တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
မှတ်ပုံတင်မရှိတဲ့ ပါတီ - အင်န်အယ်ဒီဦးဝင်းတင်နဲ့ မေးခွန်းများ ပြီးခဲ့တဲ့ စနေနေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ လက်ရှိမြန်မာပြည်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အကြောင်းအရာတွေကို အဓိကထားမေးဖြစ်ပါတယ်။ တတိယအကြိမ်မြောက်တွေ့ဆုံခဲ့ကြတဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲမှာ အင်န် အယ်ဒီ ပါတီနဲ့ လက်ရှိအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးတာတွေ၊ သမ္မတကြီး ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်း လိုက်တဲ့အကြောင်းနဲ့ ပြည်သူ့ဆန္ဒထုတ်ဖော်နေတဲ့ လှုပ်ရှားမှုတွေရဲ့ ရှေ့အလားအလာတွေအကြောင်းကို သဘောထား မေးမြန်းခဲ့ပါတယ်။လက်ရှိမှာ အင်န်အယ်ဒီက အစိုးရယခင်ကပြောနေတဲ့ ဖျက်သိမ်းခြင်းခံထားရသော အင်န်အယ်ဒီဆိုတဲ့ အသုံးအနှုံးကနေ မှတ်ပုံမတင်ထားသော ပါတီအဖြစ် ပြောင်းလဲပြီး သုံးစွဲလာတယ်။ လက်ရှိအာဏာပိုင်တွေ ဆိုလိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားခဲ့ပြီးတာထက် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ မှာ မှတ်ပုံမတင်တဲ့သဘောဆိုပြီး ရည်ရွယ်ပြီး ပြောလာတယ်။ အဲသည်လိုမျိုး အသုံးအနှုံးကို ဆရာဘယ်လို သဘောထားသလဲ။ကျနော့်သဘောထားကို မပြောခင် လက်ရှိ ကျနော်တို့ပတ်ဝန်းကျင်မှာ အမျိုးမျိုးအဖုံဖုံပြောနေတဲ့ သဘောထားတွေကို ပြောပြချင်တယ်။ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေမှာ မှတ်ပုံမတင်ခဲ့ဘူး။ အခု ၂၀၁၁ မှာ ရွေးကောက်ပွဲဥပဒေ တမျိုးတဖုံဖြစ်လာမှာမို့လို့ အင်န်အယ်ဒီပါတီက မှတ်ပုံတင်ချင် တင်လာနိုင်တယ်လို့ ပြောလာတာတွေ ရှိနေတယ်။ ကျနော်ကိုယ်ပိုင်သဘောထားကို ပြောရမှာကတော့ အဲသည်တုံးက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူးဆိုပြီး ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီကို မှတ်ပုံမတင်ခဲ့ဘူး။ အဲသည့်အတွက် သူတို့က အင်န်အယ်ဒီပါတီက ဖျက်သိမ်းပြီးဖြစ်သော ပါတီဆိုပြီး ပြောဆို သုံးစွဲလာခဲ့ကြတယ်။ အခုကျတော့ မှတ်ပုံမတင်သေးတဲ့ ပါတီဆိုပြီး သုံးစွဲလာတော့ အများအမြင်မှာ မှတ်ပုံတင်တော့မလိုလို ဖြစ်လာတယ်။ ဒါက လိုရာကို ဆွဲပြောနေသလိုဖြစ်လာတယ်။ ဒီတော့ အင်န်အယ်ဒီက မှတ်ပုံတင်မယ့် အလားအလာရှိတယ်လို့ ပြောလာကြတယ်။
အင်န်အယ်ဒီပါတီဆိုတာက နိုင်ငံရေးပါတီတခုဖြစ်တော့ ပါတီကိုမှတ်ပုံတင်တာတို့၊ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ စတဲ့ နိုင်ငံရေးလုပ်ငန်းသွင်ပြင် လက္ခဏာတွေကို သွေဖီပြီး အမြဲတန်း နေလို့ ရပါ့မလား ဆရာ။ ဒါတွေကို သူနဲ့ မသက်ဆိုင်ဘူးဆိုပြီး နေနေလို့ ရပါ့မလား။ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးပါတီတခုဟာ ရွေးကောက်ပွဲဝင်ရမှာပေါ့။ ဒီမိုကရေစီပါတီတရပ်ဟာ မှတ်ပုံတင်ရမှာပေါ့။ ဒီမိုကရေစီနည်းကျ နိုင်ငံရေးလုပ်မယ်ဆိုမှတော့ မြေအောက်သွားမယ့်အဖွဲ့လည်းမဟုတ်ဘူး၊ လက်နက်ကိုင်ပြီး အာဏာသိမ်းတဲ့ ပါတီလည်း မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ဟာ အရင်ကတည်းက ဘယ်လိုပြောခဲ့သလဲဆိုတော့ ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခဲ့တဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တရားဝင်ပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်နေတာဖြစ်တယ်။ ဒီသဘောထားကို ကျနော်တို့က ကိုင်စွဲထားခဲ့တာ ဖြစ်တယ်။ အခုအချိန်မှာ ပါတီက ရှိနေတယ်။ မှတ်ပုံတင်ထားသည်ဖြစ်စေ မဖြစ်စေ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီနဲ့ အတူရပ်တည်ပြီး ရှိနေတယ်။ သူကိုယ်တိုင်ကလည်း မှတ်ပုံတင်ရေးကိစ္စကို စီအီးစီနဲ့ တိုင်ပင်ပြီးမှပဲ ပြောလို့ရမယ်လို့ ပြောခဲ့တယ်။ သူတဦးတည်း သူ့သဘောတခုတည်း ဆောင်ရွက်တာမျိုး မရှိဘူးဆိုတာ မြင်နိုင်ပါတယ်။ဆရာတို့ဘက်က မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်တာ မ၀င်တာ စတာတွေကို အချိန်အတိုင်းအတာ ဘယ်လောက်အထိ ပေးထားသလဲ။ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားသလိုပေါ့။ ကျနော်တို့က ရွေးကောက်ပွဲ ဆိုတာကို ငြင်းနေတာ မဟုတ်ဘူး။ ဒီမိုကရေစီပါတီရဲ့ ဖြစ်စဉ်ထဲမှာ ရွေးကောက်ပွဲဝင်တယ်ဆိုတာက ပါဝင်နေတာပဲ။ သို့သော် ရွေးကောက်ပွဲဆိုတာမှာ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားသလဲ၊ ဘယ်လို သတ်မှတ်ထားတွေကို ရှိနေသလဲ။ ဒါတွေနဲ့ သက်ဆိုင်တယ်။ ဘာာပဲပြောပြော ကျနော်တို့ကတော့ သည် ၂၀၁၁ ခုနှစ်အတွင်းမှာပဲ ဒါတွေကို အဖြေပေါ်အောင် လုပ်ရလိမ့်မယ်လို့ပြောချင်တယ်။ ပါတီ မှတ်ပုံတင်မလား၊ မတင်ဘူးလား။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်သေးဘူးလား ဆိုတာတွေကို ကျနော်တို့က ဒီ ၂၀၁၁ ခုနှစ်အတွင်းမှာပဲ အဖြေထုတ်ရမယ်၊ အဖြေပေးရမယ်လို့ ကျနော်ကတော့ ပြောချင်တယ်။ အဲသည်တော့ ဆရာ့ပတ်ဝန်းကျင်မှာ အဲသည်အပေါ်မှာ ဘယ်လို သဘောထားတွေ ဖြစ်နေကြသလဲ ဆရာ။တချို့ကတော့ ၂၀၁၁ ခုနှစ်ထဲမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီပါတီက မှတ်ပုံတင်ပြီး ၀င်မယ်ဆိုရင် အမတ်ဦးရေကလည်း ၄၉ ယောက်လောက်ပဲ ရှိတယ်။ သူတို့သတ်မှတ်ထားချက်တွေအရ နယ်စွန် နယ်ဖြားက ကို်ယ်စားလှယ်တွေကို ထုတ်ပြီး ကြည့်လိုက်ရင် အမတ်ဦးရေကလည်း နည်းနည်းပဲ ရှိတယ်။ အဲသည်လို ရွေးကောက်ပွဲဝင်မယ့်အစား အင်န်အယ်ဒီပါတီက သင့်တင့်လျောက်ပတ်တဲ့ အနေအထားရှိလို့ မှတ်ပုံတင်မယ်ဆိုရင်လည်း မှတ်ပုံတင်ပြီးတော့ တရားဝင်ပါတီအဖြစ် လှုပ်ရှားနေမယ်။ အခု လွှတ်တော်သက်တမ်းကုန်ဆုံးသွားတဲ့အထိ ပါတီက မှတ်ပုံတင်ထားတဲ့ ပါတီအဖြစ် ရပ်တည်သွားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ စည်းရုံးလှုံဆော်မှုတွေ လုပ်သွားမယ်။ ခိုင်ခိုင်မာမာ ဖြစ်လာမယ်။ ဒီလိုမျိုး တွက်ချက်တဲ့သူတွေက တွက်တယ်။ ဒါဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ကျောထောက်နောက်ခံပြုထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကြီးကို ဆရာတို့က ဘယ်လိုမျိုး ရင်ဆိုင်မှာလဲ။ အဲဒါကိုကော တချို့တွေက ဘယ်လို သုံးသပ်ပြောဆိုတာမျိုး ရှိသလဲ။အဲဒါကြောင့် တချို့ကလည်း ဘာပြောသလဲဆိုတော့ … ဘာပဲဖြစ်ဖြစ် မှတ်ပုံတင်ပြီးတော့ ရှိနေတဲ့ ရွေးကောက်ပွဲကို ၀င်၊ လွှတ်တော်ထဲအထိ သွား၊ ပါတီရဲ့ စိတ်ကောင်း စေတနာကောင်းတွေကို ပြသရာရောက်တယ်။ လက်ရှိ စစ်တပိုင်းအစိုးရနဲ့ တိုင်းပြည်အမှန်တကယ်အကျိုးရှိတဲ့ ကိစ္စတွေကို ပူးပေါင်း ဆောင်ရွက်လို့ ရတယ်။ အချိန်စောင့်နေစရာ မလိုဘူးလို့ ပြောတာမျိုးတွေလည်း ရှိတယ်။ ဒီမိုကရေစီဖက်ကို အားသန်တဲ့ ဦးသိန်းစိန်အစိုးရအင်အားတွေနဲ့ ပိုပြီး လက်တွဲဆောင်ရွက်မှုတွေ ဖော်ဆောင်လာနိုင်မယ်လို့ တချို့က ပြောလာတယ်။ ဥပမာ အခုပဲ မြစ်ဆုံဆည်လိုဟာမျိုးကို ရပ်စဲပစ်လိုက်နိုင်တယ်။ အဲသည်ကနေတဆင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းရေး၊ ပြည်တွင်းမှာရှိတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ တိုးမြှင့်ရေး၊ ရရှိရေးတွေကို မြင့်တက် ဆောင်ရွက်လာနိုင်တယ်လို့ ယူဆတဲ့သူတွေကလည်း ရှိလာတယ်။ဒါပေမယ့် ကျနော်တို့ဖက်က ပြောစရာရှိတာက ၂၀၀၈ အခြေခံဥပဒေကြီးက ကန့်လန့်ကြီးခံနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေ ဆိုတာကလည်း ကျနော်တို့အပေါ်မှာ တင်းတင်းမာမာ လုပ်ထားတာတွေ ရှိတယ်။ အဲသည် ဥပဒေတွေက အဲသည်လိုမျိုး မဟုတ်ခဲ့ ရင် ကျနော်တို့ပါတီအနေနဲ့က မှတ်ပုံတင်တဲ့ကိစ္စက ဖြစ်နိုင်တယ်။ အရင်ဆုံး မှတ်ပုံတင်တဲ့နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက အချက်အလက်တွေ ပျော့ပျော့ပြောင်းပြောင်းလုပ်လိုက်ရင် ဥပမာ - ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံရမယ်တို့၊ အဲသည်တုန်းက အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ပစ်ပယ်ရမယ်တို့၊ ၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ရမယ်တို့ ဆိုတာတွေကြောင့် ကျနော်တို့က မှတ်ပုံမတင်ခဲ့တာ ဖြစ်တယ်။ ဒါဆိုရင် ပါတီမှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်တာနဲ့ လွှတ်တော်ထဲဝင်ရောက်တာတွေအတွက် အဆင့်ဆင့်တိုင်းမှာ အခြေအနေတွေ အပြင်အဆင်တွေ လိုအပ်တယ်၊ လုပ်ရမယ်လို့ ဆရာက ပြောချင်တာပေါ့။ဟုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို သိပ်ပြီးတော့ တင်းတင်းမာမာကိုင်တွယ်တာ မရှိဘူးဆိုရင် မှတ်ပုံတင်တယ်ဆိုတာက လွယ်လွယ်ကူကူ ဖြစ်လာနိုင်တယ်။ သို့သော် ရွေးကောက်ပွဲဝင်ခြင်းဆိုတာမှာကျတော့ အချက်တခုအနေနဲ့ လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်နိုင်တာ မရှိဘူး၊ ဖယ်ရှားနိုင်တာလည်း မရှိဘူး၊ စစ်လက္ခဏာဆောင်တဲ့ လွှတ်တော်ကြီးဖြစ်နေတယ် ဆိုရင်တော့ လွှတ်တော်ထဲဝင်ဖို့ ရွေးကောက်ပွဲဝင်ရေးဟာ အများကြီး အဟန့်အတားဖြစ်နိုင်ပါသေးတယ်။ဟိုတုန်းက မဖြစ်သေးတဲ့ လွှတ်တော်နဲ့ အခုပေါ်လာတဲ့ လွှတ်တော်က အခင်းအကျင်းမှာကော ဘယ်လိုမျိုး မြင်တွေ့ရပြီလဲဆရာ။ ခုနင်က သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ လက်ရှိ အနေအထားကို ပြန်စဉ်းစားမယ်ဆိုရင်ကော။အစိုးရဖက်က ဘယ်လောက် အခုလက်ရှိမှာ ဘယ်လောက်လိုလားသလဲဆိုတာနဲ့ ကြည့်ရမှာ ဖြစ်တယ်။ အခု သမ္မတကြီးဦးသိန်းစိန်ပြောသွားတာ တခုရှိတယ်။ အခြေခံဥပဒေတွေလည်း ပြင်သင့်ပြင်ရမှာပဲလို့ ပြောသွားတာရှိတယ်။ အဲသလိုဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာလည်း မူတည်တာပေါ့။ အဲသည်အတွက် နောက် ၅ နှစ်လုံးလုံး ၁၅ နှစ်လုံးလုံး စောင့်ဆိုင်းနေစရာမလိုဘဲ အခုကတည်းက လွှတ်တော်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာနိုင်မယ်ဆိုရင် ဒီမိုကရေစီလက္ခဏာတွေက စစ်လက္ခဏာတွေကို ကျော်လွှားပြီး ဘယ်လောက် ဖော်ဆောင်လာနိုင်လဲဆိုတာကို ကြည့်ကြရမှာဖြစ်တယ်။ အခုအချိန်မှာ အင်န်အယ်ဒီကို မှတ်ပုံတင်ဖို့ တော်တော်လိုလိုလားလားရှိနေတယ်ဆိုတာကို မြင်တွေ့နေရတယ် မဟုတ်လားဆရာ။ ဒေါ်စုနဲ့ ၀န်ကြီးဦးအောင်ကြည်တွေ့ဆုံပွဲမှာ ဒါကို အစိုးရဖက်က ရင်းရင်းနှီးနှီး လိုလိုလားလား ပြောတဲ့ပုံကို တွေ့နေရတယ် မဟုတ်လားဆရာ။အဲလို ပြောလို့ရမယ်ဆိုရင် အဲသလို ချောချောမွေ့မွေ့ ဖြစ်လာနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ယူဆလို့ရတယ်။ ဘာပဲပြောပြော အင်န်အယ်ဒီပါတီဟာ လက်ရှိမှာ အင်အားအကြီးဆုံးပါတီ၊ ပြည်သူရဲ့ ယုံကြည်ကိုးစားခြင်း ခံထားရဆဲဖြစ်တယ်ဆိုတာကလည်း ၉၀ ရွေးကောက်ပွဲရလဒ်တွေကို ပိုင်စိုးထားတဲ့ပါတီ ဖြစ်တယ်။ အဲသည်လိုပါတီကို ဥပဒေ ပြင်ပမှာ မှတ်ပုံမတင်ဘဲ ရပ်တည်နေရတယ်ဆိုတာကလည်း မကောင်းတဲ့ အလားအလာပဲ။ နောက်တချက်ကလည်း ဒီပါတီဟာ ဥပဒေအတွင်းကို ရောက်သွားမယ်ဆိုရင် တိုင်းပြည်အကျိုး၊ ဒီမိုကရေစီအကျိုး၊ တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကို အများကြီး ဆောင်ရွက်သွားနိုင်မယ်လို့ ပြောနိုင်တယ်။ထို့အတူ သမ္မတကြီးဦးသိန်းစိန်ပြောသလို အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်းမှာလည်း ဆောင်ရွက်လာမယ်၊ ဒီမိုကရေစီလက္ခဏာတွေ ဖော်ဆောင်လာမယ်ဆိုရင် ချောမွေ့လာမယ် ဆိုရင် အင်န်အယ်ဒီပါတီကိုယ်တိုင် လွှတ်တော်ထဲကို ၀င်သာအောင် ၀င်လွယ်အောင် ဆောင်ရွက်ပေးမယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲ မျှော်လင့်ချက်တွေ လည်း မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ဖြစ်စေလိမ့်မယ်။အဲဒါဆိုရင်ဖြင့် အင်န်အယ်ဒီပါတီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုကရေစီလူ့ဘောင်ဖော်ဆောင်ရေး၊ ဒီမိုကရေစီနည်းကျ အစိုးရ ဘစနစ်များ ပေါ်ထွန်းရေးတို့ကို ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။
မူရင်--- မိုးမခ--း အောက်တိုဘာ ၂၊ ၂၀၁၁
+++++++++++++ +
ယူနန်-မြန်မာ ရေကာတာ ပြဿနာBy ဦးအောင်ခင် & မညိုညိုလွင်မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ အကြီးအသေး (၁၇) ခုရှိကြောင်း သြဂုတ်လ (၉) ရက်ထုတ် အစိုးရသတင်းစာမှာ ဖော်ပြ ထားပါတယ်။ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း ၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး နဲ့ မကွေးတိုင်းတွေမှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ရေအားလျှပ်စစ်စက်ရုံ (၃၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ ဧရာဝတီနဲ့ သံလွင်မှာ ရေကာတာတွေ တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ လုပ်ကိုင်လာတာကို ဝိုင်းဝန်းကန့်ကွက်လာကြတာကို တွေ့ရပါတယ်။သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ညာမှာ ရေကာတာတွေ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းကို ဒေသခံတိုင်းရင်းသားနဲ့ နိုင်ငံခြားရောက် မြန်မာပြည်သားတွေ ကန့်ကွက်နေတာ အတော်လေးကြာနေပါပြီ။ ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ် အား ထုတ်ယူမယ့် အစီအစဉ်မှာ အကျိုးအမြတ် ခံစားရမှာက ဗမာအစိုးရ၊ ထိုင်း နဲ့ တရုတ်သာဖြစ်ပြီး ဒေသခံပြည်သူလူထုကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေစုပေါင်းပြီး Burma Rivers Network ခေါ် မြန်မာနိုင်ငံ မြစ်ချောင်းကွန်ယက်ကို တည်ထောင်ထားပါတယ်။ ရေကာတာအကြောင်း ပညာပေးပြီး သတင်းဖြန့်ချီတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။တရုတ်ပြည် အရှေ့ ပိုင်းဒေသက မြို့ ကြီးပြကြီးတွေမှာ လျှပ်စ်ဓါတ်အား အမြဲတမ်း အလုံအလောက် ရရှိစေဖို့အတွက် အနောက်ပိုင်း ဒေသက လျှပ်စစ်ဓါတ်အား ပို့ပေးရမယ်ဆိုတဲ့ တရုတ်အစိုးရ ပေါ်လစီအတိုင်း ယူနန်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင် အထည် ဖော်နေပါတယ်။ ယူနန်ပြည်နယ်မှာ မြစ်ချောင်းစုစုပေါင်း (၆၀၀) ကျော်ရှိတဲ့အနက် မြန်မာ-ထိုင်း နဲ့ လာအို တို့ကို ဖြတ်သန်း စီးဆင်းတဲ့ နုကျန် (ခေါ်) သံလွင်မြစ်နဲ့ လန်ကမ်းကျန် (ခေါ်) မဲခေါင်မြစ်တို့ဟာ ရေအားလျှပ်စစ်ထုတ်ယူဖို့ အကောင်းဆုံး မြစ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။ ဧရာဝတီမြစ်ဖျားဖြစ်တဲ့ အင်မိုင်ခ (ခေါ်) ဒူလောင်ကျန် ဟာ ယူနန်မှာ မြစ်ဖျားခံပေမယ့် ရေအား လျှပ်စစ်ထုတ်ယူနိုင်တဲ့ အခြေအနေ မပေးတဲ့အတွက် မေလိခ၊ အင်မိုင်ခ နဲ့ မြစ်ဆုံမှာ ရေကာတာတွေ တည်ဆောက်ဖို့ တရုတ်က ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
<< ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ရှန်ဆီနယ်မြေထဲက လန်မြစ် >>
ရေကာတာ တည်ဆောက်လို့ ဒေသခံတွေ နစ်နာဆုံးရှုံးတာကို ဟန့်တားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးနဲ့ စံသတ် မှတ်ရေးကို အရင်ဆုံးလုပ်ဖို့ ကမ္ဘာ့ရေကာတာ ကော်မရှင်ကို ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းပါတယ်။ ကော်မရှင်က (၂) နှစ် စစ်တမ်းကောက် လိုက်တဲ့အခါမှာ ရေကာတာတည်ဆောက်လို့ အကျိုးအမြတ် ခံစားရတာရှိသလို၊ ထိခိုက်နစ်နာ ဆုံးရှုံးရတာကလည်း ကြီးမားလွန်း တယ်လို့ ဆိုပါတယ်။ အကျိုးအမြတ်ရမှာကို ပုံကြီးချဲ့ ပြီး ထိခိုက်နစ်နာမှုကို လျှော့တွက်တဲ့အတွက် နောက်ဆုံး စီမံကိန်းပါ ဖျက်ပစ် လိုက်ရတာမျိုးတွေ ရှိပါတယ်။ ယူနန်ပြည်နယ် အစိုးရဟာ သံလွင်မြစ်မှာ ရေကာတာ စီမံကိန်း အကောင်အထည် ဖော်နေပေမယ့် သံလွင်အထက် နုမြစ်အပိုင်းမှာ ရေအားလျှပ်စစ် (၁၃) ခု ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းထားပါတယ်။ နုမြစ်မှာ ရေကာတာ တည်ဆောက်ဖို့ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။သတ္တဝါ အမျိုးအစား အများအပြား မှီခိုနေတဲ့ ဧရာဝတီ နဲ့ သံလွင် တို့ဟာ ထိန်းသိမ်းစောင့်ရှောက်မယ့် မြစ်ဝှမ်းဒေသ (၃၀) ထဲမှာ ပါဝင်တယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ၂၀၀၂ ခုနှစ်က မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ညာ ကချင်ပြည်နယ်က မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စတဲ့ အရပ်ဒေသတွေမှာ ရေအား လျှပ်စစ် စက်ရုံ (၈) ခုကို (၁၅) နှစ်အတွင်း တည်ဆောက်ပြီး ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓါတ်အားကို ယူနန်ပြည်နယ်ကို အဓိက ပေးပို့ဖို့ ရည်ရွယ်ထားပါတယ်။ သံလွင်မြစ်ပေါ်မှာ အထက်သံလွင်၊ ကွန်းလုံ၊ တာဆန်း၊ ရွာသစ်၊ ဝဲကြီး၊ ဒါးဂွင်၊ ဟတ်ကြီး စတဲ့ ရေကာတာ (၇) ခု ဆောက်လုပ်ပြီး တရုတ် နဲ့ ထိုင်းတို့ကို လျှပ်စစ်ဓါတ်အား ရောင်းဖို့ ရည်ရွယ်ထားပါတယ်။ ထိုင်း နဲ့ တရုတ် တို့ဟာ သူတို့လိုချင်တဲ့ လျှပ်စစ်ဓါတ်အားကို ရနိုင်အောင် ဧရာဝတီနဲ့ သံလွင်ရေကာတာ စီမံကိန်းတွေမှာ ငွေအရင်းအနှီး အများအပြား မြုပ်နှံဖို့ ရည်ရွယ်ပါတယ်။မဲခေါင်မြစ်ရဲ့  တရုတ်ပြည်အပိုင်းဖြစ်တဲ့ လန်ကမ်းမြစ်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံ (၈) ခု တည်ဆောက်မယ့် စီမံကိန်းမှာ မန်းဝမ်၊ ဒါ့ရှောင်ရှန်း နဲ့ ဂျင့်ဟောင် စတဲ့ ရေကာတာ (၃) ခု ပြီးစီးနေပါပြီ။ မန်းဝမ်ရေကာတာကို ၁၉၉၆ ခုနှစ်မှာ ပြီးစီးပြီ။ ဒါ့ရှောင်ရှန် ကို ၂၀၀၃ မှာ ပြီးစီးပါတယ်။ မြန်မာပြည်အနီး ရှိရှောင်ဘန်းနား အရပ်က ဂျင့်ဟောင် ရေကာတာကို ၂၀၉ ခုနှစ်မှာ ပြီးစီးပါတယ်။ ရှေ့ နှစ် ရှောင်ဝမ်း ရေအားလျှပ်စစ်စက်ရုံတွေ ပြီးစီးတဲ့အခါမှာ ၂၀၁၃ ခုနှစ်ကစပြီး လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀၀၀) ထိုင်းကို ရောင်းဖို့ တရုတ်က သဘောတူထားပါတယ်။ ရေအားလျှပ်စစ်ကို ပြည်တွင်းသုံးအတွက်သာ မဟုတ်ဘဲ ပြည်ပရောင်းစားဖို့က တရုတ်က ရည်ရွယ်ထားတာ ထင်ရှားပါတယ်။တရုတ်ပြည်မှာ ရေကာတာတွေ အများအပြား တည်ဆောက်ထားတဲ့အတွက် လူဦးရေး (၂၃) သန်း နေရာရွှေ့ ပြောင်းပေးရတယ်လို့ ခန့်မှန်းကြပါတယ်။ ရေကာတာတွေများသလို ရေကာတာ ကျိုးပေါက်လို့ သေဆုံးရသူပေါင်း (၃) သိန်းကျော်နေပြီလို့လည်း သိရပါတယ်။ လန်ကမ်းမြစ်မှာ ရေကာတာ အဆင့်ဆင့်တည်ဆောက်တာဟာ အောက်ပိုင်းက မဲခေါင်မြစ်ဝှမ်းဒေသကို ထိခိုက်ကြောင်း ရေးထားတဲ့ စစ်တမ်းအများအပြား ရှိပါတယ်။ သံလွင်အထက်ပိုင်းက နုမြစ်မှာ ရေကာတာ စီမံကိန်း ရပ်ဆိုင်းထားတာဟာ ဗမာနိုင်ငံအတွက် သင်္ခန်းစာ ယူစရာ ဖြစ်နေပါတယ်။
၂၀-၈-၂၀၁၁
-----------------------
(UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)အရပ်သားအစိုးရသစ်တွင် သမ္မတနှင့် စစ်တပ်အကြား အားပြိုင်နေသည့် အတွက်အစိုးရ အဖွဲ့တွင်း ဦးစွာ ညှိနှိုင်းမှ သာလျှင် အများလိုချင်သည့် ငြိမ်းချမ်းရေးအတွက် ပြုလုပ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ -UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။UNFC တွင် ကရင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMS၊ ရှမ်းပြည်တိုးတက်ရေး ပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။“ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ကတော့ ကျနော်တို့UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ Photo : kaowaw.orgနိုင်ငံက လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အပေါ်မှာစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးတွေ ရှိဖို့။ အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ပြန်လည် ဖွဲ့စည်းနိုင်ဖို့ ပေါ့ဗျာ။ နောက် လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင်တချိန်က ၁၉၄၇ ခုမှာ စတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ အကောင်အထည်ဖော်နိုင်ဖို့ပေါ့လေ။
အဲဒီ အပေါ်မှာ”အခုအစိုးရက ပြည်ထောင်စုစနစ်ကို လုပ်ဆောင်နေတယ် ဆိုတော့ အန်ကယ်တို့ကလည်း ပင်လုံစာချုပ် ပါ ပြည်ထောင်စုစနစ်ကို လိုလားတယ်ဆိုတော့ ဘယ်လိုများကွာဟနေသလဲ။“ကျနော်တို့က ကျနော်တို့ကို ကျနော်တို့ မြင်တာကတော့ ပင်လုံစာချုပ် အခြေခံအရ ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည် ဆောက်ဖို့လမ်းကြောင်းက သွားပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်တာ။ ဒါပေမဲ့ အာဏာရထားတဲ့ အစိုးရအသစ်က အဲဒီလို မမြင်ဘူး။ ကျနော်တို့ဘက်က ခံယူချက်ကတော့ သူတို့ကတော့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို လက်အောက်ခံ လူမျိုးတွေ အနေနဲ့ပေါ့ဗျာ။ အဲဒီလိုထားပြီးတော့မှ ကျနော်တို့ကို နှိမ့်ချထားပြီးတော့မှ သူတို့ရဲ့ဦးဆောင်မှုအပေါ်မှာ လိုက်နာစေချင်တဲ့ ပုံစံမျိုးနဲ့ ချုပ်ကိုင်ပြီးတော့မှ တပြည်ထောင်စနစ်ပုံစံပေါ့ဗျာ။ အဲဒီလိုပုံစံနဲ့ သွားချင်နေတဲ့ပုံစံ ရတယ်။ အဲဒါကို ကျနော်တို့ ခံစားမိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ လက်မခံနိုင်ဘူးဗျ။ အဲဒါကြောင့် ကွာခြားနေတာပါ” “တနေ့ လက်ရှိအစိုးရသည်ပင်လျှင် ဒီကနေ့ မြန်မာပြည်နယ်တွေ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာပြည်နယ်အခွင့် အရေး တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိဘူး။ အနိမ့်ဆုံးပေါ့ဗျာ။ ပြည်နယ်ထဲမှာ သက်ဆိုင်ရာ လူမျိုးရဲ့ ဘာသာစကား၊ စာပေကိုယ်တောင် တရားဝင်သင်ကြားခွင့် မရှိဘူးဗျာ။ အဲဒီလို ဘာမှ အခွင့်အရေး မရှိတဲ့ ပြည်နယ်မျိုး ကိုလည်း ကျနော်တို့က လက်ခံလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့က မခံယူနိုင်ဘူး”အခု မြန်မာအစိုးရသစ်က ငြိမ်းချမ်းရေးအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်ဖို့ ပြောထားတာ ရှိတယ်။ ဒီတော့ UNFC ကကော လုပ်ကိုင်ဖို့ အစီအစဉ် ရှိသလား။“သူတို့ရဲ့ လွှတ်တော်ထဲမှာ ပြောဖို့ဆိုတာ ကျနော်တို့မှာ အစီအစဉ်လည်း မရှိဘူး။ ပြောလို့လည်း ရနိုင်မယ်လို့ လည်း မထင်ဘူး။ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေလည်း မဟုတ်ဘူးလေ။ ကျနော်တို့ ပါဝင်နိုင်ခြင်းလည်း မရှိဘူး။ နောက် သူတို့ထဲမှာ ကန့်သတ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရပေါ့ဗျာ။ အဲဒီထဲကို ကျနော်တို့က ဝင်ပြီး တော့မှ လှုပ်ရှားရမယ်ဆိုရင် ကျနော်တို့ လွတ်လပ် ခွင့်မရှိဘူးလေ”အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲကြောင့် လူတွေ နစ်နာတဲ့ အတွက် အစိုးရ အပါအဝင် အား လုံးကို အပစ်ရပ်ဖို့နဲ့ ကြားဝင်စေ့စပ်ဖို့ ကမ်းလှမ်းမှုကကော အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားလား။“ကျနော်တို့ဘက်ကတော့ အဲဒါကို ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ ဒါက အလုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာကတော့ အာဏာရထားတဲ့ အစိုးရအပေါ်မှာ အဓိက မူတည်တယ်လို့ မြင်တယ်လေ”သမ္မတက ငြိမ်းချမ်းရေးအတွက် ပြောနေပေမယ့် စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာဟာ သမ္မတနဲ့ စစ်တပ်ကြား အာဏာခွဲဝေမှု ပြဿနာလို့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒီတော့ UNFC ကကော ဘယ်လိုမြင်ပါသလဲ။“ကျနော်တို့လည်း အဲဒီကိစ္စမှာ ခန့်မှန်းမိတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အစိုးရမှာ တဖက်က အစိုးရက အာဏာအားလုံး သူ့လက်ထဲမှာ မရှိဘူးဗျ။ စစ်တပ်က သီးခြားလို ဖြစ်နေ တယ်။ လွှတ်တော် ကလည်း သီးခြားလို ဖြစ်နေတယ်။ ဒါက ဗိုလ်ချုပ်သန်းရွှေက နေပြီးတော့မှ အစီအစဉ် ချထားတဲ့အပေါ်မှာ အာဏာတွေခွဲပြီးတော့ လုပ်ထားတဲ့ပုံစံ ဖြစ်နေတယ်”“အဲဒီတော့ သူတို့က တခုခုလုပ်မယ်ဆိုရင်တော့ ကျနော်တို့ အများကြီး စဉ်းစားရတယ်ဗျ။ သူတို့မှာ လုပ်ပိုင် ခွင့်ရှိရဲ့လား၊ အားလုံးရဲ့ သဘောတူညီမှုရှိရဲ့လားဆိုတာ အဲဒါ ခက်နေတယ်။ အဲဒီအနေအထားမျိုး ရှိနေတော့ ကျနော်တို့လည်း အစစအရာရာ ချင့်ချိန် နေရ တယ်”ဒါဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်ရင် သမ္မတနဲ့ စစ်တပ်ကြား အရင်ညှိနှိုင်းရမယ့် သဘောလားဗျ။“ဟုတ်တယ်။ ဒါလည်း လိုအပ်တယ်။ သူတို့ဘက်မှာ အဓိက ပိုလိုအပ်တယ်လို့ မြင်တယ်။ ဘယ်လိုမျိုး ညှိနှိုင်း သင့်သလဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိဖို့ လိုတယ်။ တချို့ကတော့ အဲဒီလိုဆန္ဒမရှိဘူး။ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်း ချင် တယ်။ အဲဒီလို ညှိနှိုင်းတဲ့နေရာမှာလည်း တိုင်းရင်းသားတွေ အပေါ်မှာ မှန်ကန်တဲ့သဘောထား သူတို့အတွင်းမှာ ညီဖို့လိုတယ်ဗျ။ ဥပမာ တချို့က ဘယ်လို အခွင့်အရေးမျိုး ပေးချင်တယ်၊ တချို့က ဘယ်လိုအခွင့်အရေးမျိုးပဲ …ဥပမာ မပေးချင်ဘူးဆိုတဲ့ အနေ အထား မျိုးပေါ့ဗျာ။ သူတို့ထဲမှာ အမြင်မတူရင် အဲဒီကိစ္စက ပုံစံချဖို့က တော်တော်လေး ခဲယဉ်းမယ်လို့ ကျနော် ထင်တယ်”UNFC ရဲ့တောင်းဆိုခွင့်ရမယ်ဆိုရင် အစိုးရဘက်က ဦးဆုံး လိုက်လျောရမှာက ဘာဖြစ်မလဲ။“သဘောကတော့ ကနေ့ ထိုးစစ်ကို မလုပ်ဖို့။ တဖက်က ထိုးစစ်မလုပ်ဘူး။ ကျနော်တို့ဘက်ကလည်း ထိုးစစ်မလုပ်ဘူး။ အဲဒီလို နားလည်မှုယူပြီးတော့မှ ယာယီမပစ်အခတ် ရပ်စဲရေးလုပ်ကြမယ်။ အဲဒီကာလမှာ ကျနော်တို့ဟာ နိုင်ငံရေးအရ ဘယ်လို တွေ့ဆုံ ညှိနှိုင်းဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တဖက်က နည်းလမ်း ရှာသွားမယ်။ အဲဒီလိုပုံစံနဲ့ဆိုရင် ညှိနှိုင်းလို့ရပါတယ်”“ကျနော်တို့အနေနဲ့က စစ်အစိုးရက ထိုးစစ်ဆင်နေတဲ့ အဓိကအားဖြင့် ကချင်တို့၊ ရှမ်းတို့၊ ကရင်တို့ ဧရိယာ မှာပေါ့ဗျာ။ အဲဒါ အားလုံးကို ရပ်ဆိုင်းပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာစေချင်တယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ လိုက်နာမယ်”စစ်တပ်က အပစ်မရပ်ဘူးဆိုရင်ကော။“ကျနော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အားလုံးစုပေါင်းပြီး ခုခံသွားရမှာပေါ့။ ဒါက မလွဲမရှောင်သာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့ ခံယူထားတယ်”ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။“ကျနော်တို့နိုင်ငံမှာက ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ ကျနော်တို့ နိုင်ငံက တဖက်က ကြည့်မယ်ဆိုရင် သဘာဝ သယံဇာတတွေက တော်တော်လေးကို ကြွယ်ဝတယ်၊ ပြည့်စုံကောင်းမွန်တယ်။ ဒါပေမဲ့ ပြည်တွင်း စစ်ဖြစ်နေလို့ ကျနော်တို့နိုင်ငံဟာ အဲဒီသဘာဝသယံဇာတတွေရဲ့ အကျိုးကျေးဇူးတွေကို လည်း မခံစားနိုင်ဘူး။ တဖြည်းဖြည်းချင်းနဲ့ ခေတ်နောက်ကျပြီး ဆင်းရဲမွဲတေ နေတယ်။ ပြည်သူလူထုတွေ လည်း ဒုက္ခ ဖြစ်နေတယ်”“ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ အမျိုးမျိုးနစ်နာနေရသလို ဗမာလူမျိုးတွေလည်း လွတ်လပ်ရေးရဲ့ အခွင့်အရေးကို ခံစားခွင့် မရှိကြဘူးလို့ မြင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘယ်လူမျိုးမှာမှ အကျိုး မရှိဘူး။ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ အဲဒါကို ကျနော်တို့က စစ်ရေးနည်းနဲ့ ထပ်ပြီး ရှင်းနေရင်လည်းပြေလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းနိုင် တဲ့နည်းကို ရှာပြီးတော့မှ အမြန် ဖြေရှင်း နိုင်တာက အကောင်းဆုံးပဲ”UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မဇ္ဈိမသတင်းထောက် ထွန်းထွန်း-နယူးဒေလီ (မဇ္ဈိမ) က ဆက်သွယ် မေးမြန်း ထားသည်။
-------------
တွေ့ဆုံနိုင်ဖွယ်ရှိတဲ့ သတင်းအပေါ် အမြင်၂၃ ဇူလိုင် (ဗွီအိုအေ) သတင်းအရ လာမယ့် တနင်္လာနေ့ (၂၅ ဇူလိုင်) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံနိုင်ဖွယ် ရှိတယ်လို့ ကြားသိရပါတယ်။ ကြားရတဲ့သတင်းအပေါ်မူတည်ပြီးပြောပါမယ်။ ဇွန်လ ၂၉ ရက် နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားစာမှာဖေါ်ပြထားတာက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့တွေ့ဆုံဖို့ဖြစ်ပါတယ်။ပြည်ထဲရေးဝန်ကြီးမတွေ့ဘဲ၊ အလုပ်သမားဝန်ကြီးက (ဗွီအိုအေသတင်းအရ) တွေ့ဆုံနိုင်ဖွယ်ရှိရတာလဲ။ဘယ်လိုအနေအထားမျိုးနဲ့ တွေ့ဆုံကြမှာလဲ။
(အရပ်သားတစ်ဦးကို ဝန်ကြီးက ခေါ်တွေ့တဲ့ပုံစံလား/ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင် တစ်ဦး အနေနဲ့ တွေ့ဆုံတဲ့ ပုံစံ လား။ အခြားဘယ်လိုပုံစံအနေအထားမျိုးနဲ့ တွေ့ဆုံမှာလဲ) တွေ့ဆုံရတဲ့ အကြောင်းအရာကဘာလဲ။အရပ်သားတစ်ဦးအဖြစ်ခေါ်တွေ့ပြီး၊ လူမှုရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စပြောမှာလား။သို့တည်းမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးတစ်ယောက်အဖြစ် လက်ခံတွေ့ဆုံမှာလား။NLDကို “၂၀၁၀ စက်တင်ဘာ ၁၄ ရက် ကြေညာချက်အမှတ် (၉၇/၂၀၁၀) နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည် ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းကြောင်း” ကြေညာထားပါတယ်။ယင်းအချက်သည် တည်ဆဲဥပဒေဖြစ်ပါတယ်။ ယင်းအချက်ကို ကျော်လွန်နိုင်ပါ့မလား။မကျော်လွန်နိုင်ကြောင်း အထင်အရှား ပြသနိုင်တဲ့ သာဓက ၂ ခု ပူပူနွေးနွေးရှိပါတယ်။ပထမ သာဓက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဇွန် ၂၈ ပေးစာက ကြေညာချက်အမှတ် (၉၇/၂၀၁၀) ပါ သဘောထားနဲ့ အညီ ရေးသား ပေးပို့တာပါ။ဒုတိယ သာဓက သမ္မတရဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဦးမြင့် NLD ဌာန ချုပ်ရုံးမှာ ဟောပြောမယ့်ကိစ္စ တားမြစ်ခံရပါတယ်။သို့အတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်က အထက်ပါတည်ဆဲ ဥပဒေနှင့် သဘောထားများကို ချိုးဖောက်ပြီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး/ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး အဖြစ်နဲ့ လက်ခံတွေ့ဆုံနိုင်ပါ့မလား။
(၆၄) နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဇာနည်ကြီးများရဲ့မိသားစုဝင်များ နည်းတူ မိသားစုဝင်တစ်ဦး အနေနဲ့ တက်ရောက်ခဲ့တာပါ။ ဆိုလိုတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အနေနဲ့ တက်ရောက်ခဲ့တာ မဟုတ်ပါဘူး။
(၆၄) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာ လည်း သီးသန့်ပြုလုပ်ခဲ့ပါတယ်။ အာဇာနည်ဗိမာန်ကို ဒေါ်အောင်ဆန်းစုကြည် ၂ ကြိမ်သွားခဲ့တယ်လို့ မီဒီယာသတင်းများမှာ ဖေါ်ပြတာကိုသတိပြုမိပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နောက်ဆုံးတွေ့ဆုံခဲ့တာ ၂၀၁၀ ဇန်နဝါရီလ ၁၅ ရက်နေ့ကဖြစ်ပါတယ်။ အဲဒီသတင်းနဲ့ သတင်းဓါတ်ပုံကို မြန်မာ့အလင်းသတင်းစာ (၁၆ ဇန်နဝါရီ ၂၀၁၀) နောက်ကျောဖုံးမှာ ဖေါ်ပြထားပါတယ်။ပထမဆုံးအကြိမ် စတင်တွေ့ဆုံကြတာဟာ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီး ဦးအောင်ကြည် (ယခင် ဗိုလ်ချုပ်ဟောင်း) ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်၊ အောက်တို ဘာလ ၈ ရက်နေ့မှာစတင်တာဝန်ပေးအပ်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာသံဃာလှုပ်ရှားမှု (ရွှေဝါရောင်တော်လှန်ရေး) အပြီး ကာလ မှာဖြစ်ပါတယ်။ရက်စွဲတွေအတိအကျ ထည့်ပေးလိုက်တာက အခြေအချိန်အခါနဲ့သဘောထားတွေကို သတိပြုစေချင်တဲ့စေတနာနဲ့ပါ။
တူမောင်ညိုဇူလိုင် ၂၅၊ ၂၀၁၁
------------
- နိုင်ငံရေးဆိုတာ လန်း လေ ကောင်းလေပဲ--ဘုန်းကျော်- 20/,6, 2011ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အတိုက်အခံကို ပြပါဆိုရင် မြန်မာပြည်က NLD ကိုပြရ ပါလိမ့်မယ်။အစိုးရက အာဏာရှင်လုပ်တော့ အစိုးရကို အားရပါးရ ဝေဖန်ကြတယ်။ကိုယ့်ဘက်က မှားနေတဲ့ဟာကို ဝေဖန်ပြီဆိုရင် ဒီကောင် အတော်စော်ကားတယ်လို့ ပြောကြတယ်။ဝေဖန်တဲ့အခါမှာ ဒဲ့ဒိုးဝေဖန်တာ အကောင်းဆုံးပဲလို့ ကျနော်က သတ်မှတ်တယ်။လေဖန်းဒန်းစီးတဲ့ တုန့်ပြန်ချက်တွေကို တခါတလေကြားရတယ်။ဒါတွေကတော့ မင်းက ဘာလုပ်နေတာလဲ။မင်းလာလုပ်ပါလားဆိုတဲ့ လေဖန်း ဒန်းစီးတဲ့ အရာတွေကို နိုင်ငံရေးလောကမှာ အတွေ့ ရအများဆုံး။ဒါကို ကျနော်က ကျပ်မပြည့်တဲ့ နိုင်ငံရေးငကြောင်တွေလို့ သတ်မှတ်တယ်။အခုတော့ ဆက်ပြီးဝေဖန်ပါအုံးမယ်။ အထက်ကပြောသလို NLD ရဲ့ ခေါင်းဆောင်မှုအပိုင်းကို ကြည့်ပါ။အသက်အရွယ်တွေအတော်ကြီးကို အိုမင်းနေကြပြီ။ဒီလောက် အရွယ်အထိ ဒီလိုလုပ်ငန်းတွေကို အားတက် သရောလုပ်နေတာကိုတော့ လေးစားပါတယ်။သို့သော် အလုပ်မဖြစ်ယုံတင်မကဘူး၊ အားတက်စရာလည်း မရှိဘူး။အမေရိကန် သမ္မတကိုကြည့်ပါ။ အင်္ဂလန်ဝန်ကြီးချုပ်ကိုကြည့်ပါ။အနည်းဆုံး အိမ်နီးချင်းထိုင်းနိုင်ငံက ၀န်ကြီးချုပ်ကို ကြည့်ပါ။ရုပ်ရည်နဲ့ လုပ်ရည်ကိုင်ရည်က မြန်မာပြည်က NLD ထက်အများကြီးကွာတယ်။
ဘဦးဝင်းတင်ကိုကြည့်ပါ။ ဘဘဦးတင်ဦးကိုကြည့်ပါ။ရေတောင် ထောင်းသောက်ရမဲ့အရွယ်ကြီးဖြစ်နေပြီ။ဒီလိုအနေအထားတွေက တစ်ယောက်တလေဆိုရင်တော့ ကောင်းပါတယ်။အခုဟာက NLD ရဲ့ ခေါင်းဆောင်မှုထဲမှာ ဒီလိုအိုမင်းနေတဲ့လူကြီးတွေက အများကြီးဖြစ်နေတယ်။သူတို့တွေကို နာယကလိုမျိုး၊ အကြံပေးလိုမျိုးထားလို့ မရဘူးလားမသိ။ဒေါ်စုကပဲ အငယ်ဆုံးလိုမျိုးဖြစ်နေတယ်။ဒါ့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ပေါင်း ၂၀-ကျော်ကြာတဲ့အထိ အိစိ အိစိဖြစ်နေတာလို့ သုံးသပ်နိုင်တယ်။ရှင်းရှင်းပြောရရင် အလုပ်မဖြစ်ဘူး။လူလတ်ပိုင်းတွေနဲ့အစားထိုးဖို့လည်း အစီအစဉ်မရှိဘူးထင်တယ်။ညီလာခံလုပ်ဖို့လည်း အစီအစဉ်မရှိ။ ခေါင်းဆောင်သစ်တွေကို အစားထိုး ဖို့လည်းမလုပ်။ဒီအတိုင်းပဲဆက်ပြီးသွားနေကြမှလားမသိ။နိုင်ငံရေးမှာ စည်းရုံးရေးသည် အဓိက။ လူတွေကိုစည်းရုံးတဲ့အခါမှာ လူတွေအားတက်အောင်၊ သွေးကြွလာအောင် ပြောဆိုစည်းရုံးရတယ်။အခု NLD က ဦးဝင်းတင်၊ ဦးတင်ဦးစတဲ့လူတွေကိုကြည့်ရတာ စိတ်ဓာတ်တက်ကြွစရာ မကြောင်းကိုမရှိဘူး။ပြောရရင်တော့ မလန်းဘူးပေါ့။ဦးဝင်းတင်ခင်ဗျာ အင်္ကျီကလည်း မိုးပြာရောင် တစ်ထည်ပဲရှိလားမသိ။နိုင်ငံခြားက အတိုက်အခံတွေရဲ့ လူပုံစံကို ကြည့်ရတာ အတော်ကောင်းတယ်။ငယ်တယ်။ ကျွတက်တယ်။ မိန့်ခွန်းပြောရင်တောင် အသံကို မြှင့်တင်ပြီးပြောတယ်။ပြတ်သားတယ်။
NLD က ဦးဝင်းတင် ဓါတ်ပုံ
ကျနော်တို့ တိုင်းပြည်ရဲ့ ပြည်ပမီဒီယာမှာအင်တာဗျူးတွေကို သတိထားပြီး နားထောင်မိတယ်။ဘဘ ဦးဝင်းတင်တို့၊ ဘဘဦးတင်ဦးတို့ ဗျူးတဲ့အသံတွေက အားတက်စရာမရှိ။ အသံက တုန်တုန်နဲ့။ပြောရရင်တော့ NLD ကို ညီလာခံခေါ်ပြီး ခေါင်းဆောင်အသစ်တွေရွေးစေချင်တယ်။ဘဘတို့ရယ် အသက်ကြီးပြီးဆိုတော့ တရားလေးဘာလေးထိုင်ပြီး၊ လိုအပ်မှ အကြံပေးလုပ်ပေးပါ။ငယ်ရွယ်တဲ့ လူတွေကို ရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံစေချင်တယ်။ဒါမှ ဒေါ်စုအလုပ်လုပ်ရတာ ပိုပြီးထိရောက်မှာပေါ့။စစ်အစိုးရကြတော့ အာဏာကို ရာသက်ပန်ယူထားတယ်လို့ဆိုပြီဝေဖန်ကြတယ်။ကိုယ်ကြတော့ နှစ်ပေါင်း ၂၀-ကျော်လည်း အာဏာယူထားတုန်း။ကိုယ့်မျက်နှာလည်း ကိုယ်ပြန်ကြည့်ကြပါအုံးဗျာ။အခု ဒေါ်စု ခရီးထွက်မယ်။ ကောင်းတယ်။ဒေါ်စု ခရီးထွက်သလို ဦးဝင်းတင်တို့ ဦးတင်ဦးတို့ ဘယ်လိုလုပ်ပြီး လိုက်နိုင်တော့မှာလဲ။အမှန်မှန်ဆိုရင် အားလုံးတစ်စု တစ်စည်း တည်း အင်နဲ့အားနဲ့ စည်းရုံးရေး လုပ်သင့်တယ်။အသက်အရွယ်ကိုထောက်ပြီး စိတ်သွားတိုင်းကိုယ်မပါဘူးဖြစ်နေတာ့ ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်တော့မှာလဲဗျာ။NLD အာဏာရရင်တောင် ဘယ်လိုအုပ်ချုပ်မလဲ။ပြည်တွင်းထဲမှာ ပိတ်မိနေတဲ့ လူတွေဟာ စာတွေ့ရေဒီယို အတွေ့လောက်နဲ့ ဘယ်လိုလုပ်ပြီး စီမံခန့်ခွဲမလဲ။သူများနိုင်ငံက ခေါင်းဆောင်တွေဆိုရင် ကမ္ဘာပတ်ပြီး လေ့လာတယ်။သင်ယူတယ်။ အသစ်အသစ်တွေကို လက်ခံတယ်။ငယ်တဲ့အခါကြတော့ လုပ်နိုင်တယ်။ကျနော်တို့ အတိုက်အခံတွေက ထောင်ထဲမှာ ငပိနဲ့ညားလိုက်၊ အထုခံလိုက်နဲ့ ခေါင်းတွေလည်း သိပ်ပြီး ကျပ်မပြည့်ချင် တော့ဘူး။နှလုံးသားမှာလည်း ဒဏ်ရာတွေ၊ နာကျဉ်းမှုတွေနဲ့။ ဒီလိုဖြစ်နေတဲ့ နိုင်ငံရေးသမားတွေအများကြီး။စာရင်းသာမတင်ပြနိုင်တာ။ ဒီလိုဟာတွေကလည်း နိုင်ငံရေးပိတ်ဆို့ မှုဖြစ်စေတဲ့အကြောင်းအရာပဲ။တခါတလေ စစ်အစိုးရကိုချည်း အပြစ်ပုံချလို့ မရဘူး။ကိုယ့်ဘက်က အားနည်းချက်ကိုလည်း ကြည့်သင့်တယ်။ဒါ့ကြောင့် အတိုက်အခံခေါင်းဆောင်တွေကို နိုင်ငံခြားကို ပုံမှန်ထွက်ပြီး လေ့လာသင့်တယ်။အပြင်ကနေ ကြည့်တော့ ပိုပြီးမြင်ရတယ်။ အထဲထဲမှာပဲဆိုတော့ ဒါနဲ့ပဲလုံးလည်ချာလည်လိုက်နေတယ်။ဖြစ်နိုင်ရင် တစ်နှစ်တစ်ခါလောက် Holiday ထွက်သင့်တယ်။စိတ်လန်းကိုယ်လန်းဖြစ်အောင် ၀ိုင်လေး ဘီယာလေးချသင့်တယ်။စိတ်ထွက်ပေါက်မရှိရင် စဉ်းစားရတာကျပ်တယ်။အတွေးသစ်အမြင်သစ်မထွက်ဘူး...ဘဘတို့ရဲ့ ။အခုတော့ ကျနော်တို့တိုင်းပြည်က နိုင်ငံရေးသမားတွေက စိတ်ထွက်ပေါက် မရှိတော့ နှလုံးသားမှာ ဒဏ်ရာ၊ ခေါင်းက ဒဏ်ရာတွေ တထောကြီးနဲ့ ဖြစ်နေပြီ။ဖြစ်နိုင်ရင် Night Club ပါ သောကြာနေ့  ညတိုင်း သွားသင့်တယ်။ပျော်ပျော်ပါးပါး Dance လုပ်ကြပေါ့။ မရီနဲ့ဆရာ။ ဒါတွေက တကယ်လိုအပ်တယ်။တချို့ တွေပြောကြတယ်။ ရန်သူကိုရန်သူလိုပဲဆက်ဆံရမယ်တဲ့။ဒီလိုအသုံးအနှုံးကိုက မှားနေတယ်။ဘယ်သူနဲ့မဆို တည့်အောင်ပေါင်းသင့်တယ်။နအဖက စစ်ဗိုလ်တွေလည်း မြန်မာပြည်သားတွေပဲ။ကျနော့်ရဲ့ စာဖတ်ပရိတ်သက်တွေထဲမှာ ရုရှက စစ်ဗိုလ်တွေရှိတယ်။ကျနော်နဲ့သူတို့ အပြန်အလှန်စကားပြောကြတယ်။ သူတို့လည်း ကောင်းကောင်းမွန်မွန်ပဲပြောတယ်။သူတို့ထင်မြင်ချက်ကို သူတို့တင်ပြတယ်။ကျနော်လည်း ကျနော့်ထင်မြင်ချက်ကို တင်ပြတယ်။ ဖလှယ်တယ်။ဒီလိုများများပြောမှ ညှိလို့နှိုင်းလို့ ရမယ်လို့ထင်တယ်။အပေးအယူမရှိပဲနဲ့ ဘယ်အရာမှ မအောင်မြင်ဘူး။ နိုင်ငံရေးဆိုရင် ပိုဆိုးပေါ့။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အဓိကပြသနာက နအဖလိုချင်တဲ့ အရာကို မပေးနိုင်လို့ တွေ့ဆုံ ဆွေးနွေးရေး မရတာပဲ။ဒေါ်စုကိုသာသူတို့ အသိအမှတ်မပြုရင် ရှင်းထုတ်လိုက်တာကြာပီ။အသိအမှတ်ပြုလို့ယနေ့အချိန်ထိ အသက်ရှင်ခွင့် ဆက်ပေးနေတာပေါ့။အတိုက်အခံရှိမှ နအဖလည်း နိုင်ငံရေးကစားလို့ ရမယ်လို့ စစ်ဗိုလ်တစ်ယောက်က မှတ်ချက်ပေးဘူးတယ်။ဆိုတော့ ကျနော်တို့ဘက်ကလည်း သူတို့ဘာလိုချင်လဲသိရင် ပေးကိုပေးနိုင်ရမယ်။သူတို့က အာဏာရှိတဲ့အခါကြတော့ ပိုပြီးမာန်တက်တာပေါ့။တခါတလေ အောက်ကျို့ သင့်ရင် အောက်ကျို့ ရမယ်။လူ့အောက်ကျို့ လို့ လူပိပြီးမသေပါဘူး။အဓိက ပြေလည်ဖို့ ပဲ။တချို့ တွေ ပြောသေးတယ်။ နအဖစစ်ဗိုလ်ချုပ်တွေက အုံးနှောက်မရှိဘူးတဲ့။စစ်လည်းမတိုက်ဘူးပဲ ခေါင်းဆောင်လုပ်နေတယ်ဆိုတာလည်းပါတယ်။ကျနော်တို့ ကိုယ့်ဘက်အခြမ်းက ခေါင်းဆောင်တွေကိုလည်းပြန်ကြည့်ပါအုံး။သူပုန်ခေါင်းဆောင်လုပ်ပြီး ဘယ်နှစ်ခါစစ်တိုက်ခဲ့ဘူးလဲ။အများစုက ဒီအတိုင်းပဲဖြစ်နေတာ။ကျနော်ကတော့ ထင်တယ်။ကိုယ့်ဘက် အခြမ်းက ပြုပြင်ပြောင်းလဲရေး တစ်စုံတစ်ရာ မလုပ်ပဲဘယ်တော့မှ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။နောက်ပြီး အထင်ကြီးစရာ၊ အားကျစရာ၊ မရှိပဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။နိုင်ငံရေးသမားတွေကို သတိထားပြီး ကြည့်မိတယ်။စိတ်ထားလေးတော့ ကောင်းရှာပါတယ်။ ဒါပေမဲ့ အထင်ကြီးစရာမရှိဘူး။အများစုကို ခင်ဗျားတို့ပြန်ကြည့်။ ငွေရေးကြေးရေး ချမ်းသာလား။ ပညာတက်လား။အားလုံးနီးပါး ငမွဲတွေချည်းပဲ။လူတွေရဲ့ ထုံးစံက အထင်ကြီးစရာမရှိပဲနဲ့ လာပြီးပေါင်းမှာမဟုတ်ဘူး။ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့လူတွေအထင်ကြီးလဲ။သူဘာ့ကြောင့် လူတွေက ခေါင်းဆောင်အဖြစ် ထားကြလဲ။ ရှင်းနေတာပဲ။အဓိက ဒေါ်စုဟာ ဗိုလ်ချုပ်သမီးဖြစ်တယ်။ ဘိုလိုကောင်းကောင်းမွန်မွန်လွှတ်နိုင်တယ်။ပညာတက်တယ်။ အာတာလည်းကောင်းတယ်။ ငွေလည်းရှိပါတယ်။ဆိုတော့ လူတွေအထင်ကြီးတယ်။ထောင်ကျခံပြီး အနစ်နာခံပါဆိုတဲ့ နိုင်ငံရေးသမားငကြောင်တွေသတိထားရမှာက ၀ မရှိပဲ ၀ိ မဖြစ်ဘူးဆိုတဲ့ဟာပဲ။လေနဲ့တော့ အလုပ်မဖြစ်ဘူး။ကျနော့်အလုပ်ထဲမှာ အဖြူတွေဒေါ်စုကို သိတယ်။ လူတိုင်းသိတယ်။ဘာ့ကြောင့် သူ့ ကိုသိလဲဆိုတော့ ဒေါ်စုရဲ့ ယောက်ျားက အဖြူဆိုတော့ သူတို့အချင်းချင်းစာနာတယ်။ဒါ့ကြောင့် ဒေါ်စုနိုင်ငံတကာမှာ တိုးပေါက်သွားတယ်။ဒေါ်စုသာ မြန်မာယူကြည့်။ဒီလောက်ထိဖြစ်ချင်မှ ဖြစ်မှာ။ တခါလောက်ဒေါ်အောင်ဆန်းစုကြည့်ကိုမေးချင်တယ်။လောလောဆယ် ဒေါ်စုကို ဘယ်သူထမင်းကျွေးလဲလို့။ ဘယ်က ငွေရလဲမသိဘူး။ဂျပန်မ တစ်ယောက်က ဒေါ်စုအကြောင်းရေးထားတဲ့စာကို ဖတ်ကြည့်မိတယ်။အရင်တုန်းက သူတို့အိမ်စီးပွားရေး အဆင်မပြေဘူးလို့ရေးထားတယ်။ဒါက နိုင်ငံခြားမှာနေတုန်းက။ ကိုယ့်ထမင်းကိုယ်ချက်စားရတယ်။ကိုယ့်အ၀တ်ကို ကိုယ်လျှော် ၀တ်ရတယ်။ယုတ်စွအဆုံး ကိုယ့်အိမ်သာကို ကိုယ်ဆေးရတယ်။နိုင်ငံခြားမှာ အတော်အနေကြာခဲ့တယ်လို့ပြောနိုင်တယ်။နိုင်ငံခြားက လူတွေကိုမေးကြည့်။သူလိုကိုယ်လိုပဲ ဆက်ဆံသဘောထားတယ်။ဘူးသီးကျော်တောင် ကိုယ့်ဟာကိုယ်ကျော်စားရတယ်။စားချင်တဲ့ မုန့် ဟင်းခါးကို ကိုယ့်ဟာကို ချက်စားရတယ်။အခု ဒေါ်စုက ပြည်တွင်းမှာဆိုတော့ ကိုယ်ကိုယ်တိုင် ဘာမှလုပ်စရာတောင် မလိုဘူး။ဘုရင်လို နေရတဲ့ဘ၀။ ဘယ်လောက်နေချင်စရာကောင်းလဲ။ဘေးနားမှာ ခိုင်းလို့ရတဲ့လူတွေနဲ့ဘာနဲ့။ အဆင်ကိုပြေလို့။ ဒီလိုအနေအထားမျိုးက သာယာချင်စရာ။ ကျနော်လည်း ဒါမျိုးဖြစ်ချင်လိုက်တာ။ ဆိုလိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတစ်ဦးပါ။ သာမန်အမျိုးသမီးတစ်ဦးပါ။ ဘာမှ စွပ်ပြီးအထင်ကြီးစရာမရှိပါဘူး။ မြန်မာတွေက နာမည်ကြီးပြီဆိုရင် သိရတာနဲ့တင် ဂုဏ်ယူနေတယ်။ လူကို လူလိုပဲမြင်ကြစမ်းပါ။ကျနော်တွေ့ဘူးတဲ့အကြောင်းပြောပြမယ်။ NLD က နိုင်ငံရေးသမားတွေ ဒေါ်စုနဲ့ဓာတ်ပုံတွေတွဲရိုက်... ပြီးရင် ယူအန်လျှောက်၊ နိုင်ငံခြားထွက် သိတ်ပြီးအဆင်ပြေကြတယ်။အတော်ရောင်းကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်။
၁၉-၆-၂၀၁၁ (၆၆)နှစ်ပြည့် မွေးနေ့ ပွဲမှ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ
အခုလဲအတော်ပိန်သွားပြီ။ သူ့ ခင်ဗျား သနားဖို့ကောင်းတယ်။ အတော်အလုပ်လုပ်ရတယ်။ဒါ့ကြောင့် ကျနော်ပြောတာ...အသက်ကြီးတဲ့ လူတွေများတော့ ဘာမှအလုပ်ကို မဖြစ်ဘူး။တစ်ယောက်တည်းပဲ ပင်ပန်းတယ်။ ဒေါ်စုသာ နေအိမ်အကျယ်ချုပ်ပြန်ကြကြည့်။ဘာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မှာမဟုတ်ဘူး။အဲဒါက ဘာကိုပြလဲဆိုတော့ ဘာမှသုံးစားလို့မရတဲ့ လူတွေလို့ပြတယ်။ ခေါင်းဆောင်သာမရှိကြည့်။ သွားပြီ။သူများနှခေါင်းပေါက်နဲ့ အသက်ရှင်နေကြတယ်။ အဲဒါ အရည်အချင်းရှိတဲ့ NLD လား။ဆိုတော့ အိုမင်းရင့်ရော်နေတဲ့ လူတွေကို အနားယူဖို့တိုက်တွန်းပါတယ်။ အနားမယူချင်ရင် ဖြုတ်ချကြပါ။နိုင်ငံရေးမှာခေါင်းဆောင်တွေ မလန်းရင် ငယ်သားတွေလည်း လန်းမှာမဟုတ်ဘူး။ဒါ့ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အချိန်တန်ရင်တုန်းမကဘူး နောက်တောင်ကျနေပါပြီလို့ ပြောချင်ပါတယ်။--ဘုန်းကျော်
-------------------
ကျပ်ငွေဈေးတက်ခြင်း လွန်ခဲ့သော တနှစ်ကျော်ကာလအတွင်း မြန်မာ့အရေး စောင့်ကြည့် အကဲခတ်နေသူများ အဖို့ တခါမျှ မကြုံဘူးသည့် မျှော်လင့်မထား သော အဖြစ်အပျက် တရပ်နှင့် ကြုံတွေ့ခဲ့ကြရသည်။ ယင်းမှာ မြန်မာကျပ်ငွေဈေး တက်ပြီးရင်း တက်နေခြင်း ဖြစ်သည်။ကျပ်ငွေ၏ (တရားမဝင်) ဈေးနှုန်းကျခြင်းမှာ ထိုအချိန်အထိ မပြောင်းမလဲ မှန်ကန်သော အရာဖြစ်ပြီး တချိန်က ဆိုလျှင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁,၄၅ဝ အထိ ကျဆင်းသွားခဲ့ဖူးသည်။ (ကျပ်ငွေ၏ `တရားဝင်´လဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်သာရှိသည်) ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ကျပ်ငွေ၏ တန်ဖိုးမှာ ၂ဝ% တက်သွားခြင်း ဖြစ်ပြီး အနိမ့်ဆုံး စံချိန်နှင့် နှိုင်းစာလျှင် ၄ဝ% တက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိပြီး မြန်မာကျပ်ငွေ ဈေးတက်ရခြင်း အကြောင်းကို စေ့ငုမှုများလည်း ရှိလာသည်။ဤအလုပ်သည် လွယ်ကူသော အလုပ်မဟုတ်ပါ။ နိုင်ငံခြားငွေကြေး ဈေးကွက် မှန်သမျှသည် ဈေးကွက် အင်အားစုများ စုပေါင်း ရိုက်ခတ်မှုကြောင့် အမြဲပြောင်းလဲနေသည်သာ ဖြစ်သည်။ (ထိုဈေးကွက် အင်အားများ ဆိုသည်မှာလည်း ယုတ္တိနည်းနှင့် စဉ်းစား မရသော အချက်များသာ ဖြစ်သည်) မြန်မာကျပ်ငွေ၏ တရားမဝင် ငွေလဲနှုန်းမှာ ရေရာမှု မရှိဆုံး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အောက်တွင် ဤသို့ဈေးတက်ရသည့် အကြောင်းအချက်များအနက် အနည်းဆုံး ၆ ခုကို လေ့လာတင်ပြထားပါသည်။
