှေ့လာမယ့် အနာဂတ်ကို ကြိုတင် ဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်လို့ ဝေဖန်သူက ဗဟုဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်း ဖြစ်ပါတယ်။ “အဲဒီအနေအထား အခုတွေ့ရတဲ့ အခါကျတော့ အခုလက်ရှိ ၀န်ကြီးဌာနအသစ် ဘယ်လောက်ဖွဲ့မလဲ ဆိုတာ ဒါကို ကြိုဆုံးဖြတ် ပေးထားသလို ဖြစ်နေတယ်။ နောက်တခုကကျတော့ အခု လွှတ်တော်က ခေါ်နေတဲ့ အချိန်မှာ ဒီ ဘတ်ဂျက်လောနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက လုံးဝ ဆွေးနွေးပိုင်ခွင့် မရှိတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။” ဘဏ္ဍာငွေ ဥပဒေကို ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွေက ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်တာ ဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ထားချက်အရ အခြေခံဥပဒေ အသက်ဝင်မယ့်နေ့ မတိုင်ခင်မှာပဲ ကြိုပြီး လုပ်ခဲ့တာပါ။ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ လုပ်ငန်းရပ်တွေကို စစ်ကောင်စီက ဆောင်ရွက်ပေးဖို့ ပြဋ္ဌာန်းထားတယ် ဆိုတာကို ထောက်ပြီး လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်ပြီး စစ်အသုံးစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ လုပ်သင့်သလို ပညာရေး၊ ကျန်းမာ ရေးတွေမှာ ပိုသုံးသင့်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။ “တကယ်ဖြစ်သင့်တဲ့ ပုံစံက ဒီဘတ်ဂျက်ကို နအဖက မထုတ်သင့်ဘူး၊ နံပါတ်တစ်က၊ အခုဟာ နအဖက ထုတ်တာ။ ပြည်သူ့လွှတ် တော်ကြီး စနေပြီဆိုရင် ပြည်သူ့လွှတ်တော်ကသာ ဘတ်ဂျက်ကို အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးတော့ ထုတ်သင့်တယ်။ အဲတော့ ဒါ ထုတ်သင့်တဲ့အပိုင်း။ နောက် ပညာရေး၊ ကျန်းမာရေးကို အသုံးစရိတ် အများကြီး ပေးပြီးတော့ တိုင်းပြည် အနာဂတ်အတွက် လုပ် ပေးရမယ်။ စစ်တပ် ဒါမှမဟုတ် ကာကွယ်ရေးစရိတ် ဆိုတာက ကျနော်တို့ နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့တော့ ဒီဥစ္စာတွေက ဒီလိုပဲ ဖြစ်နေမှာပဲ။ တိုင်းရင်းသား အရေးတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ဟာ နံပါတ်တစ်ပဲ။ အဲဒီလို ဖြေရှင်းရင် ဒီစရိတ်တွေကလည်း မလို အပ်တော့ဘူး။” ဗဟုအဖွဲ့က ဦးအောင်သူငြိမ်းကတော့ စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ အခု ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသွင်ပြောင်းယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို နမူနာပေးပြီး ဝေဖန် သုံးသပ်ပြပါတယ်။ “အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် တချိန်တုန်းက စစ်တပ်ရဲ့ ဘတ်ဂျက် အသုံးစရိတ်က ၁၀% ပဲ ရှိပါတယ်။ နောက်တခုက အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံမှာ ကြည့်ရင် သူတို့က ကျန်းမာရေး၊ ပညာရေး၊ မြို့ပြ၊ ကျေးလက် ဖွံ့ဖြိုးရေး ကိစ္စတွေကို အများကြီး သုံးပါတယ်။ အခုအနေအထားမှာဆိုရင် ကျနော်တို့ တွေ့တဲ့အခါကျတော့ ကျန်းမာရေး ကိစ္စတွေ ဘာတွေက တော်တော်နည်းတယ်။ ပညာရေး ကိစ္စတွေလည်း တော်တော်နည်းတယ်ဆိုတာ အနာဂတ်အတွက်တော့ မကောင်းဘူးလို့ ပြောရမှာပေါ့ဗျာ။” ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ ဆိုင်တဲ့ အသေးစိတ်တွေ ထွက်လာတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်မှာ မှာယူထားတဲ့ ရုရှားလုပ် MIG-29 တိုက်လေယာဉ်အသစ် အစီး ၂၀ ထဲက ပထမအသုတ်ကို ဒီလထဲမှာ ရတော့မယ်လို့ Flightglobal ဆိုတဲ့ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅၃ သန်း ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရပါဘူး။ မြန်မာစစ်အစိုးရဟာ တိုင်းပြည်နဲ့ မမျှတဲ့ စစ်အင်အားကို တည်ဆောက်နေပြီး လူထုရဲ့ သာယာဝပြောရေး၊ ကျန်းမာရေးနဲ့ ပညာရေး တွေကို လျစ်လျူရှုထားတဲ့အတွက် မြန်မာလူထုဟာ ဆင်းရဲတွင်း နက်သထက်နက်၊ ပညာရေးနဲ့ ကျန်းမာရေး ချို့ယွင်းသထက် ချို့ယွင်းလာနေတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်ပြစ်တင်ကြပါတယ်။
By ကျော်ကျော်သိန်း ဗုဒ္ဓဟူး, 02 မတ် 2011
4/3/2011
။။။။။။။။။။။။။။။။။။။
အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့် နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှုတွေကတဆင့် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။ အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်ကပြေးနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်လှမ်းဝေးအောင် မြန်မာစစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစားပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းကတဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ နီးနီးကပ်ကပ် စောင့် ကြည့်နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။ “မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည် သူတွေအပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထားမိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံထက်စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။” မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုအတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေး ကောက်ပွဲများ ကျင်းပအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီ နည်း မကျဘဲ မြန်မာစစ်ခေါင်းဆောင် အာဏာတည်မြဲရေးအတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။ အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှုကတော့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေအပေါ် နှိမ်နင်းရာမှာ စစ်တပ်အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။ “သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေကတော့ စစ်တပ် ကိုယ်တိုင်က အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြပုံ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါ တယ်။” ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေကတဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ်ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲဆီကို မြန်မာအစိုးရ အနေနဲ့ ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
