တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
-
သင်သေသွားသော်
ဪ လူ့ပြည်လောက လူ့ဘဝကား အိုရ နာရ သေရဦးမည် မှန်ပေသည်တည့် ။ သို့တပြီးကား သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ။ သင်၏ မျိုးသား စာစကားလည်း ကြီးပွါးတက်မြင့် ကျန်ကောင်းသင့်၏ ။ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
---------------
မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် သယံဇာတပေါကြွယ်ပြီး အလွန်လှပသောနိုင်ငံတနိုင်ငံအဖြစ် နိုင်ငံအများက အသိအမှတ် ပြုခဲ့ကြသည်။ အချို့ ကမူ ရွှေစေတီများပေါများသောနိုင်ငံ ဟုလည်း အသိအမှတ်ပြုခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးစခေတ်တွင် ရန်ကုန် တက္ကသိုလ်သို့  အရှေ့ တောင်အာရှနိုင်ငံများမှ ကျောင်းသားများ လာရောက် ပညာသင်ယူ ခဲ့ ကြဖူးသည်။ လူမျိုးဂုဏ်၊ ပညာ၈ုဏ် မြင့် ခဲ့သည်။ ယနေ့ ခေတ်တွင်မူ မြန်မာနိုင်ငံသည် စီးပွါးရေး၊ လူမှုရေး၊ပညာရေးအပါအ၀င် နိုင်ငံရေးတို့ ပါ အဖက်ဖက်မှ နိမ့်ကျခဲ့လေပြီ။ မြန်မာ နိုင်ငံ သား အများတို့ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ကြရသည် ၊သို့ မှသာ ၀လင်စွာ စားနိုင် သုံးနိုင်သော ဘ၀သို့ ရရှိကြသည် ဟု အများ ပြည်သူတို့ လက်ခံထားကြလေပြီ။။ ပြည်ပတိုင်းပြည်များမှာ ပညာသွားရောက်သင်ယူမှ အဆင့်အတန်း မှီသည့် အဆင့်ဖြစ်ခဲ့လေပြီ။ ပြည်ပမှာ ဘွဲ့ ရရှိမှ ပြည်ပ တိုင်းပြည်များတွင် အဆင့်မြင့် အလုပ်အကိုင်များ ပိုင်ဆိုင်ရရှိကာ ၀င်ငွေကောင်းသော အလုပ်အကိုင် ရရှိနိုင် မည်ဟု ယုံကြည်ကြသည့် အဆင့်ရောက်လေပြီ။ ထိုသို့ လူမှုရေး၊ ပညာရေးတို့ ပြောင်းလဲနေချိန်တွင် တိုင်းပြည်အုပ်ချုပ်သော စစ်တပ်ဗိုလ်များသည်လည်း တရုတ်ရုရှားနှင့် လက်သင့် ရာ အာဏာရှင်တိုင်းပြည်များသို့  အဆင့်မြင့် နည်းပညာများ သင်ယူရန် ပြည်ပ တိုင်းပြည်များသို့ ထွက်ကြရသည်။ စစ်ဗိုလ်ချုပ် ကြီး များ ကိုယ် တိုင် မိမိတို့  အာဏာတည်မြဲရန် ဗီတိုအာဏာ သုံးနိုင်သော နိုင်ငံများသို့  လက်နက်နှင့် အကူအညီများရယူရန် ခရီးဆန့် ကြရ သည်။ မိမိတို့ အား ထောက်ခံ၊ဆက်ဆံမည့် အရှေ့ တောင်အာရှနိုင်ငံများနှင့် အိမ်နီးချင်း ဒေသတွင်းနိုင်ငံများတို့ စီးပွါးရေး၊၊ နိုင်ငံရေး ဆက်သွယ် မှု ထောက်ခံမှု စသည်တို့ ရရှိရန် အဆက်မပြတ် စည်းရုံးရေး ခရီးစဉ် များ ထွက်ကာ၊ စည်းရုံးကြရသည်။ ၁၉၉၀ မေလတွင် မိမိတို့ စစ်တပ် ကိုယ်တိုင်လုပ်ပေးခဲ့သောရွေးကောက်ပွဲကို မျက်ကွယ်ပြု ပြီး တိုင်းပြည်ကို ဆက်လက် အုပ်ချုပ် နိုင်ရန် ပြည်ပ နိုင်ငံများသို့ အကူအညီ များစွာ ယူနေရသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့  ထင်ရှားနေသည်ကို မည်သူ ငြင်းနိုင်အံ့နည်း။ ထိုသို့ သော အချိန်ကာလတွင် စစ်တပ်အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသော ကျွန်ုပ်တို့  အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ သည် မည့်သည့် နိုင်ငံကိုမှ အခိုင်အမာ ကျောထောက်နောက်ခံ မရှိပါဘဲလျှက် ပြည်တွင်းရေး ပြည်တွင်းမှာသာ ရှင်းရမည်၊ ပြည်တွင်း လှုပ်ရှား မှုသည် အဓိကဟု လေလှိုင်းမှ အော်နေခြင်းသည် သဘာဝ ကျပါ၏လော။ ကျွန်ုပ်တို့  သူရိယ သဘောအရမူ ပြည်တွင်းမှု လှုပ်ရှားမှု အင်းအားကြီးမားရန် လိုအပ်သလို ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီအင်အားစု မှလည်း ဘက်ပေါင်းစုံ နည်းပေါင်းစုံနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့  လွတ်လပ်ရေးကာလ တိုက်ပွဲဝင်ကြိုးပမ်းမှုမျိုး လုပ်ဆောင်မှအောင် နိုင် မည်ဟု ယုံကြည်ပါသည်။လော်ဘီ နိုင်ငံရေးနည်နှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်နေမည်ဆိုပါက လက်ရှိတိဘက်တော်လှန်ရေး ခေါင်းဆောင် ဒလိုင်လားမားတို့ အခြေအနေကို လေ့လာသင့်ပါသည်။ လက်ရှိ ပြည်တွင်းပြည်ပချိတ်ဆက်ကာ နိုင်ငံရေးလုပ်ဆောင်နေမှုနှင့်၊ ငြိမ်းချမ်းရေးနှင့် မိမိကိုယ်ကို ရပ်တည်ရေးမူတို့ သည် မည်သို့ မိမိတို့ အတွက် ထိရောက်နိုင်မှု ရှိနိုင်သည် စသည် တို့ ကိုတွေးတောဆင်ခြင်ကြစေလိုပါသည်။ ပြည်သူအများမှ ယင်း အယူအဆ တို့ဖြင့် စစ် အစိုး ရကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ထွန်းကားအောင် လုပ်နိုင်ပါမည်လော၊ပြည်သူတို့ အနေနှင့် မည်သို့ သော အတွေး အခေါ် နှင့် မည်သည့် ခေါင်းဆောင်မှု ဖြင့် ဒီမိုကရေစီရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်လော ဆိုသည်ကို ပြည် သူအများ ဆုံးဖြတ် စဉ်းစားနိုင်ပါရန် တင်ပြလိုက်ပါ ကြောင်း။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် တင်ဆက် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။-
သူရိယအဖွဲ့ 