၁။ အမေရိကန် ဒေါ်လာဈေးသည်လည်း ကျဆင်းနေ သည်။ မြန်မာ့ကျပ်ငွေ အကြောင်း ဆွေးနွေးငြင်းခုံ ကြရာတွင် တခါတရံ မေ့လျော့နေကြသော အချက်မှာ------မြန်မာကျပ်ငွေ ဈေးကို မယိမ်းမယိုင်နိုင်သော စံနှုန်းများဖြင့် အသေ သတ်မှတ်ထားခြင်း မဟုတ်သည့် အချက် ဖြစ်သည်။သို့သော် အမေရိကန် ငွေကြေးမှာမူ ကမ္ဘာ့နိုင်ငံခြား ငွေကြေးဈေးကွက်တွင် `အရှင်မျှော´ ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ ကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြားဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်းသည် မဟုတ်ဘဲ အမေရိကန် ငွေကြေးအပေါ် သက် ရောက်သော အင်အားများကြောင့်လည်း ဖြစ်သည်။ ထိုသို့ အမေရိကန် ငွေကြေး ကျဆင်းခြင်းသည် မည်သည့် အတိုင်းအတာ အထိ မြန်မာ့ငွေဈေး တက်လာခြင်းအပေါ် ရိုက်ခတ်မှုရှိသလဲ ဆိုသော မေးခွန်း ပေါ်လာသည်။အဖြေမှာ အလွန်ရှိပါသည်ဟုဘဲ ဖြေရပါမည်။မြန်မာကျပ်ငွေ တန်ဖိုးတက်နေသည့် အချိန်အတောအတွင်းမှာပင် အမေရိကန် ငွေဈေးသည် လည်း (ကမ္ဘာ့ငွေကြေး ရံပုံငွေအဖွဲ့က သတ်မှတ်ထားသည့်) ငွေကြေးအချို့နှင့် ယှဉ်လျှင် အကြမ်းအားဖြင့် ၁ဝ% မျှ ကျဆင်းသွားခဲ့သည်။မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထုတ်လုပ်သည့် နိုင်ငံအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း ကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေ သည်။ထိုအတောအတွင်း သြစတြေးလျဒေါ်လာကဲ့သို့သော `ကုန်စည်ငွေကြေး´ နှင့် ယှဉ်လျှင် ၂ဝ% အထိ ကျဆင်းသွားခဲ့သည်။ ယခုအခါ တရားမဝင်ငွေလဲနှုန်း ဈေးကွက်ရှိ ကျပ်ငွေမှာ ထိုသို့သော ကုန်စည်ငွေကြေး၏ အစိတ် အပိုင်းတရပ်မျှသာဖြစ်သည်။ (မြန်မာနိုင်ငံသည် သြစတြေးလျနိုင်ငံကဲ့သို့ပင် ကုန်စည်နှင့်စွမ်းအင်ကို အဓိကထုတ်လုပ်သောနိုင်ငံဖြစ်သည်။သို့သော်သြစတြေးလျ ဒေါ်လာကဲ့သို့ နေရာအနှံ့တွင် ငွေဖြစ်လွယ်ခြင်းမရှိ ငွေဖော်နိုင်ခြင်းမရှိ) ထို့ကြောင့် အနိမ့်ဆုံးအားဖြင့် ကုန်စည် ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကျနော်တို့ ကျပ်ငွေဈေးတက်သွားခြင်းအပေါ် ထိုသို့အံသြတကြီး မဖြစ်သင့်ပါ။ဒါဆိုရင် ဒါဟာအပြီးသတ် ရလဒ်ပဲလား။ မြန်မာငွေဈေးတက်ရခြင်း အကြောင်းရင်း၏ ထက်ဝက်ခန့်မှာ အမှန်စင်စစ်အားဖြင့် အခြားငွေကြေးများ ကုန်စည်များနှင့်ယှဉ်သည့် အမေရိကန်ငွေဈေး ပြုတ်ကျသွားခြင်း ကြောင့် ဖြစ်သည်။၂။ ပို့ကုန်များတိုးမြှင့်တင်ပို့ခြင်းကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုး တက်လာသည်။ ငွေကြေး၏ `ဈေးနှုန်း´ကို တွန်းတင်လိုက်ခြင်း ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားဝင်ပို့ကုန်တန်ဖိုးမှာ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ၁၉% မျှ တက် လာခဲ့သည်။ ဤ ပို့ကုန်အမယ်များတွင် သဘာဝဓါတ်ငွေ့၊ ပဲအမျိုးမျိုး၊ ကျွန်းသစ်နှင့် အခြားသစ်မာများ၊ ငါးနှင့်ရေထွက် ပစ္စည်း များ၊ သတ္တု သယံဇာတများ (အရေးကြီးဆုံး အထင်ရှားဆုံး များကိုသာ စာရင်းပြုထားခြင်း ဖြစ်သည်) တို့ပါဝင်သည်။အဆိုပါ ကုန်စည်များကို အမေရိကန်ဒေါ်လာ၊ အခြားငွေကြေးများနှင့် တန်ဖိုးသတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုကုန်စည်များ ထုတ်လုပ်ရာ ရှာဖွေရာတွင် ကုန်ကျသောစရိတ်အချို့ကို မြန်မာအလုပ်သမားများနှင့် ဤထုတ်လုပ်မှု ကွင်းဆက်တွင်ပါဝင်သည့် အခြားအစိတ်အပိုင်းများကို မြန်မာငွေဖြင့် ပေးချေရခြင်းဖြစ်သည်။ (ဤစရိတ်သည် ဓါတ်ငွေ့ကဲ့သို့သော အရင်းအလေးပေး လုပ်ငန်းမျိုးတွင် နည်းပါးပြီး လယ်ယာစိုက်ပျိုးရေး ကုန်စည်များတွင် များပြားသည်)မြန်မာကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြား ဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်း သည် မဟုတ်ဘဲ အမေရိကန် ငွေကြေး အပေါ် သက်ရောက်သော အင်အားများ ကြောင့်လည်း ဖြစ်သည်။၃။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်းသည်လည်း ကျပ်ငွေဝယ်လိုအားကို အလားတူ မြင့်မားစေသည်။ ဤသို့ဖြင့် ဝယ်လို အားများခြင်းကြောင့် ကျပ်ငွေဈေး တက်လာခြင်း ဖြစ်သည်။ အများတကာပြောကြသလိုပင် မကြာသေးမီ ကာလများ အတွင်း နိုင်ငံခြားတိုက်ရိုက်မြှပ်နှံမှု အထူးသဖြင့် တရုတ်နိုင်ငံမှ မြှပ်နှံမှုများတစုံတရာ ထိုးတက်လာခဲ့သည်။ဤရင်းနှီးမြှုပ်နှံမှုများသည် အတည်ပြုခြင်းအဆင့်တွင်သာ ရှိသေးပြီး အမှန်တကယ် နိုင်ငံတွင်းသို့ ရောက်ရှိလာခြင်း မရှိသေးပါ။ ဤအချက်ကြောင့် ငွေလဲဈေးနှုန်း မြင့်တက်သွားရခြင်းမှာ ထင်သလောက်မဟုတ်ပါ။ထို့အတူ တရုတ်ရင်းနှီးမြှပ်နှံမှု အများစုသည် ကျပ်ငွေဝယ်လိုအားကို မြင့်တက်စေခြင်း မရှိပါ။ တရုတ်တ်တို့က သူတို့ကို ပစ္စည်းပေးသွင်းသူများနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများကို သူတို့ငွေကြေးဖြင့်သာ ပေးချေလိုကြခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ရင်းနှီးမြှပ်နှံမှုများကြောင့် `ယိုပေါက်´များကိုဖြစ်ပေါ်စေပြီး မြန်မာကျပ်ငွေ ဝယ်လိုအားကိုလည်း မြင့်တက်စေသည်၊ ထို့ကြောင့် ကျပ်ငွေဈေးလည်း လိုက်လျောညီထွေ လိုက်တက်ရခြင်းများလည်း ရှိသည်။၎။ အစိုးရပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေသည်။ ထိုမှတဆင့် ကျပ်ငွေဈေးကို မြင့်တက် စေသည်။ ဤအမြင်သည် မြန်မာ့စီးပွါးရေးလောက၌ တွင်ကျယ်သည်။ အစိုးရပိုင်လုပ်ငန်းများ အဆောက်အဦများကို မကြာသေးမီက ရောင်းချခြင်းကြောင့် (ဝယ်ယူခွင့်ရသူများအများစုမှာ အဆက်အသွယ် ကောင်းသည့် လက်ရင်းလူယုံ စီးပွားရေး လုပ်ငန်းရှင်ကြီး များသာ ဖြစ်သည်) ကျပ်ငွေမှာ ဈေးကွက်အတွင်းတစုံတရာ `ခန်းခြောက်´ သွားပြီး ရှားပါးမှုတန်ဖိုးနှင့်အတူ လိုက်တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ဤအဆိုမှာလည်း တဝက်တပျက်သာ အကြောင်းရင်းကို ရှင်းပြနိုင်ပါသည်။ သူ့တွင် ဝိရောဓိဖြစ်နေသည့် အချက်ရှိသည်။ ဥပမာ မြန်မာအစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်အတွက် ကျပ်ငွေများကို အတောမသတ် အမြောက်အမြားရိုက် ထုတ်နေ ခြင်းလည်းရှိသည်။ (ထိုသို့ ရိုက်ထုတ်မှုသည် ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လအတွင်း ၃ဝ% မျှတက် လာခဲ့သည်) ပိုမိုယုတ္တိရှိသည့်အဖြေမှာ ထိုသို့နိုင်ငံပိုင် ပစ္စည်းများကို ဝယ်ယူခွင့်ရသူများသည် သူတို့နိုင်ငံရပ်ခြားတွင်ထားရှိသော ရန်ပုံငွေများကို လိုအပ်သောကျပ်ငွေများ ဝယ်ယူရန်အတွက် ပြည်တွင်းသို့ ပြန်လည်ယူဆောင်လာခြင်းကြောင့် ဖြစ်သည်။ပို့ကုန်များ တိုးမြှင့် တင်ပို့ခြင်းကြောင့် လည်း မြန်မာကျပ်ငွေ တန်ဖိုး တက်လာ သည်။သို့ရာတွင် ထိုရှင်းပြချက်သည်လည်း မည်သည့် အတိုင်းအတာ အထိ မှန်ကန်သည်ကို ပြောရန် ခက်ပါသည်။ ထိုသူတို့ နိုင်ငံပိုင် ပစ္စည်းများဝယ်ယူခြင်းအတွက် မည်သို့မည်ပုံ ပေးချေခဲ့ကြသည်ကို ကျနော်တို့ အနည်းအကျဉ်းသာ သိရှိရခြင်းကြောင့်ဖြစ်သည်။၅။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေ သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ `ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ၂ဝ၁၁ ခုနှစ်´တွင် မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်အတွင်း ဘိန်းထုတ်လုပ်မှု နှစ်ဆမြင့်တက်ခဲ့သည် ဟုဆိုသည်။ တချိန်တည်းတွင် ဒေသတွင်း မက်တာအင်ဖက်တမင်း နှင့် အခြားဓါတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုတွင် အဓိကထုတ်လုပ် ဖြန့်ဖြူးသူအဖြစ် ရပ်တည်နေဆဲပင်ဖြစ်သည်။မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုးကို `ထိုးဖောက်´ လိုက်သလို ဖြစ်သည့် အခါလဲရှိသည်။ ဤ အကြောင်းပြချက်သည် ပို့ကုန်တိုးမြင့်လာခြင်းနှင့်လည်း ဆင်တူသည်။ (ပို၍ပင်ဆီလျော် သည်ဟုဆိုရမည်။ ဘိန်းထုတ်လုပ်မှုသည် လုပ်အားအသားပေး လုပ်ငန်းဖြစ်ခြင်း ကြောင့်ဖြစ်သည်)သို့သော်ထိုသို့ `ထိုးဖောက်´လိုက်ခြင်းများသည်လည်း ရာသီလိုက် ဖြစ်ပေါ်ခြင်းသာဖြစ်သည်။ (ဘိန်းလုပ်ငန်းတွင်ငွေပေးချေခြင်းသည် ဘိန်းစိုက် တောင်သူများနှင့် အခြားသူများကို ဘိန်းပေါ်ချိန် ပေးချေခြင်းသာဖြစ်သည်) သို့သော် တနှစ်လုံးတွင် အခြားယှက်နွယ်သော အချက်များသည်လည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။အစိုးရပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေသည်။၆။ အတိုင်းအတာတခုအထိ ငွေဈေးကစားခြင်းကြောင့်လည်း ကျပ်ငွေဈေး တက်ရသည်။ နောက်ဆုံးတွင် ကျပ်ငွေတန်ဖိုး မြင့်တက် သည့် အချိန်ကာလသည် လုံလုံလောက်လောက် ကြာမြင့်ခဲ့ပြီး တက်သည့်နှုန်းမှာလည်း လုံလုံလောက်လောက် ပင် မြင့်မားခဲ့သည့် အတွက် ငွေဈေးကစားမှု အရှိန်အဟုန်ကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်ခဲ့သည်။ အခြားတနည်းဖြင့်ပြောရလျှင် `ရင်းနှီးမြှပ် နှံသူ´ အချို့သည် ကျပ်ငွေတန်ဖိုး တက်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကျပ်ငွေကို ဝယ်ယူစုဆောင်းထားခဲ့ဖွယ် ရှိသည်။ ထိုသို့ငွေကြေးကို `လှောင်´ ထားခဲ့ခြင်းကြောင့် သူတို့အကျိုးအမြတ် ရရှိခဲ့ကြသည်။ ထိုသက်ရောက်မှု၏ ပမာဏကို တိုင်းတာ ရန်မှာခဲယဉ်းပါသည်။ သို့သော် လောင်းကစားခြင်းသည် မြန်မာ့အတိတ်သမိုင်းတွင် စိမ်းလှသည်တော့ မဟုတ် ပါ။အထက်ပါအချက်များသည် မြန်မာငွေ `ဘာကြောင့်´ တက်ရသည်ကို ရှင်းပြနိုင်သည့် အကြောင်းရင်း အချို့ ဖြစ်ပါသည်။ အခြားအချက် များလည်း ရှိနိုင်ပါသေးသည်။ သို့သော်အထက်ပါအချက်များသည် တချက်ချင်း အနေဖြင့် ယုတ္တိတန်သည့် အချက် များဖြစ်ပြီး စုပေါင်းလိုက်လျှင် ထိုသို့မလွဲမသွေတက်ရန် တွန်းအားပေးသည့် အချက်များဖြစ်ကြောင်း ကျနော်ပြောလိုပါသည်။နိဂုံးတွင် နောက်ဆုံးဆွေးနွေးတင်ပြလိုသည့်အချက်မှာ ကျပ်ငွေတန်ဘိုးတက်ခြင်းသည် အရေးပါသလား ဆိုသည့် အချက်ဖြစ်သည်။ အရေးပါပါသည် သို့သော်အခြား နိုင်ငံအများစုကြီးလောက်တော့ အရေးမပါပါ။ မြန်မာ့စီးပွါးရေးသည် နိုင်ငံတော်ကသာ လွှမ်းမိုးချုပ် ကိုင်ထားပြီး အရေးပါသော ဆုံးဖြတ်ချက်များကိုလည်း နိုင်ငံတော်မှသာ ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် သက်ရောက်မှု ရှိတန်သလောက် ရှိပါသည်။နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်း သည်လည်း ကျပ်ငွေ ဝယ်လိုအားကို အလားတူ မြင့်မားစေသည်။အထိအနာဆုံးမှာ ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်သမားများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့၏ (အများစု) အမေရိကန် ဒေါ်လာနှင့် ရငွေများမှာ ဒေသသုံးငွေကြေးနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွား ခဲ့ကြသည်။ (ကုန်ကျစရိတ် အများစုကို ကျပ်ငွေနှင့် ပေးချေကြရခြင်းဖြစ်သည်) အလားတူပင် ပြည်ပရောက်နိုင်ငံသားများလည်း သူတို့ဝင်ငွေများကို ကျပ်ငွေနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားကြသည်။ကျပ်ငွေတန်ဖိုး တက်ခြင်းကြောင့် အကျိုးရှိသူများလည်း ရှိပါသည်။ နိုင်ငံခြားသွင်းကုန် ပစ္စည်းများ၏ တန်ဖိုးများ ကျဆင်းသွားခြင်း ကြောင့် အထူးသဖြင့် စားသုံးသူများအဖို့ အကျိုးရှိရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လက်လီဖြန့်ချိသူများသည် သူတို့ရရှိ သော နိုင်ငံခြားဝင်ငွေ အကျိုးအမြတ်များကို စားသုံးသူများသို့ လွှဲပြောင်းပေးခြင်းမရှိကြပါ။ (သွင်းကုန်သမားများ ကျပ်ငွေဈေးတက် ခြင်းကြောင့် အလုပ်ဖြစ်ကြသည်ဟု သတင်းများကဆိုပါသည်)ထို့ကြောင့်ပင် မြန်မာစားသုံးသူများအနေဖြင့် အကျိုးအမြတ်မခံစားကြရပါ။ ဤနောက်ဆုံးအချက်သည် မြန်မာနိုင်ငံတွင် အသားကျ နေသော အချက်ဖြစ်သည်။ စံကျသော စီးပွားရေးပုံစံများတွင် မြန်မာနိုင်ငံသည် မကြာခဏပင် `ခြွင်းချက်´ ဖြစ်နေသည်။ ဤအချက်ကြောင့် မပြောင်းမလဲ နစ်နာရသူများမှာ ပြည်သူများပင် ဖြစ်သည်။ ထို့ကြောင့် ကျပ်ငွေတန်ဖိုး ဘယ်လိုပင်ဖြစ်နေစေ သူတို့အဖို့ ဘာမျှ ပြောင်းလဲသည်ဟူ၍ မရှိပါ။
ရှောင်တားနဲလ်
1-7-2011
--------------------------
ဒေါ်လာဈေး ကျဆင်းမှု နောက်ကွယ်ဒေါ်လာဈေး ကျဆင်းမှု နောက်ကွယ် (သို့မဟုတ်) ကြံ့ဖွတ်အစိုးရရဲ့ သွပ်မိုးခွာ အိမ်တိုင်ချွတ် စီးပွားရေးစနစ်ရဲ့ သေပန်းပွင့်ချိန်ဘင်လာဒင်ကို အမေရိကန် နေဗီဆီးလ်တွေ သုတ်သင်ပြီးနောက်တနေ့မှာ နယူးယောက် စတော့ဈေးကွက်မှာ အမေ ရိကန်ဒေါ်လာ တန်ဖိုးတက်လာတယ်။ ထိုင်းနဲ့ အမေရိကန် ငွေလဲနှုန်းမှာ အမေရိကန်ဖက်က ပြန်ပြီးအသာစီးရနေ တယ်။ ၂၀၁၀ ခုနစ်များဆီက တဒေါ်လာကို ၂၈ ဘတ်ဖြစ်နေတဲ့ ဒေါ်လာက ၂၀၁၁ မှာ ၂၉ ဒသမ ၅ ဖြစ်လာတယ်။ ထိုင်းတွေပျော်တယ်။ ရင်းနှီးမှုတွေ ပိုလာလို့တဲ့။အမေရိကန်-ဒေါ်လာက တကမ္ဘာလုံးမှာ ပြန်တက်လာတယ်။ သူများမတူဘဲ တမူထူးခြားနေတာက- ကျနော်တို့ မြန်မာပြည်။ မြန်မာပြည်မှာ ဒေါ်လာဈေး ကျသတဲ့။ မြန်မာလူမျိုးတွေရဲ့ စီးပွားရေးက ချဲထီ၊ နှစ်လုံးတိုက်၊ ဘောပွဲနဲ့ နိုင်ငံခြားရောက် အလုပ်သမားတွေကို မှီခိုနေရတဲ့ဘ၀ဆိုတော့ နိုင်ငံခြားမှာ ကျွန်လိုအလုပ်လုပ်နေရတဲ့ မြန်မာတယောက်ရဲ့ ဘ၀ဟာ ဒေါ်လာဈေးကျတယ်ဆိုတဲ့ စကားကို မပျော်နိုင်ပေဘူး။ ဟုတ်ပ။ဒေါ်လာဈေးက ကျပြီးရင်း ကျနေတယ်။ တဒေါ်လာကို ကျပ်ငွေ ၇၆၀ ကျပ်အထိ ထိုးကျလာပါတယ်။ အခြေအနေက ၆၀၀ ဝန်းကျင်အထိ ထိုးကျသွားတော့မယ့် လက္ခဏာ ရှိနေပါတယ်။ ဘာကြောင့် ဒေါ်လာဈေးကျတာလဲ ဈေးကွက်သီ အိုရီဖြစ်တဲ့ ထုတ်လှုပ်မှု (Supply) နဲ့ စားသုံးမှု (Demand) အရ ကြည့်ရင် မြန်မာ့ ငွေကြေးဈေးကွက် (Financial Market) ထဲကို၁ – ဒေါ်လာတွေ အ၀င်များနေတယ်ဆိုတဲ့သဘော – More Supply၂ – ဒါမှမဟုတ် လူတွေက ဒေါ်လာဝယ်ယူမှု နည်းလာတဲ့သဘော။ Less Demand၃ – မြန်မာ ငွေစက္ကူတွေ ဈေးကွက်မှာ တဖြေးဖြေးနည်းလာတဲ့သဘော – Less Burmese Currency Note လားလို့ စဉ်းစားရမှာ တွေရှိနေပါတယ်။၁ – ဈေးကွက်ထဲကို ဒေါ်လာဝင်နေတဲ့ လမ်းကြောင်းတွေကို ကြည့်ရင် စစ်အစိုးရက နိုင်ငံခြားကရတဲ့ ကူညီငွေတွေ ရှိနေတယ်။ အန်ဂျီအိုတွေကတဆင့် ဒေါ်လာတွေ ၀င်နေတယ်။ နိုင်ငံခြားရောက် မြန်မာတွေက မိသားစုတွေ ငွေလဲပြီး ပို့နေကြတယ်။ လူမှုရေးလုပ်ငန်းလုပ်သူတွေကို ထောက်ပံကြတယ်။ မြန်မာအလုပ်သမားတွေက နိုင်ငံခြားငွေကို ကျပ် ငွေတွေနဲ့ လဲပြီးပို့နေကြတယ်။ ဒီတော့ ဒေါ်လာက အ၀င်များလာပြီး အထွက်ပြန်နည်းလာတယ်။ မြန်မာ ငွေကြေးဈေး ကွက်ထဲကို ဒေါ်လာအ၀င်နဲ့ပတ်သက်လို့ ကျနော်တို့ ရထားတဲ့ သတင်းတချို့အရ(က) ၂၀၁၀ နဲ့ ၂၀၁၁ အတွင်း ကျောက်မျက်ရတနာတွေ (ကျောက်စိမ်း) ၅ ဘီလီယံ ဒေါ်လာဘိုးခန့် ရောင်းထားတဲ့ ဒေါ်လာငွေတွေ ရှိနေတယ်။ မြန်မာပြည်က ပို့ကုန်က ကျောက်စိမ်းတမျိုးတည်းလို ဖြစ်နေတာ သတိပြုသင့်တယ်။(ခ) တရုပ်ပြည်ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒါကလဲ ၈ ဘီလီယံ ဒေါ်လာ လောက်ရှိတယ်။ (တရုပ်ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသလုပ်ငန်းရှင် (Local Business ) တွေ အားလုံးနီးပါး ရပ်ခဲ့ကြရတယ်လို့ သိရ တယ်။(ဂ) အခု ကြံ့ဖွတ်စစ်အစိုးရ က သွင်းကုန် စီးပွားရေးသမား (သူတို့ သားသမီးတွေပဲ) တွေ ဒေါ်လာတွေ ရောင်းချပေး နေတယ်။ လက်နက်တွေ၊ စက်မှုလုပ်ငန်းသုံးစက်ကြီးတွေ ၀ယ်ယူဖို့အတွက်လို့ သိရတယ်။(ဃ) မနှစ်က ဘိန်းအထွက်ကောင်းတယ်လို့ သိရတယ်။ ဘိန်းကနေ ဒေါ်လာ တော်တော်ရတယ်။၂ – စီးပွားရေးက တစတစ ကြပ်လာတယ်။ အရောင်းအ၀ယ်တွေ မကောင်းဘူး။ ရင်းနှီးမြှုပ်နံမှုအသစ်တွေ ထပ်မလာ ဘူး။ ထုတ်လုပ်မှုတွေ ကျဆင်းလာတယ်။ နောက်ပြီးတော့ လူတွေ နိုင်ငံခြားထွက်တာ များလာတယ်။ ဒါကြောင့် စား သုံးမှု ကျဆင်းလာနိုင်တယ်။ ဒါမဟုတ် စီးပွားရေးကျပ်တည်းမှုကြောင့် ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေထပ်ပြီး မတိုးလာတာတွေ၊ ဒါမဟုတ် နိုင်ငံခြားကို ကုန်ပစ္စည်းမှာယူမှုတွေ ကျဆင်းလာတာတွေကြောင့် ဖြစ်နိုင်တယ်။ ဒီတော့ ဒေါ်လာကို တောင်းဆိုမှု ကျဆင်းလာတယ်။ ဒီတော့ ဒေါ်လာဈေးဟာ မြန်မာ့ ငွေကြေးဈေးကွက်မှာ ကျဆင်းလာ တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတဲ့သဘော ဖြစ်တဲ့အတွက် အလုပ်လက် မဲ့ ပိုများမယ်။ ၀င်ငွေနည်းလာမယ်။ ဒီတော့ စားသုံးမှုကျဆင်းမယ်။ စီးပွားရေး ကပ်ဆိုက်မယ်။၃ – မြန်မာ့ ငွေစက္ကူတွေက တဖြေးဖြေးစုတ်ပြတ်လာတယ်။ ဘဏ်တွေက ငွေစက္ကူအသစ်နဲ့ အဟောင်းကို ပုံမှန်လဲမ ပေးနိုင်တဲ့ အတွက် တချို့ငွေစက္ကူတွေက သုံးမရပဲ ပျက်ဆီးကုန်တာတွေလည်း ရှိနိုင်တယ်။ နောက်တခုကတော့ မြေဈေး။ ကုန်သည်ကြီး တွေက စစ်အစိုးရ စီးပွားရေးစနစ်ကို မယုံကြည်ကြဘူး။ ငွေစက္ကူတွေကို အယုံကြည်မရှိဘူး။ ဒီတော့ မြေဈေးတွေကို အဆမတန် တင်ထားတယ်။ ရန်ကုန်မြို့ဝင်ဒါမီယာက မြေတကွက်တန်ဖိုးက နယူးယောက် ပြည်၊ မက်ဟက်တန်က တိုက်ခန်းတခုထက် ဈေးပို များနေတာတွေ တွေ့ရတယ်။ ကုန်သည်တွေကြားမှာ စတော့ဈေး ကွက်တခုလိုသဘောထားပြီး မြေအရောင်းအ၀ယ် လုပ်နေကြ တယ်။ ဥပမာ ထွန်းမြင့်နိုင် က သိမ်ဖြူလမ်းက မြေနှစ် ကွက်ကို ၀ယ်တယ်။ ဒေါ်လာ ၅၆ သန်းခန့် တန်တယ်။ ဒီငွေက မက်ဟက်တန်မှာ နေရာကောင်းကောင်းတခု ရနိုင် တယ်။ဒီတော့ အဆမတန်များလှတဲ့ မြန်မာငွေစက္ကူတွေဟာ ဈေးကွက်ထဲမှာ မရှိဘဲ ကုန်သည်ကြီးတွေ လေးငါးဆယ် ယောက်လောက် လက်ထဲမှာစုပုံနေရာက မြန်မာငွေစက္ကူတွေက ဈေးကွက်ကနေ နည်းလာတာမျိုး ဖြစ်လာနိုင်ပါ တယ်။ ဒီတော့ ငွေကြေးဈေးကွက်မှာ မြန်မာငွေစက္ကူက နည်းလာတဲ့အတွက် ဒေါ်လာတန်ဖိုး ကျဆင်းသလိုလဲ ဖြစ် လာနိုင်တယ်။ယေဘူယျအားဖြင့် ပြည်တွင်း ငွေစက္ကူတန်ဖိုးတက်ပြီ။ ကမ္ဘာ့ငွေကြေးစနစ်တခုက တန်ဖိုးကျဆင်းလာတာဟာ ၀မ်းသာ ရမယ့် ကိစ္စပါ။ ဒါပေမယ့် ပုံမှန် တခါးဖွင့်စီးပွားရေး စနစ်တခုရဲ့ ထုတ်လှုမှု (Supply) နဲ့ စားသုံးမှု (Demand) မျှခြေ -(Equilibrium) မရှိဘဲ၊ ငွေတန်ဖိုး ကျတာပဲဖြစ်ဖြစ်၊ တက်တာပဲဖြစ်ဖြစ် စီးပွားရေးကို ဒုက္ခပေးတော့မယ်ဆိုတဲ့ လက္ခ ဏာပဲ ဖြစ်ပါတယ်။ ဒေါ်လာဈေးကျလာရင် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲမှာ ဘဏ်အတိုးနှုန်းနဲ့ ငွေကြေး ဖေါင်းပွမှု ၊ ငွေလဲနှုန်းတွေဟာလဲ သက်ရောက်နိုင်တဲ့အချက်တွေ ဖြစ်နေပါတယ်။ဒေါ်လာတန်ဖိုးဟာ ဒီထက် ဆက်ပြီးကျဆင်းလာပြီဆိုရင်တော့ နာတာရှည်ဖြစ်နေတဲ့ မြန်မာစီးပွားရေးဟာ မကြာခင် မှာ မဟာတုန် လှုပ်မှုကြီး (Major Shock) တခု ဖြစ်လာတော့မယ်လို့ ယူဆနိုင်ပါတယ်။ ကျနော့် ယူဆချက်တခုက တော့ စားရေးရိက္ခာ ပြတ်လပ် မှုကြီး Food Crisis ဖြစ်လာနိုင်တယ်။ ဒါကတော့ ရာသီဥတုဖေါက်၊ သီးနှံထွက်ကျဆင်း၊ လယ်တွေအများစု အသိမ်းခံရ၊ လူဦးရေတိုး၊ မြေအောက်ရေ ရှားပါ။ ရလဒ်က စားနပ်ရိက္ခာ ပြတ်တောက်သွားနိုင်တဲ့ အနေထားမှာ ရှိနေတယ်။သိန်းစိန်အစိုးရသစ်အနေတဲ့ ဒေါ်လာဈေး ကျဆင်းနေတာကို ဘယ်လို မန်းမှုတ်ပြီး ကုစားမလဲ။ သမတအကြံပေးအဖွဲ့  က လူကြီးမင်းတွေက ဒီပြသနာဟာ ဘာကြောင့်ဖြစ်တယ်။ ဘယ်လို ကျားကန်ကာကွယ်ကြမယ်ဆိုတာ ဘာမှကိုမ ပြောသေးဘူး။ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းတွေ ရှိပုံမရဘူး။မြန်မာ့စီးပွားရေးက သွပ်မိုးခွာ အိမ်တိုင်ချွတ် စီးပွားရေးစနစ်မျှသာ ဖြစ်တယ်။ မြေပေါ်မှာရှိတာတွေ ခုတ်ပြီးရောင်းလို့ ကုန်ပြီ။ အခုမြေအောက်က သယံဇာတတွေကို တူးဖေါ်ရောင်းနေတယ်။ ဘာထုတ်ကုန်မှ မရှိဘူး။ ဘာဆက်လုပ်မလဲ။ ဘယ်သူတွေက အကြံပေးဦးမယ်လဲ။မိုးသီးဇွန်
ဖော်ဝပ်မေးလ်မှ ရရှိပါသည်။၂၀။၆။၂၀၁၁
----------------
ဒေါ်လာဈေးကျဆင်းမှုရဲ့ အကျိုးဆက် ဘာတွေဖြစ်နိုင်သလဲ(စီးပွားရေးပညာရှင် ဦးမော်သန်းနှင့် မေးမြန်းချက်)ရန်ကုန်မှာ အမေရိကန် ဒေါ်လာ ဈေးဟာ ကျပ် ၇၅ဝ နှုန်း ရောက်တဲ့ အထိ ကျနေ ပြီး ဈေးထပ်ကျရိပ် ရှိတယ်လို့လည်း လုပ်ငန်းရှင် တွေက သုံးသပ်နေကြပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘတ်ငွေနဲ့ လဲနှုန်းဆိုရင်လည်း အရင်နှစ်ထက် ထပ်ကျသွားပါတယ်။ ထိုင်းကနေ မြန်မာပြည်ကို ငွေလွှဲနှုန်းဆိုရင်လည်း အရင်လ ထက် ဘတ် ၂ဝဝ ကျော် တက်သွားပြီး ကျပ်တသိန်းကို ဘတ် ၃၉၅ဝ အထိ ဖြစ် လာပါတယ်။ မနှစ်ကဆိုရင် ငွေလွှဲနှုန်းက ကျပ်တသိန်းကို ဘတ် ပျမ်းမျှ ၃၅ဝဝ လောက် ရှိခဲ့တာပါ။ ဒေါ်လာဈေးကျတာဟာ မြန်မာကျပ်ငွေ ဈေးတက်လာတာပါလား၊ အ ကြောင်းရင်းတွေနဲ့ အကျိုးဆက်တွေက ဘာတွေ ဖြစ်နိုင် ပါသလဲ။ ဒါတွေကို သိရ အောင် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။
�ဒေါ်လာငွေတန်ဖိုးကျတာတော့ ပုံမှန်အတိုင်း သူ့ဖြစ်စဉ်အတိုင်း ဆိုရင် တော့ နိုင်ငံခြားကတင်သွင်းတဲ့ ပစ္စည်းတွေရဲ့  ဈေးနှုန်း ကျဖို့ကောင်းတာပေါ့။ ဒေါ်လာ ငွေဈေး ကျတဲ့အတွက် ပြည်ပကို ပစ္စည်းပို့တဲ့လုပ်ငန်းရှင်တွေ သူတို့ကတော့ ထိခိုက် တာပေါ့။ ကုန်ကျထားတာ ကျပ်နဲ့ ကုန်ကျထားတယ်။ ဒေါ်လာရတဲ့ဟာကို ကျပ် ပြောင်းတဲ့အခါကျတော့ ကျပ်နဲ့ပြောင်းလို့ရတဲ့ငွေက လျော့သွားတယ်။� ဆန်စပါးတင်ပို့မှုအပေါ်မှာ ဝင်ငွေကျဆင်းမှု ဖြစ်ပေါ်စေတယ်ဆိုတော့ လယ်သမား တွေ အပေါ်ကော ဘယ်လိုမျိုးထိခိုက်နိုင်သလဲ။ လယ်သမားတွေအပေါ်လည်းပဲ လယ်ယာထွက်တဲ့ စပါးတို့ဘာတို့ နိုင်ငံ ခြား ပို့တယ်။ နိုင်ငံခြားပို့ကုန်က ရတဲ့ငွေ လျော့တယ်။ လျော့တော့ ကုန်သည်တွေ ကနေ ပြည်ပပို့ကုန် အရမ်းကျမယ်ဆိုတော့ ဒီပြည်တွင်းမှာလည်း လယ်သမားတွေ ကို ရောင်ပြန် ဟပ် ထိခိုက်မှာပေါ့။� ပဲတင်ပို့မှုတွေကော အထည်ချုပ်လုပ်ငန်းကော ဒေါ်လာငွေဈေး ကျတာကြောင့် ဘယ် လိုမျိုး ကုစားဖို့အတွက် ပြင်နေတာ တွေ့ရပါသလဲ။ ဘာတွေ ကုစားဖို့ လိုပါသလဲ။ �ဒေါ်လာနောက် လူတွေလိုက်ရင်တော့ ဒေါ်လာဈေးက မြင့်သွားမှာပေါ့ လေ။ ဒေါ်လာနောက်ကို လိုက်ဖိုဆိုတာကလည်းပဲ တဦးချင်း တယောက်ချင်း အနေ နဲ့ကတော့ ဘာမှ လုပ်နိုင်တာ မဟုတ်ဘူးလေ။ အာဏာပိုင် အဖွဲ့အစည်းကနေပြီး တော့ နိုင်ငံတော်က နေ ပြီးတော့ ဝင်စွက်ရင်တော့ ရမယ်ပေါ့။ နောက်ပြီးတော့လည်း ပဲ ဒေါ်လာဈေးတက်အောင် လုပ်တာကလည်းပဲ တကယ့် တကယ်တော့ တိုင်းပြည် အနေနဲ့ ကြည့်ရင်လို့ရှိရင်တော့ ထိခိုက်တာတွေတော့ ထိခိုက်တယ်ပေါ့လေ။ သို့ သော် ဒေါ်လာဈေး တက်သွားတယ် ဆိုရင်လည်းပဲ ပြည်တွင်းမှာ ဈေးနှုန်းတွေ ဘာ တွေလည်း တက်သွားနိုင်ပါတယ်။� အခု ကျနော် ဒီမှာ တွေ့ရသလောက်ကတော့ ဒေါ်လာဈေးက ကျပြီးတော့ ကုန်ဈေး နှုန်းကတော့ မကျဘူး။ �ဟုတ်တယ် မှန်တယ် အဲဒီဥစ္စာ၊ တမြန်နေ့က ကျနော် ဆံပင်သွားည�ပ် တယ် ပုံမှန်က ဆံပင်ည�ပ်ခ ၅ဝဝ ပေးရတယ်။ တနေ့က ကျတော့ ဆံပင်ည�ပ်ခ ၇ဝဝ တောင် ယူပါတယ်။ သဘောက တဖက်က ဒေါ်လာနဲ့ မြန်မာငွေနဲ့ တန်ဖိုး ကြည့် လိုက်လို့ရှိရင် ဒေါ်လာရဲ� ဈေးကျတယ်ဆိုတော့ မြန်မာငွေ တန်ဖိုးက တက်တဲ့ သဘောပေါ့လေ။ သို့သော်လည်းပဲ တကယ့်တကယ်တော့ ဗမာပြည်မှာကတော့ ဈေးနှုန်းတွေက မကျဘူး။ ဈေးတောင် တက်သွားတာ ရှိသေးတယ်ပေါ့။� ပြီးခဲ့တဲ့ မတ်လတုန်းက ကျောက်မျက်တွေ ချရောင်းတာ မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၈ ဝဝဝ ဖိုး ရောင်း ရတယ်ဆိုတော့ အခု အဲဒီနောက်ပိုင်းမှာ ဒေါ်လာဈေးက တအားထိုးကျလာတယ်ပေါ့နော်။ အခု ၇၅ဝ ဝန်းကျင်လောက်ပဲ ရှိ တယ် ဆိုတော့ ကျောက်မျက်ရောင်းဖို့က ဇူလိုင်ကျလို့ရှိရင် ပြန်ရောင်းဦးမယ် ပေါ့နော်။ ဒီ ဒေါ်လာတွေ ထပ်ဝင်လာဦးမယ့် သဘောပေါ့။
� ဒေါ်လာကတော့ ဝင်တာကတော့ ဝင်နေကျပဲလေ။ ကျောက်မျက်ရောင်း တာက အခုမှ ရောင်းတာမှ မဟုတ်တာ။ ထိုနည်းတူပဲ ဂတ်စ်ရောင်းတာကလည်း အခုမှ ရောင်းတာမှ မဟုတ်တာ။ အခုကျတော့မှ ကျောက်မျက်ရောင်းတာကြောင့် ဆိုပြီးတော့ ဒေါ်လာဈေး ကျတယ်ဆိုရင် အရင်တုန်းကတော့ ကျောက်မျက် ရောင်း တဲ့ ကြားထဲကနေ ပြီးတော့ ဒေါ်လာအသုံးလိုမယ့် ဖြစ်တဲ့ ကိစ္စမျိုးတွေ ရှိမှာပေါ့လေ။ နောက်ပြီးတော့လည်းပဲ တချို�အဖွဲ့အစည်းတွေကနေ ပြီးတော့ ဒေါ်လာနောက် လိုက်တာမျိုးတွေ ရှိမှာပေါ့လေ။
နောက် ဒီကျောက်မျက်ရောင်းလို့ရတဲ့ ငွေဆိုတာက လည်းပဲ အမှန်ကတော့ ပုဂ္ဂလိက လက်ထဲမှာ ရှိတာမဟုတ်ဘူး။ နိုင်ငံတော် လက်ထဲ ရှိတာပဲ။ နိုင်ငံတော်ကနေပြီးတော့ ဟိုတုန်းကလည်း ရလာခဲ့တာ အခုလည်း ရလာ ခဲ့တာပဲ။ သို့သော်လည်းပဲ ဟိုတုန်းက တော့ ဒေါ်လာနောက် လိုက်တာမျိုး ရှိပြီး တော့ အခုကျတော့ ဒေါ်လာနောက် လိုက်တာမျိုး နည်းသွားလို့ ဖြစ်မှာပေါ့။ အရင် တုန်းက ဆိုရင် အချို�ကိစ္စရပ်တွေက ဒေါ်လာနဲ့ ပေးရတယ်။ အခုကျတော့ အဲဒါတွေ လည်း လျှော့ပေါ့ပြီးတော့ ဒေါ်လာနဲ့ ပေးစရာမလိုဘဲနဲ့ ကျပ်နဲ့ပဲ ပေးရတော့တယ် ဆိုတဲ့ ဟာမျိုးလည်း ရှိတာပေါ့။ အဲဒါလည်းပဲ ဒေါ်လာဈေး နိမ့်တဲ့အထဲမှာ အ ကြောင်း တရား ပါမယ်ပေါ့။� အဲဒီတော့ ရေရှည် ဒီထက် ထိုးကျမယ် ဆိုလို့ရှိရင် အခြေခံလူတန်းစားတွေ အတွက် ဘယ်လောက်အထိအောင် သက်ရောက်မှုတွေ ဖြစ်နိုင်ပါသလဲ။ �အမှန်ကတော့ ဒေါ်လာဈေးကျတယ်ဆိုရင် သဘောတရားအတိုင်း သွား မယ် ဆိုရင်တော့ ဒေါ်လာဈေးကျတယ် ပြည်ပကနေ တင် သွင်းတဲ့ ပစ္စည်းတွေရဲ့ ဈေး လည်းပဲ ကျပ်သဘောနဲ့ ကျတယ်ဆိုရင် ထိခိုက်တာလည်းရှိတယ်။ ကောင်းတာ လည်း ရှိတယ်ပေါ့လေ။ အမှန်ကတော့ ဒေါ်လာက မူလက ရှိနေတာဗျာ။ ဒေါ်လာ အရင်တုန်းက ၃၁ဝ-၃၇၅ ကျပ်နဲ့တောင် ရှိလာခဲ့သေးတာပဲ။ တဖြည်းဖြည်း တက် လာတယ်။ တက်လိုက် ကျလိုက် ဆိုတဲ့ဥစ္စာကတော့ အရမ်းကြီး စိုးရိမ်ဖို့ မရှိဘူးနဲ့ တူပါတယ်။ တဖက်က ကောင်းတာလည်း ရှိတာပဲ မကောင်းတာလည်း ရှိတာပဲ။� စီးပွားရေးပညာရှင်တွေ လုပ်ငန်းသမားတွေ ပြောတာက ဒီ အစိုးရသစ် လက်ထက် မှာ ကုန်သွယ်ရေးမှုဝါဒနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ လုပ်နေတာတော့ တွေ့ ရတယ်။ ဒါပေမယ့် မူဝါဒပြောင်းလဲ�ုံတင် မရဘူး ငွေကျေးလဲလှယ် နှုန်းထားကိုပါ ပြောင်းရမယ် ဆိုတဲ့ သုံးသပ်ချက်တွေ ပေါ်ထွက်ပါတယ်။ ငွေကြေးမူဝါဒနဲ့ ပတ်သက် လို့ ဆရာအမြင်က ဘယ်လို ရှိပါသလဲ။
�ငွေကြေးမူဝါဒနဲ့ ပတ်သက်လို့က လောလောဆယ်အားဖြင့်လည်းပဲ နှုန်း သတ်မှတ်ထားတာ ရှိတာပဲ။ ၁ ဒေါ်လာကို ၆ ကျပ်ပေါ့လေ။
သို့သော် အဲဒီ နှုန်း သတ်မှတ်ချက်ကတော့ တကယ့်အဖြစ်မှန်နဲ့ အင်မတန်မှာ ကွာဟနေတော့ ဒီ နှုန်း သတ်မှတ်ချက်ကို ဘယ်သူမှ လည်း ထည့်ပြီးတော့ မတွက်ဘူး။ မတွက်တော့ စီးပွား ရေးအပေါ်မှာပေါ့လေ ဘာမှ လာပြီးတော့ �ိုက်ခတ်မှု မရှိဘူးပေါ့လေ။ အဲဒီတော့ အခု ဒီလိုပဲ ဒေါ်လာဈေးကို ဥပမာ အစိုးရကနေပြီးတော့ ၇ဝဝ သတ်မှတ်မယ် ၇၅ဝ သတ်မှတ်မယ် ဆိုလည်း သတ်မှတ် တာက ဒါ စီးပွားရေးလောကမှာ အမိန့်နဲ့သွား တဲ့ ပုံစံမျိုး။ အမိန့်နဲ့ သွားတာကတော့ တကယ်ကျရင်တော့ သူ့ စီးပွားရေး အင် အားစုက သူ့ ဝယ်လိုအား ရောင်းလိုအားနဲ့ သွားမှာပဲ။ အမိန့်ပေးလို့ ရမှာ မဟုတ် ဘူးလို့ ထင်တယ်။
�သို့သော်လည်းပဲ အခုကျတော့ ဒေါ်လာဈေးကို အဲဒီလိုပဲ အစိုးရ ကနေပြီး တော့ တကယ်ဖြစ်ပျက်တဲ့ နည်းနဲ့ နီးနီးစပ်စပ် အမိန့် ပေးလိုက်တယ် ဆိုရင်တော့ ဈေးက တက်နေကျ တက်တတ်တယ်ပေါ့လေ။ အဲဒီတော့ အစိုးရက အခုဟာက တော့ ၇ဝဝ၊ ၇၅ဝ သတ်မှတ်မယ် ဆိုရင် တကယ် ဖြစ်နေတဲ့ နှုန်းနဲ့ သိပ်ပြီးတော့ မကွာဘူး။ သိပ်မကွာတော့ သူကလည်း နည်းနည်း အရာဝင်လာ မှာပေါ့။ လူတွေ ထည့်တွက်လာမှာပေါ့။ လူတွေထည့်တွက်လာတဲ့ အခါမျိုးကျရင်တော့ ပြီးခဲ့တဲ့ အ တွေ့အကြုံသစ် ကိစ္စရပ်အတွက်ကတော့ အစိုးရကနေပြီးတော့ အဲဒီလို ဈေးနှုန်း သတ်မှတ်လိုက်တယ်ဆိုရင် တကယ့်ဈေးက အဲဒါနဲ့ အများကြီး ထိုးတက်သွားတာ မျိုး ဖြစ်နိုင်ပါတယ်။ ရွှေနဲ့ယှဉ်ပြီး နမူနာ ပြောတာပါ။ ရွှေ သူ့ဟာနဲ့သူ ရှိနေတယ်။ ၁ သိန်းခွဲ ၂ သိန်း စသည်အားဖြင့် ရှိနေတယ်။
အစိုးရကနေ ဝင်ပြီးတော့ ဘယ်လောက် ဈေး သတ်မှတ်တယ်ဆိုတော့ ရွှေဈေးက တက်သွားတာမျိုးပေါ့။ သို့သော်လည်းပဲ ဘာပြောပြော အစိုးရက သတ်မှတ်တယ်ဆိုတာက လူတွေရဲ့ ဆိုင်ကိုပေါ့။ အဲဒီ အပေါ်မှာတော့ ထင်ဟပ်မှု ရှိပါတယ်။ ခေတ်အပေါ်မှာ ထင်ဟပ်မှုရှိပြီးတော့ အရင် တုန်းကတော့ ရှိဘူးလားဆိုတော့ အရင်တုန်းကတော့ မ�ှိဖူးဘူး။ ဘာကြောင့်လည်း ဆိုတော့ သတ်မှတ်တဲ့နှုန်းနဲ့ တကယ့်လက်တွေ�နှုန်းက မိုးနဲ့မြေလို ကွာခြားနေတော့ ဘာမှ အရာမဝင်ဘူး။ ဘယ်သူမှလည်း ထည့်မစဉ်းစားဘူး။ ဘယ်သူမှလည်း ထည့် မတွက်ဘူး။ တကယ်လုပ်ငန်းလုပ်ကိုင်တဲ့ လောကမှာ ပြောတာ။ အခုကျတော့ နီးနီးစပ်စပ် ထည့်ပြီးတော့ သတ်မှတ်ချက်သည် တကယ်ဖြစ်ရပ်နဲ့ သိပ်မကွာဘူး ဆိုရင် သူ့ကိုထည့်တွက်လာတယ်ဆိုရင်တော့ သက်ရောက်မှုတော့ ရှိနိုင်ပါတယ်။ ဒေါ်လာငွေရဲ့ ထိုးစိုက်ကျဆင်းမှုဟာ ရွေးကောက်ပွဲအပြီး အစိုးရလက်ထက်မှာ ဖြစ် တာဆိုတော့ ဒီအစိုးရအပေါ်မှာ လူထုက ယုံကြည်သလိုပဲ မြန်မာငွေဈေး တက် တယ်လို့ ယူဆလို့ရပါသလား။ �ပြုတ်ကျတာက မြန်မာငွေတင်မဟုတ်ဘူး။ ဒေါ်လာကိုယ်တိုင်က သူ့နိုင်ငံ တကာ မျက်နှာစာမှာ သူကကျနေတယ်ဆိုတော့ ဒီအစိုးရအပေါ်မှာ လူတွေက ယုံ ကြည်မှုရှိလို့၊ မရှိလို့ဆိုတာမျိုးလည်း ပါချင်ပါမယ်။ ပါရင်လည်း အနည်းငယ်ပါပဲ။ ဒေါ်လာဈေးကိုက နိုင်ငံတကာ မျက်နှာစာမှာ ကျနေတာ။�အေးနိုင် ၈ ဇွန် ၂ဝ၁၁ - - ဒီဗွီဘီ
-----------------------------------------------------------------------------------------------
နိုင်ငံရေး ရည်မှန်းချက်များဖြင့် လူမှုရေးလုပ်ငန်းများမလုပ်သင့်ပါမြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ခဲ့ကြ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ တစ်ဦးချင်းစီသော် ၎င်း အဖွဲ.စည်းများဖြင့်သော် ၎င်း ရှိခဲ့သည်။ ထိုလူမှုရေး လုပ်ငန်းလုပ်သူတို.မှာ နိုင်ငံရေးလှုပ်ရှားမှုများ နှင့်လူမှုရေးလုပ် ငန်းများကိုသီးခြားစီဆောင်ရွက်နိုင်ခဲ့၏။ယခု မြန်မာပြည်တွင် လူမှုရေးလုပ်သူ လူငယ်အချို. နှင့်နိုင်ငံရေးပါတီ အချို.တို.မှာ NGO ဆန်ဆန် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြ၏။ နာရေးကူညီမှုအသင်းများ၊ အခမဲ့ဆေးကုသခန်းများအား စစ်အစိုးရ၏ နှောက်ယှက်မှုကို မခံရခြင်းမှာ အခြားသော နိုင်ငံရေးလှုပ်ရှားမှုများမပါဝင်ခြင်းကြောင့်ဖြစ်၏။လူမှုရေး သက်သက်လုပ်လိုသော မျိုးချစ် လူမှုဝန်ထမ်းလုပ်လို သူများက ၎င်း တို.အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက် သည်ဟု အာဏာ ပိုင် များကထင်မြင်ပြီး လာရောက်ဖမ်းဆီးမှာကို စိုးရိမ်ကြောင်း ဖွင့်ပြောကြ၏။ ၎င်း တို.အနေဖြင့် ဆင်းရဲသားပြည်သူများကို သဒ္ဒါ စိတ်သက်သက်ဖြင့် လှူဒါန်းလိုကြောင်း အာဏာပိုင် များနှင့် ထိပ်တိုက်ရင်ဆိုင် မှုများ မဖြစ်စေလို၍ စေတနာရှိသော်လည်း ခပ်အေးအေးသာ နေကြောင်း ရိုးသားစွာတင်ပြကြလာကြ၏။နိုင်ငံရေးတစ်ပိုင်း စာသင်ကျောင်းတစ်ပိုင်းလုပ်သူ လူကြီးလူငယ်များ အနေဖြင့် အလုပ်ခွဲခြားလုပ်ကိုင်ကြခြင်းဖြင့် အာဏာ ပိုင်များ နှင့်ထိပ်တိုက်ရင်ဆိုင်မှု များကိုရှောင်ရှားနိုင်ပြီး အမှန်တကယ်လိုအပ်နေသော ပြည်သူများ အားပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။နိုင်ငံရေးတစ်ပိုင်း လူမှုရေးတစ်ပိုင်း လုပ်သူများအား အလုပ်ခွဲခြားလုပ်ကိုင်ခြင်းဖြင့် စစ်မှန်သော နိုင်ငံရေးရည်မှန်းချက်များကို ဖေါ်ဆောင်ကြပါရန် ကျွန်ုပ်တို.မှတိုက်တွန်းအပ်သည်။kokaungmyat
---------------------------------------------------------------------------------------------------------------
ဆရာကြည်မင်း(ကျော်စောမင်း) နှင့်တွေ့ဆုံခြင်းမေး ။ ။ ပြီးခဲ့တဲ့ မတ်လ(၃၀)ရက်နေ့က ပြောကြားခဲ့တဲ့ သမ္မတကြီးရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်(၁၀)ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီ အချက်(၁၀)ချက်အနက် နံပတ်(၈)အချက်မှာ “စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ ခေတ်နှင့်မလျော်ညီတဲ့စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ ကိုပြင်ဆင်ပြဌာန်းခြင်း ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး သမ္မတရဲ့ မိန့်ခွန်းမှာ ပါတာတွေကို ဆရာဖတ်ပြီးလောက်ပါပြီ။ နောက် စာပေအမျိုးအစား(၅)မျိုးကို “တင်ထုတ်” ကနေ“ထုတ်တင်” လုပ်မယ်လို့ဆိုတာကိုလည်း ဆရာသိပြီးပါပြီ။ ဆိုတော့ ဒီနေ့ ကျနော်တို့ဆီမှာရောက်နေတဲ့စာပေလွတ်လပ်ခွင့် အခြေအနေကို အရင်ဆွေးနွေးပေးပါအုံး။
ဖြေ ။ ။ သတင်းနဲ့ပတ်သက်ပြီး ပြောရရင် ဥပမာဆရာ့ အိမ်ဘေးနားမှာ ဆိုက်ကားသမားတစ်ယောက်ကို ကားတိုက်တယ်။ ရဲဌာန ကလည်း သတင်းကို အတည်ပြုပေးလိုက်တယ်။ အဲဒီ သတင်းဂျာနယ်ထဲပါဖို့ စောင့်ရမယ်။ အဲဒါမျိုး သင့်တော်သလား။ တစ်ခါတလေကျတော့ သတင်းတစ်ပုဒ် နိုင်ငံတော်ကိုလည်း မထိခိုက်စေဘူး။ ပြည်သူလူထုအကျိုးကိုလည်း မထိခိုက်စေဘူးဆိုရင် သတင်းသမားက သတင်းကိုဖော်ပြ ရမှာပဲ။ အဲဒါမျိုး ဖော်ပြခွင့်မရတာမျိုးတွေရှိနေတယ်။ ဥပမာ လုယက်မှုဖြစ်တယ်ဆိုကြပါစို့။ လုယက်မှုဖြစ်တယ် ဆိုတာ ရဲတွေရဲ့ လုပ်ငန်းညံ့ဖျင်းလို့၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အစီအမံညံ့ဖျင်းလို့ လုယက်မှုဖြစ်တာ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာမဆို ဖြစ်နေတယ်။
လူရှိနေသမျှ လောဘရှိနေသမျှ လုယက်မှု လူသတ်မှု မုဒိန်းမှု ရှိနေမှာပဲ။ အဲဒီလို ဖြစ်နေတဲ့ကိစ္စမျိုးကို ထည့်ခွင့်မပေးတာရှိခဲ့တယ်။ အခုဟာက စမ်းတ၀ါးဝါးနဲ့ ဖြစ်နေတယ်။ ဘယ်နာမည်လေးဖြင့် သုံးရင်ကောင်းမလား၊ မသုံးရဘူးလား။ ဘယ်သတင်းဖြင့် မသုံးရ ဘူးလား။ ဘာအကြောင်းဖြင့် မရေးရဘူးလား။ စသဖြင့် စမ်းတ၀ါးဝါးကြီး ဖြစ်နေတယ်။
ဥပမာ စွယ်စုံကျော်ထင်အကြောင်းကို ရေးထားတဲ့စာအုပ်။စွယ်စုံကျော်ထင်ကျမ်းကို ရေးထားတာ“ နောက်ကျောဖုံးမှာ မာဃဒေ၀ လင်္ကာကြီးမှ ထုတ်နှုတ်သည်” လို့ပါနေတယ်။ အဲဒါကို ဆရာက ဝေဖန်ရေးဆရာ တစ်ယောက်အနေနဲ့ ညွှန်ပြလိုက်တယ်။ အဲဒါကိုဖော်ပြခွင့် မရခဲ့ဘူး။ ဆရာရေးတာ တိုင်းပြည်နဲ့လူမျိုး ကို ဘာမှထိခိုက်မှုမရှိဘဲနဲ့ ဖော်ပြခွင့်မရခဲ့ဘူး။ဒါမျိုးဘာကြောင့် ဖြစ်ခဲ့သလဲ။ နိုင်ငံတစ်ခုမှာ ဒေါက်တိုင်ကြီး သုံးခုရှိတယ်။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင် ရေးအာဏာ ဆိုပြီးတော့ အစိုးရတစ်ဖွဲ့အတွက် အခြေခံအာဏာသုံးရပ်ရှိတယ်။ အစိုးရအဖွဲ့က တစ်ပြည်လုံးကို စီမံအုပ်ချုပ်ရမယ်။ လွှတ်တော်က လိုအပ်တဲ့ဥပဒေကို ပြုပေးရမယ်။ တရားစီရင်ရေးမူကိုလည်း လုပ်ပေးရမယ်။
တရားရေးနဲ့ ပတ်သက်တဲ့ အကျဉ်း ထောင်တွေ၊ ပညာပေးရေးစခန်းတွေ အကုန်ထပ်လုပ်ရမယ်။ အဲဒီအတွက် လုံလောက်တဲ့ ဥပဒေ၊ မှန်ကန်တဲ့ဥပဒေ ရှိရမယ်။ ဥပဒေဆိုတာ တစ်ပြေးတည်းဖြစ်ရမယ်။ အဲလိုမဟုတ်ဘဲ မမှန်မကန်တာတွေ ဖြစ်လာရင် အဲဒါတွေကို ထောက်ပြဖို့ဆိုပြီး စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ပေါ်ပေါက်လာတာ။
မီဒီယာက အဲဒါတွေကို ဝေဖန်နေတာ။ ဝေဖန်တဲ့အခါမှာလည်း ပုဒ်မ ၅၀၀ ဆိုတဲ့ အသရေဖျက်မှုဆိုတာရှိတယ်။ တစ်ဦးချင်း အသရေဖျက်တာ၊အဖွဲ့အစည်းတစ်ခုကိုအသရေဖျက်တာ၊ နိုင်ငံတစ်နိုင်ငံကို အသရေဖျက်မှုတွေ ရှိတယ်။ တစ်ဖက်က အဲလိုရှိသလို ကင်းလွတ်ခွင့်နည်း လမ်းတွေ ပေးထားတာလည်းရှိတယ်။ ဥပမာ တရားရုံးက မစီရင်ရသေးတဲ့ ပြစ်မှုတစ်ခုကို ဘေးကနေ အဲဒီစီရင်ချက်လွဲမှားအောင် ရေးရင် အဲဒါ တရားစီရင်ရေးကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ပုဒ်မ ၅၀၀ နဲ့တရားစွဲခံရမယ်။ အဲဒါမျိုး အပြစ်ရှိတယ်။
ဒါပေမယ့် အမှုတစ်ခုကို စီရင်ပြီးသွားလို့ အဲဒီစီရင်မှုမှာ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတရင် ဝေဖန်ခွင့်ရှိတယ်။ မီဒီယာကို ဝေဖန်ပိုင်ခွင့် ပေး ထားရတယ်။
အဲဒီဝေဖန်နိုင်ခွင့်ဟာ ပုဒ်မ ၅၀၀ ရဲ့ကင်းလွတ်ခွင့်တွေထဲမှာ အကျူံးဝင်နေရ တယ်။ ဥပမာ အစိုးရ၀န်ထမ်းတစ်ဦးကို မိမိတာဝနှ် နင့် ပတ်သက်၍ မမှန်မကန်ပြုမူသည်ဟု ယူဆ၍ ဝေဖန်လျှင် အပြစ်မမြောက်ဘူး။ အစိုးရ၀န်ထမ်းတွေက ငါတို့ဘာလုပ်လုပ် လွတ်တယ် ဆိုတဲ့ ပုံစံမျိုးတော့ မဖြစ်သင့်ဘူး ထင်တယ်။ ဒီမိုကရေစီနိုင်ငံဖြစ်လာပြီဆိုရင် မီဒီယာလွတ်လပ်ခွင့်က အလိုလိုပါလာပြီ။
မေး ။ ။ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ အဲလိုဖြစ်ရပ်မျိုးတွေအပေါ် ဆရာ့အမြင်ကိုပြောပြပါဦး။
ဖြေ ။ ။ စာပေစီစစ်ရေးကခုဆို တချို့အရေးအသားတွေကို လျှော့ပေါ့ပေးလာတာ တွေ့ရတယ်။ လျှော့ပေါ့ပေး တဲ့ဟာကို မီဒီယာ တွေ က ဘယ်လောက်အထိ အသုံးချကြမှာလဲ။ ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်ကို သွားမယ်လို့ကြေညာထားရင် မီဒီယာက သိပ်အရေးကြီးသွားပြီ။ ဈေးကွက်ကို Monopoly လုပ်ထားတဲ့ဟာတွေ ကိုတိုက်ထုတ်ပေးရမယ်။ စီးပွားရေးကို ကိုယ့်လက်ထဲမှာ ကိုင် ထား၊ လိုသလိုကစားပြီး လူတွေ ဒုက္ခပေးနေတဲ့ ကိစ္စတွေကို တိုက်ထုတ်ပေးရမယ်။ စီစစ်မှုကိုတော့ ရှိသင့်တဲ့နေရာမှာသာ ရှိပါစေ။
မေး ။ ။ ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံသွားမယ်ဆိုပြီး ကြေညာထားတော့ သတင်းလွတ်လပ်ခွင့်ဟာ ရောဘယ်လိုရှိသင့် ပါသလဲ။
ဖြေ ။ ။ ဒီမိုကရေစီနိုင်ငံဆိုတာ လူတွေရဲ့အကြံဥာဏ်နဲ့ ဝေဖန်ချက်၊ ထင်မြင်ချက်တွေကို လွတ်လပ်စွာပြောဆို ခွင့်ရှိတာကို ခေါ် တယ်။ ပြောဆိုပိုင်ခွင့်ဆိုရာမှာလည်း ပုဂ္ဂလိကလွတ်လပ်ခွင့်၊နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၊ ကောင်းကျိုးလုပ်နေတဲ့ကောင်းမွန် တဲ့အဖွဲ့အစည်းများရဲ့ လုပ်ငန်းစဉ်တွေကို မထိခိုက်စေရဘူး။စာမူတစ်ခုရေး တဲ့အခါ ဒီစာမူထည့်သင့် မထည့်သင့်၊ ဝေဖန်ချက်တစ်ခုပါသင့် မပါသင့် ဆိုတာကို သက်ဆိုင်ရာအယ်ဒီတာက ဆုံးဖြတ်လိမ့်မယ်။ ဟိုးအရင်တုန်းက ပေါ်ခဲ့တဲ့ ကွန်မြူနစ်ဂျာနယ်လိုမျိုး အလုပ်သမား၊ လယ်သမားတွေကို လှုံ့ဆော် ပေးတဲ့ စာတွေထည့်ခဲ့ရင်၊ အစိုးရကိုဆန့်ကျင်တဲ့စာမျိုးဖြစ်လာရင် တည်ဆဲဥပဒေနဲ့ အရေးယူ လိုက်ပေါ့။ အစိုးရကိုဆန့်ကျင်ပြီး ရေးသားတယ်။ပြည်ထောင်စုစည်းလုံးညီညွှတ်မှုကို ပြိုကွဲအောင်ရေးသား တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး မုန်းတီးအောင်ရေးသားတယ်။အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မုန်းတီးအောင်ရေး သားတဲ့အခါမျိုးမှာ ခိုင်လုံတဲ့အထောက်အထားယူပြီး ဒီဂျာနယ်ကို တရားရုံးကနေ တဆင့် ပိတ်ပစ်လိုက်။
အယ်ဒီတာကိုထောင်ချပစ်လိုက် ဒါပဲလုပ်လို့ရမယ်။ အဲဒါတွေကို ရှုပ်တယ်ဆိုပြီးတော့ စီစစ်တာမျိုးတော့ မဖြစ်သင့်ဘူး။ အခုဆိုတပ်မတော်အုပ်ချုပ်ရေး ပြီးသွားပြီ။ တရားရုံးစနစ်နဲ့ပဲ လုပ်ရတော့မယ်။ခုဆို ဒီမိုကရေစီ စနစ်အရ စာပေစီစစ်ရေးမူကို လျှော့ပေးမယ်။ (မဂ္ဂဇင်း၊ ဂျာနယ်အမျိုးအစား ၅ မျိုး “တင်ထုတ်” မှ “ထုတ်တင်”ပုံစံပြောင်းလဲပေးမည်ကို ဆိုလိုသည်) လျှော့ပေး ပြီးတော့မှ လွတ်လပ်ခွင့်ပေးမယ်။ စာပေစီစစ်ရေးက လျှော့လိုက်ရင် အယ်ဒီတာ တွေ အရမ်းတာဝန်ကြီးလာလိမ့်မယ်။ ဒီသတင်းက လွတ်လောက်တယ်၊မလွတ် လောက်ဘူး။ မှားလောက်တယ်၊ မှန်လောက်တယ် ဆိုပြီး ကိုယ့်တာဝန်ကိုယ်ယူရတော့မယ်။
တကယ်တော်တဲ့ လူတွေပေါ်လာတော့မယ်။ အဲဒီအချိန်ကျမှ တကယ်တော်တဲ့ သတင်းထောက်တွေ အယ်ဒီတာတွေ ပေါ်လာလိမ့် မယ်။ အခုကျတော့ သတင်းထောက်အလုပ်က အလုပ်မရသေးတဲ့ ဘွဲ့ရလူငယ်တွေရဲ့ ဝေလေလေ လုပ်ငန်းကြီး ဖြစ်နေသေးတယ်။အမှန်ဆို သတင်းထောက်အလုပ်က တကယ်ပင်ပန်းတယ်..။ ။စာကြွင်း။ ။ ဆရာကြည်မင်း (ကျော်စောမင်း) သည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း) ပါမေက္ခချုပ် (အငြိမ်းစား) ဒေါက်တာ မောင်မာင်စံ ဖြစ်ပါသည်။ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၄၃၁၉ မေ ၂၀၁၁
-------------------------
အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၂)ဒေါက်တာလွဏ်းဆွေနေအိမ်အကျယ်ချုပ်က (၁၉၉၅ ဇူလိုင် ၁၀ နဲ့ ၂၀၀၂ မေ ၆) နှစ်ကြိမ်လွတ်မြောက်ပြီး ဒီပဲယင်းကိစ္စနဲ့ အထဲပြန် ၀င်သွားရချိန်အထိ ဒေါ်အောင်ဆန်းစုကြည် လူပေါင်းဆက်မှားခဲ့ခြင်းဟာ ရွှေဝါရောင်တော်လှန်ရေးမှာ တတိ ယအကြိမ် အပိုင်ဂိုးသွင်းနိုင်တဲ့ အခွင့်အရေး ကို ထပ်မံဆုံးရှုံးစေခဲ့ပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဝါ ရောင်တော်လှန်ရေး အရှိန်ကောင်းနေချိန်မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ မန်းဒိတ်ရှိတဲ့ အန်အယ်လ်ဒီပါတီက သာ အစိုးရဖွဲ့ပြီး ဦးဆောင်ရဲခဲ့ရင် သိန်းချီဝန်းရံပေးမယ့် သံဃာထုအင်အားနဲ့တင် ပွဲသိမ်းနိုင်တဲ့ အနေအထား ရှိခဲ့လို့ပါ (သံဃာထုအင်အားဆိုတာကိုက တမူထူးခြားတဲ့ ပါဝါရှိနေတယ်ဆိုတာ အထူးပြောစရာလိုမယ်မထင် ပါ)။အန်အယ်လ်ဒီ အဲဒီလို ဦးဆောင်ခဲ့ရင် တပြည်လုံးမှာရှိတဲ့ ပြည်သူလူထုကလည်း နေမှာမဟုတ်ပါဘူး၊ လမ်းမ တွေပေါ် ဝေါကနဲ ဆင်းချလာပြီး သံဃာတွေနောက်ကို လိုက်လာမှာ အသေအချာပါ။ ရန်ကုန်၊ မန္တလေး၊ မိုး ကုတ်နဲ့ စစ်တွေတို့က လူထုတွေတောင် သံဃာတွေနောက် တော်တော်များများ လိုက်ပါချီတက်နေကြပါပြီ (ကြုံလို့ ပြောရဦးမယ်။ ရွှေဝါရောင်တုန်းက ပွဲပြီးသွားမှာကို ကြောက်လန့်နေခဲ့တဲ့ ဒီဘက်က ခေါင်းဆောင်ဆို သူ လုပ်စားတချို့ကတော့ စစ်အုပ်စုရဲ့ ဖြိုခွဲမှုကို ခံရပြီးချိန်မှာ “ရွှေဝါရောင်က ၈၈ လို မကြီးကျယ်ခဲ့လို့ အန် အယ်လ်ဒီ အစိုးရဖွဲ့လည်း မအောင်မြင်နိုင်ဘူး” လို့ ရင်ဘတ်ဖိပြီး အလုံးကြီးကျသွားတဲ့ လေသံနဲ့ သုံးသပ်ပြော ဆိုတာတွေ၊ လူထူထူမှာ သူတို့ကြောင့်ပဲ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့သယောင်ယောင် အရှက်တရား ကင်းမဲ့စွာ ပြောဆိုတာတွေကိုလည်း ကြားလိုက်ရသေးရဲ့။ ဒါကတော့ ပြောချင်ရာပြော သူ့အရပ်နဲ့ သူ့ဇာတ်ပဲ လေလို့ သဘောထားပြီး ပြုံးနေခဲ့မိပါတယ်။ လွှမ်းမိုးသီချင်းလို ဟဲရရင်တော့ “ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်” ပေါ့)။ဒါပေမယ့် မြန်မာပြည်သူတွေ ကံဆိုးချင်ပြန်တော့ ရွှေဝါရောင်တော်လှန်ရေးကြီး အရှိန်မြင့်လာပြီး ပွဲသိမ်းနိုင် တဲ့ အခွင့်အရေးပေါ်ပေါက်ချိန်မှာ အန်အယ်လ်ဒီရဲ့ ဦးဆောင်ကဏ္ဍမှာ ကီးပလေယာအဖြစ် ရှိနေတဲ့သူနှစ်ဦး က ခေါင်းဆောင်နိုင်မှုအရည်အချင်း အလွန်အမင်း ညံ့ဖျင်းစုတ်ချာလွန်းပြီး အသက်အရွယ်အရလည်း တော် တော့်ကို အိုမင်းနေတဲ့ ဘောင်းဘီချွတ် ဦးအောင်ရွှေ (ဥက္ကဌ) နဲ့ ဘောင်းဘီချွတ် ဦးလွင် (အတွင်းရေးမှူး) တို့ ဖြစ်နေခဲ့ပါတယ်။ အတွင်းရေးမှူး ဦးလွင်က သံဃာတွေ စီတန်းလမ်းလျှောက်နေတဲ့ အရေးကိစ္စကို NLD နဲ့ မ ဆိုင်သယောင် မီဒီယာတွေမှာ ဂဂျိုးဂဂျောင်တွေ လျှောက်ပြောနေခဲ့ပြီး ဥက္ကဌဆိုတဲ့ ဦးအောင်ရွှေကတော့ ဘယ်ကုတင်အောက် ၀င်ပုန်းနေမှန်း မသိနိုင်လောက်အောင်ကိုပဲ အသံတိတ်နေခဲ့တာပါ။ နေပူမရှောင် မိုးရွာ မရှောင် စီတန်းလမ်းလျှောက်နေတဲ့ သံဃာတွေနဲ့ ကျောင်းသားပြည်သူတွေကို အားပေးစကား ပြောသံလေး တောင် တခွန်းတလေ မကြားလိုက်ရပါဘူး။
ဦးအောင်ရွှေ အသံမထွက်တာကတော့ သိပ်တော့မဆန်းဘူးလို့ပဲ ပြောရမယ်။ ဗိုလ်သန်းရွှေနဲ့ နင်လားငါလား ပါပဲ။ (၂၃) နှစ်တာ ကာလမှာ မြန်မာပြည်သူတွေ အသံမကြားဖူးတဲ့ တေမိခေါင်းဆောင်ကြီးနှစ်ဦးကို ပြပါလို့ ဆိုရင်တော့ သူတို့နှစ်ဦးကို ပြရမှာပေါ့။ ဒါပေမယ့် အဲဒီ ‘သန်းရွှေနဲ့ အောင်ရွှေ’ ရွှေနှစ်ရွှေကပဲ ဒေါ်အောင်ဆန်း စုကြည်ကို ညှပ်ကစားသွားတာကိုတော့ ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိထားမိသေးရဲ့ လားမသိ။တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ ခုနှစ် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာ ချိန်မှာ ပါတီကို ကောင်း ကျိုးမပေးဘဲ ဒုက္ခမျိုးစုံသာပေးနေတဲ့ အဲဒီလူညံ့ကြီးနှစ်ဦးကို ပါတီခေါင်းဆောင်နေရာ ကနေ ဖယ်ရှားဖို့မကြိုးစားခဲ့တာဟာ မဟာ့ မဟာအမှားပါပဲ။ အဲဒီမြေအောင်းပွေး ဘောင်းဘီချွတ်ကြီးနှစ်ဦးဟာ ပါတီနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ဦးဆောင်ရာမှာ စုတ် ချာညံ့ဖျင်းသလောက် နအဖအလိုကျ အန် အယ်လ်ဒီပါတီဝင်တွေကို ဖြုတ်ထုတ် နှိပ်ကွပ်တဲ့နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုပါ အလွတ်မပေး လောက်အောင်ကိုပဲ တက်ညီလက်ညီ ရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အ ကျယ် ချုပ် ကျနေချိန်တွေမှာဆို ပါတီတွင်းမှာ ခေါင်းတထောင်ထောင်နဲ့ ပါဝါအာဏာပြသလောက် ဒေါ်အောင် ဆန်းစုကြည် လွတ်လာချိန် တွေမှာတော့ မခုတ်တတ်တဲ့ ကြောင်နှစ်ကောင်လို (ပါတီမပျက်အောင်ဘဲ ထိန်း သိမ်းစောင့်ရှောက်ပေးနေလို့ ကျေးဇူးပဲတင်ရမလို ပုံမျိုး) ကုပ်ကုပ်ကလေး နေတတ်ခဲ့ကြတယ်။ ဒါကို ဒေါ် အောင်ဆန်းစုကြည် မသိတာဘဲလား၊ သိရက်နဲ့ ဗမာလူမျိုးတွေရဲ့ ထုံးတမ်း စဉ်လာအတိုင်း အားနာတာရယ်၊ အသက်အရွယ်ကြီးရင့်တာကို ငဲ့ညှာတာရယ်ကြောင့် ပါတီမှာ ဆက်ထားခဲ့သလား ကိုယ်တိုင်မှ သိ နိုင်မှာပါပဲ။ ဒါပေမယ့် အဲဒီ မြေအောင်းပွေး ခေါင်းရှောင်လူညံ့ကြီးနှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပေါင်းသင်း ခဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ အန်အယ်လ်ဒီရဲ့အခန်းကဏ္ဍ၊ အန်အယ်လ်ဒီ ရဲ့သမိုင်း ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရတာပါပဲ။အဲဒီ မြေအောင်းပွေး လူညံ့ကြီးနှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် အထဲရောက်နေချိန်မှာ နအဖ အလိုအတိုင်း ပါတီဝင်တွေ လှုပ်လို့ရှားလို့ မရအောင် ကန့်သတ်လား ကန့်သတ်၊ အရည်အချင်းရှိ ထက်မြက်တဲ့ ပါတီဝင်တွေ ကို ထုတ်ပယ်လား ထုတ်ပယ်၊ အတုအယောင် အမျိုးသားညီလာခံကို တက်လား တက်နဲ့ နည်းမျိုးစုံကို လူ လည်ကျနေခဲ့တာပါ။ ကျနော်ကတော့ တထစ်ချ ပြောလိုက်ချင်ပါတယ်။ အောက်ခြေ အန်အယ်လ်ဒီပါတီဝင် တွေ ကြက်ကလေး ငှက်ကလေးတွေလို မရေမတွက်နိုင်အောင် အဖမ်းခံရပြီး ထောင်ကျတန်းကျနဲ့ ဘ၀ပျက် ကြရတာ၊ အန်အယ်လ်ဒီကို ၉၀ အနိုင်ရ ဒေါင်ဒေါင်မြည်ပါတီကြီး အနေအထားကနေ သုံးစားမရတဲ့ ချိုကျိုးနား ရွက်ပဲ့ပါတီကြီးဖြစ်အောင် လုပ်ပစ်တာတွေရဲ့ နံပါတ်တစ် တရားခံတွေက ဗိုလ်သန်းရွှေနဲ့ နအဖစစ်အုပ်စုဆိုရင် နံပါတ်နှစ် တရားခံတွေကတော့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ မျိုးချစ်ရဲဘော်ဟောင်း (ဦးတင်ဦး မပါ) တွေပါပဲ။--------------------------------ဘောင်းဘီချွတ် ဦးအောင်ရွှေတို့၊ ဦးလွင်တို့ကို ကြည့်ပြီး ကျနော် သင်ခန်းစာရမိတာတခုရှိတယ်။ ဘာလဲဆို တော့ ‘နိုင်ငံရေး’ ဆိုတဲ့ မီးနဲ့ ကစားရသလိုမျိုး အန္တရာယ်အရမ်းများတဲ့ အရေးကိစ္စကြီးကို ကြောက်တတ်ရင်၊ မပြတ်သားရင်၊ စွန့်ရဲတဲ့စိတ်မရှိရင် အစကတည်း က လုံး၀၀င်မလုပ်တာ အကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာပါ (ကာယကံရှင်အတွက်လည်း ကောင်းတယ်၊ သူ့ရဲဘော်ရဲဘက်တွေနဲ့ အဖွဲ့အစည်းအတွက်လည်း ကောင်း တယ်။ တိုင်းပြည်အတွက်လည်း ကောင်းတယ်ပေါ့)။ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ကို နဂိုကတည်း က စစ်အုပ်စု ထည့်ထားတဲ့ မြေအောင်းပွေးတွေလို့တော့ ကျနော် မထင်မိပါဘူး။
ဒါပေမယ့် ကြောက်တတ်တဲ့၊ မပြတ်သား တဲ့၊ မစွန့်ရဲတဲ့စိတ်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အချိန်မှာ အနိုင်ကျင့်လာတဲ့ စစ်အုပ်စုရဲ့အလိုကို ကြောက်ကြောက်နဲ့ အလျှော့ပေး အကြိုက်ဆောင်ရင်း ကိုယ့်တပ်ကိုယ်ချနင်းတဲ့ အလုပ်မျိုးတွေ လုပ်ဖြစ်ပြီး မြေအောင်းပွေးဘ၀ကို ရောက်မှန်းမသိရောက်သွားရတာလို့ ထင်ပါတယ်။ တိုက်ပွဲကာလ တော်လှန်ရေးအဖွဲ့ အစည်းတွေမှာ အဲသ လိုကြောက်စိတ်ရှိတဲ့၊ မပြတ်သားတဲ့၊ မစွန့်ရဲတဲ့လူတွေ ပါမလာဖို့ အရမ်းအရေးကြီးတယ် ဆိုတဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာတခုကို ရလိုက်တဲ့အတွက်တော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ကျနော် ကျေးဇူးတင် မိပါတယ်။ဒေါ်အောင်ဆန်းစုကြည်မှာတော့ အဲလိုကြောက်တတ်တဲ့စိတ်၊ မပြတ်သားတဲ့စိတ်၊ မစွန့်ရဲတဲ့စိတ်တွေ လုံးဝမ တွေ့ရပါဘူး။ အခုအချိန် အထိ သူ ဖြတ်သန်းပြခဲ့တဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့ရ မှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျနော် သတိထားမိတာတခုက တိုက်ပွဲအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်အကဲဖြတ်နိုင်မှု ပါရမီဓာတ်ခံ အားနည်းပြီး (ဗိုလ်ချုပ် အောင်ဆန်းနဲ့ အဲဒီနေရာမှာ ကွာတာလို့ ကျနော် ထင်မိပါတယ်) ရောက်ရှိနေတဲ့ တိုက်ပွဲအဆင့်နဲ့ မလျော်ညီတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ များခဲ့တယ်လို့ ကျနော် သုံးသပ်မိပါတယ်။ဥပမာအနေနဲ့ပြောရရင် ၉၅ ခုနှစ် ဇူလိုင် (၁၀) ရက်မှာ ပထအကြိမ်အကျယ်ချုပ်က လွတ်လာရာကနေ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၃) မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ် ပြန်ဝင်ရတဲ့အချိန်အထိ ဒေါ်အောင်ဆန်း စုကြည် အပြင်မှာ အချိန် (၅) နှစ်ကျော်ကြာ နေခွင့်ရခဲ့ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အလုပ်တွေကို မြန်မြန် သွက်သွက် လုပ်စရာရှိတဲ့ လူတဦးအဖို့ နည်းနည်းနောနော အချိန် ကာလမဟုတ်ပါဘူး။ အဲဒီကာလမှာ ရွေး ကောက်ပွဲကို အပြတ်အသတ် အနိုင်ရထားတဲ့ အန်အယ်လ်ဒီပါတီရဲ့ အဓိက ဦးစားပေး လုပ်ငန်းစဉ်ဟာ (စစ် အုပ်စု ဘယ်လိုပဲ ညစ်နေညစ်နေ၊ ဘယ်လောက်ပဲ ညစ်နေညစ်နေ) အစိုးရတရပ် မဖြစ်မနေ ဖွဲ့စည်းအကောင် အထည်ဖော်ရေးဆိုတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်သင့်တယ်လို့ ကျနော် ထင်တယ် (ဘောလုံးစကားနဲ့ ရှင်းအောင်ပြော ရရင် အဲဒီအချိန်ဟာ နအဖကို ဘယ်ဘက် အယောင်ပြပြီး ညာဘက်ကို ကန်သွင်းနိုင်အောင် ကြိတ်ပြီး ကြံစည် အားထုတ်ရမယ့်အချိန်လို့ ထင်မိပါတယ်။