By Luke Hunt's Report in Burmese
26/ 2/ 2011
--------------
၁၁.၂.၂၀၁၁ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်အမေးအဖြေကဏ္ဍ မေးသူ။ ။ မခေါ်ခွန်ဆာ (ကချင်တိုင်းရင်းသား) မေးခွန်း။ ။ ဒေါ်စုနေကောင်းကျန်းမာမယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်ဟာပြည်တွင်းမှာနေတုန်းကတော့ ကချင်ပြည်နယ် အမျိုး သား ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့အထွေထွေအတွင်းရေးမှူးအဖြစ်နဲ့တာဝန်ဆောင်ရွက်ခဲ့ပါတယ်။၁၉၈၉ဒေါ်စု ကချင်ပြည်နယ်လာ တဲ့အခါမှာ ကျွန်တော်တို့ပါတီမှာပဲတည်းပါတယ်။ အခု ဒေါ်စုပြန်လွတ်လာတာကိုကြားရတဲ့အတွက်ကြောင့် ကျွန် တော်အများကြီး ၀မ်းသာတယ်။ပြီးတော့ဒေါ်စုကိုလည်းမေးချင်တဲ့မေးခွန်းလေးတစ်ခုရှိပါတယ်။ တိုင်းပြည်တပြည်ပြောင်းလဲဖို့အတွက်၊ တိုင်းပြည် တပြည်ပြောင်းလဲသွားပြီဆိုလို့ရှိရင်လည်းပြုပြင်ပြောင်းလဲလို့ရတဲ့ရလာဒ်ကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်ဖို့အတွက် ပြည်သူ လူထုရဲ့စိတ်ထားအယူအဆတွေပြုပြင်ပြောင်းလဲရေးဆိုတဲ့ (Basic culture of constitutional democracy )အဲဒီလိုပြုပြင်ပြောင်းလဲ ဖို့ကိစ္စနဲ့ပတ်သတ်ပြီး တော့မှ ဒေါ်စုအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ ဘယ်လိုဆက်လက်ပြီးတော့ လုပ်ကိုင် ဆောင်ရွက် မယ်ဆိုတာကျွန်တော့ အနေနဲ့သိချင်ပါတယ်။ ကျေးဇူးပြုပြီးတော့ဖြေကြားပေးပါခင်ဗျာ။ ဖြေ။ ။ ၁၉၈၉ခုနှစ်ဧပြီလပိုင်းက၊ ကချင်ပြည်နယ်ရောက်စဉ်က ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီက မဟာမိတ် ကောင်း၊ မိတ်ဆွေကောင်းပီသစွာဧည့်ခံပြုစုကူညီခဲ့တာတွေကို ယခုတိုင်ကျေးဇူးတင်စွာနဲ့သတိရနေပါ တယ်။ မြန်မာနိုင်ငံမှာ ဒီမို ကရေစီစနစ်ပေါ်ထွန်းပြီးတဲ့အခါ စစ်မှန်တဲ့ဒီမိုကရေစီပြည်သူတွေရဲ့အတွေးအခေါ်အမူအကျင့်တွေအမြစ်တွယ် ဖို့အတွက် ပညာရေး စနစ်ပြုပြင်ဖို့အင်မတန်အရေးကြီးပါတယ်။ ပြည်သူတွေအားလုံးနားလည်သဘောပေါက်ပြီး ၀ိုင်းဝန်းပါလာဖို့ သတင်း ဖြန့်ချီရေးနည်း အမျိုးမျိုး၊ ပညာပေးနည်းအမျိုးမျိုး၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်မှုနည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ရလိမ့်မယ်လို့ထင်ပါ တယ်။ တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့လုပ်ငန်းကြီးဖြစ်လို့ တတိုင်းပြည်လုံးက ပါဝင်ပြီးတတတ်တအားဝိုင်းဝန်းပံ့ပိုးလာအောင်လို့ စည်းရုံး ဆောင်ရွက်သွားရမှာပါ။
မေးသူ။ ။ မလျံနု (ချင်းတိုင်းရင်းသူ) မေးခွန်း။ ။ အခုလိုဒေါ်စုကိုမေးခွန်းတွေမေးမြန်းရတဲ့အတွက်ကြောင့်ကျွန်မအထူးပဲဂုဏ်ယူမိပါတယ်။ ကျွန်မမေးခွန်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်မှုလမ်းစဉ်မှာပေါ့နော်အထူးသဖြင့်တိုင်းရင်းသားပေါင်းစုနဲ့အလုပ်လုပ် တဲ့အခါမှာ ဘယ်လိုအရာမျိုးတွေကို ရှောင်ရမလဲပေါ့နော်။ ဘယ်လိုအရာမျိုးတွေကအဟန့်အတားဖြစ်စေနိုင်သလဲ။ ပြီးရင်ဘယ်လိုအရာ မျိုးကိုအားပေးကျင့်သုံးရမလဲဆိုတာကျွန်မမေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဖြေ။ ။ အချင်းချင်းကြားမှာနားလည်မှုရဖို့ ယုံကြည်မှုရဖို့အတွက်က တဖက်သားအမြင်ကိုကြည့်တတ်ဖို့လိုပါတယ်။ ကိုယ် ဖြစ်စေချင် တာတွေ၊ ကိုယ်စိုးရိမ်မှုတွေကိုပဲအလေးထားနေမယ်ဆိုရင် နားလည်မှုယူဖို့ခက်ပါလိမ့်မယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားများအကြား၊ ညီညွတ်ဖို့အတွက်အပြန်အလှန်လေးစားတန်ဖိုးထားဖို့ကအရေးကြီးပါတယ်။ လွယ်လွယ်နဲ့မဖြစ်နိုင်ရင်တောင် မှ တကယ့်ကိုဆန္ဒရှိရင် ချစ်ခင်ရင်းနှီးမှုတွေပြုစုပျိုးထောင်လို့ရမှာပါ။
မေးသူ။ ။ နန်းကြည်အေး (ကရင်တိုင်းရင်းသူ) မေးခွန်း။ ။ အန်တီစုရဲ့ဘ၀မှာ စစ်အစိုးရကနေပြီးတော့အမျိုးမျိုးဖိနှိပ်ခဲ့တယ်ပေါ့။ တခုပြီးတခုပြဿနာတွေရှာခဲ့တယ်ပေါ့။ မိသားစုနဲ့ကွဲပြားအောင်သူတို့ကလုပ်ခဲ့တယ်။ ဒါပေမယ့်အန်တီစုက ဘာနဲ့မှလည်းမတုန့်ပြန်ခဲ့ဘူး။ အဲဒါကိုတွေ့ရ တယ်ပေါ့နော်။ ဟိုအမျိုးသားပြန်လည်သင့်မြတ်ရေးတခုတည်းကိုပဲဆောင်ရွက်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ အန်တီစုကလုပ်ခဲ့တယ်ပေါ့ နော်။ အဲဒါ အန်တီစုဒီတွေ့ကြုံလာရတဲ့အတွေ့အကြုံတွေတခုလုံး၊ ဒီအခက်အခဲတွေတခုလုံး ရနိုင်တာ ဒီသီးခံမှုတွေပဲလို့တွေ့ရတယ်လေ။ အဲဒါကြောင့်မို့လို့မေးချင်တာ ဒီသီးခံမှုတွေရနိုင်အောင်ဘယ်လိုကျင့်ကြံမှုတွေ ကျင့်ကြံခဲ့လဲ။ အဲဒါလေးကိုကြည်အေးတို့ကို ပြောပြ ပေးလို့ရ မလားမသိဘူးရှင့်။ ဖြေ။ ။ အန်တီ့အမြင်မှာတော့ အန်တီ့ထက်ပိုပြီးဒုက္ခခံနေရသူတွေ။ ဆက်ပြီးခံနေတဲ့သူတွေအများကြီးရှိတာကြောင့် အန်တီခံခဲ့ရတာ တွေကပြောပလောက်စရာမရှိပါဘူး။ ရဲဘော်ရဲဖက်ကောင်းတွေရဲ့ဝန်းရံကူညီပေးတာတွေကြောင့်လဲ စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားနိုင်ခဲ့ပါတယ်။ ကိုယ့်ကိစ္စတွေအကြောင်းသိပ်မစဉ်းစားပဲ ပတ်ဝန်းကျင်အတွက်ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကိုအာရုံပြုရင် စိတ်အေးချမ်းသာမှုရနိုင်မယ်လို့ထင်ပါတယ်။
မေးသူ။ ။ စိုင်းအောင် (ရှမ်းတိုင်းရင်းသား) မေးခွန်း။ ။ ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တဲ့မေးခွန်းကကျွန်တော်တို့ဒီ ဒုတိယပင်လုံညီလာခံခေါ်ယူမယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်မြင်သလောက်တော့ တကယ်လို့ ဒုတိယပင်လုံညီလာခံခေါ်မယ်ဆိုရင် ကျွန်တော်တို့ ဟိုး ပထမပင်လုံညီလာခံခေါ်ခဲ့သလို ကျွန်တော်တို့တိုင်းရင်းသားရေးရာနဲ့ပတ်သတ်ပြီးတော့ဆွေးနွေးရမယ်ဆိုရင် ကျွန်တော် တို့တိုင်းရင်း သားများလိုလားတောင်းတတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်မျိုးတွေပြန်ဆွေးနွေးရမယ်လို့ကျွန်တော်မြင်တယ် လေ။ အဲဒါတွေဆွေးနွေးဖို့အတွက်ကျွန်တော်မြင်တာက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရအနေနဲ့ပါလာဖို့ အများကြီးခက်ခဲလိမ့်မယ်ကျွန် တော်ထင်တယ်လေ။ အဲဒီအခက်အခဲကိုဘယ်လိုကျော်လွှားနိုင်မယ်ဆိုတာကျွန်တော်သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ့။ ဖြေ။ ။ ဒုတိယပင်လုံဆိုတာ အဓိကအားဖြင့် စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ဖို့ဖြစ်ပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့အကြောင်းအရာတွေကိုဆွေးနွေးတဲ့အခါမှာလည်း၊ ပြည်ထောင်စုစိတ်ဓာတ် ကို အခြေခံပြီး ပြည်ထောင်စုစိတ်ဓာတ်ကိုပဲဦးတည်မှာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ဘယ်သူ့ကိုမှလည်းထိခိုက်ဖို့လုပ်တာမဟုတ်တာ ကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိုတန်ဖိုးထားသူတိုင်းပါဝင်ချင်ရင် မပါဝင်နိုင်စရာအကြောင်းမရှိပါဘူး။
မေးသူ။ ။ ဦးအေးကျော်ဇံ (ရခိုင်တိုင်းရင်းသား) မေးခွန်း။ ။ အမေစုခင်ဗျား။ ကျွန်တော်တပ်သားဟောင်းအေးကျော်စံဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့စဉ်မိုင်း ထိပြီးကျွန်တော့ရဲ့ညာဖက်ခြေထောက်နဲ့လက်တို့ကိုဖြတ်တောက်ခဲ့ရပါတယ်။ ခုတော့အမေရိကန်ပြည် ထောင်စုမှာရောက်ရှိနေ ထိုင် လျက်ရှိပါတယ်။ ကျွန်တော်မြန်မာပြည်မှာနေထိုင်ခဲ့စဉ်တုန်းက ရတဲ့မစွမ်းမသန်ပင်စင်လစာဟာ တလကို လေးရာကျပ်ပါ။ ဒီတိုင်းပြည်ကိုရောက်လာပြီးတော့ ကျွန်တော်ရတဲ့ မစွမ်းမသန်ထောက်ပံ့ကြေးကတော့ တလ ၆၇၄ ဒေါ်လာဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ၆၅ နှစ်ကျော်လူကြီးတွေကိုလည်း အစိုးရအလုပ်လုပ်ဖူးသည်ဖြစ်စေ၊ မလုပ်ဘူးသည်ဖြစ်စေ ဒီကအစိုးရက ပင်စင်လစာပေးပါ တယ်။ နောက်အလုပ်လက်မဲ့ဖြစ်နေသူတွေကိုလည်းအစိုးရက အိမ်လခနဲ့စားစရိတ်ထောက်ပံ့ပါတယ်။ ဒီလိုစနစ်မျိုးကွန်မြူနစ်နိုင်ငံပါလို့ ဆိုတဲ့ တရုတ်နိုင်ငံမှာတောင်ထွန်းကားဟန်မတူပါဘူး။ ကျွန်တော်တို့နိုင်ငံမှာသက်ကြီးရွယ်အိုတွေနဲ့မစွမ်းမသန်တွေတောင်းရမ်းစား သောက်နေရတယ်ဆိုတာကြားမိတိုင်း ဒီလိုလူမှုဖူလုံရေးစနစ်တစ်ခုအမြန်ဆုံးပေါ်စေချင်မိပါတယ်။ ဒီအပေါ်အမေ့အမြင်သဘောထား ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော်သိချင်မိပါတယ်။အမေကျန်းမာပြီးဘေးဘရာဝေးကွာပါစေ။ ဖြေ။ ။ ဦးအေးကျော်ဇံက ကိုယ်ခန္ဓာအားဖြင့်မစွမ်းမသန်ဆိုပေမယ့် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့အမေရိကန်ပြည်ထောင်စုမှာ ဘ၀သစ်ထူ ထောင်နိုင်အောင်လုပ်ခဲ့တာကိုအမေ့အနေနဲ့ချီးမွးဂုဏ်ပြုပါတယ်။ အမေတို့လည်းအမေတို့နိုင်ငံမှာ ခန္ဓာ ကိုယ်ပိုင်းဆိုင်ရာ စိတ်ဓာတ် ပိုင်းဆိုင်ရာ အားနဲချိနဲ့နေတဲ့သူတွေ၊ အလုပ်ရဖို့ကြိုးစားနေရင်းနဲ့ပဲ အလုပ်လက်မဲ့ဖြစ်နေရတဲ့လူတွေ၊ သက် ကြီးရွယ်အိုတွေ စသည် တို့ကို လုံခြုံမှုပေးနိုင်မယ့် လူမှုဖူလုံမှုစနစ်တခုကိုရှိစေချင်ပါတယ်။ ဒီလိုအခြေအနေရောက်ဖို့အတွက်ကို ဒီမိုကရေ စီအခွင့်အရေး တွေအာမခံမယ့်အုပ်ချုပ်ရေးစနစ်လိုသလို၊ တိုင်းပြည်ရဲ့ဘဏ္ဍာကလည်းတောင့်တင်းခိုင်မာဖို့လိုပါတယ်။ အဲဒါအတွက် လည်းအမေ တို့ကြိုးစားနေပါတယ်။ သားကျန်းမာချမ်းသာစွာနဲ့ ကောင်းသောလိုအင်ဆန္ဒအ၀၀နဲ့လည်းပြည့်စုံနိုင်ပါစေ။
မေးသူ။ ။ ကိုသန့်တင်ဆင့် မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ခံနေရစဉ်အတွင်းမှာ တရားအားထုတ်ဖြစ်တယ်လို့ကျွန်တော်ကြားရပါတယ်။ အခွင့်အရေးကြုံတုန်းမေးချင်တာက အခုလိုနေအိမ်အကျယ်ချုပ်ကပြန်လွတ်လာပြီးတဲ့နောက်ပိုင်းရော တ ရားဘက်ကိုအချိန် ပေးဖြစ် ပါသလား။ တကယ်လို့များတရားဘက်ကိုအချိန်မပေးဖြစ်ဘူးဆိုရင် ကျွန်တော်ကတော့ကျေးဇူးဆပ်ပြီးတော့ အကြံဥာဏ်ပေးချင် တာကတော့ ခန္ဓာဥာဏ်ရောက်ဝိပဿနာတရားကို တနေ့ကိုဆယ်မိနစ်လောက်ဖြစ်ဖြစ်အချိန်ပေးပေးပါလို့ဆန္ဒပြုပါရ စေခင်ဗျား။ ကျွန်တော်ဂျပန်နိုင်ငံမှာရှိစဉ်တုန်းမှာ မိတ်ဆွေဂျပန်တွေမေးလေ့ရှိပါတယ်။ မင်းတို့ဗမာလူမျိုးဗုဒ္ဓဘာသာတွေဖြစ်ရဲ့သားနဲ့ မင်းတို့ တိုင်းပြည်ကြီးက ဘာဖြစ်လို့အခုလို စေ့စပ်ဆွေးနွေးရေးလမ်းပေါ်ကိုမရောက်ကြတာလဲဆိုတာကိုမေးပါတယ်။ အဲဒီတော့ဗုဒ္ဓဘာ သာဝင်တစ်ယောက်ဖြစ်လို့ရှိရင် ဘယ်လိုနှလုံးသားမျိုးထားသင့်ပါလဲ။ ဘယ်လိုစိတ်နေစိတ်ထားမျိုးထားသင့်ပါလဲဆိုတာကိုရှင်းပြပေးပါ ခင်ဗျာ။ကျေးဇူးတင်ပါတယ်။ ဖြေ။ ။ အကျယ်ချုပ်ကလွတ်လာပြီးကတည်းကအရင်လောက်တရားအားထုတ်ဖို့အချိန်မရတာကတော့အမှန်ပါပဲ။ ဒါပေမယ့်လည်း တတ်နိုင်သလောက်တော့အားထုတ်ဖို့ကြိုးစားပါတယ်။ ဒီနိုင်ငံမှာလူအများစုကဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဗုဒ္ဓဘာသာတရားကို နှလုံး သွင်းထားတဲ့သူတွေဘယ်လောက်များတယ်ဆိုတာကတော့မှန်းဖို့ခက်ပါတယ်။ ကျွန်မကတော့ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့သူအဆင့်လောက်ပဲရှိသေးတယ်လို့သတ်မှတ်ပါတယ်။ အားလုံးကလောဘ၊ ဒေါသ၊ မောဟတွေနဲ နိုင်သမျှနဲသွားအောင် ကြိုးစားကြမယ်ဆိုရင်စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုမြန်မြန်ရောက်နိုင်မယ်လို့ ထင်ပါတယ်။
(ABMA ဝိုင်းတော်သားများမှ အသံဖိုင်ဖြည်သည်)
17, feb, 2011
---------------
ဒုတိယ ပင်လုံဆိုသည် အနှစ်သာရမဲ့ ဟု မောင်စူးစမ်းကရေးသား မိုးမခ အထောက်တော်၊ ရန်ကုန် ဖေဖေါ်ဝါရီ ၅၊ ၂၀၁၁နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဘာသာပြန်နှင့် ဆောင်းပါးရေးဆရာ မောင်စူးစမ်းက ဒုတိယ ပင်လုံ သည် အနှစ်သာရမဲ့သည်ဟု ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါးအဖြစ် ရေးသားခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ ဆောင်းပါးတွင် ပထမပင်လုံသည် လွတ်လပ်ရေးအတွက် အင်စတီကျူးရှင်း (မောင်စူးစမ်း၏ စကားလုံး အတိုင်း) မလုံ လောက်သည့် ခေတ်ဖြစ် ၍ အင်စတီကျူးရှင်း ရှာပုံတော်ဖွင့်သော လုပ်ငန်းစဉ်အဖြစ် နားလည်သော်လည်း ယခုလတ်တလော အန်အယ်လ်ဒီက ပြောဆိုနေသည့် ဒုတိယပင်လုံ သည် ဆီလျော်မှု မရှိပဲ ကြွေးကြော်သူတို့၏ အတွေးအခေါ်မွဲတေမှုကိုသာ ပြဆို နေသည်ဟု ဆောင်းပါးရှင် မောင်စူးစမ်းက ရေးသား ထားသည်။