ကိုယ်တိုင်လည်း အပြင်မှာရှိနေတုန်း၊ ၉၀ ရလဒ်လည်း ပူနွေးနိုင်သ မျှ ပူနွေးနေတုန်း မဖြစ်မနေ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမယ့်အချိန်ပါ)။ ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုစွန့်စားမလဲဆိုတဲ့ အသေးစိတ် အစီအစဉ်ကိုတော့ ကိုယ်ယုံကြည်စိတ်ချရတဲ့ ဗဟိုကော်မတီလောက်ပဲ တိုင်ပင်ပြီး အနာခံ စွန့်စားရဲတဲ့ အစိုးရတဖွဲ့စာ အမတ်တွေကို မြေအောင်းပွေး ဗဟိုကော်မတီဝင်တွေ မသိ အောင် ကြိတ်ပြီး ရွေးချယ်ရမှာပါ။ ပြီးရင် မထင်မှတ်တဲ့အချိန်မှာ အစိုးရအဖွဲ့ကို ကောက်ကြေညာပစ်လိုက်ရ မှာပါ။အစိုးရအဖွဲ့ ကြေညာတာနဲ့ စစ်အုပ်စုကတော့ ဖမ်းမှာ အသေအချာပဲလေ။ ဖမ်းတာ သူတို့အလုပ်ပဲ၊ ဖမ်းပစေ ပေါ့ (အခုလည်း တခြား အကြောင်းတွေနဲ့ အသားလွတ် အဖမ်းခံခဲ့ရတာပဲမဟုတ်လား၊ ကျနော့်အထင်တော့ တခြားအကြောင်းနဲ့ အဖမ်းခံမယ့်အစား အစိုးရ အဖွဲ့ကြေညာပြီးတော့ အဖမ်းခံရတာက ပိုပြီးအဓိပ္ပာယ်ရှိတဲ့ နိုင် ငံရေးခြေလှမ်းကို လှမ်းလိုက်တာနဲ့ တူတယ်လို့ ယူဆမိပါတယ်)။ ဖမ်းပြီးတာနဲ့ အဲဒီ Case ရှင်းဖို့ စစ်အုပ်စု ခေါင်းစားပေတော့ပဲ။ အစိုးရအဖွဲ့ဝင်တွေ အဖမ်းခံရပြီးရင် အဲဒီ Case ကို ပြည်တွင်းပြည်ပ တောင်းဆိုဆန္ဒပြမှု အား၊ ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေရဲ့ လက်တွေ့ကျတဲ့ အကူအညီအားနဲ့ ၀ိုင်းရှင်းရင် အဲဒီ (၅) နှစ်အတွင်းမှာ တောင် ပွဲကပြီးလောက်ပြီလို့ ကျနော် ကျိန်းသေပေါက်ထင်မိပါတယ်။ အသေအပျောက် ဒဏ်ရာရမှုတွေနဲ့ အ နည်းအကျဉ်း ရင်းရ တာလောက်တော့ ရှိမှာပေါ့။ အခုလို (၂၃) နှစ်ကြာ ပေးဆပ်ရတာလောက်တော့ ဘယ်ဆိုး ပါ့မလဲ (အိုင်ဗရီကို့စ် အတိုက်အခံခေါင်း ဆောင် ၀ါတာရာ ဒီနည်းနဲ့ လက်ဦးမှုယူပြီး ခြေမြန်လက်မြန် လုပ်သွား လို့ လေးလအတွင်း အောင်ပွဲခံသွားတာမဟုတ်လား)။ အခု ကျတော့ ရွေးကောက်ပွဲနိုင်ပြီး အစိုးရမဖွဲ့ရဲတဲ့ အန် အယ်လ်ဒီကို နိုင်ငံတကာကအသိုင်းအ၀ိုင်းက ဘယ်လို ထိထိရောက်ရောက် အကူအညီပေးရမှန်းမသိ၊ ဘာ လုပ်ပေးရမှန်းမသိ ဖြစ်ခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ လွှတ်ပေးပါ” ဆိုတာ လာက် ကိုပဲ ပါးစပ်ညောင်းအောင် အော်ဟစ်ပေးရင်းနဲ့ အချိန်ကုန်ခဲ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်က အဲဒီ (၅) နှစ်ကျော်ကြာကာလမှာ လူထုစည်းရုံးရေး၊ လူထုနဲ့ ထိတွေ့ဆက်ဆံရေး ဘက်ကို ပိုအားသန် နေခဲ့ပုံရပြီး ခြံရှေ့တရားပွဲတွေ၊ လူအုပ်ကြီးထဲဆင်းပြီး ဟောပြောမှုတွေ၊ လက်ပြနှုတ် ဆက်မှုတွေ၊ လက်ခုပ်သံတွေကြားမှာ အချိန် တော်တော်များများ ကုန်ခဲ့တယ်လို့ ကျနော် ရိုးရိုးသားသား ရှုမြင် မိပါတယ်။ ပါတီခေါင်းဆောင်တဦးအနေနဲ့ လူထုစည်းရုံးရေးလုပ်ဖို့ လိုအပ်တာမှန်ပေမယ့် စည်းရုံးရေးလုပ်ငန်း က အဲဒီအချိန်က ရောက်ရှိနေတဲ့တိုက်ပွဲအဆင့်နဲ့ဆိုရင် အဓိကဦးစားပေးလုပ်ငန်းမဟုတ် ဘူးလို့ ကျနော် သုံး သပ်မိလို့ပါ။ ကြည့်ရတာ ၉၀ ရွေးကောက်ပွဲမှာ လူထုကြီးတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အန်အယ်လ်ဒီပါတီကို တခဲနက် မဲပေးခဲ့တာကို အဲဒီအချိန်တုန်းက အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်က ကိုယ်တိုင်မမြင် လိုက်ရလို့များ သူ့အနေနဲ့ “လူထုကို ငါမစည်းရုံးရသေးဘူး၊ တိုင်းပြည်တပတ် လှည့် ဦးမှ” လို့ တွေးပြီး စည်းရုံးရေးဆင်းဖို့ အားသန်ခဲ့တာလားတော့ မပြောတတ်ဘူး။
အမှန်က ဒေါ်အောင်ဆန်းစု ကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်တဲ့အချိန်က ရွေးကောက်ပွဲအပြီး အောင်ပွဲရထားတဲ့ အ ချိန်ဖြစ်လို့ စည်းရုံးရေးကာလကို ကျော်ခဲ့ပါပြီ။ အစိုးရဖွဲ့နိုင်ရေးကိုပဲ အသည်းအသန် ကြိုးပမ်းအားထုတ်ရမယ့် အချိန်ပါ။ နိုင်ငံရေး အကွက်မြင်တဲ့၊ နိုင်ငံရေးသမားပီသတဲ့ ကမ္ဘာ့ဘယ်ဒေသက အတိုက်အခံခေါင်းဆောင်မဆို အဲဒီလိုအချိန်မျိုးမှာဆိုရင် ပြန်ဖမ်း ခါမှ ဖမ်း (‘အတိုက်အခံ’ ဆိုတဲ့ စကားအတိုင်း တိုက်လည်းတိုက်ရဲရမယ်၊ ခံ လည်း ခံရဲရမယ်ဆိုတဲ့ စိတ်နဲ့) အစိုးရအဖွဲ့ကို မဖြစ်မနေ ကြေညာကြမှာပဲလို့ ကျနော် လုံးဝဥဿုံ ယုံကြည်နေ မိပါတယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြင်မှာ အကြာဆုံး နေခွင့်လိုက်ရတဲ့ (တန်ဖိုးရှိတဲ့) (၅) နှစ် ကျော်ကာလအတွင်း ၁၉၉၈ စက်တင်ဘာလ (၁၆) ရက်နေ့မှာ ‘ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ’ ဆို တဲ့ လွှတ်တော်လည်းမဟုတ်၊ အစိုးရ အဖွဲ့ လည်းမဟုတ်တဲ့ စကောစကကော်မတီ (ဒီကနေ့အထိလည်း အဲဒီအ ဆင့်ကနေ မတက်) လောက်ကိုသာ ဖွဲ့စည်းလိုက်ရပြီး နေအိမ် အကျယ်ချုပ်ထဲ ဒုတိယအကြိမ် ပြန်ဝင်သွားခဲ့ရ ပြန်လေတယ်။-------------သတ္တုချကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ (၂၃) နှစ်နီးပါး မြန်မာပြည်သူတွေအတွက် ရာနှုန်း ပြည့် စွန့်လွှတ်ပေး ဆပ် အနစ်နာခံခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည် ရွှေ့လို့ ရွေ့တဲ့ နိုင်ငံ ရေးအရွေ့တော့ လုံးဝမရှိသေးဘူးလို့ ကျနော် သုံးသပ်မိပါတယ်။ ရူပဗေဒဘာသာရပ်မှာ သင်ရတဲ့ W=FxS ဆိုတဲ့ အီကွေး ရှင်းမှာ အားစိုက်မှု (F) မည်မျှပဲရှိရှိ အရွေ့ (S) မရှိရင် အလုပ် (W) က ဇီးရိုးပါပဲတဲ့။ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း W=FxS အီကွေး ရှင်းလိုပါပဲ။ “နိုင်ငံရေးလုပ် သည်ဟုမည်ခြင်း (W) = စွန့်လွှတ်ပေးဆပ်အနစ်နာခံခြင်း (F) x နိုင်ငံရေးအရွေ့ (S)” လို့ပဲ ကျနော် ကတော့ ခံယူပါတယ်။ စွန့်လွှတ်ပေးဆပ်အနစ်နာခံနိုင်တာသက်သက်ကို နိုင်ငံရေးလုပ်တယ်လို့ ပြောလို့မရပါဘူး။ စွန့် လွှတ်ပေးဆပ် အနစ်နာခံနိုင်တဲ့အပြင် တိုက်ပွဲကာလမှာဆိုရင် တိုက်ပွဲကို ရှေ့တဆင့်တက်အောင် (၀ါ) တည် ဆောက်ရေးကာလမှာဆိုရင် ကိုယ့်လူ့ အဖွဲ့အစည်းကို ရှေ့ကိုပိုပိုပြီး ရွေ့သထက်ရွေ့အောင် ရွှေ့နိုင်တဲ့သူမျိုး ကိုမှ နိုင်ငံရေးလုပ်တဲ့သူလို့ ပြောနိုင်မှာပါ။ မဟုတ်ရင်တော့ နိုင်ငံရေးအရွေ့မရှိခဲ့တဲ့ စွန့်လွှတ်ပေးဆပ်အနစ် နာခံသူဘ၀နဲ့ပဲ သမိုင်းဇာတ်ခုံမှာ နိဂုံးချုပ်ရပါလိမ့်မယ် (ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံ ရေးအ၀န်းအ၀ိုင်းမှာက တော့ အများစုက စွန့်လွှတ်ပေးဆပ်အနစ်နာခံတာကိုပဲ နိုင်ငံရေးလုပ်တယ်လို့ မှားယွင်းစွာ ထင်မြင်ပြောဆို ဂုဏ်ယူဝင့်ကြွားနေကြတုန်းပါ)။ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင် (၃) နှစ်နီးပါး ကာလအတွင်းမှာတော့ စွန့်လွှတ်ပေးဆပ်အနစ်နာ ခံခဲ့သူတွေ ဖြစ်တဲ့ အပြင် နိုင်ငံရေးအရွေ့ရှိအောင်လည်း လက်တွေ့ကျကျ ဦးဆောင်လုပ်ပြသွားခဲ့တဲ့ အစုအဖွဲ့ တခုကို အမိမြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် ၀မ်းမြောက်အားတက်ဖွယ် တွေ့ရှိလိုက်ရပါတယ်။ အဲဒီအစုအဖွဲ့ ကတော့ အခုအခါမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အမှူးပြုတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အစုအဖွဲ့ပဲဖြစ်ပါတယ်။(၁၅) နှစ်နီးပါး ထောင်တွေထဲမှာ ပေးဆပ်အနာခံခဲ့ပြီးတဲ့နောက် အပြင်ထွက်လာရတဲ့ (၃) နှစ်နီးပါး ကာလတို လေးအတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ညီညီညွတ် ညွတ် တဗိုလ်ဆင်းတဗိုလ်တက် နည်း ဗျူဟာနဲ့ တိုက်ပွဲဝင်သွားခဲ့တယ်။ နအဖစစ်အုပ်စု မျက်ဖြူဆိုက်ရတဲ့ (နိုင် ငံရေးအရ အရွေ့ဖြစ်စေခဲ့တဲ့) ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပေါ်လာဖို့ ရှေ့ပြေးအင်အားတွေ၊ တိုက်ပွဲဝင် စိတ်ဓာတ်တွေ ဖွဲ့တည်လာအောင် လက်တွေ့ကျကျ ဦးဆောင်ပြသွားခဲ့တယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေရဲ့ ညီညီညွတ်ညွတ် လှလှပပ တိုက်ပွဲဝင်သွားပုံကတော့ တင်စားပြီးပြောရရင် ဖလား (၆) လုံးရ စပိန်ဘာစီလိုနာအသင်းသားများ ဘောလုံးကစားတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေရသလို အရ သာရှိမှရှိပါပဲ။ သူတို့အစုအဖွဲ့နဲ့အတူ ကုန်ဈေးနှုန်းကျဆင်းရေး တိုက်ပွဲဝင်ခဲ့တဲ့ ကိုထင်ကျော်တို့အုပ်စုနဲ့ ထန်းမ နိုင်ရွာသူလေး မစုစုနွေးကိုလည်း မျက်စိထဲ တပါတည်း တွဲမြင်လေးစားနေမိပါတယ်။
နိုင်ငံရေးသမားမျိုးဆက်ပြတ်ခဲ့ရတဲ့ မဆလခေတ်နောက်ပိုင်း (၂၃) နှစ်တာကာလမှာ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် တွေ ဟာ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ အဆင့်ကနေ နိုင်ငံရေးလုပ်တတ်တဲ့ နိုင်ငံရေးသ မားအဆင့်အထိ ပီပီပြင်ပြင် တက်လှမ်းလာ တာကို တွေ့လိုက်ရတာက တိုင်းပြည်အတွက် တကယ့်ကို အား တက်စရာပါပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အား ကုန်သွားခဲ့မယ်ဆိုရင်တောင် (သဘော ပြောတာပါ။ အားကုန်မယ်လို့ မထင်မိသေးပါ) အမိမြန်မာနိုင်ငံအတွက် ၈၈ မျိုးဆက် ကျောင်း သားခေါင်း ဆောင်တွေလို အားကိုးအားထားပြုစရာ Second Line Leader စစ်စစ်တွေကို ရလိုက်ပြီမို့ ကျနော့်အနေနဲ့ တော့ အား ငယ်စိတ် အလျဉ်းမဖြစ်မိဘဲ အလွန်အမင်း ၀မ်းမြောက်အားတက်နေမိတာအမှန်ပါပဲ။ သူတို့အားလုံး အပြင်မြန်မြန်ပြန် ရောက် အောင် ဆွဲထုတ်နိုင်ဖို့အတွက်သာ ကျနော်တို့ တက်ညီလက်ညီ အားထုတ်ကြိုးပမ်း ကြဖို့ လိုမှာပါ။အညှာအတာကင်းတဲ့ သမိုင်းဇာတ်ဆရာဆိုသူ (ချောသလား၊ ရုပ်ဆိုးသလား အပြင်မှာ ကျနော် မမြင်ဖူးသေး) ကလည်း စွန့်လွှတ် ပေးဆပ် အနစ်နာခံနိုင်မှုထက် အလုပ်ဖြစ်မှု (၀ါ) နိုင်ငံရေးအရွေ့ရှိမှု(W)ကို ကြည့်ပြီးတော့ ပဲ အဓိကမှတ်တမ်းတင်တာပါ။ သမိုင်းဇာတ်ဆရာက မောင်ဖြူ၊ မောင်မဲ၊ မနီ၊ မ၀ါဆိုပြီး ညှာတာနေမှာ မဟုတ် ပါဘူး။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ‘မင်ဒဲလား’ ရယ်လို့ ကြီးမြတ်စွာ ကဗ္ပည်းတင်နိုင်ခဲ့ခြင်းဟာ နှစ်ရှည်ထောင်ကျ ခံပြီး ပေးဆပ်အနစ်နာခံမှု တခုတည်းကြောင့်မဟုတ်ဘဲ အာဏာကို လက်ဝယ်ပိုင်ပိုင် ရယူတတ်ပြီး တောင် အာဖရိကဆိုတဲ့ လူ့အဖွဲ့အစည်းကြီးတခုကို ပိုမိုသာယာဝပြောတဲ့ အဆင့်တခုရောက်အောင် တွန်းတင်ပေးနိုင် ခဲ့လို့ ‘မင်ဒဲလား’ ရယ်လို့ ခံ့ထည်စွာ သမိုင်းတွင်ခဲ့တာပါ။ တောင်ကိုရီးယားသမ္မတဟောင်း ‘ကင်ဒေးဂျုံ’ လည်း ထိုနည်းတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က မင်ဒဲလား၊ ကင်ဒေးဂျုံတို့နဲ့ လျှောက်ရာလမ်း တူတဲ့အပြင် ငြိမ်းချမ်း ရေးနိုဗယ်ဆုရတာ၊ စွန့်လွှတ်ပေးဆပ်အနစ်နာခံနိုင်တာမှာလည်း တူညီနေတာမို့ ကျနော်ကတော့ ကျနော်တို့ ပြည်သူတွေ အားကိုးခဲ့၊ အားကိုးဆဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးအရွေ့ရှိအောင် လုပ်နိုင်တဲ့၊ လုပ်တတ်တဲ့ ပြီးပြည့်စုံတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ်နဲ့ပဲ ခံ့ခံ့ထည်ထည်၊ လှလှပပ ဇာတ်သိမ်းတာကို မြင် ချင်မိတာအမှန်ပါ။ဒါပေမယ့် အခုနောက်ဆုံး အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို ချက်၊ လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေမှာ ရှေ့နောက်မညီတာတွေ၊ မြန်မာလိုပြောတာကိုပဲ နောက်ဆက် တွဲ ရှင်းလင်းနေရပြီး အဓိပ္ပာယ်ဖွင့်ဆိုပြနေ ရ တာတွေ၊ တိုက်ပွဲလမ်းကြောင်းအရ လွဲချော်နေတဲ့ ဆုံးဖြတ်လုပ် ဆောင်ချက်တွေ ပိုပိုပြီး တွေ့လာရတယ်ထင်လို့ (ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကတော့ သူမှန်တယ်ထင် လို့ လုပ်နေတာဖြစ်မှာပါ) ကျနော်ကလည်း ကိုယ်မြင်တဲ့အမြင်လေးတွေကို တင်ပြအကြံ ပြုချင်စိတ်တွေ တဖွား ဖွားပေါ်လာပြီး အခုလို ရှည်ရှည်ဝေးဝေး ရေးဖြစ်ခဲ့တာပါ။ရေးဖြစ်ရတဲ့ နောက်အကြောင်းတရား (၃) ခု ရှိပါသေးတယ်။ လွန်ခဲ့တဲ့ (၂၃) နှစ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဆုံးဖြတ်ချက် တိုင်း ဟာ မြန်မာပြည်သူလူထု သန်း (၆၀) ရဲ့ ကံကြမ္မာဖြစ်ခဲ့ရတဲ့အထိ အရှိန်အ၀ါကြီးခဲ့ သလို လာမယ့်အနာဂတ်မှာလည်း ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အမှားအမှန်ဟာ မြန်မာပြည်သူလူ ထု သန်း (၆၀) ရဲ့ ကံကြမ္မာအဆိုးအကောင်း ဖြစ်နေလိမ့်ဦး မယ်လို့ ယုံကြည်နေဆဲမို့ရယ်၊ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း အသစ်က ပြန်စသင့်ပြီလို့ ယူဆမိလို့ရယ်၊ ဒေါ်အောင် ဆန်း စုကြည်အပေါ် မောင်လွဏ်း ဆွေကလေး ချစ်တဲ့အချစ်က ‘ဝေလေလေအချစ်’ မျိုး မဟုတ်တာရယ်ကြောင့် အခုလို မေတ္တာအပို့ခံ၊ အဆဲအ ဆိုခံပြီး ရေးသားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ဘယ်ပုံဘယ်နည်း အသစ်က ပြန်စရမှာလဲ ဆိုတာတော့ ရှေ့ဆက်ရေးမယ့် အပိုင်း (၆)မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီအပေါ် ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ အချက်အလက်တွေကို ပြည့်ပြည့် စုံစုံ အကြံပြုရေးသားတင်ပြမှာဖြစ်ပြီး အပိုင်း (၇) မှာတော့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေဆဲ ပြည် တွင်းပြည်ပက ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမများအားလုံးကို အကြံပြုတင်ပြချင်တာလေးတွေ (လက်တွေ့ ကျကျ လုပ်နိုင်မယ်လို့ ကျနော် စဉ်းစားမိတာလေးတွေ) ကို ရေးသားတင်ပြရင်း နိဂုံး ချုပ်မှာဖြစ်ပါတယ် (လုပ် တာမလုပ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ကျနော်တို့ညီအစ်ကိုမောင်နှမတွေရဲ့ သဘောပါ။ ကျ နော် စဉ်းစားမိတဲ့အချက်တွေကို ရှယ်တဲ့သဘောပါပဲ)။ အပိုင်း (၆) နဲ့ အပိုင်း (၇) နိဂုံးပိုင်း တင်ဆက်မှုများ ရက်အနည်းငယ် နောက်ကျကြန့်ကြာသွားခဲ့ရင် ခွင့်လွှတ်ကြဖို့လည်း ကျနော့်အနေနဲ့ ကြိုတင်မေတ္တာရပ်ခံပါ တယ်။နိုင်ငံရေးတိုက်ပွဲတခုဆိုတာကလည်း ခရီးဆုံးမရောက်မီ တိုက်ပွဲဝင်နေဆဲကာလမှာတော့ အယူအဆရေးရာ ကွဲလွဲမှုတွေ၊ တိုက်ပွဲဝင် ချင် တဲ့ လမ်းကြောင်းချင်း မတူတာတွေ ရှိမှာဖြစ်လို့ ဘယ်လမ်းကြောင်းက ပိုပြီးဖြစ်နိုင်တယ်၊ ပိုပြီးမြန်ဆန်နိုင်တယ်ဆိုတာ ချက်ချင်း လက်ငင်း အဖြေထုတ်နိုင်မှာ မဟုတ်ပါဘူး။ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့လမ်းကြောင်းလည်း မှန်ချင်မှန်မှာပါပဲ(မှန်ရင် ကျနော် တို့ ပိုတောင်ဝမ်းသာရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တာက လူထုမနာဘဲ ငြိမ်းချမ်းစွာပြောင်းလဲရေး ဆိုတဲ့ နည်း လမ်းကိုး။ ဘယ်သူမကြိုက်ဘဲနေပါ့မလဲ။ ဒါပေမယ့် “ငါတို့တိုင်းပြည်မှာတော့ ဒီနည်း မဖြစ်နိုင်လောက်ပါဘူး” လို့ ထင်မိလို့သာ ကျနော့်အနေနဲ့ စဉ်းစားမိတာတွေကို တင်ပြရခြင်းဖြစ်ပါတယ်)။ ကျနော် တင်ပြမယ့် အချက် အလက်တွေလည်း ကြက်ကန်းဆန်အိုးတိုးပြီး ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးတည့်ချင်တည့်မှာပဲ။ ဘာမှ တော့ ကံသေကံမ ပြောလို့မရဘူးပေါ့။တခုတော့ ကျနော် အစိုးအရိမ်ကြီး စိုးရိမ်နေမိတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့လမ်းကြောင်း မှန် နေတာကို ဝေဖန်ရမ လား ဆိုပြီး (ဘာကောင်မှမဟုတ်တဲ့)ကျနော် မောင်လွဏ်းဆွေကလေးအပေါ် ဆဲဆို မေတ္တာပို့နေကြမှုအပေါ်(ယုတ်စွအဆုံး တံတွေး ခွက်ထဲ လိပ်ပြာကူးလေး ကူးနေရရင်တောင်) ကိုယ့်ကိုယ် ကိုယ် သနားတဲ့စိတ် ဖြစ်ပေါ်မိမှာမဟုတ်ပေမယ့် ဆုတွေတလှေကြီး ရ ထားပြီး မြန်မာပြည်သူတွေ အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောက်မှာ နားဆင်ရမယ့် သီချင်းထဲကလို ဖြစ်မှာကိုတော့ ကျနော် အရမ်းအ ရမ်းကို စိုးရိမ်ပူပန်နေမိပါတယ် (ရှင်းအောင် ထပ်ပြောပါဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင်စိတ် ဆိုး တတ်ကြတဲ့ ကိုယ့်ဆရာသမားတချို့က စာကို ရှင်းအောင်မဖတ်ဘဲ တဆိတ်ရှိ ထစ်ကနဲ ဆဲဆိုနေကြရင်း အကုသိုလ်စိတ်တွေနဲ့ လေး ပင်နေမှာစိုးလို့ပါ။ အောက်မှာ နားဆင်ရမယ့် သီချင်းအတိုင်း ဒေါ်အောင်ဆန်းစု ကြည် ဖြစ်နေပါပြီလို့ ကျနော် ပြောဆိုခြင်းမဟုတ်ပါ။ ဖြစ်မှာကို ကျနော် စိုးရိမ်မိတာပါလို့ ပြောဆိုခြင်းသာဖြစ် ပါကြောင်း …)။ဒေါက်တာလွဏ်းဆွေ ၁။၅။ ၂၀၁၁
-------------အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ဒေါက်တာလွဏ်းဆွေဒီတခေါက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်းပြောဆိုချက်တွေ၊ဆုံး ဖြတ်ချက်တွေ၊လုပ်ဆောင် ချက်တွေကို ရင်တထိတ်ထိတ် နားစွင့်ရင်း ကြည့်ရှုရင်း ကျနော့်ခေါင်းထဲမှာ ဒွိဟ ဖြစ်နေတဲ့ အမြင်တခုဟာ ကြာလေလေ ပိုရှင်း လေ လေ ဆိုသလို ဖြစ်လာတယ်။ ဘယ်လိုအမြင်လဲဆိုတော့ အဆုံးအရှုံး ကြီးမားလွန်းပြီး ပေးဆပ်မှုသက်သက်နဲ့သာ အချိန်ကုန်ခဲ့ရတဲ့ နှမြောစရာ၊ ကြေကွဲစရာ (၂၃) နှစ် အတွင်းမှာ ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဒီမိုကရေစီရချင်ဇောနဲ့ “ဘောလုံးလည်း မကန်တတ်၊ သွေးပူလေ့ကျင့်ခန်းတောင် မလုပ်ဖူးတဲ့သူကို အသင်းခေါင်းဆောင် လက်ပတ်ပေးပြီး ကွင်းထဲ အတင်းတွန်းပို့ သလိုမျိုး ဖြစ်ခဲ့ပြီလား” ဆိုတဲ့အမြင်ပါ။ဒီလိုဖြစ်ခဲ့ရတာမှာလည်း ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ မသိစိတ်မှာ ငြိတွယ်နေတဲ့ အစဉ်အလာကို အ လွန်အကျွံ ယုံကြည်ကိုး စားလွန်းတဲ့ အလေ့အထက အကြောင်းတချက်အနေနဲ့ ပါမယ်လို့ ထင်ပါတယ်။ ဘော လုံးကြိုက်တတ်တဲ့ ကျနော်တို့တတွေဟာ ကမ္ဘာ့ဘောလုံးလောကမှာ အဖေ ဆီဇာမယ်လ်ဒီနီ ဘောလုံးထူးချွန် သလို သား ပေါ်လိုမယ်လ်ဒီနီလည်း ဘောလုံးထူးချွန်၊ အဖေ ဖရန့်ခ်ရစ်ချတ်ဂျော့ခ်ျလမ်းပတ် ဘောလုံးထူးချွန် သလို သား ဖရန့်ခ်ဂျိမ်းစ်လမ်းပတ်လည်း ဘောလုံးထူးချွန်၊ အဖေ ဟယ်ရီရက်ဒ် နက်ပ် ဘောလုံးထူးချွန်သလို သား ဂျေမီရက်ဒ်နက်ပ်လည်း ဘောလုံးထူးချွန်ဆိုတဲ့ အစဉ်အလာမျိုးတွေကို ခေါင်းထဲစွဲထားတတ်သလို အ မေရိကန်သမ္မတထဲမှာဆိုလည်း အဖေ ဂျော့အိပ်ခ်ျဒဗလျူဘုရှ်၊ သား ဂျော့ဒဗလျူဘုရှ် ဆိုတဲ့ အဖေသမ္မတ၊ သားသမ္မတ အစဉ် အလာမျိုးတွေ ရှိခဲ့လေတော့ ဘယ်နယ်ပယ်မှာမဆို မိဘတွေ ထူးချွန်ရင် သားသမီးလည်း ထူးချွန်မှာပဲဆိုတဲ့ အစဉ်အလာကို အီကွေးရှင်းချတတ်ကြတဲ့ အလေ့အထတွေ မသိစိတ်မှာ စွဲကပ်နေခဲ့ကြတာ မျိုးကို ဆိုချင်တာပါ။
ဒါကြောင့် ဗမာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်တွေနဲ့ လွတ်လပ်ရေးရ အောင် စွမ်းဆောင်ပြခဲ့ သလို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီမိုကရေစီရအောင် စွမ်းဆောင်နိုင် မှာပဲဆိုတဲ့ စိတ်တွေနဲ့ (၂၃) နှစ်လုံးလုံး ဒေါ် အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားခဲ့ကြတယ်။ ယုံမှတ်လို့ ပုံ အပ်ခဲ့ကြတယ် (ဒီလို အစပျိုးနေလို့ မောင်လွဏ်းဆွေ ကလေး တော့ ဒေါ်အောင်ဆန်းစုကြည်ကို တွယ်တော့မှာ ပဲ ထင်ပြီး “ဒေါ်စုထိ ဓားကြည့်” ဆိုသူများ စိတ်စောရင်မောတာတွေ၊ ဆဲချင်ဆို ချင်တဲ့ အကုသိုလ်စိတ်တွေ မ ဖြစ်ကြဖို့နဲ့ စိတ်အေးအေးထားပြီး နိဂုံးပိုင်းအထိ ဆက်ဖတ်ကြဖို့ ကြိုတင်ပြီး မေတ္တာရပ်ခံချင်ပါတယ်)။၈၈ အရေးတော်ပုံကြီးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် တရားစဟောတာကို မြင်တာနဲ့ မြန်မာပြည်သူလူထု ၀မ်းသာအား တက် ဖြစ်ခဲ့ကြတယ်။ ‘မျှော်လင့်တုန်း ကြော့ဆုံးလာစေချင်’ ဆိုတဲ့ သီချင်းလိုပါပဲ၊ မဆလ (၂၆) နှစ်လုံးလုံး ခေါင်းဆောင်ငတ်ခဲ့တဲ့၊ ခေါင်း ဆောင်ကို ငံ့လင့်နေတဲ့ မြန်မာပြည်သူလူထုဟာ သူတို့ကြည်ညိုလေး စားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးလည်း ဆိုင်းမဆင့် ဗုံမဆင့် ဒီမိုကရေစီတိုက် ပွဲထဲ ဆင်းလာရော ခေါင်းဆောင်မှုနေရာကို ၀မ်းသာအားရ အတင်းထိုး တင်ခဲ့ ကြတယ် (ကျနော့်တဦးချင်းအ မြင်အရတော့ ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲထဲဝင်လာတဲ့အပေါ် ရှိနေတဲ့ လက်ကျန်နိုင်ငံရေး သမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍတွေ မှေးမှိန်လောက်အောင်ကိုပဲ ကျနော်တို့ပြည်သူလူထုက အားကိုးမှု ပိုခဲ့ကြတယ်လို့ မြင်မိပါတယ်)။မြန်မာပြည်သူလူထုက အဲဒီလို ယုံယုံကြည်ကြည်၊ အားကိုးတကြီးနဲ့ တာဝန်ပေးအပ်တာကို ဒေါ်အောင်ဆန်းစု ကြည်ကလည်း ငြင်း ပယ်ခြင်းမပြုခဲ့ပါဘူး။ တာဝန်ကျေပြွန်အောင် ထမ်းဆောင်ဖို့ လင်တကွဲ သားတကွဲနဲ့ မိ သားစုဘ၀ကို အဆုံးရှုံးခံပေးဆပ်ပြီး (၂၃) နှစ် လုံးလုံး အားထုတ်ခဲ့တာကိုတွေ့ရပါတယ်။ ရဟန်းရှင်လူကျောင်း သားပြည်သူအပေါင်းလည်း အသက်သွေးချွေးပေါင်းများစွာ ရင်းနှီး ပေး ဆပ်ပြီး နောက်ကလိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် အားထုတ်စတေးခဲ့သလောက် အရာထင်ခဲ့သလား၊ မထင်ခဲ့ဘူးလားဆိုတာ ကတော့ ဒီကနေ့ ပြည် သူ့ချဉ်ဖတ် ကြံ့ဖွတ်လွှတ်တော်နဲ့ ကြံ့ဖွံ့အစိုးရ ဆိုတာကြီးတွေ ပေါ်ပေါက်လာတာကို ကြည့်ရင် သိသာမြင် သာမယ်လို့ ထင်ပါတယ်။အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများရော ပေးဆပ်အားထုတ်ခဲ့ပါလျက် နဲ့ မြန်မာ့ဒီမိုကရေစီ အရေး ဘာကြောင့် မအောင်မြင်ခဲ့တာလဲ၊ ဘာ့ကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာ လဲ ဆိုတာကို ဒီကနေ့လို အချိန်အခါမျိုး မှာတော့ ကျနော်တို့အနေနဲ့ (အားနာတာတွေ၊ အမုန်းခံရမှာ ကြောက် တာတွေ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကို ခ၀ါချ ဘေးချိတ်ပြီး) ခေါင်းအေးအေးထား စဉ်းစားသုံးသပ်ဖို့ လိုပြီလို့ ထင်ပါတယ်။ ဒီလို ခေါင်းအေးအေးထား စဉ်းစားသုံးသပ်စေချင်တာကလည်း ဒုက္ခ ပင်လယ်ဝေနေတဲ့ မြန်မာ ပြည်သူလူထုအကျိုးအတွက်ပါ။ ပြီးခဲ့တဲ့ (၂၃) နှစ်တာ ကြုံတွေ့ခံစားခဲ့ရတဲ့ ဒုက္ခ၀ဋ်ဆင်းရဲမျိုးကနေ မြန်မာ ပြည်သူတွေ လွတ်မြောက်အောင် ကြံဆကယ်တင်နိုင်မယ့် နည်းလမ်းကောင်းတွေ ထွက်ပေါ်လာစေချင်လို့ပါ။ဒီလို အဖြေရှာသုံးသပ်ရာမှာ စစ်အာဏာရှင်တွေဘက်အပိုင်းကိုတော့ အထူးတလည် ဋီကာချဲ့တော့မှာမဟုတ် ပါဘူး။ မြန်မာစစ်အာ ဏာရှင်တွေဟာ သူတို့အာဏာမြဲဖို့အတွက်ဆို ဘယ်သူ့ကိုမဆို ဖိနှိပ်မယ်၊ ရက်စက်မယ်၊ သတ်ဖြတ်မယ်၊ ကောက်ကျစ်မယ်၊ လူကြီး လူကောင်းမဆန်ဘူး၊ ကတိမတည်ဘူး၊ အရှက်မရှိ မျက်နှာပြောင် တိုက်တဲ့နေရာမှာ ကမ်းကုန်တယ် ဆိုတဲ့အချက်တွေကို မြန်မာပြည် သူလူထုတရပ်လုံးတင်မက တကမ္ဘာလုံး ကပါ အော်တိုမစ်တစ် သိနေကြပြီးသားမို့ အထူးတလည် ဋီကာမချဲ့ချင်တော့တာပါ။ ကျနော် တို့ အတိုက်အခံ တွေဘက်က ချွတ်ယွင်းအားနည်းခဲ့တာတွေကို ဆွေးနွေးအဖြေရှာခြင်းကသာ ပိုအကျိုးများမယ်လို့ ယုံကြည် တာ ကြောင့် လည်း တကြောင်းပါ။ ဒါမှလည်း ရှေ့ဆက် ဘယ်ပုံဘယ်နည်း တိုက်ပွဲဝင်ရမယ်ဆိုတဲ့ နည်းလမ်း ကောင်းတွေ ထွက်ပေါ် လာမယ်လို့ ယုံကြည်ပါတယ်။
တကယ်တော့ ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကစလို့ ဒီကနေ့အထိ (၂၃) နှစ်တာကာလအတွင်းမှာ ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်အုပ်စုဘက်ကို အပိုင်ဂိုးသွင်းနိုင်တဲ့ အခွင့်အရေး ကြီး (၃)ကြိမ်တိတိ ရရှိခဲ့ပါတယ်။ဒါကို အကြိမ် တိုင်းမှာ ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိ တိုက်စစ်မှူးတွေ ဂိုးဝင်အောင် မိမိရရ ပိုင်ပိုင်နိုင်နိုင် ကန်မသွင်းနိုင်ခဲ့လို့ ဒီကနေ့ ကြံ့ဖွံ့ အစိုးရ ပေါ်လာရတဲ့ အခြေအနေကို ဆိုက်ခဲ့ရတာပါ။ မထောက်မညှာ ပွင့်ပွင့်လင်းလင်း ပြောစတမ်းဆိုရင်တော့ အာဏာရှင် န၀တ/ နအဖစစ်အုပ်စု ဘက်က ညစ်နည်းမျိုးစုံနဲ့ ညစ်တာက တပိုင်း၊ ကျနော်တို့ အတိုက်အခံခေါင်းဆောင်တွေရဲ့ ဦးဆောင်နိုင်မှုစွမ်း ရည် အလွန့်အလွန် ချွတ်ယွင်းအားနည်းခဲ့မှုက တပိုင်းလို့ပဲ ပြောချင်ပါတော့တယ် (ဆဲလိုက အားရပါးရ ဆဲကြ ပါလေကုန်)။အခုတလောမှာ ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ အပ်ကြောင်းထပ်အောင် မကြာခဏ ပြောဆိုနေတဲ့ “ဒီမိုကရေစီတိုက်ပွဲဝင်တွေအားလုံး စည်းလုံးညီညွတ်မှုရှိဖို့ လိုတယ်၊ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဖို့ လိုတယ်” ဆိုတဲ့ ပွယောင်းယောင်း စကားတွေအရဆိုရင်တော့ ဒီမိုကရေစီအောင်ပွဲမခံခြင်းဟာဘဲ အတိုက်အခံအင်အားစုတွေ ညီညွတ်မှုမရှိလို့၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှု အားနည်းသေးလို့ ဆိုတဲ့သဘော အဓိပ္ပာယ်သက်ရောက်နေပါတယ်။ကျနော်ကတော့ အဲသလိုမမြင်မိပါဘူး။ ကျနော် မြင်တာကတော့ (၂၃) နှစ် ပြည့်တော့မယ့်အချိန်အထိ အခွင့် အရေးတွေ ရခဲ့ပါလျက် နဲ့ ကျနော်တို့ အောင်ပွဲမခံနိုင်ခြင်းဟာ ခေါင်းဆောင်တွေ ပြောနေသလို စည်းလုံးညီ ညွတ်မှုမရှိလို့လည်း မဟုတ်၊ ပြည်သူလူထု တရပ် လုံး ပူးပေါင်းပါဝင်မှု အားနည်းသေးလို့လည်း မဟုတ်ဘဲ ပွဲ သိမ်းနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်တည်ခဲ့တဲ့ နိုင်ငံရေး အဆင့်တိုင်း အဆင့် တိုင်းမှာ ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှု၊ ရောက်ရှိနေတဲ့ နိုင်ငံရေးအဆင့်ကို မှန်မှန်ကန်ကန် သုံးသပ် အကဲဖြတ်နိုင်ခြင်း မရှိမှု၊ အနာခံ တိုက်ပွဲမ၀င်ရဲမှုတွေကြောင့် နိုင်ငံတော်အာဏာကို လက်ဆုပ်လက်ကိုင်မိမိ ဖမ်းဆုပ်နိုင် ခဲ့ခြင်း မရှိဘဲ အခုလို လုံးပါးပါးရတဲ့ ပရုပ်လုံးအခြေဆိုက်ခဲ့ရတာလို့ မြင်ပါတယ်။ပထမဆုံးအကြိမ် အပိုင်ဂိုးသွင်းခွင့်ရခဲ့တဲ့ ၈၈ အရေးတော်ပုံအတွင်းမှာတော့ နိုင်ငံရေးကွင်းထဲဝင်လာကာစ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံကြီး ဖြစ်ပေါ်လာအောင် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသား တိုက်စစ်မှူးများနဲ့ အခြားနိုင်ငံရေး ခေါင်းဆောင် များက ၀န်ကြီးချုပ်ဟောင်း ဦးနု အပိုင်ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဂိုးသွင်းရကောင်းမှန်း သိပုံမရကြဘဲ (တချို့လည်း သိကြမှာ ပါ) ခါးထောက်ပြီး ငေးကြောင်ကြည့်၊ ကိုယ်နဲ့မဆိုင်သလို နေလိုက်ကြရင်း ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ ဒါကလည်း မဆလ တခေတ်မှာ (၂၆) နှစ်ကျော် နိုင်ငံရေးမျိုးဆက်ပြတ်ခဲ့ပြီး နိုင်ငံရေးအကွက်မြင်မှု အားနည်းတာကြောင့်ရယ်၊ ဦးနုက ရောက်နေတဲ့ တိုက်ပွဲအဆင့်အရ (နိုင်ငံရေးအကွက်မြင်သူပီပီ) ခြေမြန်လက်မြန် လက်ဦးမှုယူလိုက်တဲ့အပေါ် အုပ်စုစွဲ၊ ၀ါဒစွဲ တွေနဲ့ ပွဲလန့်ဖျာခင်း တယ်လို့ မြင်ပြီး အုပ်စုမတူ၊ ၀ါဒမတူသူတွေက ဖျက်မြင်းလုပ်ကြတာရယ် … စတဲ့ အချက် တွေကြောင့် ပွဲသိမ်းနိုင်မယ့် အခွင့်အရေး တခုကို လက်လွတ်ဆုံးရှုံးခဲ့ရတာပါ (ကိုယ်နိုင်ငံရေးအကွက်မမြင်တာ၊ ဖျက်မြင်းလုပ်ခဲ့တာကို ပွင့်ပွင့်လင်းလင်း ၀န်မခံချင်သူတွေ ကတော့ ဦးနုဘက်က စည်းရုံးတိုင်ပင်မှု အားနည်း ခဲ့တယ်လို့ အရှက်ပြေ ဆင်ခြေပေးကြတာကိုလည်း ကြားရပါတယ်။ ထားလိုက်ပါတော့လေ)။အဲဒီအချိန်က ဦးနု ရွှေ့တဲ့ နိုင်ငံရေးရွှေ့ကွက်ကို မြင်တဲ့သူတဦးကိုတော့ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။သူကတော့ မဆလ သမ္မတ ဒေါက်တာမောင်မောင်ပါပဲ။ ဒေါက်တာမောင်မောင်က ဦးနုအစိုးရကို ပြည်တွင်းက ရော ကမ္ဘာကပါ အလျင်အမြန် ၀ိုင်းထောက်ခံ လိုက်ကြရင် သူတို့မဆလတွေ ခွေးဖြစ်ပြီဆိုတာကို ကောင်း ကောင်းသဘောပေါက်ခဲ့တယ်။ ဦးနုက (၆) လအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပ ပေးမယ်လို့ ကြေညာထားတာကိုး။ အဲဒါကြောင့် သူကလည်း အားကျမခံ လွှတ်တော်ကိုယ် စား လှယ်တွေ မပါ တဲ့ အရေးပေါ်ညီလာခံကို ကမန်းကတန်း ကျင်းပပြီး ရုပ်မြင်သံကြားကနေ ကြေညာခဲ့တယ် (အရေးအခင်းအ တွင်း လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေလို့ ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်တာပါ။
တီဗွီမှာ အရင်ညီလာခံတွေတုန်းက ကိုယ်စားလှယ်တွေပုံနဲ့ ဒေါက်တာမောင်မောင် မိန့်ခွန်းအသစ် ပြောတဲ့ပုံကို ဖြတ် ဆက်ပြီး လွှင်ပြ ခဲ့ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်)။ (၃) လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးပါမယ်၊ ကျောင်းသားသမဂ္ဂကြီးကိုလည်း ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရအောင်ဆိုပြီး ပြူးပြူးပျာပျာနဲ့ မက်လုံး တွေ ပေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့လူတွေက မရ တော့ဘူး၊ အရှိန်လွန်နေပြီ၊ မာန်တွေတက်နေပြီ၊ မလို ချင်ဘူး “ကြားဖြတ်အစိုးရဖွဲ့ပေး၊ ညွန့်ပေါင်းအစိုးရဖွဲ့ပေး” လို့ ဘုံးဘုံးလဲနေတဲ့ မဆလအစိုးရဆီ တယောက်တ မျိုး မရိုးနိုင်အောင် အော်ဟစ်တောင်းနေရင်း စစ်အုပ်စု အာဏာသိမ်းတာကို ခံလိုက်ရတော့တယ်။ဒီလို ကိုယ့်ဘက်က ခေါင်းဆောင်လို့ ခံယူသူတွေရဲ့ Decision making အမှားတွေကြောင့် တိုက်ပွဲကို အဆုံး မသတ်နိုင်ဖြစ်ရပြီး န၀တစစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဘက်က ရဲရဲတောက် ခေါင်းဆောင် တွေ ထောင်ထဲမှာ အနှိပ်စက် အညှဉ်း ပန်းခံရ၊ လူမသိသူမသိ သေဆုံးရ၊ နှစ်ရှည်ထောင်ဒဏ်တွေ အကျခံရတဲ့ အထိ ကော့နေအောင် ခံခဲ့ကြရတယ်။ နုနယ်ပျိုမျစ်ဆဲ ကျောင်းသားကျောင်းသူတွေ အတော်များများလည်း ပ ညာရေးခရီး ဆုံးခန်းမတိုင်လိုက်ရဘဲ တောထဲရောက်ကုန်ကြရတယ်။ ဒါဟာ ကျနော့်တို့ဘက်က ခေါင်းဆောင် တွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ လက်ဦးမှုယူ ပွဲမသိမ်းနိုင် (ဦးနုအစိုးရကိုလည်း မထောက် ခံ၊ ကိုယ်တိုင် လည်း အစိုးရမဖွဲ့နိုင်၊ မဖွဲ့ရဲ) ခဲ့တဲ့အတွက် အာဏာသိမ်း စစ်အုပ်စုက သူ့တို့အလုပ်သူတို့ ပီပီပြင်ပြင် လုပ်သွား တာကို မရှုမလှ ခံလိုက်ရတာလို့ပဲ ကျနော်ကတော့ မြင်မိပါတယ် (ပွဲအစမို့ အကွက်မမြင်လိုက်လို့ပါဆိုလည်း အဲဒီရဲ့အကျိုးဆက်ကို ခံလိုက် ရတဲ့ ပြည်သူလူထုခမျာတော့ ဒီကနေ့အထိ ကော့လို့ပါပဲ)။(ဒုတိယပိုင်း)နိုင်ငံရေးမှာ လူပေါင်းမှားရင် အောင်ပွဲနဲ့ လွဲပြီး ကိုယ်တင်မက တတိုင်းတပြည်လုံးပါ ဒုက္ခလှလှ တွေ့ရတတ် တယ်ဆိုတဲ့ သင်ခန်းစာ ကတော့ ဝေးဝေးက သမိုင်းစာမျက်နှာတွေကို သွားလှန်ကြည့်စရာမလိုဘူး။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က ဒုတိယ အကြိမ်နဲ့ တတိယအကြိမ် အပိုင်ဂိုးသွင်းခွင့်ရတာတွေကို အလဟ ဿ ဖြုန်းတီးပစ်ခဲ့တဲ့ (ဂန္ဓီခန်းမအစည်းအဝေးနဲ့ ရွှေဝါရောင်တော် လှန်ရေးတုန်းက ခေါင်းဆောင်မှုအခန်း ကဏ္ဍမှာ ရှိခဲ့တဲ့) အန်အယ်လ်ဒီက မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မ၀တီဝင် (ဘောင်းဘီ ချွတ်) တွေရဲ့ လှုပ် ရှားမှုစာမျက်နှာတွေကို ပြန်လှန်လိုက်ရုံနဲ့ တန်းကနဲ တွေ့နိုင်မယ်။ ဒီလို အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ် ထပ်မံဆုံးရှုံး ရတာဟာ တနည်းအားဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လူပေါင်းမှားခဲ့တာနဲ့ ဆိုင်တယ်လို့လည်း သွယ်ဝိုက် ပြောလို့ရတယ်။သို့သော်လည်းပဲ လူပေါင်းမှားရကောင်းလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့ချင်လို့တော့ မဖြစ်ချေဘူး။ “တိုင်းပြည်ရဲ့ ကံကြမ္မာ ကိုက ဆိုးလွန်းလှပါတယ်ကွယ်” လို့ပဲ ငိုချင်းချရမယ့် အနေအထားပေါ့။ ဘာဖြစ် လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ပြင်ဆင်ဆင် လုပ်ပြီး လာတာမှ မဟုတ်တာ။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုစောင့် ရှောက်ဖို့ ပြန်လာတုန်း ၈၈ အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပြီး အခြေအနေ၊ အချိန် အခါရဲ့ တောင်းဆိုချက် အရ နိုင်ငံရေးလောကထဲ ဗြုန်းစားကြီး ခုန်ဆင်းလာတာဆိုတော့ သူ့နားလာကပ်တဲ့ ဘောင်းဘီချွတ်တွေဆို တာ ဘယ်သူဘယ်ဝါတွေမှန်း သေသေချာချာ လေ့လာချိန်မရလိုက်ဘဲ NLD ကို ဖွဲ့ခဲ့ရတာကိုး။တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွင်းထဲကို အသင်းခေါင်းဆောင်လက်ပတ် ပတ်ပြီး ၀ုန်းကနဲ ပြေးဝင်လာပေမယ့် ကိုယ်နဲ့ တွဲကစားရမယ့် လူတွေရဲ့ အထာနဲ့ ခြေကို ကောင်းကောင်းမသိတော့ ကစားလို့ အတွဲမမိနိုင် ဖြစ်ရတော့တာပေါ့ (ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဘောလုံးကစားတတ်လား၊ မကစားတတ် ဘူးလားဆိုတာကိုလည်း အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင် မသိခဲ့ရိုးအမှန်ပါ။ “ဒို့ဗိုလ်ချုပ်သမီးကွ” ဆိုပြီး တော့ပဲ ၀မ်းသားအားရ စောင့်ကြည့်အားပေးခဲ့တာပါ)။ အတွဲမမိတာ ဘယ်မှာ စ,ပေါ်လဲ ဆိုတော့ ၁၉၈၉ အာ ဇာနည်နေ့ ချီတက်ပွဲလုပ်ဖို့ အခြေအတင် ဆွေးနွေးရာမှာ စ,ပေါ်တော့တာပဲ (ဒါကလည်း အပြင်ကို ပေါက် ထွက် လာတဲ့ ခိုးဖမ်းထားတဲ့ အစည်းအဝေးတိတ်ခွေကို အသိတယောက်ဆီကတဆင့် နားထောင်လိုက်ရလို့ သိတာပါ)။ ခါးမှာ သေနတ်မရှိတော့တဲ့ အဲဒီဘောင်းဘီချွတ်ကြီးတွေက ကြောက်စရာရှိရင် သာမာန်ပြည်သူ တွေထက် ပိုကြောက်တတ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သိခဲ့ပုံမရဘူးလို့ထင်မိရဲ့။အဲဒီလိုနဲ့ အာဇာနည်နေ့ ချီတက်ဖို့ အကြိတ်အနယ် ငြင်းခုံဆွေးနွေးရင်း ချီတက်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစု ကြည်က တဘက်၊ န၀တစစ်အုပ်စုက ခြောက်လှန့်အင်အားပြနေတာကို ကြောက်ဒူးတုန်နေကြတဲ့ ဘောင်းဘီ ချွတ်ကြီးတွေက တဘက် ဖြစ်ကုန်တယ် (အသံတိတ်ခွေကို နားထောင်ရတာမို့ အဲဒီဆွေးနွေးပွဲမှာ ပုဂ္ဂိုလ်ရေး အရ ကျနော် လေးစားသမှုရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ပါ မပါတော့ သေချာမမှတ်မိတော့ပါ။ ပါတယ်ဆို ရင်လည်း အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ “အန်ကယ်တို့ ဒီ လောက်ကြောက်တတ်ရင် ထ မီဝတ်ထားကြ” ဆိုတဲ့ စကားအတွက် မျက်နှာပူစရာ။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနဲ့ ပတ်သက်လို့ လည်း ဦးနု အစိုးရ ကြေညာချိန်မှာ ကာကွယ်ရေးဝန်ကြီးနေရာ ပေးထားတာကို ၀န်ကြီးအဖွဲ့ထဲကနေ အရင်ဆုံး နှုတ်ထွက် သွားတယ် လို့ ကြားရတော့ ကြောက်တတ်လို့ နှုတ်ထွက်သွားများတာလားဆိုပြီး ကျနော် စိတ်မကောင်းဖြစ်ရ ဖူးတယ်)။ အဲဒီအစည်းအဝေးမှာ ဘောင်းဘီချွတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို “ငယ်သေးတယ် ကလေး ရယ် စားကြိုးစားဦးကွယ်၊ စစ်တပ်အကြောင်း ညည်းကလေး ဘာမှမသိသေးပါဘူး” ဆိုတဲ့ ခပ်ထေ့ထေ့ ရယ် သံမျိုးနဲ့ ၀ိုင်းဟားနေကြတဲ့ အသံတွေကို ကျနော့်နားထဲ အခုထိ ကြားယောင်နေတုန်း။အဲဒီမှာတင် အာဇာနည်နေ့ ချီတက်ပွဲကို နီးမှ ကပ်ဖျက်လိုက်တော့ စောင့်စားနေတဲ့ အန်အယ်လ်ဒီသစ္စာခံ နောက်လိုက်နောက်ပါတွေ ဒုက္ခလှလှ တွေ့ကုန်တော့တာပေါ့။ ပြေးသူပြေး၊ အဖမ်းခံရသူခံရ၊ ထောင်ထဲဝင်သူ ၀င်ရနဲ့ ဘ၀ပျက်ကုန်ကြတော့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ချီတက်မယ်လို့ကြေညာထားတဲ့ ‘ခေါင်း ဆောင်ကတိ’ မတည်သလို ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာ န၀တစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေ အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပြီး တတ်သိပညာရှင်အုပ်စုက လူတွေတော် တော်များများကိုလည်း အ ကြောင်းအမျိုးမျိုးပြ ဆွဲစေ့လိုက်လေတော့ ကြောက်တတ်တဲ့ ဘောင်းဘီချွတ် ဗဟိုကော်မတီဝင်ကြီးများက သာ အန်အယ်လ်ဒီကို ဦးဆောင်ခြယ်လှယ်ခွင့်ရခဲ့တော့တယ်။
ဒီလိုနဲ့ မမျှော်လင့်ဘဲ ၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လှိုင်းရိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၀က်ဝက်ကွဲ အနိုင် ရပါလေရော။ ဒါပေမယ့် အဲဒီအချိန် အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအခန်းမှာ ရှိနေတဲ့ ဘောင်းဘီချွတ်ကြီးတွေက နိုင်ငံရေးသမားတွေ မဟုတ်တော့ စွန့်ရဲတဲ့ စိတ်ဓာတ်ကလည်းမရှိ၊ လက်နက်ရှိတဲ့ န၀တစစ်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကိုလည်း ကြောက်တဲ့သူတွေ ဖြစ်လေတော့ ရလာတဲ့ ၉၀ ရလဒ်ကြီး ကို ကိုင်စွဲပြီး အစိုးရမဖွဲ့ရဲဘဲ န၀တ ဟောက်စားလုပ်တဲ့ ၁/၉၀ ကြေညာချက်အောက် ပြား ပြားမှောက် လေ တော့တယ်။ အဲဒီမှာတင် ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေ ဒုတိယအကြိမ် အပိုင်ဂိုးသွင်းရမယ့် ဘောလုံး ကြီးကို န၀တစစ်အုပ်စုက ကောက်သိမ်းသွားပြီး သူတို့လုပ်မယ့် အမျိုးသားညီလာခံကိုသာ တက် ရောက်ဖို့ လမ်းညွှန်တာကို ခံရ ပါလေရောဆိုပါတော့။ဟိုတလောလေးက အောင်ပွဲခံသွားတဲ့ အိုင်ဗရီကို့စ် အတိုက်အခံခေါင်းဆောင် ၀ါတာရာတို့များတော့ ဂန္ဓီခန်း မထဲက ဗဟိုကော်မတီ ၀င် ဘောင်းဘီချွတ်ကြီးတွေနဲ့ ကွာမှကွာ၊ သွက်မှသွက်၊ သတ္တိရှိမှရှိပဲလို့ ပြောရမယ်။ လောရင့်ဘက်ဘိုက အာဏာမလွှဲဘူးလည်း ဆိုရော ခြေသွက်လက်သွက် အစိုးရဖွဲ့လိုက်ပြီး ယူအန်တပ်တွေကို အစောင့်အရှောက် ခေါ်လိုက်တယ်။ နောက်ပိုင်း သူ့ဘက်ကို ထောက်ခံပြီး ပဲ့ထွက်လာတဲ့ တပ်တွေရယ်၊ ပြင်သစ်တပ်တွေရယ်ပါ ၀င်တိုက်ပေးလေတော့ ဟော… လေးလလားပဲ ကြာလိုက်တယ်၊ လော့ရင့်ဘက်ဘိုကို အရှင်လတ်လတ် ဖမ်းမိပြီး အောင်ပွဲခံပါလေရော။ ကိုယ်က တကယ်အစိုးရဖွဲ့ရဲရင် ကုလသမဂ္ဂနဲ့ နိုင်ငံကြီး တွေ က တကယ်ဝင်တိုက်ပေးတယ်၊ လက်တွေ့ကျကျ ကူညီတယ်ဆိုတာ အဲဒါလက်တွေ့ပဲပေါ့။ ကျနော်တို့ ပြည်သူ တွေမှာတော့ ဘောင်း ဘီချွတ်ကြီးတွေရဲ့ ဂန္ဓီခန်းမသွေးကြောင်မှုကြောင့် ဒုတိယအကြိမ် အပိုင်ဂိုးသွင်းခွင့် ဆုံး ရှုံးရပြန်ပြီး မဆုံးနိုင်တဲ့ ငိုချင်းရှည်ဇာတ်လမ်း တွဲကြီးကို ဆက်ကခဲ့ရတာ ကနေ့အထိပဲဆိုပါတော့လေ။(တတိယပိုင်း ဆက်ပါမယ်)ဒေါက်တာလွဏ်းဆွေ
ဦးဝင်းတင်နဲ့ မေးခွန်းများသည်တပတ်မှာတော့ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ကြရာမှာ မတ် ၃၀ စစ်အုပ်စုတင်မြှောက်လိုက်တဲ့ ကြံ့ဖွံ့အစိုးရက နိုင်ငံတော်ရဲ့ အာဏာအ၀၀ကို ရယူလိုက်ပြီးတဲ့နောက် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့ လူ့အခွင့်အရေးကိစ္စတွေကို မြန်မာပြည် သူတွေအနေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီး ရင်ဆိုင်ရမှာလဲ၊ လှုပ်ရှားရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေကို မေးဖြစ်ပါတယ်။ကျနော့်အနေနဲ့ ပထမဦးဆုံး ပြောချင်တာကတော့ ကျနော်တို့ရဲ့ တိုင်းပြည်ရဲ့ ဗဟိုအချက်အချာဟာ နိုင်ငံရေးအကျဉ်း သား တွေ ဖြစ်တယ်။ တိုင်းပြည်ရဲ့ လူထုတရပ်လုံးရဲ့ ရုန်းကန်မှု လှုပ်ရှားမှုတွေ ရဲ့ ပြယုဒ်ဖြစ်တယ် လို့ ပြောချင်တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသားအရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ တိုက်ပွဲတွေ တော်လှန်ရေးတွေ အားလုံးကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်တယ်။ အဲသည် ပုဂ္ဂိုလ်တွေကို အင်န်အယ်ဒီပ်ါတီဝင်တွေ၊ မဟာမိတ်တွေ၊ မိတ်ဆွေတွေတင်သာ မကဘဲ မြန်မာပြည်သူလူထုတွေ၊ နိုင်ငံတ ကာ က မိသားစုတွေက အထူးဂရုစိုက်ပြီး သူတို့တွေ လွတ်မြောက်ဖို့၊ သူတို့တွေနဲ့ မိသားစုတွေကို ကူညီအားပေး လက်တွဲဖို့ ကြိုးစား ကြတာတွေဟာ အလွန်ကို ဂုဏ်ယူဖွယ်ဖြစ်တယ်၊ မမေ့မလျော့ဘဲ အမြဲ ဦးစားပေးလုပ်နေရမယ့် အလုပ်တာဝန်ဖြစ်တယ်လို့ ပြောချင် ပါတယ်။ဆိုတော့ အင်န်အယ်ဒီက ရန်ကုန်မှာ ရှိတဲ့ ဗဟိုဌာနချူပ်ကနေပြီးတော့ပဲ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး တွေ လုပ်နေ တာလား။ တိုင်းနဲ့ ပြည်နယ်အနှံ့က အင်န်အယ်ဒီပါတီင်္ဝင်တွေ၊ မိတ်ဆွေတွေအားလုံးက ၀ိုင်းဝန်းကြ တာပေါ့နော် ဆရာ။
စစချင်းမှာတော့ အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ရဲ့ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်မှုကော်မီတီကနေပြီးတော့ ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကျဉ်းထောင်တွေ ရှိနေတဲ့ မြို့နယ်တွေ အရပ်တွေမှာရှိတဲ့ အင်န်အယ်ဒီပါတီက နီးစပ်ရာ မိသားစုတွေ အသိုင်းအ၀ိုင်းတွေကို ကူညီနေတဲ့ အဆင့်ကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆောင်ရွက်လာကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေအနေနဲ့ကော ဘယ်လိုမျိုး ရှိသလဲဆရာ။နယ်တွေ မြို့တွေက ပါတီဝင်တွေ မိတ်ဆွေတွေက အားပေးမှုတွေ၊ ထောက်ခံမှုတွေ ပြကြလာသလိုပဲ အခြားနိုင်ငံရေးပါတီ ဆိုသူတွေ ကလည်း ထုတ်ဖော်ပြောဆိုလာကြတယ်။ လက်ရှိတက်လာတဲ့ အစိုးရကိုလည်း မေးခွန်းတွေ ထုတ်လာကြတယ်။နိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးအတွက်ကို တောင်းဆိုမှုတွေ တိုးပြီး လုပ်လာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ကလည်း မိမိတို့ ထောင်တွင်းက အခွင့်အရေးတွေ၊ တရားစီရင်ရေးတွေ အတွက်ကို ဥပဒေဘောင်တွင်းကနေ ပြောဆိုမှုတွေ လုပ်လာကြတယ်လို့လည်း ကြားရပါတယ်။ ဒါတွေဟာ ကျနော်တို့ ကြားမိ သိရှိသလောက် လှုပ်ရှားမှုတွေလို့ ပြောချင်ပါတယ်။ပြည်တွင်းပြည်ပက အားပေးမှုတွေ၊ ကူညီမှုတွေ ပြုလုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်လာသလား ဆရာ။တိုးလာပါတယ်။ အဖွဲ့ချူပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ကူညီမှုတွေ လုပ်လာကြသလို နယ်တွေ မြို့တွေမှာလည်း ရှေ့ကိုထွက်ပြီး စောင့်ရှောက်မှုတွေ အားပေးမှုတွေ လုပ်လာတာကို တွေ့နေရတယ်။ ပြည်ပက ဆိုရင်လည်း ခင်ဗျားတို့ မိုးမခမိတ်ဆွေတွေက လက်လှမ်းမှီရာ ကူညီအားပေးမှုလုပ်ကြသလိုမျိုး နိုင်ငံအသီးသီးက မြန်မာမိသားစုတွေကလည်း မိမိတို့ တတ်စွမ်းသမျှ အကူအညီပေးတာတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အညတရ နိုင်ငံရေးအကျဉ်းသားတွေကို ထုတ်ဖော်ပြီး လူထုတွေသိအောင် အသိပေးပြီး ကူညီမှုတွေ လုပ်ကြမယ်လို့လည်း စီစဉ်နေတယ် ကြားသိရပါတယ်။ နှစ်ရှည်ထောင်ကျနေသူတွေ၊ ရဟန်းသံဃာတွေ၊ နယ်ဝေးအစွန်အဖျားမှာ ရှိနေသူတွေ ကို လူတွေက ပိုပြီး သိလာ ရင်းနှီးအောင် လုပ်လာကြမယ်လို့လည်း သိရပါတယ်။ဆိုတော့ စစ်အစိုးရ တင်မြှောက်ပေးလိုက်တဲ့ ကြံ့ဖွံ့အစိုးရ တက်လာလို့ လူထုတွေဟာ နိုင်ငံရေးအကျဉ်းသား အရေးကိစ္စ တွေကို ကျောခိုင်းသွားကြတယ်။ အာရုံတွေ ပြောင်းသွားကြတယ်လို့ ပြောလို့ မရဘူးပေါ့ ဆရာ။ဒီလိုအခြေအနေတွေကို ခြုံငုံကြည့်ရရင် အရင်တုန်းထက်ကစာရင် ပြည်သူလူထုဟာ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စကို မိမိမိသားစု သားချင်းအရေး သားသမီး ညီအကို မောင်နှမ အရေးလိုမျိုး သဘောထားတွေ ဖြစ်လာတယ်။ အရင်တုန်းကတည်းက နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိနေတာပဲ။ အရင်တုန်းကဆို လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ထကြွမှုဟာ နိမ့်လိုက် မြင့်လိုက် ရှိတယ်။ အမြဲ အာရုံစိုက် ခြင်း မခံရဘူး။ အခုတော့ နိုင်ငံရေးအကျဉ်းသားအရေးသည် မြန်မာပြည်သူတွေရဲ့ နေ့တဓူဝ အရေးလိုမျိုး ဖြစ်လာပြီ ဖြစ်တယ်လို့ ပြောချင်တယ်။နောက်မေးခွန်းတခုကတော့ ဆရာရယ် … အခု အစိုးရအပြောင်းအလဲဖြစ်တယ်တို့၊ အရပ်သားအစိုးရ တက်လာတယ်တို့၊ ရွေးကောက်ပွဲနိုင်အနိုင်ရ အစိုးရတို့နဲ့ သတင်းတွေမှာ လူတွေက အမည်တတ်ပြီး ရေးနေကြတယ်။ တကယ်တမ်းကတော့ စစ်အစိုးရကိုယ်တိုင် ထူထောင်ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး ခေါ် ကြံ့ဖွံ့အသင်းကြီး အသွင်ပြောင်း ကြံ့ဖွံ့ပါတီကို စစ်အစိုးရ စိတ်တိုင်းကျ ရွေးကောက်ပွဲနဲ့ တဖက်သတ် အစိုးရဖွဲ့ပေးလိုက်တာဆိုတော့ အခု အစိုးရဆိုတာကို အရင်တုန်းက နံမယ် တပ်သလို နအဖစစ်အစိုးရ၊ န၀တစစ်အစိုးရ ဆိုတဲ့ဆီကနေ ကြံ့ဖွံ့အစိုးရလို့ အမည်တတ်ရတော့မှာပေါ့နော် ဆရာ။ ဟုတ်ပါတယ်။ စစ်တပ်ရဲ့ လွှမ်းမိုးချူပ်ကိုင်မှုကို အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံတဲ့ ရွေးကောက်ပွဲကနေ ပေါ် ထွက် လာတဲ့ လွှတ်တော်မှာ ကြံ့ဖွံ့ပါတီနဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေက အများစု ဖြစ်နေတယ်။ အဲသည်ကနေ ပေါ်ထွက်လာတဲ့ အစိုးရဆိုတာကို ကြံ့ဖွံ့အစိုးရလို့ ခေါ်ကြလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ ကောင်းပါပြီ။ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာတွေနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်တဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းလာအောင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေက ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှား သင့်သလဲ ဆရာ။ စစ်အစိုးရက ခန့်အပ်လိုက်တဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်၊ ဘယ်လို ဆောင်ရွက် ပေးမယ် ဆိုတာတွေက နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်။ သူတို့ကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရင်ဆိုင်ကြရမှာက ကျနော်တို့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါက တပိုင်း။သူတို့က ပြောတာက ငြိမ်းချမ်းရေးတံခါးကြီး ဖွင့်ထားတယ်လို့ ဆိုတယ်။ သို့သော် သူတို့ ငြိမ်းချမ်းရေးတံခါးကြီးဆိုတာက ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့၊ အဲသည် အခြေခံဥပဒေကို ကာကွယ်ပေးတဲ့ ရွေးကောက်ပွဲတွေ ၀င်ဖို့ ဒါပဲ ဖြစ်တယ်။ ဒီလို ပြောလိုက် တာကို အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် ကြံ့ဖွံ့အစိုးရနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်တွဲလုပ်ကြဖို့ပဲ ရှိတယ်။ ဘာလို့ လက်မခံနိုင်စရာရှိရမှာလဲ ဆိုပြီး တချို့တွေက လျောက်ပြောနေကြတာကို ကြားနေရတယ်။အစကတည်းက ဒါကိုလက်မခံတဲ့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေအနေနဲ့ကတော့ လက်ရှိ ကြံ့ဖွံ့အစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့ပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့ထက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့ အခြေခံဥပဒေကို ပေါ်ထွန်းအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့က အဓိကကျတယ်။
နောက်တချက်ကလည်း သာမန်ရွေးကောက်ပွဲဝင်တာထက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အာမခံမှုရှိတဲ့ ရွေးကောက်ပွဲတရပ် ပေါ်ထွန်းဖို့က အရေးကြီးတယ်။ ဒီမိုကရေစီကျတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လွှတ်တော်တွေ ဖြစ်ပေါ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ပေါ်ထွန်းရန် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို နိုင်ငံရေးအင်အားစုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ဒါဆိုရင် ပြည်သူလူထုဖက်ကကော … ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်အုပ်ချူပ်ရေး ကိစ္စအရပ်ရပ်မှာ တိုး တက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင် ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာက တိုင်းပြည်အုပ်ချူပ်ရေးအပိုင်းဖြစ်တယ်။ သူတို့တွေ ပြောဆိုကတိပေးသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရအဖြစ် လုပ်မယ်လို့ ပြောလိုက်တော့ ဒါတွေကို လုပ်ပေးဖို့ကို ပြည်သူတွေကိုယ်တိုင်က ထောက်ပြ တောင်း ဆို လှုပ်ရှားမှုတွေ ပြုလုပ်ရတော့မယ်။Good Governance ပတ်သက်လို့ ကြည့်မယ်ဆိုရင် အခုခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေဆိုတာက အရင် နအဖစစ်အုပ်စုဝင်တွေ ဖြစ်နေတယ်။ အရင်ကတည်းက သူတို့တတွေက ကောင်းမွန်တဲ့ အစိုးရအုပ်ချူပ်မှုတွေ မလုပ်နိုင်ခဲ့လို့ တိုင်းပြည်မှာ အဖက်ဖက်က ချွတ်ခြုံကျနေရတယ်။ တိုင်းရင်းသားဒေသတွေ ဖွံဖြိုးတိုးတက်ဖို့ကိုလည်း မလုပ်နိုင်ဘူး။ အထက်နဲ့ အောက်နဲ့ အစိုးရ၀န်ထမ်းအဆင့် ဆင့်တင်သာမက စစ်မှုထမ်း အဆင့်ဆင့် ထက်အောက်စီးဆင်းမှုတွေမှာလည်း အရေးအခင်းတွေ ဖြစ်နေတာကို ကြားနေရတယ်။ အထွေထွေအုပ်ချူပ်ရေး အဆင့်ဆင့်မှာလည်း စွမ်းအားရှင်တွေ မွေးပြီးတော့ လူမိုက်မွေးပြီးတော့ အောက်ခြေမှာ ကိုယ့်ပြဿနာ ကိုယ်ရှင်းကြဆိုပြီး လုပ်ကိုင်နေဆဲပဲ ဖြစ်တယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့ မေးခွန်းဖြစ်တယ်။ပြည်သူလူထုက ရှေ့လျောက်ပိုပြီးတော့ ကြံ့ဖွံ့အစိုးရဆိုတာကို ဝေဖန်ပြောဆို ထောက်ပြရမယ်။ လယ်သမားတွေ အလုပ်သမား တွေ မှာ အောက်ခြေမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရတယ်။ ဒါတွေကို အပေါ်ကလည်း ဖြေရှင်းဆောင်ရွက်ပေးရမယ်။ ကြည့်ရှင်းလိုက်လို့ ပြောလို့ မရဘူး။Clean Governance ဆိုတာကလည်း လာဘ်ပေး လာဘ်ယူကိစ္စတင်မဟုတ်ဘူး၊ အဆင့်ဆင့် ခြစားနေတာ အဂတိလိုက်စားနေတာ တင် ပြောတာမဟုတ်ဘူး။ နေရာပေါင်းများစွာမှာ အစိုးရ၀န်ထမ်းဆိုသူတွေဟာ ပြည်သူတွေကို အာဏာတွေ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်နေတာ၊ နှိပ်စက်နေတာ၊ အဓမ္မတောင်းနေတာတွေ။ ဗိုလ်ကျ စိုးမိုးတာတွေ။ ဒါတွေကို ဖြေရှင်းရမယ်။ ဒါတွေကို ရင်ဆိုင်ရမယ်။ ဆန့်ကျင်ရမယ်။ ဒါတွေဟာ နအဖစစ်အစိုးရလက်ထက်ကတည်းက အစိုးရ၀န်ထမ်းအဆင့်ဆင့်က ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကို ဒီကြံ့ဖွံ့အစိုးရ ကလည်း ဆက်ပြီး လက်ခံထိန်းသိမ်းထားရင် ပြည်သူလူထုက ဒါကို လက်ခံနေလို့ မဖြစ်ဘူး။ ထောက်ပြ ဝေဖန်ရမယ်။ ဒါက Clean Governance ဆိုတာဟာ ပြည်သူလူထုနဲ့ ဘယ်လောက် တိုက်ရိုက် သက်ဆိုင်နေသလဲဆိုတာကို ပြောတာ ဖြစ်တယ်။ဒီတော့ ဆရာပြောချင်တာကတော့ နိုင်ငံရေးအင်အားစုတွေက ကြံ့ဖွံ့အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်ကြသလို ပြည်သူလူထုတွေကလည်း ကြံ့ဖွံ့အစိုးရကို အုပ်ချူပ်ရေးဆိုင်ရာမှာ ကောင်းမွန်မျှတဖို့ သန့်ရှင်းပွင့်လင်းဖို့ ဆိုတဲ့ကိစ္စတွေ မှာ အမှန်အတိုင်းဖြစ်အောင် ရင်ဆိုင်ရကြမယ်လို့ ပြောချင်တာလား ဆရာ။