ဆောင်းပါးရှင်က အင်စတီကျူးရှင်းလုံလောက်သည့် အကြောင်းအချက်ကို လက်ရှိလွှတ်တော် သုံးရပ်နှင့် အခြေခံဥပဒေတို့ပေါ်ထွန်း လာပြီ ဖြစ်သဖြင့် တိုင်းရင်းသားအရေးကို အဆိုပါလွှတ်တော်သုံးရပ်တွင် ဆွေးနွေးနိုင်ပြီဖြစ်၍ လုံလောက်ပြည့်စုံပြီ ဟုရှင်းလင်း ထားသည်။
စင်ပြိုင်ထူထောင်လိုသော ဆောင်ပုဒ်သည် အဓိပ္ပါယ်မရှိကြောင်း၊ တိုင်းရင်းသား လူမျိုးစုပြဿနာကို လွတ်တော်သုံးရပ်တွင်သာ ဖြေရှင်းရန် တာဝန်ရှိပြီး၊ ယှဉ်ပြိုင်ဖိုရမ်ထူ ထောင် ပြီး လူမျိုးစု ပြဿနာဖြေရှင်းရန် ဆိုသည်မှာ ဘိန်းစားအိပ်မက် သကဲ့သို့ဖြစ်နေ သည် ဟု ပြောသည်။ ထိုသို့သော စဉ်းစားမှု ဆောင်ပုဒ်များသည် ဖြစ်နိုင် ခြေမဲ့ သည့် နိုင်ငံရေးဆောင်ပုဒ် ဖြစ်သည်ဟု လည်းဆို သည်။ ယနေ့ကာလမှာ အရာရာကို ယထာဘူတကျကျ ၊ တဘက်သတ်အစွဲအလမ်း ကင်းကင်း နှင့် ရှုမြင်သုံးသပ်ရမည့် အချိန်ဟု လည်းရေးသားထားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလျက်ရှိတဲ့ ဒုတိယပင်လုံ စာချုပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်သုံးရပ်ကြောင့် မလိုအပ်ဟု ပြောဆိုရာတွင် စစ်တပ်ကလွှမ်းမိုးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်သုံးရပ်၏ လွတ်လပ်စွာဆွေးနွေး ခွင့်ဆိုသည့်အချက်များကို တင်ပြ ဆွေးနွေးထားခြင်း မရှိသည်ကိုတွေ့ရသည်။
နအဖ စစ်အစိုးရက စိတ်တိုင်းကျရေးဆွဲခဲ့ပြီး ဖိအားပေး အတည်ပြုစေခဲ့သည့် အခြေခံဥပဒေနှင့် ပတ်သက်ပြီး စိစစ်ဝေဘန်ခြင်း မရှိ သလို လွန်ခဲ့သည့် နိုဝင်ဘာလတွင်ကျင်းပသည့် ရွေးကောက်ပွဲ၏ လွတ်လပ်ပွင့်လင်းမှုမရှိခြင်းကိုလည်း တလုံးတပါဒမျှ ဆွေးနွေး ထားခြင်း မရှိသည်ကိုတွေ့ရှိရသည်။
၂၀၀၈ အခြေခံဥပဒေ ပေါ်ထွန်းလာပြီးသည့်နောက်ပိုင်းက စပြီး စစ်အစိုးရ၏ လမ်းစဉ်ကို ထောက်ခံခြင်း၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကို ဝေဖန်ပြစ်တင်ခြင်းတို့ကို မောင်စူးစမ်း(အန်အယ်လ်ပါတီ စတင်ဖွဲ့ စဉ်ကပါခဲ့- နောက်ပိုင်း နှုတ်ထွက် လမ်းခွဲခဲ့သူ)မှ ရေးသားခြင်း ပြုလုပ်ခဲ့ကြသည်။
-------------
(၄.၂.၂၀၁၁) RFA လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ်အမေးအဖြေ ကဏ္ဍ မေးသူ။ ။Mrs. Jaya Jaitly (အန္ဒိယ) မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ရှင့်၊ အိန္ဒိယပြည်သူလူထုကိုယ်စား ကျွန်မမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့လွတ်လပ် ခွင့်တွေကိုဘယ်လိုများအသုံးချဖို့အတွက်ရည်မှန်းထားပါသလဲရှင့်။ ရှေ့ဆက်ပြီးဆောင်ရွက်ဖို့ရည်မှန်း ထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တွေကိုလည်း သိပါရစေရှင်။ နောက်ထပ်မေးချင်တာတစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလူမျိုး ပေါင်းစုံညီညွတ်ကြ ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘယ်လိုများစည်းရုံးမယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ အိန္ဒိ ယနိုင်ငံကို ရောက်နေကြတဲ့ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့သူတွေကိုကူညီဖို့ကြိုးစားတဲ့အခါမှာ သူတို့အချင်းချင်း ဒီ့ထက်ပိုပြီး ညီညွတ် ကြရင် သိပ်ကောင်းမှာပဲလို့ ကျွန်မ မကြာခဏထင်မြင်ယူဆမိလို့ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မတို့ အိန္ဒိယနိုင်ငံရေးသမားတွေအနေနဲ့ ဒေါ် အောင်ဆန်းစုကြည်အတွက်ဘာတွေလုပ်ပေးစေချင်သလဲဆိုတာလဲ ပြောပြပါရှင်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရည်မှန်းချက်တွေပြည့်ဝ အောင် ကျွန်မတို့ ၀ိုင်းဝန်းကူညီလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အိန္ဒိယအစိုးရဟာ မြန်မာပြည်သူတွေအတွက် တတ်နိုင် သ လောက်လုပ်ကိုင်ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ကျွန်မအမြဲတမ်းအတွေးဝင်နေမိလို့ပါပဲ။ ကျေးဇူးတင်ပါတယ်ရှင်။ ဖြေ။ ။ ကျွန်မလွတ်မြောက်လာတဲ့အချိန်ကစပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ပြည်သူ့ကွန်ယက်တစ်ခုတည်ထောင် ဖို့ရာ ကို အဓိကထားပြီးလှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊တိုးတက်ရေးနဲ့ပြည်သူပြည်သားများတို့ရဲ့ အခွင့်အရေးတွေကို အာမ ခံမယ့် ဒီမိုကရေစီအုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာစေဖို့ ဆက်လက်ပြီးလှုပ်ရှားသွားမှာဖြစ်ပါတယ်။ တိုင်းရင်းသား များညီညွတ်ဖို့က တိုင်းရင်းသားတွေကိုယ်တိုင် ညီညွတ်ရေးရဲ့တန်ဖိုးကိုနားလည်သဘောပေါက်ဖို့က အဓိက ကျပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ တတ်အားသမျှ တိုင်းရင်းသားအချင်းချင်းကြား၊ သဘောထားဖလှယ်ခြင်း၊ နားလည်မှုရယူနိုင်ဖို့အတွက်ကို ကြိုးစား သောအားဖြင့် ၂၁ ရာစုပင်လုံကိုဦးတည်နေခြင်းဖြစ်ပါတယ်။ အန္ဒိယရောက် မြန်မာနိုင်ငံသားများအချင်းချင်းညီညွတ်မှုအားနဲတာကို ၄င်း တို့ကိုယ်တိုင် သုံးသပ်ဆင်ခြင်ပြီးပြေလည်မှုရအောင် ရှာဖို့ရန် ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်။ အန္ဒိယနိုင်ငံရေးသမားများကို မြန်မာ နိုင်ငံနဲ့ ပတ်သတ်တဲ့ မူတွေသတ်မှတ်တဲ့အခါမှာ ရေတိုအနေနဲ့မဟုတ်ဘဲ ကျွန်မတို့နိုင်ငံနှစ်နိုင်ငံအကြားရေရှည် တည်တံ့ခိုင်မြဲမယ့် ခင်မင် ရင်းနှီးမှုမျိုးတည်ဆောက်နိုင်ဖို့ ကျွန်မတို့ပြည်သူများရဲ့မျှော်လင့်တမ်းတချက်များကို အလေးထားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ မေးသူ။ ။ ကိုသန်းထိုက် (ဂျပန်) မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ကမ္ဘာမှာစီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံကသမ္မတ ကို အမေရိကန်သမ္မတကိုယ်တိုင်က နိုင်ငံတော်အခမ်းအနားတွေနဲ့ကြိုဆိုနေတာကိုတွေ့လိုက်ရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နာမည်ပျက်နေတဲ့ တရုတ်နိုင်ငံကသမ္မတကို အမေရိကန်သမ္မတကိုယ်တိုင်က နိုင်ငံတော် သမ္မတ ကိုယ် တိုင်က နိုင်ငံတော်အခမ်းအနားတွေနဲ့ ကြိုဆိုနေတာကိုတွေ့လိုက်ရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့နာမည်ပျက်နေတဲ့ တရုတ် နိုင်ငံက သမ္မတတယောက်ကို လူ့အခွင့်အရေးကိုလေးစားတယ်ဆိုတဲ့ အမေရိကန်က သမ္မတက အလေးထားပြီးတော့ကြိုဆိုနေတာကို တွေ့ရတဲ့အခါမှာ လူတွေရဲ့စိတ်ထဲမှာ စီးပွားရေးအင်အား ကောင်း လာလို့ရှိရင် တခြားကမ္ဘာကနေပြီးတော့လက်ခံလာမယ်ဆိုတဲ့အတွေး ၀င်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်မေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့နိုင်ငံတနိုင်ငံဟာ လူ့အခွင့်အရေးကို ပထမဦးစားပေး သင့်သလား။ ဒါမှမဟုတ်လို့ရှိရင်လည်း စီးပွားရေးကိုဦးစားပေးသင့်သလား။ ဘယ်လိုထင်ပါသလဲခင် ဗျာ။ ဖြေ။ ။ အခြားနိုင်ငံက သမ္မတ တဦးက လာလည်တဲ့အခါမှာ အိမ်ရှင်သမ္မတက ကိုယ်တိုင်နိုင်ငံတော်အခမ်းအနားနဲ့ကြိုဆိုတယ်ဆို တာ လုပ်ရိုးလုပ်စဉ်ပါ။ စီးပွားရေးတောင့်တင်းတဲ့နိုင်ငံတွေကို မျက်နှာသာပေးကြတာလဲ ထူးထူးဆန်းဆန်း တော့မဟုတ်ပါဘူး။ လူ့အခွင့်အရေးတွေကို အလွန်အကျွံချိုးဖောက်နေတဲ့လူ့အသိုင်းအ၀ိုင်းမှာ ရေရှည်စီးပွားဖွံ့ဖြိုးမှုဖြစ်နိုင်ပါ့မလားဆိုတာ ကတော့လေး လေးနက်နက်စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီလိုစဉ်းစားလိုက်လို့ရှိရင်ရေရှည်တော့အခြေအနေတွေကိုမပြုပြင်ဘဲနဲ့ ဖွံ့ဖြိုးမှု ကိုထိန်း သိမ်းနိုင်မယ်လို့မထင်ပါဘူး။ ဒါ့ကြောင့်စီးပွားရေးဖွံ့ဖြိုးမှုအတွက်ကြိုးပမ်းတဲ့နေရာမှာရှိသင့်ရှိထိုက်တဲ့ နိုင်ငံရေးအဆောက်အအုံ တွေနဲ့လူ့အခွင့်အရေးတွေအတွက်ပါတခါတည်းလုပ်ဆောင်သွားရမယ်လို့ ယုံကြည်ပါတယ်။ မေးသူ။ ။ ကိုရဲမာန်ထူး (ဗြိတိန်) မေးခွန်း။ ။ အန်တီဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းပြည်ပမှာ ခေါင်းဆောင်တစ်ယောက်အဖြစ်သတ်မှတ်ပြောဆိုနေတာ တွေကို ကြားနေရပါတယ်။ ဒါပေမယ့်ပြည်တွင်းမှာအနေနဲ့က အန်တီဒေါ်အောင်ဆန်းစုကြည်အနေနဲ့လုပ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တယောက် အဖြစ်တရားဝင်အသိအမှတ်ပြုခံရတဲ့အနေအထားမျိုးမတွေ့ရသေးပါဘူး။ အဲဒီအတွက်တကယ်လို့ ဒုတိယပင်လုံ ညီလာခံလုပ်ဖြစ်ခဲ့လို့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးနဲ့အန်တီဒေါ်အောင်ဆန်းစုကြည်ရော သဘောတူညီချက်တခုပေါ်မှာ လက် မှတ်ရေးထိုး ဖြစ်ခဲ့လို့ရှိရင် ဒီအန်တီဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဝင်လူထုခေါင်းဆောင်တစ်ယောက် အဖြစ်ကိုရောက်လာမယ်လို့ ကျွန်တော်ထင်မိပါတယ်။ အဲဒီအခါကျရင်နိုင်ငံတကာနဲ့ရောလက်တွဲပြီးတော့မြန်မာ့နိုင်ငံရေးကိုထိထိရောက်ရောက်လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ယူဆမိပါ တယ်။ အဲဒါဟုတ်ပါသလားခင်ဗျာ့။ အဲဒီအပေါ်မှာအန်တီ့အမြင်ဘယ်လိုရှိပါသလဲခင်ဗျာ့။ ဖြေ။ ။ လူထုခေါင်းဆောင်ဆိုတာကတော့တရားဝင်ရာထူးတစ်ခုမဟုတ်ပါဘူး။ အသိအမှတ်ပြုချက်တစ်ခုသာဖြစ်ပါတယ်။အန်တီ က ပြည်သူတွေရဲ့အားကိုးယုံကြည်မှုနဲ့မေတ္တာကိုတန်ဖိုးထားပေမယ့်လည်းခေါင်းဆောင်ကြီး၊ဘာကြီးရယ်လို့ အသိအမှတ်ပြုခံရ တာကို အရေးကြီးတယ်လို့မထင်ပါဘူး။ နိုင်ငံနဲ့ပြည်သူအပေါ်မှာတာဝန်ကျေဖို့ကသာအဓိကလို့ထင်ပါတယ်။ ဒုတိယ ပင်လုံရဲ့ရည်ရွယ် ချက် ကတော့ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်တည်ဆောက်ရေးဖြစ်လို့ အောင်မြင်အောင်ကြိုးစားမှာပါ။ ပြည်ထောင်စု အတွက်ကြိုးစား မှာပါ။ နိုင်ငံ့ခေါင်းဆောင်ကြီးရယ်။ လူထုခေါင်းဆောင်ကြီးရယ်ဖြစ်ချင်လို့တော့မဟုတ်ပါဘူး။ မေးသူ။ ။ မယဉ်မင်းသူ (စပိန်) မေးခွန်း။ ။ အန်တီစုရှင့် ကျွန်တော်ကတော့ စပိန်နိုင်ငံ မက်ဒရစ် မြို့မှ ရေအောက်သုတေသီတစ်ဦးဖြစ်ပါတယ်ရှင့်။ မဖြူဖြူသင်း တို့ဦးစီးလုပ်ဆောင်နေတဲ့ HIV ဝေဒနာရှင်တွေအတွက်ကို ကျွန်တော့ချွေးနှဲစာထဲကနေပြီးလစဉ်အလှူငွေထည့်လို ပါတယ်အန်တီစု ရှင့်။ အဲဒီဝေဒနာရှင်တွေအတွက်ကူညီပေးလိုတဲ့ စပိန်နိုင်ငံသူနိုင်ငံသားတွေကိုလည်း မဖြူဖြူသင်းနဲ့တိုက်ရိုက်မိတ်ဆက် ပေးလိုပါ တယ်။ အဲဒီကိစ္စအတွက်ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို အန်တီစုအနေနဲ့လမ်းညွှန်ပေးစေလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ လည်းမြန်မာပြည်မှာစစ်အာဏာရှင်စနစ်အပြောင်းအလဲဖြစ်သွားတဲ့အခါမှာ ကျရာနေရာကနေ တိုင်းပြည်အတွက်ပြန်လည်အလုပ် အ ကျွေးပြုဖို့ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ အခုတော့တကိုယ်ကောင်းဆန်တယ်ပဲပြောပြော။ လူ့အခွင့်အရေးမရှိတဲ့လက်ရှိ စစ်အစိုးရလက် အောက်မှာမနေချင်လို့ ခုတော့ပြည်ပကနေပြီးတတ်နိုင်သလောက်လုပ်ပေးပါရစေအန်တီစုရှင့်။ အန်တီစုနှင့်တကွအဖွဲ့ချုပ်ဝင်များစိတ်၏ ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံစေဖို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်။ ဖြေ။ ။ မဖြူဖြူသင်းကိုစာရေးပြီးဆက်သွယ်ရင်ရပါတယ်။ ဒီကိစ္စမှာအာဖက်အေက ကူညီနိုင်မယ်လို့ထင်ပါတယ်။ သမီးကလူ့အခွင့် အရေး မရှိတဲ့အစိုးရအောက်မှာမနေချင်ဘူးဆိုရင် တတ်နိုင်တဲ့ဘက်က အန်တီတို့နိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အ၀ရနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးရင်ကောင်းမယ်လို့ထင်ပါတယ်။ မြန်မာပြည်အခြေအနေကို စပိန်နိုင်ငံသူနိုင်ငံသားတွေ အားလုံးသိလာပြီး၊ မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးထောက်ခံလာဖို့ကြိုးစားပေးပါ။ မေးသူ။ ။ မန်းအောင်လွင် (ဂျာမနီ) မေးခွန်း။ ။ ကျွန်တော်တို့အနေနဲ့သိချင်တာက မြန်မာပြည်မှာဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက်ပြည်သူလူထုကရွေးချယ် ထားတဲ့အစိုးရပြည်လည်ပေါ်ပေါက်လာရေးအတွက် ကျွန်တော်တို့ဒီ နအဖ ကိုဖိအားပေးသင့်မပေးသင့်ပေါ့ လေ။ ကျွန်တော်တို့ဒီ စီးပွားရေးပိတ်ဆို့မှုတွေကို ဥရောပတိုင်းပြည်အစိုးရအနေနဲ့ ရပ်ဆိုင်းသင့်၊ မရပ်ဆိုင်းသင့် ဆက်လက် ပြီးတော့လုပ် သင့်၊ မလုပ်သင့် ဒါကို ကျွန်တော်တို့အနေနဲ့မေးလိုပါတယ်။ ဖြေ။ ။ ဒီမိုကရေစီရရှိရေးအတွက် အားလုံးက နည်းအမျိုးမျိုးနဲ့ကြိုးစားပေးဖို့လိုပါတယ်။ ဘယ်လိုနည်းတွေက အလုပ်ဖြစ်မလဲဆိုတာ တခါတလေလုပ်ကြည့်မှပဲသိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရက်ပိုင်းအတွင်းမှာ စီးပွားရေး ပိတ်ဆို့မှု အပေါ်သဘော ထားကို တရားဝင်ကြေငြာပါမယ်။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာတစ်ခုအနေနဲ့ သုံး နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေရှိသလို တိုင်းပြည်ရဲ့စီးပွားရေးကိုတကယ်ပဲထိခိုက်တယ်ထင်လို့ ရုတ်သိမ်းပေးစေချင်တဲ့သူတွေလည်းရှိပါ တယ်။ ဒါတွေမှန်မမှန်သေချာသုံးသပ်ပြီးဘယ်လိုဆက်လုပ်သင့်သလဲဆိုတာကို အဖြေတစ်ခုရှာရမှာပါ။ မေးသူ။ ။ ဦးမောင်မောင်လွင် (အမေရိကန်ပြည်ထောင်စု – မေရီလန်းပြည်နယ်) မေးခွန်း။ ။ အမေစုနဲ့လူငယ်တွေရဲ့တွေ့ဆုံဆွေးနွေးပွဲအကြောင်းကြားရတာ လူငယ်တွေနဲ့ပတ်သတ်လို့ ကွန်ယက်တစ်ခုဖေါ်ဆောင် ရေး လုပ်ဆောင်နေတာကို အင်မတန်မှ နှစ်ထောင်းအားရဖြစ်မိပါတယ်။ ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှား မှုမှ ၁၉၈၈ လူထုအုံ ကြွမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်ဆန္ဒပြမှုအဆုံး သမိုင်းစဉ်ဆက်မှာ လူငယ်တွေကပဲ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ သို့ပေ မယ့် ခေတ် အစဉ်အဆက် တလျှောက်လုံးမှာ လူငယ်တွေဟာ ဦးဆောင်မှုနေရာထက် လက်တိုလက်တောင်းအခိုင်းခံရတဲ့ဘ၀။ အရေး အကြောင်း ရယ်ဆို အသုံးချခံ၊ စတေးခံရတာတွေ တွေ့နေရပါတယ်။ နိုင်ငံရေးဦးဆောင်မှုမှာ လူငယ်တွေဟာ နေရာအပေးခံရမှု အင်မတန် အားနည်းနေပါတယ်။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ဆယ့်ကိုး၊နှစ်ဆယ်လောက်ကတည်းက နိုင်ငံရေး လောက ထဲကိုစ၀င်လာပြီး အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင်အဖြစ်လုပ်ကြံခံရတဲ့အချိန်မှာတောင်မှ အသက် သုံးဆယ့်နှစ် နှစ်ပဲရှိ ပါသေးတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်လိုလူမျိုးတွေလိုချင်ရင် ဗိုလ်ချုပ်အရွယ်လူငယ်တွေကို နေရာပေးရပါလိမ့်မယ်။ လူငယ်ဆိုတဲ့နေရာမှာလည်း အသက် ဆယ့် ခြောက်နှစ်ကနေ အသက်သုံးဆယ့်နှစ် နှစ်၊ သုံးဆယ့်သုံးနှစ်အရွယ် အတွင်းတွေသာ ဖြစ်သင့်ပါတယ်။ လူငယ်တွေကိုများများနေရာပေး စေချင်ပါတယ်။ တာဝန်ပိုပေးပါ။ အဲလိုလုပ်ခြင်းဟာလူငယ်တွေကို အကောင်းဆုံး စည်းရုံးရေးဖြစ်မယ်လို့ မြင်မိပါတယ်။ ယနေ့လူငယ် တွေဟာယနေ့နဲ့ အနာဂတ် ရဲ့ခေါင်းဆောင်များဖြစ်တယ်လို့ ရည်ညွှန်းချင်ပါ တယ်။ လူငယ်တွေကိုအနာဂတ်ခေါင်းဆောင်လို့ပြောခြင်း ဟာ လူငယ်တွေကို နောင်မှခေါင်းဆောင်ရမယ်လို့ပြေားခြင်းမျိုး ဖြစ်နေ ပါတယ်။ အခုလိုကျွန်တော့ရဲ့သဘောထားအပေါ်မှာ အမေစုရဲ့ သဘောထားသုံးသပ်ချက်ကိုသိချင်ပါတယ်ခင်ဗျား။ ဖြေ။ ။ လူငယ်တွေဟာ နေရာရချင်တာကို အဓကမထားဘဲ အရည်အချင်းပြည့်ပြည့်၀၀နဲ့လုပ်နိုင်ကိုင်နိုင်အောင်ကြိုးစားဖို့ကအရေး ကြီးပါတယ်။ ဖေဖေဆိုရင် အရည်အချင်းပြည့်ဝလာတဲ့အလျှောက်သာ အများရဲ့လက်ခံမှုအသိအမှတ် ပြုမှုကိုခံခဲ့ရတာပါ။ အန်တီကတော့ လူငယ်တွေကို နေရာပေးတယ်ဆိုတာထက် တာဝန်ပေးတယ်ဆိုတာကိုသဘောကျပါတယ်။ လူငယ် တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေလို့ပြောမယ့်အစား တိုင်းပြည်ရဲ့အနာဂတ်လို့ပဲပြောချင်ပါတယ်။ အဓိပ္ပာယ်ကတော့ လူငယ်တွေစိတ်ဓာတ်၊ ပညာ၊ လုပ်ရည်ကိုင်ရည် ရှိသလောက်သာတိုင်းပြည်ရဲ့အနာဂတ်ဟာ စိတ်ချရမှာပါ။ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်၊ နေရာရချင်တဲ့စိတ်တွေလွန်ကဲရင် လမ်းလွဲသွားနိုင်ပါတယ်။ တာဝန်သိစိတ်ကိုဦးစားပေးစေချင်ပါတယ်။
(၂၈.၁.၂၀၁၁) RFA လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ်အမေးအဖြေ ကဏ္ဍ
မေးသူ။ ။ အရှင်ရာဇိန္ဒာ လင်္ကာရ မေးခွန်း။ ။ ဒကာမကြီးမင်္ဂလာပါ။ ဦးဇင်းက သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ မှ ရဟန်းဦးဇင်းတပါး ဖြစ်ပါ တယ်။ ခုဦးဇင်း ဒကာမကြီးကိုမေးချင်တာက ရဟန်းသံဃာတော်တွေအနေနဲ့ နိုင်ငံရေးတွေမှာ မပါဝင်သင့်ဘူး လို့ ပြောလည်း ပြော နေတယ်။ ချုပ်လည်းချုပ်ခြယ်တယ်။ ထောင်ချအကျဉ်းချနေတာတွေလည်းရှိနေပါတယ်။ အဲဒီတော့ ဦးဇင်းတို့လို ရဟန်းသံဃာတော် တွအနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ဒကာမကြီးအနေနဲ့မြင်ပါသလား။ နောက်တစ်ခုက ကမ္ဘာ့ဘယ်နေရာကပဲ ဖြစ်ဖြစ်။ ဘယ်ာသာဝင်.. ဘယ်ဘာသာတရားကပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်နဲ့ သာသနာပြုစေချင်ပါတယ်။ ဦးဇင်းတို့နိုင်ငံမှာ ဘာ သာရေး လွတ်လပ်ခွင့်မရှိဘူးလို့ ဦးဇင်းတို့ထင်ပါတယ်။ အဲဒီအပေါ်မှာရော ဒကာမကြီးအနေနဲ့ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ နိုင်ငံရေးဆိုတာတွေကို အဓိပ္ပာယ်ဖေါ်တာတွေကတော့အမျိုးမျိုးတွေပါပဲဘုရား။ တပည့်တော်မတို့ကတော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့အရေးလို့သဘောထားပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကောင်းဖို့ အတွက်၊ တိုင်းသူပြည်သား တွေကောင်းဖို့အတွက် ရဟန်းသံဃာတော်တွေ လုပ်ဆောင်တာကို အပြစ်မြင်စရာမရှိဘူးလို့ယုံကြည်ပါတယ် ဘုရား။ လွတ်လွတ် လပ်လပ်နဲ့ သာသနာပြုတယ်ဆိုတာကတော့ သာသနာ့ဝန်ထမ်းများရဲ့လုပ်ပိုင်ခွင့်ဖြစ်ရပါမယ်ဘုရား။ တပည့်တော်မ တို့နိုင်ငံမှာတော့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ မရသရွေ့ သာသာနာ့ဝန်ထမ်းတွေလည်း သာသနာရေးကို လွတ်လွတ်လပ်လပ်လုပ် ပိုင်ခွင့် ရ မယ်လို့တော့မထင်ပါဘူးဘုရား။ မေးသူ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူ) မေးခွန်း။ ။ ဒေါ်စုခင်ဗျား။ ဒီစင်္ကာပူနိုင်ငံမှာ နအဖ ရဲ့ကုမ္ပဏီတွေ၊ စီးပွားရေးသမားတွေဟာ ဒီမှာရှိတဲ့ မြန်မာ permanent Residents တွေ။ (ဆ) တွေ။ (ဆ) တွေဆိုတာက ကျွန်တော်တို့က ဒီမှာရှိတဲ့မြန်မာနိုင်ငံသားကနေ စင်္ကာပူနိုင်ငံသားကို ပြောင်းသွား တဲ့သူတွေကိုခေါ်တာပါ။ ကုမ္ပဏီတွေထောင်ကြပါတယ်။ အဓိက Business ကတော့ In port, Export ပါပဲ။ အဲဒီတော့ အဲလို လုပ်တဲ့ သူတွေဟာ စီးပွားရေးပိတ်ဆို့မှုကို အာခံဆန့်ကျင်တဲ့သူတွေရဲ့လုပ်ရပ်လို့ ယေဘုယျယူဆလို့ရမယ်လို့ထင်ပါတယ်။ စီးပွားရေးပိတ် ဆို့မှုဟာ နအဖ နဲ့ စီးပွားရေးပူးပေါင်းမလုပ်ကိုင်ရေးလို့ နားလည်ပါတယ်။ ကျွန်တော်မေးလိုတာက ပြည်ပ မှာနေထိုင်လုပ်ကိုင်နေ တဲ့မြန်မာနိုင်ငံသားများဟာ ဒီမိုကရေစီရရှိရေးကိုလိုလားတယ်ဆိုရင် အထက်ကပြောတဲ့လုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်သင့်ပါသလား။ လုပ်ကိုင်တာမှန်ပါသလား။ အဲဒီလိုလုပ်ကိုင်နေသူတွေကို ဘာများပြောကြား ချင်ပါသလဲ။ ဖြေ။ ။ မြန်မာနိုင်ငံနဲ့ဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေကိုယ်တိုင်က မိမိတို့ရဲ့လုပ်ရပ်တွေဟာ တိုင်းပြည် ကိုအကျိုးပြုဖို့လား။ မိမိတို့ကိုယ်တိုင်ကြီးပွားချမ်းသာတိုးတက်ဖို့လား ဆိုတာကို ကောင်းကောင်းသိပါမယ်လို့ထင်ပါ တယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်တဲ့ကိစ္စအတွက်ကို တာဝန်ယူဖို့လိုပါတယ်။ အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့မြန်မာတွေဟာ လွတ်လွတ်လပ်လပ်လေ့လာခွင့်ရှိတာကြောင့် ဘယ်လိုလုပ်ငန်းတွေဟာ လုပ်သင့်တယ်၊ မလုပ်သင့်တယ်ဆိုတာကို သေသေချာချာသိကြ နိုင်မယ်လို့ထင်ပါတယ်။
မေးသူ။ ။ ကိုဇော်နိုင်(ကနေဒါ) (ဘလော်ကာ – ရဲရင့်ငယ်) မေးခွန်း။ ။ ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့ လက်ရှိအစိုးရအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုက ရေစီ ရေး လှုပ်ရှားသူ တွေ တွေ့ဆုံဆွေးနွေးမှုတွေပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသားတွေနဲ့ဒေါ်အောင်ဆန်းစု ကြည်ကြားမှာ ၁၉၄၇ ပင်လုံညီလာခံလိုမျိုး ညီညွတ်မှုတွေရအောင် ဒေါ်အောင်ဆန်းစုကြည်ဘာတွေ ပြင်ဆင်ထားပါသလဲ။ တိုင်းရင်းသားတွေဘက်ကရောဘယ်လိုပြင်ဆင်ထားသင့်တယ်။ ဘယ်လိုစိတ်မျိုးရှိသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ထင်ပါသလဲခင်ဗျား။ ကျေးဇူးတင်ပါတယ်။ ဖြေ။ ။ မေးခွန်းကို ကျွန်မနားလည်သလောက်က တိုင်းရင်းသားတွေနဲ့ကျွန်မတို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကြား ညီညွတ်မှုတွေ ရရင် ကျွန်မတို့နဲ့လက်ရှိအစိုးရအကြားတွေ့ဆုံဆွေးနွေးရေးတွေပေါ်ပေါက်လာမယ်။ ဒါကြောင့်ညီညွတ်မှု ရဖို့ ဘယ်လိုပြင်ဆင်ထား လဲဆိုတဲ့အဓိပ္ပာယ်လို့ထင်ပါတယ်။ ညီညွတ်မှုဆိုတာကတော့ လက်တွေ့လုပ်ယူရမယ့်ကိစ္စပါ။ တဖက်နဲ့ တဖက် နားလည်မှုရဖို့ တွေ့ဆုံတာပြောဆိုဆွေးနွေးတာ ယုံကြည်မှုတည်ဆောက်တာ အဲဒါတွေကိုလုပ်ရမှာပါ။ တိုင်းရင်းသားတွေကလည်းအချင်း ချင်း အကြားနားလည်မှု ညီညွတ်မှု လိုလားတဲ့စိတ်ကိုအခြေခံပြီး၊ သံသယတွေနည်းသွားစေဖို့၊ ယုံကြည်မှုတိုးပွားစေဖို့နည်းလမ်းတွေရှာ လုပ်မယ်ဆိုရင် ကျွန်မတို့ရဲ့လုပ်ငန်းတွေ ပိုပြီအမြန်အောင်မြင်မှာပါ။
မေးသူ။ ။ ဇော်နိုင် (သင်္ဃကျွန်း – မိကျောင်းကန်) မေးခွန်း။ ။ နံပါတ်(၁) မေးခွန်းအနေနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်တဲ့အချိန်မှာ နိုင်ငံခြားတိုင်းပြည်များက နအဖနဲ့ ရင်းနှီးမြှုပ်နှံမှုစာ ချုပ်တွေ ချုပ်ထားတာကို NLDနဲ့ဒေါ်စုတို့ကနေဆက်ပြီးတော့ အသိအမှတ်ပြုနိုင်ပါသလား။ နံပါတ် (၂) မေးခွန်းက ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့အချိန် ပြည်သူတွေကောင်းစားရေးလုပ်နိုင်မယ့်အချိန်ရောက်ဖို့အတွက်ကို တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်တွေက ဒေါ်စုနဲ့ NLD နဲ့ လာရောက်ပူးပေါင်းရင်ပိုပြီးအဆင်ပြေမယ်လို့ ကျွန်တော်တို့နဲ့ ပြည်သူတွေကနေပြီးတော့ယုံ ကြည်ပါတယ်။ အဲဒါ ဒေါ်စုနဲ့ NLD ရဲ့ဆန္ဒသဘောထားနဲ့ကိုက်ညီပါသလားခင်ဗျာ။ မင်္ဂလာပါခင်ဗျာ။ ဖြေ။ ။ နိုင်ငံတွေအကြားမှာ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်သိက္ခာတွေရှိသလို၊ မိမိနိုင်ငံအကျိုးကို စောင့်ရှောက်ရမယ့် တာဝန်တွေလည်းရှိပါတယ်။ နိုင်ငံများအကြားချုပ်တဲ့ စာချုပ်တွေကိုချဉ်းကပ်တဲ့အခါမှာ ဒီအမြင်နှစ်ခုစလုံးကို အခြေ ခံပြီးလုပ်ရမှာပါ။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ကောင်းစားရေးအတွက် တပ်မတော်ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအင်အားစု များပူးပေါင်းပြီးလုပ်တာ အကောင်းဆုံးဆိုတာ၊ အမြန်ဆုံးဆိုတာကို ကျွန်မတို့ကလည်းလုံးဝလက်ခံပါတယ်။ ဒီလိုဖြစ်စေဖို့ဆိုတာကိုလည်း ကြိုးစားပါတယ်။
မေးသူ။ ။ ကိုမင်းဇော် (အမေရိကန်ပြည်ထောင်စု) မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောဆိုနေတာ ကျွန်တော်ကြားမိပါတယ်။ နောက်တခုက လည်း အဲဒီလိုအမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်တဲ့နေရာမှာ သွေးမြေမကျတဲ့ပြုပြင်ပြောင်းလဲရေး ကိုလုပ်မယ်လို့ ဒေါ်အောင် ဆန်းစုကြည် ပြောတာကို ကျွန်တော်ကြားမိပါတယ်။ အဲဒီတော့ တဖက်မှာလည်း ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရှင်အုပ်စိုးမှု အောက်မှာ ခေါက်ရိုးကျိုး နေတာလည်းကြာတဲ့အခါကျတော့ တပ်မတော်မပါဘဲနဲ့လည်းပဲ ကျွန်တော်တို့တိုင်းပြည်မှာ သွေးမြေမကျ ပြောင်းလဲမှုဆိုတာ ဖြစ်ဖို့မလွယ်ပါဘူး။ အဲဒီတော့ ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တာက သွေးမြေမကျတဲ့တော်လှန်ရေး ဖြစ်ဖို့ဆိုရင် တပ်မတော်ကို မည်ကဲ့သို့ပါဝင်လာအောင်လုပ်သင့်တယ်လို့ ထင်ပါသလဲ။ ကျွန်တော်တို့ မြန်မာလူငယ် ပညာတတ် တစ်ယောက် အနေနဲ့လည်း ဘယ်အခန်း ကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်ပါသလဲလို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လမ်းညွှန်မှုပေးနိုင်ပါသလဲ လို့မေးချင်ပါတယ်ခင်ဗျ။ ဖြေ။ ။ ကိုမင်းဇော်ရဲ့မေးခွန်းက ကိုဇော်နိုင်ရဲ့မေးခွန်းဒုတိယပိုင်းနဲ့ နဲနဲဆင်ပါတယ်။ ကျွန်မတို့ဟာ တပ်မတော်အစိုးရရဲ့လုပ်ရပ် အချို့ကို လက်မခံနိုင်ပေမယ့် တပ်မတော်အပေါ်မုန်းတီးတဲ့စိတ် ရန်လိုတဲ့စိတ်မရှိဘူး ဆိုတာ တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်မတော်သားတွေသဘောပေါက်မယ်ဆိုရင် အချင်းချင်းကြားနားလည်မှုယူပြီးတိုင်းပြည် အ တွက် ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။ လူငယ်ပညာတတ်တွေ အနေနဲ့ ဒီလိုနားလည်မှုတွေ ရရှိနိုင်ဖို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင် ရွက်ပေးစေချင်ပါတယ်။