ဟုတ်ပါတယ်။ ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ်။
မျှဝေ ပေးပို့ သူ --မောင်ရစ်
၁၃။၎။၂၀၁၁
------------------
ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ
ဦးဝင်းတင်နဲ့ မေးခွန်းများမတ်လ ၃၁ ရက်နေ့မှာ နအဖစစ်ကောင်စီရဲ့ ကြံ့ဖွံ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူလိုက်ပြီလို့ ဆိုတယ်။ နအဖစစ်ကောင်စီရဲ့ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က တရားဝင် အစားထိုးနေရာယူလိုက်ပြီ လို့ ဆိုပါတယ်။ ၁၉၈၈ က ပေါ်ထွန်းခဲ့တဲ့ န၀တ စစ်ကောင်စီ၊ ၁၉၉၇ မှာ အမည်ပြောင်းလဲ လိုက်တဲ့ နအဖ စစ်ကောင်စီ၊ တဖန် ယခု ၂၀၁၁ ခုနှစ်မှာတော့ စစ်ကောင်စီကို လုံးဝဖျက်သိမ်းလို့ (သတင်းများအရ) ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ဦးဆောင်သော အစိုးရတရပ် ပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ အဲသည်အခြေအနေများအပေါ်မူတည်ပြီးတော့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ ၎င်းသဘောထားကို မေးမြန်းဖြစ်ခဲ့ပါတယ်။ဆရာတို့ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ အဲသည် ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အစိုးရတရပ်ကို ကျတော့ ဆရာတို့က ဘယ်လိုသဘောထားမှာလဲ ဆရာ။အခုပေါ်ထွန်းလာတဲ့ အစိုးရဆိုတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အစိုးရတရပ်လို့ ကျနော်တို့က မသတ်မှတ်ဘူး။ သို့သော်လည်း အင်န်အယ်ဒီပါတီအနေနဲ့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့ မဆို တွေ့ဆုံ ဆွေးနွေးသွားဖို့ အဆင်သင့် ရှိတယ်လို့ သဘောထား ပြောဆိုထားတာ ရှိပါတယ်။ ဒါပါပဲ။ဒါဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၈၈ အရေးတော်ပုံကြီးကနေ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်။ တပါတီအာဏာရှင်တွေကို ပြည်ဖုံးကားချပြီးတဲ့နောက်မှာ စစ်အာဏာရှင်တွေ တက်လာတယ်။ သူတို့တွေရဲ့ ရွေးကောက်ပွဲလမ်း ကြောင်းကို ဒီမိုကရေစီအင်အားစုတွေက နိုင်ငံရေးပါတီတွေ ထူထောင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ စစ်အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုပြပြီးတော့ ရွေးကောက်ပွဲအနိုင်ရပါတီတွေကို အာဏာမလွှဲခဲ့ဘူး။ အဲသည်နောက်ပိုင်းမှာလည်း တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချူပ်ချယ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းတယ်၊ လုပ်ကြံ သတ်ဖြတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်။ နောက်ထပ် အနှစ် ၂၀ ကြာတဲ့အခါမှာ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျ ထူထောင်ဖွဲ့စည်းလိုက်တဲ့ ကြံ့ဖွံ့နဲ့ စစ်တပ် ဦးစီးတဲ့ အစိုးရတရပ်ကိုတော့ အာဏာလွှဲလိုက်တယ်လို့ ဖြစ်လာတယ်။
စစ်အာဏာရှင်တွေက သူတို့စစ်ကောင်စီကို ပြည်ဖုံးကားချလိုက် ပြန်ပြီလို့ ပြောရင် ရတာပေါ့။ အခုတက်လာတဲ့ အစိုးရဆိုတာဟာ အာဏာရှင်စနစ်ရဲ့ သမိုင်းနဲ့ အမွေတွေအားလုံးကို လက်ပြောင်းရယူလိုက်တဲ့ အစိုးရတရပ်ပဲလို့ ကျနော်တို့က ပြောလို့ ရမလား ဆရာ။
အခုလက်ရှိမှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေက ပြည်ဖုံးကားနောက် ရောက်သွားပြီလို့ ပြောလို့ မရ သေး ဘူး။ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်ခွင့် ရှိရေး၊ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရေး၊ တိုင်းရင်းသား အရေး ကိစ္စ တွေ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ရှိသေးတယ်။ အခြား တိုင်းပြည်ရဲ့ အထွေထွေ အရေးတွေလည်း ရှိတယ်။ အဲသည်အရေးကိစ္စတွေအတွက် အဖြေရှာနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးကြဖို့၊ နိုင်ငံရေးနည်းလမ်း များနဲ့ ဖြေရှင်းကြဖို့ ဆိုတာတွေဟာ ဘာမှ အပြောင်းအလဲတွေ ဖြစ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒီသဘောထား ရပ်တည်ချက် တွေနဲ့ ဆက်လက် ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။ တလျောက်လုံးမှာ အာဏာရှင်စနစ်က ပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နိုင်ငံရေး နည်းလမ်းများနဲ့ ရင်ဆိုင်နေခဲ့သလို၊ အခုပေါ်ထွန်းလာတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတရပ်ကိုလည်း ဆက်လက် ရင်ဆိုင် သွားရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။နောက်တခုမေးချင်တာကတော့ ၁၉၈၈ မှာ ဦးနေ၀င်းကနေ ဗိုလ်ချူပ်စောမောင်ဦးဆောင်တဲ့ စစ်ကောင်စီကို အာဏာလွှဲပြောင်း ပေး ခဲ့တယ်။ နောက်မကြာခင်မှာပဲ ဗိုလ်ချူပ် သန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီအဖြစ် သူတို့အချင်းချင်းက အာဏာကို ရယူလိုက်တယ်။ အဲသည်ကာလတလျောက်လုံးမှာ ကျနော်တို့တွေမှာ ဦးနေ၀င်းကြီးဟာ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ နောက်ကနေကြိုးကိုင် နေတယ် လို့ သံသယအကျိုးဆက်တွေ ခံစားခဲ့ရတယ်။ အခုအချိန်မှာလည်းပဲ ဗိုလ်ချူပ်သန်းရွှေဆိုတဲ့ စစ်အာဏာရှင်တယောက်ကနေပြီးတော့ သူစိတ်တိုင်းကျဖွဲ့စည်းထားတဲ့ အစိုးရ၊ ဆရာ့စကားနဲ့ ပြောရရင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတခုကို တီထွင်ပြီးတော့ အာဏာလွှဲပေးလိုက်ပြန်ပြီ။ သည်တခါမှာလည်းပဲ မြန်မာပြည်နိုင်ငံရေးအနာဂတ်ဇာတ်ခုံနောက်မှာ ဗိုလ်ချူပ်သန်းရွှေတယောက်က ကြိုးကိုင် စီမံနေတယ်ဆိုတဲ့ အရိပ်မည်းကြီးက ဘယ်လောက်အထိ လိုက်ပါနေမှာလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင်မလဲ။ဒီလိုမျိုး ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖြစ်စဉ်တွေ၊ သမိုင်းဖြစ်ရပ်တွေကြောင့်မို့ အာဏာရှင်စနစ်အောက်က ရုန်းထွက်လို့ မရနိုင်အောင် ဖြစ်နေရတယ်လို့ ထောက်ပြချင်တယ်။ ဒါကြောင့် ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး လို့ ရပ်တည်ခဲ့ရတာ ဖြစ်တယ်။ တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေပါနေရမယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူး ကွာ။ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အုပ်ချူပ်ရေးတွေမှာ လက်နက်ကိုင်စစ်တပ်က ၀င်ရောက် ချယ်လှယ်ခွင့် စိုးမိုးခွင့် ရှိတယ်လို့ ထည့် သွင်းထားတာကို ကျနော်တို့ လက်မခံနိုင်ဘူး၊ အချိန်မရွေး တိုင်းပြည်ရဲ့ အာဏာကို သိမ်းခွင့်ရှိတဲ့ စနစ်မျိုးကို ကျနော်တို့ လက်မခံဘူး။ ဒါတွေကို လက်ခံထားရင် နေရာပေးထားရင် မြန်မာပြည်ရဲ့ သမိုင်းဖြစ်စဉ်မှာ အဆိုးသံသရာလည်နေမှာ ဖြစ်တယ်။ အဲဒါတွေကို လက်ခံထားရင် မေးခွန်းမှာ ပြောထားသလိုမျိုး အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ဘယ်တော့မှ မြန်မာပြည်ဟာ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး ပြောချင်တယ်။ဒါဆိုရင် ဆရာတဦးတည်း အမြင်အနေနဲ့ အခုပေါ်ထွန်းလာတဲ့ အစိုးရအဖွဲ့ကို ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။
ကျနော့်သဘောအနေနဲ့ကတော့ စစ်အာဏာရှင်တွေရဲ့ စစ်ကောင်စီကနေ မွေးဖွားလာတဲ့ အစိုးရတရပ်ဖြစ်တဲ့အတွက် ယခင် နအဖလက်ထက်ကတည်း ရှိနေတဲ့ အရေးအခင်းတွေ၊ ဖြေရှင်းရမယ့် ကိစ္စတွေ၊ အမွေဆိုးတွေကို အခုအစိုးရက အားလုံးကို လွှဲပြောင်းယူလိုက်ရပြီ ဖြစ်တယ်။ သူတို့တတွေက တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ချင်တယ် ဆိုရင် ပြုပြင်ပြောင်းလဲစရာတွေ ပြင်ဆင်စရာတွေကို အရင်ဆုံး ဆောင်ရွက်ပြီးမှ အကောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။ ဒါတွေကို ပြုပြင်ခြင်း ပြင်ဆင်ခြင်း မပြုဘဲနဲ့တော့ အဲဒီရဲ့ အပေါ်ကနေ အကောင်းကို မျှော်လင့်လို့ မရဘူး။သို့သော်လည်း ဆရာရယ် … ကျနော်တို့ဆီမှာက အခုတက်လာတဲ့ အစိုးရတို့ တဖက်သပ်ကျင်းပသွားတဲ့ ရွေးကောက်ပွဲတို့ ဆိုတာ အပေါ်မှာ ကြံဖန်ပြီး အကောင်းမြင်နေတဲ့သူတွေ၊ အဖွဲ့တွေ ရှိတယ်။ တဖက်သတ် မျှော်လင့်ချက်တွေ၊ ကိုယ်ကျိုးကြည့်တဲ့ အမြင် ရှုပ်ထွေးမှုတွေနဲ့ နိုင်ငံရေး အင်အားစုတွေလည်း ရှိတယ်။ အဲဒါတွေကြောင့် မြန်မာပြည်သူလူထုဟာ မျက်စိလည်ကုန်တာ၊ အမြင် မရှင်းတာတွေ ဖြစ်ကုန်တာတွေ ရှိတယ်။ ဥပမာအားဖြင့် အရင်တုန်းက အာဏာရှင်က မကောင်းတာပါ။ သူထက်စာရင် အခု အာဏာရှင်က ကောင်းပါတယ် တို့။ အရင်တုန်းကထက်စာရင် အခုဆိုရင် ပိုပြီးတော့ မြင်သာ ထင်တာတာတွေ ရှိလာပါပြီ တို့ … စသည်ဖြင့် ပြောကြ ဆိုကြတာတွေ ရှိလာတယ်။ ဒါတွေကို ဘာပြောချင်သလဲ ဆရာ။
ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ မဝေးလှတဲ့ အနှစ် ၂၀ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့တတွေက အမှန်အတိုင်း အရှိအ တိုင်း ရှုမြင်သုံးသပ်ပြီး လုပ်ခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ဂန္ဒီကြေညာချက် ထုတ်ပြန်ခဲ့တယ်။ စစ်အစိုးရက ၁/၉၀ နဲ့ တုန့်ပြန်တယ်။ အမျိုးသားညီလာခံလုပ်တယ်။ ကျနော်တို့ဖက်က ဆက်လက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားကြရတာပဲ။ ကျနော်တို့ကို အဲသည်တုန်းက အကြပ်ကိုင်ခံရတာတွေ ရှိတယ်။ ဖိနှိပ် ကန့်သတ်ခံရတာတွေ ရှိတယ်။ အမျိုးသားညီလာခံကိုလည်း တက်ခဲ့ရတာတွေ ရှိခဲ့တယ်။ သို့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကသာလျင် အသင့်တော်ဆုံးဖြစ်တယ် ဆိုပြီး တစိုက်မတ်မတ် တောင်းဆိုရပ်တည် လှုပ်ရှားခဲ့တာပဲ။ နိုင်ငံရေးအရ အကျိုးမရှိဘူးဆိုရင် ဒါကို ကျနော်တို့က ဖုံးဝှက်မထားဘဲ ထုတ်ဖော်ပြောဆို ခဲ့ရတာပဲ။အခုလက်ရှိမှာလည်းပဲ နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေး စတဲ့ နယ်ပယ်တွေမှာ လုပ်စရာတွေ ဖော်ဆောင်စရာ နိုင်ငံရေး အခြေအနေသစ်တွေ ဘယ်လောက် ပေါ်ထွန်းလာမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်တယ်။ အဲဒါတွေ ဘာမှ ပေါ်ထွန်းလာခြင်း မရှိဘူး၊ ဘာမှ မဖော်ဆောင်ဘူး။ ဒါတွေ အားလုံးကို ဇွတ်ငြင်းပြီ၊ ဒါတွေ အားလုံး ဘာမှ မပြောတော့ဘူး၊ မလုပ်ပေးတော့ဘူး ဆိုရင်တော့ ကျနော်အနေနဲ့က ဒါတွေကို ဖော်ထုတ်သွားမှာပဲ။ ဒါတွေကို ကျနော်တို့က ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ဒါတွေကို ကျနော်တို့က မျက်စိလည်သွားတာမျိုး၊ အမြင်ရှု့ပ်ထွေးပြီး မပြတ်မသားဖြစ်တာတွေ လုပ်သွားမှာ မဟုတ်ဘူး။ ဒီလိုပဲ ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။ ပေးပို့ လာသူ--မောင်ရစ်--မိုးမခ၊
၎။၎။၂၀၁၁
--------------
မြန်မာ့ မိုးဇလကို မေးချင်တယ် (အေးချမ်းမြေ့)ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ပေးနိုင်တဲ့ မြန်မာနိုင်ငံအတွက် တခုတည်းသော နေရာဟာ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဝန်ကြီးဌာန (မိုး/ဇလ)ပဲ ရှိပါတယ်။အဲဒီ မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး။ မြန်မာပြည်ရဲ့ တောင်သူဦးကြီးတွေ၊ တံငါသည်တွေအနေနဲ့ အားကိုးရာဟာ ရေဒီယို တခုပဲ ရှိပါတယ်။ သူတို့မှာ အင်တာနက်လည်း မရှိပါဘူး။ ရေဒီယိုကမှ အဖြစ်မှန်အတိုင်း မကြေညာပေးရင် သူတို့ ဒုက္ခ ရောက်ဖို့ပဲ ရှိပါတယ်။မြစ်ဝကျွန်းပေါ်ဘက်က ငါးဖမ်းသူတွေဟာ အခုလို နွေကာလရောက်ပြီဆိုရင် သူတို့ရဲ့ သဘာဝအတိုင်း ဖောင်တွေဖွဲ့၊ တဲတွေ ဆောက်ပြီး အစုလိုက်အပြုံလိုက် ငါးဖမ်းထွက်လေ့ ရှိကြတယ်လို့ သိရပါတယ်။ သူတို့မှာ တခါမှ မကြုံဘူးတဲ့ ရာသီဥတုဖြစ် စဉ် အတွက် အရေးပေါ် အခြေအနေ ကြေညာပေးဖို့၊ သတိပေးချက်တွေ ထုတ်ပြန်ပေးဖို့ အဓိက တာဝန်ရှိတာက မိုးဇလ ဌာနပါ။ အခြေအနေမှန်ကို အရေးပေါ် မကြေညာပေးနိုင် ခဲ့တဲ့ အတွက် အခု မတ်လ ၁၄၊ ၁၅၊ ၁၆ ရက်နေ့တွေက ဖြစ်ပေါ်ခဲ့တဲ့ လာနီညာ၊ စိုက်ဆင်း လေပြင်းတွေနဲ့အတူ သူတို့ရဲ့ ဖောင်တွေ ပြတ်ထွက် မျောပါပြီး ရေလုပ်သား ထောင်ကျော် ဒုက္ခရောက်ခဲ့ရပါတယ်။
မြန်မာပြည်မှာ ပြောင်းလဲတဲ့ ရာသီဥတု ဖြစ်စဉ်နဲ့အတူ နောက်က လိုက်လာတာက သဘာဝဘေးအန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း နာဂစ်က ဥပမာ တခုအနေနဲ့ ပြသခဲ့ပြီးပါပြီ။ ၂၀၀၈ နာဂစ်တုန်းက မိုးဇလရဲ့ တာဝန် မဲ့မှု ကြောင့် လူပေါင်း သိန်းချီ သေဆုံးခဲ့ရပြီး အခုအချိန်ထိ အဲဒီဒေသတွေမှာ စီးပွားရေးနဲ့ ပတ်သက်လို့ နလံ မထူနိုင်သေးပါဘူး။ အတည် မပြုနိုင်တဲ့ သတင်းရပ်ကွက်တွေရဲ့ အဆိုအရ အဲဒီကာလ မတိုင်ခင်က မိုးဇလ ညွှန်ချုပ်ဦးထွန်းလွင်ဟာ ဒီသတင်းကို သိရှိပြီး ထုတ်ပြန်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း တာဝန်မဲ့သူ မြန်မာပြည်ရဲ့ အာဏာပိုင်တွေကြောင့် ဒီသတင်းကို အရေးပေါ် ထုတ်ပြန်ခွင့် မရခဲ့ဘူးလို့ သိရပါ တယ်။ အဲဒီတော့ မဖြစ်အပ်ဘဲ လူသိန်းနဲ့ချီ သေကြေပျက်စီးရပါတယ်။
အခုတခါ လူ ထောင်နဲ့ချီဒုက္ခရောက်ရတဲ့ ဖြစ်ရပ်ကျတော့ တမျိုးဖြစ်ပါလိမ့်မယ်။ အငြိမ်းစား မိုးဇလ ညွှန်ချုပ် ဦးထွန်းလွင်ရဲ့ ဝက်ဘ် ဆိုက်မှာ ရေးထားတာကတော့ စိုက်ဆင်းလေပြင်းတွေကို တိုင်းထွာဖို့အတွက် ကိရိယာကို မဝယ်နိုင်သေးလို့လို့ ဆိုပါတယ်။ နိုင်ငံနဲ့ ချီတဲ့ ဝန်ကြီးဌာနကြီးဖြစ်ပြီး ဒီလောက် အရေးကြီးတဲ့ ပစ္စည်းတခုကို မဝယ်နိုင်တာဟာ ဘယ်လောက်များ ဈေးကြီးလို့ပါလိမ့်လို့ စဉ်းစားမိပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ဝယ်ဖို့ ကြိုးစားနေတာလို့ သူက ဆိုပါတယ်။ မိုးဇလ ဌာနဟာ လူတွေ နောက်ပြောင် ပြောဆိုနေသလို မိုးရွာ မရွာ သိဖို့ ဖား ၃ ကောင်မွေးထားတယ် ဆိုတာမျိုး တကယ်ပဲ ဖြစ်နေပြီလား ဆိုတာ တော်တော်မေး ချင် စရာပါ။
တကယ်တန်း အပေါ်ယံတွေးကြည့်ရင်တော့ မိုးဇလဌာနက ဘာမှ အဂတိလိုက်စားစရာ မရှိတဲ့ဌာန၊ ဘာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှ ရှိစရာမလိုတဲ့ ဌာနလို့ ပြောရမှာပါ။ ဒါပေမယ့် ကြားဖူးတဲ့ သတင်းတွေ အရတော့ ဒီလိုမဟုတ်ပါဘူး။နာဂစ်မဖြစ်ခင် အစောပိုင်းကာလက မိုးဇလက ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်း ကျမယ် ဆိုတာမျိုး သတင်းမှား ထုတ်ပြန်လေ့ရှိ တယ်လို့ သိရပါတယ်။ အဲဒီလို ထုတ်ပြန်လိုက်ရင် ရေတပ်သင်္ဘောတွေက ပင်လယ်ထဲ မထွက် တော့ပါဘူး။ အဲဒီအချိန်မှာ မှောင်ခို လှေတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီပေါ့။ မိုးဇလက မှောင်ခို လှေတွေနဲ့ အပေးအယူလုပ်တယ် ဆိုတဲ့သဘောပါ။ ဒါ ကောလာဟလ ထွက်ခဲ့တဲ့ သတင်းတွေပါ။ ဒါပေမယ့် စဉ်းစားစရာက မြန်မာပြည်ရဲ့ ကောလာဟလ ဆိုတာ တကယ်ဖြစ်နေလို့ ထွက်တဲ့ သတင်းမှန်မျိုးပါ။ ၁၀ ခုမှာ ၉ ခုလောက်က မှန်တတ်ပါတယ်။
မိုးဇလရဲ့ တာဝန်မဲ့မှု၊ မှားယွင်း ထုတ်ပြန်မှုတွေကြောင့် အဓိက ခံစားရတာက အောက်ခြေလူတန်းစားတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လာနီညာ ဖြစ်စဉ်နဲ့ စိုက်ဆင်းမုန်တိုင်း ကိစ္စဆိုရင် တောင်သူဦးကြီးတွေနဲ့ တံငါသည်တွေ အဓိက ခံစားရပါတယ်။ အသက်ဆုံးရှုံးရသူတွေ ရှိသလို စီးပွားရေး နလံပြန်မထူနိုင် သူတွေအများကြီး ရှိခဲ့ပါတယ်။မိုးဇလမှာ ပစ္စည်းကိရိယာ မစုံလင်လို့ဘဲ ဖြစ်ဖြစ်၊ အထက်က ပိတ်ပင်လို့ မကြေညာရတာဘဲ ဖြစ်ဖြစ် ... နောက်ဆက်တွဲ ဖြစ်စဉ်တွေက ကြောက်စရာ ကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။အခု လက်ရှိ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲတွေရဲ့ နောက်မှာ စံချိန်တင် သဘာဝဘေးအန္တရာယ်တွေ၊ ဖြစ်စဉ် တွေက တောက်လျှောက် ဖြစ်ပေါ်နေပါတယ်။ မြန်မာပြည်မှာလည်း ကြောက်စရာ နာဂစ်လိုမျိုး နောက်ထပ် ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ အရင်ကဆိုရင် မြန်မာပြည်သူ ပြည်သားတွေက မိုးလေဝသ သတင်းကို သိပ် စိတ်မဝင်စားပါဘူး။ တလတခါ ရုပ်မြင်သံကြားကနေ ဦးထွန်းလွင်မျက်နှာ ပေါ်လာပြီး ၁ နာရီလောက် ရှင်းပြတာကို ပျင်းကြပါတယ်။ နာဂစ် နောက်ပိုင်းမှာတော့ မိုးလေဝသ သတင်းတွေ၊ အခြေအနေတွေကို သေသေချာချာ စိတ်ဝင်စားနေကြပါပြီ။ သိလည်း သိချင်နေကြပါပြီ။ ဒီတော့ သတင်းမှန်တွေ၊ အချက်အလက် မှန်တွေကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြည်သူတွေဆီ ရောက်ဖို့ ပို့ပေးသင့်တယ် ထင်ပါတယ်။
သဘာဝဘေးအန္တရာယ် တခုခု ဖြစ်လာရင် အုပ်ချုပ်သူ အစိုးရကို အပြည့်အဝ အားကိုးလို့ မရဘူးဆိုတာ ပြည်သူ လူထု အားလုံး သိပါတယ်။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ သတင်းစာမှာဆိုရင် ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့် ရှောက်ရေး ဌာနဆိုပြီးရှိတဲ့အကြောင်း၊ အဲဒီမှာ နိုင်ငံတော်အဆင့် ဥက္ကဋ္ဌ အဖြစ် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ခန့်ထားတဲ့ အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်မကလို့ တပ်ချုပ်ကြီးပဲ ဥက္ကဋ္ဌလုပ်လုပ် သဘာဝဘေးအန္တရာယ်ကြောင့် ခံစားရတဲ့ ပြည်သူတွေ နားလံထူဖို့ ဘာတခုမှ မလုပ်ပေးနိုင်ဘူး ဆိုတာ ခံစားရတဲ့ ပြည်သူတွေက နားလည်ကြပါတယ်။ ရခိုင်ဂီရိ ဒေသမှာဆို အခုထိ သောက်သုံးရေတောင် သေသေချာချာ မရသေးတဲ့သူတွေရှိပါတယ်။ ထမင်းစားဖို့တောင် အနိုင်နိုင် အိမ် ပြန်မဆောက်နိုင်တဲ့သူတွေ၊ လယ်ပြန်မလုပ်နိုင်လို့ ဝိသမ စီးပွားရေးသမားတွေလက်ထဲ ကိုယ်ပိုင်တဲ့လယ်ကို ဈေးပေါပေါနဲ့ ထိုးထည့်လိုက်ရတဲ့သူတွေ အများကြီးဆိုတာ သတင်းတွေကြည့်ရင်သိမှာပါ။
သေချာတာကတော့ ဖြစ်ပြီးသွားရင် ဘယ်သူ့ကိုမှ သေသေချာချာ အားကိုးဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော် အဆင့်က လုပ်ရမယ့် ကိစ္စတွေကို သာမန် လူမှု အဖွဲ့အစည်းတွေက ကူညီပေမယ့်လည်း အများကြီး မထိရောက် နိုင်ပါဘူး။ ဒီကြားထဲ ကူလည်း မကူညီဘူး ကူညီတဲ့သူတွေကို နှောင့်ယှက်မယ်ဆိုတာမျိုး ဖျက်မြင်းတွေကလည်း ရှိနေပါသေးတယ်။
ဒီတော့ ဖြစ်ပြီးသွားမှ ဆိုတာထက် မဖြစ်ခင် သတိနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြည်သူလူထု သိဖို့ လုပ်ပေး သင့်ပါတယ်။ ဦးထွန်းလွင်က သူ့ဝက်ဘ်ဆိုက်မှာ ရေးနေပေမယ့် အင်တာနက် ဆိုတာ ဘာမှန်းတောင် မသိတဲ့ ရေဒီယိုတခုပဲ အားကိုးနေရတဲ့ သူတွေသိဖို့၊ အောက်ခြေက အမြဲတန်း ခံစားနေရတဲ့ လူတွေ နားလည်ဖို့အထိ သတင်းမှန်တွေ၊ အခြေအနေ မှန်တွေကို ထုတ်လွှင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကလည်း နိုင်ငံတော် အဆင့်ကပဲ လုပ်ရမယ့်ကိစ္စပါ။
နိုင်ငံရေးသတင်း မဟုတ်တဲ့ သဘာဝဘေးဒဏ်နဲ့ စပ်ဆက်နေတဲ့ မိုးလေဝသ သတင်းတွေကို ဘာကြောင့်များ စိစစ်ဖြတ်တောက် နေတာလဲ ဆိုတာနဲ့ ... မိုးဇလ ဌာနတခုမှာ ရှိသင့်ရှိထိုက်တဲ့ ကိရိယာတွေ ဘာကြောင့် မရှိနိုင်သေးတာလဲ၊ မဝယ်နိုင်သေးတာလဲ ဆိုတာကိုတော့ မြန်မာ့ မိုးဇလကို မေးခွန်းထုတ်ချင်ပါတယ်။ ။အေးချမ်းမြေ့
ပင်လုံနဲ့ယှဉ်တဲ့ အလွတ်သဘော ဆွေးနွေးအဖြေရှာချက်တချို့မန်းကိုကို-24,Jan, 2011။-တွေ့သမျှ၊ မြင်သမျှ ပင်လုံ ၁.၁ဒုတိယပင်လုံညီလာခံကိစ္စ ပြောကြည့်ကြမယ်ဗျာ။ မစခင် ဆက်စပ်ပြီး အတွေးထဲဝင်လာတာက ၂၀၁၀ မှာ ကြုံခဲ့တာလေးတစ်ခု။ ကျနော့်အီးမေးလ်ထဲ စာတစ်စောင် ဝင်လာတယ်ဗျ။လိုရင်းကတော့ ကျနော်ဟာ အခွင့်အရေးသမား တစ်ယောက်ဖြစ်ကြောင်း သူသိတယ်ဆိုတာနဲ့ “ဒင်းလိုလူစား သတိထားဟေ့” ဆိုတဲ့ ဆောင်းပါးလင့်ပါ ထည့်ပေးထားပြီး ကျနော့် ကို “ဂဠုန်ဦးစော” နဲ့ပါ နှိုင်းသဗျား။ပထမဦးဆုံး ဘယ်လိုခံစားရသလဲလို့ အင်တာဗျူးလုပ်သလိုမေးရင်တော့ … ဟုတ်ကဲ့၊ စိတ်နည်း နည်း အနှောင့်အယှက်ဖြစ်ပါတယ်။ပြီးတော့ ဂုဏ်လည်းယူမိပါတယ်၊ လို့ပြောရပါမယ်။ဗိုလ်ချုပ်အောင်ဆန်းတို့တတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ အနှိုင်းခံရတာများ ဂုဏ်ယူစရာလား ဆိုပြီး ဒေါသထွက်မယ့်သူများ ခဏနေကြပါအုံး။ဦးစော ဘယ်လောက်ဆိုးသလဲ ကျနော်သိပ်မသေချာ ပါဘူး။ သေချာတာက သူနန်းရင်းဝန်ဖြစ်ခဲ့ဖူးတယ်။ဆရာစံတို့ လယ်သမားသူပုန်တွေဖက်က ရှေ့နေ လိုက်ပေးခဲ့ဖူးတယ်။အချို့က သူ့အကျိုးအတွက် မျှော်မှန်းပြီးလုပ်တာလို့ ပြောကြပါတယ်။ကျနော်က တော့ တစ်ဖက်လှည့်တွေးကြည့်ပါတယ်။ အကျိုးကို မြင်နိုင်တာကိုက မညံ့ဖူးလို့ထင်တယ်၊ နောက်တစ် ချက်က သူပုန် တွေဖက်က ခြူးတစ်ပြားမှမရပဲ ဒုက္ခပါရောက်သွားနိုင်တဲ့ စွန့်စားရမှုကို လုပ်ရဲတာ။ နောက် ဆုံးမှာ ဗမာလူမျိုးတွေထဲက ရခဲလှတဲ့ ရာထူးအထိ တက်ယူသွားနိုင်တယ်။ပါချီပါချက်အဆင့်တောင် မတက်နိုင်သေးတဲ့ ကိုယ့်လိုလူကို ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ လာနှိုင်းတော့ ကျနော်ဂုဏ်ယူမိတာ မှားများသွား မလား။ ကိုယ့်နဲ့ နှိုင်းယှဉ်လို့မရတဲ့ အရည်အသွေးတွေအပြင် အာဇာနည်လုပ်ကြံမှုမှာ ဦးစောဟာ ကြား ကဓါးစာခံပါဆိုတဲ့ အငြင်းအခုံ တွေကိုတော့ အရှည်မချဲ့ချင်တော့ပါဘူး။