မေးသူ။ ။ ဒေါ်ယာစ်မင်း ဗားညား (အမေရိကန်ပြည်ထောင်စု – ကယ်လီဖိုးနီးယားပြည်နယ်) မေးခွန်း။ ။ လေးစားအပ်တဲ့မမစုရှင့် ကျွန်မနာမည်က ယာစ်မင်း ဗားညား ပါ။ အခု ကယ်လီဖိုးနီးယား ကိုရောက် နေပါတယ်။ မမစု အခုလို လွတ်မြောက်လာတဲ့အတွက်အများကြီးဝမ်းသာပါတယ်။ မမစု ကျန်းမာချမ်းသာဖို့အတွက် နေ့တိုင်းဆုတောင်းပါတယ်။ ကျွန်မရဲ့မေးခွန်းကတော့ အခု ကျွန်မဒီမှာရောက်နေတဲ့အခါမှာ ဗမာပြည်ကလူတွေအများကြီးရှိပါတယ်။ များသောအားဖြင့်လူတွေက ဗမာပြည်နိုင်ငံရေးကိစ္စဆိုပြီးတော့အခုအထိ နိုင်ငံခြားရောက်နေပေမယ့်ရှောင်ကြပါတယ်။ တခြားဘုန်းကြီး ကျောင်းပွဲတို့ သင်္ကြန်ပွဲ တို့ဆိုရင်လူတွေအများကြီးတက်ရောက်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ပွဲဆိုရင် လူတွေအများကြီမတတ်တဲ့အ တွက် ကျွန်မတို့ အကြံဥာဏ်လိုချင်တာကတော့ ဘယ်လိုများလူတွေကိုစည်းရုံးပြီးတော့ ၊ ဘယ်လိုများဗမာပြည်အတွက်လူတွေကိုစိတ်ဝင် စားအောင် ဘယ်လိုလုပ်နိုင်ရင်ကောင်းမလဲဆိုတာပါပဲရှင့်။ အများကြီးကျေးဇူးတင်ပါတယ်ရှင့်။ ဖြေ။ ။ ကိုယ့်ကိုယ်ကို နိုင်ငံရေးနဲ့မဆိုင်ဘူးလို့နေကြတဲ့သူတွေကတော့ ကြောက်လို့ဖြစ်နိုင်သလို ပြည်သူ့နီတိပိုင်းဆိုင်ရာ အားနဲလို့ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးမှာပါဝင်ရဲဖို့ ပါဝင်ချင်ဖို့ နည်းအမျိုးမျိုးစမ်းပြီး စည်းရုံးယူရမှာပါ။ ကယ်လီဖိုးနီး ယားလိုနေရာမှာဆိုရင် ဆက်သွယ်ရေးနည်းပညာတွေအလွန်ကောင်းတော့ ဒါတွေကိုအသုံးချပါ။ အထူးသဖြင့် လူငယ်တွေကိုဦးတည်ပြီး နိုင်ငံရေးအသိစိတ်တွေများလာအောင်လို့လုပ်ကြည့်ပါ။ (ABMA ၀ိုင်းတော်သားများမှ စာဖိုင်ဖြည်ပါသည်)
31 Jan 2011
ရင်နာနာနဲ့ ရေးတဲ့စာ အရှင်ဓမ္မ (ဒေလီ) တလောက မဲဆောက်အမှိုက်ပုံကြီးကို You Tube မှာ တွေ့လိုက်ရတယ်။ တမြို့လုံးက စွန့်ပစ်ပစ္စည်း၊ အမှိုက် သရိုက်တွေဆိုတော့ အမှိုက်ပုံကြီးက တောင်လုံးအမျှပါပဲ။ ကြီးလည်းကြီး ကျယ်လည်းကျယ်။ ရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ဘယ်နေ ရာ က တိုက်တဲ့လေ ဖြစ်ပါစေ၊ အညှီအဟောက်အနံ့တွေ ပြင်း ပြင်းထန်ထန် နှားခေါင်းဝထံ ရောက်လာပါသတဲ့။ နံလိုက်တာ လွန် ရောတဲ့။ သြော် ... အမှိုက်ပုံပါဆို နံမှာပေါ့။ မွှေးတဲ့ အမှိုက်ပုံများ ရှိလို့လား။
ဗမာပြည်သားတွေ တွေ့နေပါရဲ့၊ အမှိုက်ပုံကြားမှာ လက်အိတ်ဗလာ တုတ်တွေနဲ့ ထိုးဆွပြီး ရွှေရှာနေသလား အောက်မေ့ရတယ် သဲသဲမဲမဲ။ မထင်လိုက်ပါနဲ့ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ပုလင်း၊ အတိုအစ အဖျင်းတွေကို ရှာနေကြတာပါ။ ၀ါသနာအရတော့ ဘယ်ဟုတ်မလဲ။ ၀မ်းစာလေ ၀မ်းစာ၊ သမုဒ္ဒရာ ၀မ်းတထွာ ဆိုသကိုးဗျ၊ ရှာကြရ၊ ဖွေကြရတာပေါ့။ တချို့စေတနာရှင်တွေက တတ်အားသမျှ ကူညီစောင်မကြရှာပါတယ်။ သာဓုလည်း အခါခါ ခေါ်မိပါရဲ့၊ ပို တယ်လို့ မထင်နဲ့၊ မျက် ရည်တောင် ကျမိတယ်။ သြော် ... တို့နိုင်ငံသားတွေ ဆင်းရဲရှာတယ်၊ တာဝန်သိပုဂ္ဂိုလ် များမှာတော့ စာနာစိတ်၊ သနားစိတ်၊ ညှာတာစိတ်တွေနဲ့ ဝေခြမ်း ကျွေးမွေး အလှူအတန်းပေးနေကြတယ်။ သာဓုကွယ် ... သာဓု သာဓု။
စေတနာရှင်တယောက်က အမှိုက်ကောက်သမကို မေးတယ်။ ဘယ်ရပ်၊ ဘယ်နယ်၊ ဘယ်ဆီ၊ ဘယ်ဝယ်က လဲတဲ့။ ရေကောင်း မြေကောင်း ဆီနှစ်ပေါင်းခပြီး အသီးအနှံကြွယ်ဝတဲ့ ပဲခူးတိုင်းကပါတဲ့။ မှိုင်းပျပျ ပဲခူးရိုးမ ကြီးကို ပြေးလို့သာ မြင်မိတော့တယ်။ ဘယ့်နှယ်ကြောင့် မဲဆောက်အမှိုက်ပုံမှာ လာနေတာလဲ၊ ဟိုမှာ အဆင် မပြေလို့လားလို့ တိုးလို့မေးကြည့်တော့။ အင်း ... အဆင်တော့ပြေပါတယ်၊ လယ်ယာလည်း ရှိပါရဲ့၊ ဒါပေမယ့် ဟိုမှာက ဒီမှာလောက် ပျော်စရာမကောင်းဘူးလေ၊ ပိုက်ဆံရှားတယ်၊ ရှာရခက်တယ်။ ဒါကြောင့် ဒီမှာပျော်နေ တာပါတဲ့။ အထက်က အမှိုက်ကောက်သမရဲ့ စကားကို သတိထားမိကြမှာပေါ့။ ဗမာပြည်၊ မှိုင်းပျပျ ရိုးမအလှတွေရှိတဲ့ ပဲ ခူးတိုင်း၊ ပဲခူးပြည် ရေမကြည်တော့သလား၊ မျက်မနုတော့သလား မျက်နှာမထောက်ထားနိုင်၊ ၀မ်းစာအတွက် ခြေဦးတည့်ရာ ပြောင်းလာတဲ့နေရာက ပျော်စရာများနဲ့ မဲဆောက်အမှိုက်ပုံကြီး ဖြစ်နေပါပကောလား။ တွေးမိ ပါရဲ့ ဒါ တကယ်ပဲလားလို့။ ပဲခူးလို့ အသံမြည်လိုက်ရင်ပဲ ရွှေရောင်တ၀င်းဝင်း ငွေရောင်တပျက်ပျက်နဲ့ ဟံသာဝတီပြည်ကြီးကို တဖန် အောက်မေ့မိပြန်တယ်။ တန်ခိုးကကြီး၊ အမျိုးရိုးမြတ်ပါဘိ။ ရွှေနန်းရှင် မွန်ဘုရင်တို့ စိန်မှန်ကင်းဟာ အင်းဝ မင်းတို့၊ တောင်ငူဘုရင် တပင်ရွှေထီးတို့ လက် အောက်တော်သို့ ကျရောက်ပြန်တော့လည်း စိန်မှန်းကင်းက ၀င်းသထက်ဝင်း၊ ထိန်သထက်ထိန်လို့ သာသာယာယာ စိမ်းစိမ်းလန်း လန်း ပထမတန်းစားတွေ။ အင်္ဂလိပ်တွေ လူသူစိတ်ကင်း မိုက်ခြင်းကြီးမိုက်တဲ့အခါတောင်မှ အချွန်းချွန်းနဲ့ တို့စိန်မှန်ကင်းတွေ ထင်း မဖြစ်ရဘဲ ဒီခေတ် ထဲကျမှ ပြာကျရရှာတယ်။ ဘယ့်နှယ်ပါလိမ့် ... တစိမ့်စိမ့်တွေးကြည့်ရင်တော့ တရေးရေး မြင်မိမှာပါ။
ပဲခူးမှာ ဆင်းရဲကြုံရင် ရန်ကုန်သို့ စုန်မယ်၊ ပဲခူးမှာ အခက်တွေ့ရင် မန္တလေးတက်မယ်၊ အကြားမယ်မှာ ပြည် တော်သာ မိတ္ထီလာ တောင်ရှိသေး။ အမလေး အထင်သေးလို့ ပြောတာမဟုတ်ဘူး။ ရန်ကုန်ဆိုတာ အခုချိန် ရန်ပုံဖြစ်နေပြီ၊ အထက်မန္တလေးမှာဆိုရင်လည်း ဘုန်းကြီးသွေးရဲရဲကျလို့ ဘယ်သရဲသဘက်များ ၀င်သွားသလဲ မသိ။ မိတ္ထီလာဆိုတာကလည်း ရေကန်တခုသာ ရှိတော့တာ။ ဘယ်မှာမှ လုပ်စားကိုင်စား