ဆက်စပ်လို့ တွေးကြည့်တာပါ၊ ပင်လုံဖက် ပြန်လှည့်ရအောင်။ပင်လုံစာချုပ်မချုပ်ခင်မှာ မိုင်းပွန် စော်ဘွားကြီးပြောခဲ့တဲ့ “အင်္ဂလိပ်ကျွန်ကနေ ဗမာကျွန်အဖြစ် လက်ပြောင်းခံရတာမျိုးတော့ မဖြစ်ချင် ဖူး” ဆိုကာမှ ခုတော့ တကယ်ကိုလာဖြစ်နေတယ်လို့ တိုင်းရင်းသားအတော်များများက ပြောကြ တာတော့ အမှန်ပဲဗျ။(သူတို့တာဝန်အရေး ၃ ပါးကြားထဲမှာ ကြီးပြင်းလာသူတွေအတွက်တော့ ချွင်း ချက်ပေါ့လေ)။အလွယ်တကူမြင်တဲ့အထဲက ထည့်တွက်စရာလေးတွေတော့ ရှိပါတယ်။ပထမတစ်ချက်က ဒီ ပင်လုံစာချုပ်လက်မှတ်ထိုးတော့ အနည်းဆုံး ရခိုင်၊ မွန် နဲ့ ကရင်တို့ မပါခဲ့ဖူးဆိုတဲ့အချက်ပါ။အဲဒီ တစ်ချက်နဲ့တင် အတော်လေး ဝိဝါဒကွဲစရာ၊ ငြင်းခုံစရာတွေ ဖြစ်နေပါပြီ။နောက်တစ်ချက်ကတော့ ပင်လုံစာချုပ်မှာ ပါသူ မပါသူအားလုံးအတွက် အာမခံချက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းထုတ် လိုက်တဲ့အချက်ပါ။အဲဒီမှာ ကိစ္စကပြတ်သွားပါပြီ။ နောက်ဆက်တွဲတွေကတော့ အပြန်အလှန်အပြစ် တင်တာတွေနဲ့ ယောင်ဝါးဝါးတွေ များသွားပါပြီ။အဲဒီလိုဖြစ်အောင်လည်းလုပ်ခဲ့တဲ့ ဗမာခေါင်းဆောင် တွေရှိခဲ့တာကြောင့် ခုထိ တဝဲလည်လည်ပေါ့ဗျာ။(ခုတော့ သူတို့လိုချင်တဲ့ပုံစံ ရနေပြီလေ၊ ရင်ပတ် ဟောင်းလောင်းနဲ့ ခန္ဓာအစိတ်အပိုင်းအားလုံးလည်း မြင်တဲ့အတိုင်း ဆန့်ငင်ဆန့်ငင် ပေါ့။)ဒုတိယပင်လုံဆီ ဆက်မသွားခင် အချက်တစ်ချို့ကိုလည်း ထည့်စဉ်းစားကြည့်ချင်ပါတယ်။ ပထမတစ်ချက် ကရင့်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်တွေကို ဗမာခေါင်းဆောင်တွေက နေရာ အတော်များများမှာ “ခင်ဗျားတို့လိုချင်ရင် တိုက်ယူပေါ့ဗျာ” လို့ ပြောခဲ့တာ တွေ ရှိတယ်လို့သိရပါ တယ်။နောက်တစ်ချက်က ၁၉၄၇ အခြေခံဥပဒေကို လိုရာဆွဲရေးပြီး လူမျိုးစုတွေရဲ့ အခွင့်အရေးကို ဘယ်လိုမှ ဥပဒေကြောင်းအရ ဖြစ်မ လာနိုင်အောင် လုပ်ထားခဲ့တာ၊ ပြီးတော့ လွတ်လပ်ရေးရစမှာ စစ်တပ်မှာ ကရင်တွေသာများခဲ့တာ အားလုံးလိုလို သိကြမယ် ထင်ပါတယ်။ကျနော်ကြားမိသမျှက တော့ ကရင်တွေကိုတိုက်ဖို့ တောခိုခဲ့ကြရာက ဦးနေဝင်းကပါ လိုက်မလိုလိုနဲ့ ကွန်မြူနစ် အပါအဝင် အခြား အဖွဲ့တွေကို တဖက်လှည့်ပြီး သူပုန်ဖြစ်အောင်လုပ်ခဲ့တယ် လို့ဆိုပါတယ်။ အဖွဲ့စုံက သိမ်း ထားတဲ့မြို့တွေကို KNDO က ပြန်သိမ်းပြီး အစိုးရလက်ထဲ ပြန်အပ်ခဲ့ပြီးမှ ဦးနေဝင်းက သူ့လက်စွဲ ဦးစန်းယု၊ ဦးစိန်လွင်တို့တတွေနဲ့ KNDO ရုံးတွေကို ဝင်စီးပြီး တောထဲ ရောက်အောင် တွန်းထုတ်ခဲ့ တယ်လို့ ဆိုပါတယ်။တခါ ဒီဖက်ခေတ်ရောက်ပြန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနာမည်တပ်ပြီး တဖက်သတ် လက်နက်ချဖို့ချည်း ပြောနေခဲ့တာ၊ လက်နက် ကိုင်အဖွဲ့တွေကို ကွဲအောင်ဖဲ့ထုတ်တာ၊ နိုင်ငံရေးအရ ဘယ် တုန်းကမှ မဖြေရှင်းတာ၊ လူမျိုးရေး ဘာသာရေးကိစ္စလေးတွေကလည်း တခါတရံမှာ တမြေ့မြေ့အနေ အထားထက် ပိုလာတတ်တာတွေအပြင် NLD တောင်မှ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျတဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေ အများသိအောင် ချမပြနိုင်တာတွေဟာ တိုင်းရင်းသားတွေအတွက် မယုံကြည်ရလောက်အောင် ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ချို့ပေါ့ဗျာ။ အဲ .. တစ်ဖက်မှာတော့ စစ်အာဏာပိုင်တွေဖက်က နည်းနည်းမှအလျော့မပေးပဲ အပြတ်အသတ် နှိပ်ကွပ်မှာရယ်၊ဒုတိယပင် လုံညီ လာခံကို မရရတဲ့နည်းနဲ့ဖျက်မှာကတော့ အင်မတန်ကို ယုံကြည်စရာကောင်းနေပြန်တော့သ ကိုးဗျ။[အချုပ်ကို ကြည့်ပြန်တော့လည်း ခေတ်အဆက်ဆက် ဦးဆောင်နေခဲ့သူတွေဟာ ဗမာ မဟုတ်ရင် လည်း ဗမာစိတ်ဝင်နေသူ တွေ ချည်းဆိုတော့ တိုင်းရင်းသားတွေဖက်က ကြည့်လိုက်ရင် ဗမာတွေဟာ (အယဉ်ကျေးဆုံးပြောရရင်) ဥာဏ်များတယ်၊ ယုံလို့မရဖူးလို့ ယေဘုယျအဖြေထွက်တာပါပဲ။ဒါကို အကြောင်းအမျိုးမျိုးပြ ငြင်းကြမှာလည်း သေချာပါတယ်။အချို့ဗမာတွေအတွက်လည်း နားလည်ဖို့ ခက်ကောင်းခက်ပါလိမ့်မယ်။ဒါပေမယ့် အရိုးဆွေးနေပြီဖြစ်တဲ့ ကိုလိုနီနယ်ချဲ့စနစ်ကို ခုထိကြောက်ရွံ့ (အကြောင်းပြ) ပြီး နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားနေတုန်း ဖြစ် တဲ့ သူတွေကိုကြည့်ရင် နည်းနည်းတော့ စာနာသဘောပေါက်ပေးနိုင်မယ် ထင်ပါတယ်။မဖြစ်နိုင်တာကိုတောင် ဗမာအချို့ကြောက်နေကြသေး တာ၊ တိုင်းရင်းသားတွေက လက်ရှိခံစားနေကြရတာလေဗျာ။တခါ စစ်အာဏာရှင်တွေကို လက်ညှိုး ထိုးပြီး လူတစ်စုက လုပ်တာပါလို့ ပြောကြပြန်မယ်။ဟစ်တိုင်ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာကဏ္ဍမှာရေးထား သလိုပေါ့ဗျာ၊ဗမာပြည်ကို သိမ်းတာ အိန္ဒိယ (ကုလား) တပ်တွေပဲ၊ အင်္ဂလိပ်တွေက ဦးဆောင်ရုံ ဦး ဆောင်ခဲ့တာ ဆိုသလိုပေါ့။(ဖြစ်နေတဲ့ အနေအထားကို ပြောတာနော်၊ လူမျိုးမုန်းတီးရေး ပြောနေတယ် လို့ စွပ်စွဲချင်သူရှိရင် နှစ်ခါပြန် စဉ်းစားဖို့ လိုကောင်း လိုပါမယ်။ အမှန်ကိုလက်မခံရင် ဘယ်တော့မှ ဖြေ ရှင်းလို့ရမယ့် ကိစ္စတွေ မဟုတ်ဖူးလို့ သတိပေးချင် ပါတယ်။)]
ဒီကနေ့အနေအထားကိုကြည့်တော့ ပင်လုံညီလာခံအတွက်ပဲပြောပြော၊ ပြည်သူတွေနိုးကြားလာ အောင်လို့ပဲဆိုဆို၊ ဒါမှမဟုတ် တိုင်း ရင်း သားစည်းလုံးညီညွတ်ရေးလို့ နာမည်တပ်တပ် လုပ်လို့ရစရာ က တစ်ကွက်မှ မရှိဖူးလေဗျာ။ ခရီးသွားလာ ဆက်သွယ်ဖို့၊ သတင်းလွတ်လပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပွင့် ပွင့်လင်းလင်း အာဃာတကင်းကင်းနဲ့ ဆွေးနွေးဖို့တွေဟာ ပန်လေသောဘုရားလောင်း ဆု လိုပဲ မျှော် လေတိုင်းဝေးလေတော့ အင်း …လိုရင်းကတော့ ဒီနိုင်ငံလည်း အုံကြွပြီး အတော်ကလေးသတ်ဖြတ် ကြလို့ဝမှပဲ ပြောင်းလဲ မှု ဆိုတာ ရှိလာနိုင်ဖို့ မြင်မိပါတယ်ဗျာ၊ တကယ်ပါ။(ဝက်ဘ်ဆိုဒ်တွေမှာ ပြောနေကြတာတော့ ရှိပါတယ်။ ဒေါ်စု နိုင်ငံပြင်ပထွက် ဆွေးနွေးဖို့တို့၊ ကိုယ် စားလှယ်တွေနဲ့တဆင့် ဆွေးနွေးဖို့ တို့ စသည်ဖြင့်ပေါ့။ ကျနော်မြင်တာတော့ ဒေါ်စု တစ်ယောက်ပဲ အားလုံးကယုံကြည်တယ်၊နိုင်ငံပြင်ပထွက်ဖို့က နအဖအကွက်နဲ့ကွက်တိမို့ မဖြစ်နိုင်၊ နအဖ ဖက်ကလည်းဘယ်လိုမှ လျှော့ဖို့လမ်းမမြင်ဆိုတော့ မီးတောင်ပေါက် ကွဲမှုကို စောင့်ကြရုံပေါ့ဗျာ။)အပျက်မြင်တယ်ဆိုလည်း ခံရမှာပဲ။ ဒါပေမယ့် တဖက်က လုပ်လို့ရနိုင်မယ်ထင်တာကတော့ ဒေါ်စု နောက်ခံနဲ့ အများပြည်သူကို အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးဖို့က စရမယ်လို့ ယုံကြည်မိတာပါ ပဲ (ဒီမိုကရေစီလိုလားသူတွေအတွက်ကော နအဖခေါင်း ဆောင်များရဲ့ သွေးသံမကျမယ့် တစ်ခုတည်း သောထွက်ပေါက်လို့ နားလည်မိတယ်)။ဒုတိယ ပင်လုံပန်းတိုင်ကိုသွားဖို့လမ်းဟာ မဖြစ်နိုင်ဖူးမဟုတ် ပေမယ့် လက်ရှိအနေအထားမှာတော့ အင်မတန် အလှမ်းဝေး နေသေးတယ်လို့ ယေဘုယျမြင်မိတယ်။ပင်လုံကိစ္စအပြင် ဒီမိုကရေစီအရေးအပါအဝင် မြန်မာပြည်သူပြည်သားတွေအားလုံး အသိပညာဗဟုသု တ မြင့်မားလာပြီး လိုအပ်တဲ့ ရုပ်ပိုင်း စိတ်ပိုင်း ပြင်ဆင်စရာတွေ အတိုင်းအတာတစ်ခုအထိ လိုတယ် လို့ မြင်ပါတယ်။(စားလို့ရနိုင်တဲ့ အနေအထားအထိနူးလာအောင် ချက်ပြုတ်ဖို့လိုသလိုပဲလို့ ခိုင်းနှိုင်း ရင်လည်း ရနိုင်ပါလိမ့်မယ်။) အဲဒါကို ဘယ်လို သွားမလဲဆိုတာကတော့ လုပ်ရင်းကိုင်ရင်း ဖြစ်သွားပါ လိမ့်မယ်။ လုပ်မယ့်လူတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားတွေကို ကြိုပြီးအကဲ မဖြတ် ချင်ပါဘူး။စပြီး လုပ်မယ့် သူတွေသာလိုပါမယ်။ ခုလည်း လုပ်တော့လုပ်နေကြတာပါပဲ။လူအား ဥာဏ်အား ဘောဂအားတွေ ထပ်ဆင့်လောင်းပေးဖို့ပဲ လိုပါတယ်။အမှန်ကတော့ အပေါ်မှာရေးခဲ့သလို “ဗမာ” လို့ နာမည်တပ်ပြောရမယ့်ကိစ္စနဲ့ပတ်သက်လို့ ရေးရ မှာကို ဝန်တော့အတော်လေး နေခဲ့ မိပါတယ်။အထူးသဖြင့် ခုလိုရန်သူထက် မိတ်ဆွေရှာချင်တဲ့ အချိန် မျိုးမှာ မပြည့်စုံတဲ့အသိ လေ့လာမှုနဲ့ စိတ်ထဲရှိတာကို ပြောထုတ်ရတာဟာ မလိုလားစရာတွေဖက် ဦး တည်သွားနိုင်သလို အခြား အကျိုးမျှော်တွက်ကိန်းချက်ကိန်းတွေနဲ့လည်း အင်မတန်အံချော်တဲ့ လုပ်ရပ် တစ်ခုပါ။ဒါပေမယ့် အခြားတစ်ဖက်ကိုကြည့်ပြန်ရင် မြန်မာပြည်မှာ (အထူးသဖြင့်) နိုင်ငံရေးနဲ့ သမိုင်း ကဏ္ဍတွေမှာ ရိုးသားမှု၊ တရားမျှတမှု၊ စိတ်စေတနာအမှန်တကယ်ရှိမှုတွေ အများကြီးလိုအပ်နေပါတယ်။ကျနော့်အနေနဲ့ ကွက်လပ်ကြီးတစ်ခုထဲကို အစက်ကလေးတစ်စက် ချကြည့်တာပါ။ အားလုံးပါမှ၊ ပြိုင်တူ တွန်းမှ ရွေ့မှာပါ။ခင်မင်လေးစားလျှက်မန်းကိုကို
၁၆။၃။၂၀၁၁
---------
- ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ ခေါင်းဆောင်မဟုတ်ပါ --phone kyaw - 08,Mar 2011ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ကြားတုန်းက ငါးတန်းလောက်ပဲရှိအုံးမယ်။အတိအကျမသိဘူး။စာအုပ်ထဲမှာသင်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလို့ပဲသိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း စာအုပ်ထဲမှာပါလို့  သူ့ နာမည်ကိုကြားဖူးတယ်။သူဘယ်လောက်ကောင်းလဲမသိ။လူထုခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြားရတွေ့ရဖတ်ဖူးရတယ်။ ကျနော်က လူထုခေါင်းဆောင်ဆိုတဲ့နာမည်ကို ဘယ်သူပေးလဲ မသိ ဆိုပြီးစဉ်းစား နေမိတယ်။ကျနော်တို့ထမင်းငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ကျနော်တို့သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည် မလုပ်ပေးနိုင် သေးဘူး။ ဗိုလ်ချုပ်ကြီး သန်းရွှေ လုပ်ပေးလားဆိုတော့ သူလည်း မလုပ်ပေး နိုင်ဘူး။ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရှိအနေအထားအထိ ကျနော်တို့ကို ထမင်းဝတဲ့ဘ၀၊ စိတ်ချမ်းသာတဲ့ဘ၀ကို မလုပ်ပေးနိုင်သေးဘူး..။လူထုခေါင်းဆောင်ဆိုရင်အထက်က အခြေအနေတွေကို ဖြည့်ပေးနိုင်ရမယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဘာမှ မလုပ်ပေးနိုင်သေးဘူး။ကျနော်က ဒီလိုမြင်တယ်။ လောလောဆယ်ကာလမှာ... ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို မပြတ်သားဘူး။ဒေါ်အောင်ဆန်းစုကြည်ဟာ သူနာမည်ကြီးတာကို ဂုဏ်ယူနေပြီး နအဖပြောတာကို အခုထက်ထိ ကျနော်တို့ကို ပြန်မပြော သေးဘူး။ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ဘာ့ကြောင့် လူထုခေါင်းဆောင်တင်လဲမသိ။ လူထုခေါင်းဆောင်ဆိုတာ ဘာလဲ????သိရင်ဖြေပေးပါ။ From: phone kyaw-8,Mar, 2011
--------
ရခိုင့်တော်လှန်ရေးခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာစာရေးသူ - အောင်ရဲလင်း (စစ်တွေ)၁၇၈၄ ဒီဇင်ဘာ (၃၁) တွင် ကျဆုံးခဲ့ရသော ရခိုင့်အချုပ်အခြာအာဏာအား ပြန်လည်ရယူရေးအတွက် ရခိုင့် မျိုးချစ်ပုဂ္ဂိုလ်များ အသက်၊ ချွေး၊ ဇွဲများဖြင့် ကြိုးစားလာခဲ့၊ ကြိုးစားနေကြဆဲ ဖြစ်သည်ဆိုသည်ကို အားလုံးအ သိပင် ဖြစ်ပါသည်။ကျူးကျော်လာသော ဗမာဘုရင် မောင်ဝိုင်းတပ်များအား ပြန်လည်နှင်ထုတ်ရေး၊ နယ်ချဲ့ကိုလိုနီစနစ်ကို ချေ မှုန်းရေး၊ စစ်အာဏာရှင် စနစ်မှ လွတ်မြောက်ရေး ... စသည့် တော်လှန်ရေး နိုင်ငံရေးခရီးများကို ဖြတ်သန်းခဲ့ ကြသည့် အတွေ့အကြုံများတွင်လည်း တခြား တိုင်းရင်းသားများနှင့် ဗမာလူမျိုးချင်း အတိုက်အခံလုပ်နေကြ သော တော်လှန်ရေး နိုင်ငံရေးအဖွဲ့အစည်းများထက်တော့ မနည်းပေ။
ဤမျှ မိမိတို့တိုင်းပြည် အချုပ်အခြာအာဏာကို ပြန်လည်ရရှိနိုင်ရေးအတွက် ရာစုနှစ် (၂) ခုကျော်တိုင်အောင် ကြိုးစားတိုက်ပွဲဝင် ခဲ့ ကြသော်လည်း မည့်သည့်အတွက်ကြောင့် အရာမထင်ခဲ့ကြသနည်းဆိုသည့် မေးခွန်းကို မေးလျှင် စာရေးသူအား သင်မည်မျှတိုက်ပွဲဝင်ပြီးပြီနည်း၊ သင်၏အတွေ့အကြုံက အဘယ်နည်းဟု တုံ့ပြန်မေး ခွန်းထုတ်မည်မှာ အသေအချာပင်ဖြစ်သည်။ထိုမေးခွန်းကို ရခိုင်ပြည်သူလူထုတရပ်လုံးက စိတ်ဝင်တစ်စား သိချင်နေသည်ဟု ရခိုင့်တော်လှန်ရေး မျက် မှောက်ခေါင်းဆောင်များ နှင့် ကွန်လွန်လေပြီဖြစ်သော ခေါင်းဆောင်များအား တိုက်ရိုက်မေးမြန်းခွင့် ရချင်ခဲ့ သော်လည်း ပြည်ပနိုင်ငံများတွင် ရပ်တည်နေကြ သည့်အတွက်ကြောင့် အခွင့်မသာခဲ့ပေ။
ရခိုင့်တော်လှန်ရေးခေါင်းဆောင်များ အဆက်ဆက်တိုင်းသည် အလွန်ပင်တော်ကြသည်။ အလွန်ပင် အမြော် အမြင်များ ရှိခဲ့ ရှိနေကြ သည်ပင်ဖြစ်သည်။ ထို့ကြောင့် ထင်သည်၊ တိုင်းရင်းသား မဟာမိတ်များကြားတွင် အောက်ကျနောက်ကျ ဖြစ်လာရသည်။ဆိုလိုရင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟု ခေါ်ဆိုသမုတ်ကြသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈၈၈ ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် အခြား ကျောင်းသားခေါင်း ဆောင်များ၊ တိုင်းရင်းသားမဟာမိတ်များ၏ ခေါင်းဆောင်ကြီးများတို့၏ မွေးနေ့ပွဲ၊ ကွယ်လွန်ခြင်း အထိမ်းအ မှတ်ပွဲ အပါအ၀င် အခြား အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် များတွင် ရခိုင့်တော်လှန်ရေး နိုင်ငံရေးခေါင်း ဆောင်များက အခမ်းအနားများ ပြုလုပ်ပေးခြင်း၊ ကြေညာစာများ ထုတ်ပေးပြီး ဂုဏ်ပြု ပေးခြင်းများ ပြုလုပ်ပေး နေကြသော်လည်း မိမိတို့ ရခိုင်လူမျိုးများ၏ ဆရာတော် ဦးဥတ္တမနေ့၊ ဆရာကြီး ဦးဦးသာထွန်းနေ့၊ ဆန်ပြဿ နာနေ့၊ အချုပ်အခြာအာဏာကျဆုံးသည့်နေ့၊ ဗိုလ်ခိုင်မိုးလင်းနေ့၊ ဗိုလ်ရာဇာနေ့နှင့် အခြားအခြားသော နေ့ထူး နေ့မြတ်များအတွက် မည်သူတဦးတယောက်ကမျှ (တိုင်းရင်းသား၊ မဟာမိတ်များ) ဂုဏ်ပြုပေးခြင်း မရှိခဲ့ကြ ပေ။ ဤသည်ကို နိုင်ငံရေးဟု ခေါ်ဆို ပါသ လော။ စာရေးသူ မသုံးသပ်တတ်ပေ။
အထက်ဖော်ပြပါ ခံစားချက်သည် စာရေးသူတဦးတည်း ခံစားချက်ဟု တော်လှန်ရေးဖခင်ကြီးများ မမှတ်ယူစေ ချင်ပါ။ ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများနှင့် အခြားသော အဝေးရောက် ရခိုင်လူမျိုးများ၏ ခံစားချက်ဖြစ်ကြောင်း အ မုန်းခံကာ အသိပေးနေရခြင်းဖြစ်သည်ကို အထူးသိစေလိုပါသည်။ရခိုင့်တော်လှန်ရေး မအောင်မြင်ရသေးခြင်း၏ အဓိက အကြောင်းအရင်းများအား တော်လှန်ရေးဖခင်ကြီးများ၊ တော်လှန်ရေးရဲဘော် များ နှင့် ခေတ်သစ်တော်လှန်ရေးမျိုးဆက်များက မည်ကဲ့သို့ ဝေဖန်သုံးသပ်ကြသနည်း ဆိုသည်ကို မပြောနိုင်သော်လည်း စာရေး သူ၏ မတောက်တခေါက် သုံးသပ်ချက်ကို တော်လှန်ရေးခေါင်း ဆောင်များနှင့် စာဖတ်သူအားလုံးကို တင်ပြပါမည်။(၁) ခိုင်မာတောင့်တင်းသည့် တော်လှန်ရေးဘဏ္ဍာအင်အား(၂) တော်လှန်ရေးအတွက် သစ္စာရှိရှိ ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော်များ(၃) တော်လှန်ရေးကို ထောက်ခံနေမည့် မဆုတ်မလျော့သော ပြည်သူ့အင်အား စသည့်အချက်များ ဟန်ချက် မညီခဲ့သော ကြောင့် တော်လှန်ရေးကြီး မအောင်မြင်ရသေးခြင်းဖြစ်သည်ဟု စာရေးသူ သုံးသပ်လိုသည်။(၁) ခိုင်မာတောင့်တင်းသည့် တော်လှန်ရေးဘဏ္ဍာအင်အားဆိုလိုသည်မှာ တော်လှန်ရေးအဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား ပုံမှန်နှင့် လျင်မြန်စွာ လည်ပတ်ဆောင်ရွက် နိုင်ရေး၊ တော်လှန်ရေး ရဲဘော်များ၏ စားဝတ်နေရေး၊ လက်နက်အင်အား၊ လူအင်အား ... စသည့်တို့ တည် ဆောက်နိုင်ရေးအတွက် ခိုင်မာတောင့်တင်း သည့် ဘဏ္ဍာရေးမှာ အမှန်ပင် လိုအပ်သည်။ ရှိနေသော ဘဏ္ဍာ ရေး ခိုင်မြဲနေရမည်။ ထိုဘဏ္ဍာငွေများကို ထိန်းသိမ်းထားသူများက စနစ်တကျ ကိုင်တွယ်သုံးစွဲသင့်သည်။ ဘဏ္ဍာရှာဖွေနေသူများအား မိမိတို့ အသုံးပြုသည့် နေရာများအား လိုအပ်လျှင် တင်ပြရမည်။ ဘဏ္ဍာငွေကို ရှာဖွေရာတွင် ပြည်သူ့မျက်ရည်စာ မဖြစ်ရသလို အသုံးပြုရာတွင်လည်း ပြည်သူ့မျက်ရည်နှင့် ရဲဘော်များ မျက် ရည် မကျစေရ။(၂) တော်လှန်ရေးအတွက် သစ္စာရှိရှိ ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော်များဆိုလိုသည်မှာ တော်လှန်ရေးနယ်မြေရှိ ရဲဘော်များသည့် မိမိတို့တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုး စားနေသည့် မိခင်အဖွဲ့ အစည်းအပေါ် မည့်သည့်အခြေအနေပင် ရောက်သည်ဖြစ်စေ သစ္စာတရားလက်ကိုင် ထား၍ တော်လှန်ရေးအတွက် မဆုတ်မနစ် သော ဇွဲစိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော် များကို ဆိုလိုသည်။ တော်လှန်ရေးနယ်မြေရှိ ရဲဘော်တဦး၏ တန်ဖိုးကို ယင်းနယ်မြေရှိ အခြားရဲဘော်များက တန်ဖိုးထားတတ်ရမည်။ တဦး၏ အားနည်းချက်ကို နောက်တဦးက ဖြည့်ဆည်း ပေးတတ်ရမည်။
ထမင်းသုံး နပ် ငါးမဟင်းနှင့် မစားခဲ့ရလျှင် ဗျစ်တောက်ဗျစ်တောက် မြည်တွန်တတ်သော ရဲဘော်များ ဤခေါင်းစဉ်နှင့် မသက်ဆိုင် ပေ။ သစ္စာရှိသည်ဟုဆိုခြင်းသည် ခေါင်းဆောင်များအား ကပ်ဖားလျက်ဖား ပြုလုပ်တတ်လျက် အ ထက်ကို မြှောက် အောက်ကို ဖိ၊ အောက်အချင်းအချင်း မအူမလည်သယောင် ကုန်းလျှောတတ်သည့် ရဲဘော် များလည်း ဤခေါင်းစဉ်တွင် မပါရှိပေ။ တော်လှန်ရေးရဲဘော်များ သစ္စာရှိရှိနှင့် ရေကုန်ရေခမ်း ကြိုးစားလာစေ ရေးမှာ ထိုတော်လှန်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင်များ အပေါ်တွင် တာဝန်အရှိဆုံးဖြစ်သည်။(၃) တော်လှန်ရေးကို ထောက်ခံနေမည့် မဆုတ်မလျော့သော ပြည်သူ့အင်အား ဆိုလိုသည်မှာ တော်လှန်ရေးသည် ပြည်သူမှ မွေးဖွားလာခြင်းဖြစ်သည်။ ပြည်သူကို မပုန်ကန်ရ။ ပြည်သူချစ် သော တော်လှန်ရေး အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ရမည်။ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းနှင့် ရခိုင့် တော်လှန်ရေးအား စိတ်မပျက်ဘဲ မိမိတို့ အဖွဲ့အစည်း မည်သည့်နေရာသို့ပင် ရောက်ရောက် အားပေးနေမည် ဟူသော စိတ်ဓာတ်ခံယူချက်မျိုးရှိသည့် ပြည်သူအရေ အတွက် အား တိုးနိုင်သမျှ တိုးအောင် ကြိုးစားရမည်။ ပြည်သူမပါသော တော်လှန်ရေး မအောင်မြင်နိုင်ပေ။အထက်ဖော်ပြပါ အချက်သုံးချက် ပြည့်စုံစွာရှိခဲ့သည်ဟူ၍ ရခိုင့်တော်လှန်ရေးခေတ်အဆက်ဆက်တွင် မတွေ့ ရှိခဲ့ရပေ။ ယင်းအချက်များသည် ဖိုခနောက်ကဲ့သို့ သုံးပွင့်ဆိုင် ဟန်ချက်ညီစွာ ဖြစ်ပေါ်တည်မြဲနေမည်ဆိုပါက တော်လှန်ရေးကြီး မုချအောင်မြင် မည်ဖြစ်သည်။ယခု တော်လှန်ရေးအဖွဲ့အစည်းများ၌ ယင်းကဲ့သို့ မတွေ့ရဘဲ ဤကဲ့သို့ တွေ့ရှိနေရပေသည်။နိုင်ငံရေး တော်လှန်ရေး ထက်သန်နိုးကြားမှု မရှိသေးသော ပြည်သူများအား စည်းရုံးမည်ဆိုခြင်းကို ထားဦး၊ တော်လှန်ရေးနယ်မြေရှိ ရဲဘော်များအား သစ္စာရှိစွာ ရေကုန်ရေခမ်း ကြိုးစားလာစေရေး တော်လှန်ရေးကို ချစ် မြတ်နိုးပြီး အသက်ပင် ပေးလိုစိတ်ရှိလာအောင် ပြုစုထိန်းသိမ်း သွန်သင်ပေးမည်ကို ထားဦး၊ တော်လှန်ရေးအ တွက် လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေထိန်းသိမ်းပေးရမည့် ဆိုသည့် အချက်များကို တချက်ပင်မျှ ဟန် ချက်ညီအောင် မပြုလုပ်နိုင်ကြသေးပေ။ရဲဘော်များ၏ အကျင့်စာရိတ္တ ကောင်းမွန်လာစေရေး သွန်သင်နေပြီး မိမိတို့ကိုယ်၌က ကွယ်ရာတွင် အကျင့် စာရိတ္တပါ၊ အကျင့် ကြက်ရိတ္တပါ ဖောက်ပြန်နေကြသည်။ ရှေ့တမျိုး နောက်တမျိုး ဖောက်ပြန်နေကြသည်။ တော်လှန်ရေးခေါင်းဆောင်များ၏ ဖောက်ပြန် မှုများကို ဤစာတွင်ထည့်ရေးပါက ရှက်ဖွယ်လိလိပင် ရှိပေတော့ မည်ဖြစ်ရာ မရေးချင်တော့ပေ။
ခေါင်းဆောင်နှင့် ရဲဘော်ကြား အာဏာယစ်မူးသူများက တမှောင့်။ ထိုသူများကြောင့် ရဲဘော်များသည် တော် လှန်ရေးအတွက် ရေကုန်ရေခမ်း ကြိုးစားလိုစိတ်ရှိမလာဘဲ စိတ်ဓာတ်အားအင် ကုန်ခမ်းလာတော့သည်။ တော်လှန်ရေးပညာများအား သင်ကြား တတ်မြောက်ခွင့် ရခဲ့ပါလျက်နှင့် တော်လှန်ခွင့် မရရှိခဲ့ကြသော ရဲဘော် များက ရေတွက်မရလောက်အောင် ရှိနေပေပြီ။ သြော် ... ခေါင်းဆောင်ကောင်းများကြောင့်လော။ မည်သူ့အ တွက်ကြောင့်ပင် ဤကဲ့သို့ ရင်နာစရာ အဖြစ်အပျက်များ ရှိခဲ့လေ သနည်း။အဆိုပါ အဖြစ်အပျက်များကို ခေါင်းဆောင်ကြီးများ မတွေ့မမြင်ခဲ့ကြသလော၊ မကြားသိလေခြင်းလော၊ လျစ် လျူရှုထားခြင်းလော၊ စာရေးသူ အပါအ၀င် ရခိုင်ပြည်သူများ မဝေခွဲတတ်တော့ပေ။
လိုချင်မှုဆန္ဒနှင့် လိုအပ်မှုကို အမှန်တကယ် ဘက်မလိုက်ဘဲ မိမိတို့ကိုယ်ကိုယ်မိမိတို့ မလိမ်ညာဘဲ ဆုံးဖြတ် သင့်ပြီ။ ဝေဖန်သင့်ပြီ။ အာဏာရှင်စနစ်ကို မလိုလား ဆန့်ကျင်မည်ဟုဆိုကာ မိမိတို့ကိုယ်၌က အာဏာရှင်အ ဖြစ် မကြာမီ အသွင်ပြောင်းလဲသွားမှုကို ပြည်သူတို့ တွေ့မြင်ရတော့မည်ဆိုသည်ကို သိရက်နှင့် ဂရုမစိုက် ပစ် ပယ်ခြင်းလော ...။တော်လှန်ရေးရဲဘော်များ တော်လှန်ရေးကို စွန့်ခွာသွားခြင်းမှာ သစ္စာမရှိ၍ စွန့်ပစ်သွားခြင်းမဟုတ်ဘဲ ခေါင်း ဆောင်ကြီးများအား သစ္စာရှိလွန်း၍ စွန့်ခွာခဲ့ရခြင်းဖြစ်သည်။ တန်ဖိုးရှိသော အရာတခု အကောင်းပကတိ ဖြစ် နေပါလျက်နှင့် စွန့်ပစ်ထားခြင်းတို့သည် တန်ဖိုးမထားတတ်ရာရောက်သည် ဆိုသည်ကို အမှန်ပင် မသိလေ ကြသလော။ဤမျှဆိုပါက နားလည်ကြမည်ထင်ပါသည်။
စဉ်းစားသင့်ပြီ၊ ဆုံးဖြတ်သင့်ပြီ၊ နှစ်ပေါင်း (၂၂၆) နှစ်တိုင်တိုင် တော်လှန်ရေးအား တိုက်ပွဲဝင်ခဲ့ကြပြီ။ ယခု လည်း တိုက်နေဆဲ နောင်လည်း တိုက်နေကြရဦးမည်လော။ ဤမျှထိ ကျွန်သစ္စာတရား စောင့်သိနေစရာ လို မည်မထင်။ လက်ဆင့်အမွေဆက်ခံခဲ့ပြီး လက်ဆင့်အမွေကမ်းနိုင်သည်အထိ တာဝန်ကျေပွန်စွာ တော်လှန် တိုက်ပွဲဝင်နေကြဦးမည်လော။ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသကဲ့သို့ပင် ဖြစ်နေပြီထင်သည်။တော်လှန်ရေးရဲဘော်များနှင့် ပြည်သူတရပ်လုံးသည် သြဇာမရှိဘဲ အာဏာရှိသူ၊ အာဏာပြသူတို့ထက် အာ ဏာမရှိဘဲ သြဇာဖြင့် အုပ်ချူပ်မှုကို လိုလားကြသည်။ တောင့်တကြသည်။ မြတ်နိုးကြသည်။အမှန်တရားကို ရှာဖွေနေသူများ ဖြစ်ပါလျက်နှင့် မည့်သည့်အတွက်ကြောင့် အမှန်တရားကို လက်မခံကြရသ နည်း။ အမှန်တကယ်ပင် အံ့သြ သြချမိသည်။ခေါင်းဆောင်ကြီးများအား တခု ပြောကြားလိုပါသည်။
“ခေါင်းဆောင်ကြီးများ၏ အိပ်မက် (တော်လှန်ရေးပန်းတိုင်) ကို ဖျက်ဆီးနေကြသူများသည် နအဖတပ်မတော် တခုတည်းသာ ရှိသည်မဟုတ်ဘဲ သြဇာမရှိဘဲ အာဏာမှအာဏာဖြစ်နေသော အာဏာရူး၊ တော်လှန်ရေးအ ရေခြုံပြီး ခေါင်းဆောင်ကြီးများကို အနီးကပ် ဒုက္ခပေးနေကြသည့် ရဲဘော်များ မုန်း၊ ပြည်သူမုန်းသည့် တော် လှန်ရေးအာဏာရှင်များဖြစ်သည်။ ယင်းဒုက္ခပေးသူများအား ခေါင်းဆောင်ကြီးများ အထူးသတိပြုစေချင် သည်။”ခေါင်းဆောင်ကြီးများ အမှန်တကယ်လိုချင်ကြသော (အတိတ်က ချမှတ်ခဲ့ဖူးသော တော်လှန်ရေး ပန်းတိုင် အား ရွက်လွှင့်ရာလမ်း တလျှောက် ကြုံရသမျှကို အိပ်မက်တခုကဲ့သို့ သဘောထားနေရုံနှင့် မပြီးဘဲ အိပ်မက် မဟုတ် အမှန်ပင်ဖြစ်နေပါလား ဆိုသည့် အတွေးနှင့်အတူ ဆုံးဖြတချက်သစ်များကို ပြည်သူများ မျှော်လင့်ကြ သလို ရဲဘော်ကြီး ရဲဘော်ဟောင်းများနှင့်တကွ စာရေးသူပါ မျှော်လင့်နေကြသည်။ ခေါင်းဆောင်ကြီးများ ဆုံး ဖြတ်သင့်ပါပြီ။ရခိုင်ပြည်သူတရပ်လုံး အားကိုးကြီးစွာ မျှော်လင့်နေသောအရာမှာ ခေါင်းဆောင်ကြီးများ၏ လက်ထဲရှိ ရေပင် ဖြစ်သည်။ ခေါင်းဆောင်ကြီးများ စိတ်ကြိုက်ပြုလုပ်နိုင်သည်။ စိတ်ကြိုက်ကစားနိုင်သည်။ ပြည်သူကို ငဲ့ညှာပါ။ ရဲဘော်များကို ငဲ့ညှာပေးပါ။အောင်ရဲလင်း (စစ်တွေ)
(ရေးသူအာဘော်သာဖြစ်သည်။ စာဖတ်သူအားလုံး ဖတ်ရှု စဉ်းစား သုံးသပ်ဆင်ခြင်နိုင်ရန် တင်ဆက်ပေးခြင်းဖြစ်သည်)
အိမ်ရှေ့တခါးဝမှာ ရောက်နေတဲ့ တော်လှန်ရေး လှိုင်းများ
“မူဘာရက်” ပြုတ်ကျအပြီး၊ နောက်တနေ့မှာ တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့က သူတို့ရဲ့ ရုံးခန်းကို ကိုင်ရိုမြို့လည်မှာ စတင်ဖွင့်လှစ်ဖို့ ကြိုးစားနေသလို၊ အစ္စရေးထောက်လှမ်းရေးတွေကလည်း အီဂျစ်နိုင်ငံနဲ့ နယ် နမိတ်ချင်း ထိစပ် နေတဲ့ အပမ်းဖြေစခန်းများတည်ရှိရာ မြို့လေးဆီကို ကမ္ဘာလှည့်ခရီးသွား တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အဖြစ် ရောက်ရှိလာခဲ့ကြ တယ်။ နိုင်ငံတွင်းမှာတော့ အလုပ်သမားဆန္ဒပြပွဲတွေနဲ့ ရဲတွေရဲ့လခပိုမိုတိုးပေးဖို့ တောင်းဆိုချီ တက်သံတွေ က ပြည့်နှက် နေဆဲ။“တော်လှန်ရေးဆိုတာ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ၊ မတည်ငြိမ်မှုတွေကို သယ်ဆောင်လာတတ်တယ်။ ကဲ အခု တော့ အဲ့ဒီ တော်လှန်ရေးတွေ ကျနော်တို့ရဲ့ တံခါး ပေါက်တည့်တည့်ကို ရောက်လာပြီ။ ကျနော်တို့ ဘာလုပ်ကြမလဲ”အိမ်ဖြူတော်ရဲ့ အစည်းအဝေးတွေမှာ ငြင်းခုန်မှုတွေ လျှံကျနေခဲ့တယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ ကိုင်ရိုမြို့မှာ ပြောခဲ့တဲ့မိန့်ခွန်းကို ဂတိသစ္စာစောင့်သိခဲ့တယ်။ ၂၀၀၉ ဂျွန်လရဲ့ ကိုင်ရိုမြို့မိန့်ခွန်းကို ပြန်လေ့လာကြည့်မယ် ဆိုရင် ဘရက်အိုဘား မားက အာရပ်ကမ္ဘာက မိတ်ဆွေတွေအပေါ် အချက် (၇) ချက်ကို တင်ပြခဲ့တယ်။ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေထဲမှာ “လူတွေမှာ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာတွေကို ထုတ်ဖေါ်ပြောဆိုနိုင်တဲ့ စွမ်းအားတွေရှိရမယ်။ ခင်ဗျား ဘယ်လို အုပ်ချုပ်ခံနေရတယ်။ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု အပေါ်မှာ ယုံကြည်မှု ဘယ်လောက်ရှိ သလဲ။ အစိုးရဟာ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေကို ခိုးယူခြင်းမျိုး မဖြစ်ရဘူး။ ခင်ဗျားရွေးချယ်တဲ့ လွတ်မြောက်မှုတွေထဲမှာ နေထိုင်ခွင့်ရှိရ မယ် ဒါတွေဟာ အမေရိကန် အိုင်ဒီယာ တွေ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတွေဖြစ်တယ်” လို့ ဆိုခဲ့တယ်။အိမ်ဖြူတော် အစည်းအဝေးတွေရဲ့ ငြင်းခုန်မှုတွေမှာ ဘရက်အိုဘားမား က တဘက်၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နဲ့ နိုင်ငံ ခြားရေးဝန်ကြီး ကလင်တန်ကတဘက် မတူညီတဲ့ အမြင်တွေကို ဖလှယ်ကြတယ်။ အိုဘားမားက အီဂျစ်ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ သတင်းလွတ်လပ်ခွင့်တွေကို ဆက်လက်ဖွင့်ပေးထားဖို့လိုမယ်။ ပြည်သူတွေရဲ့ ရွေးချယ်မှုအတိုင်း လိုက် လျောပေးသင့် တယ်လို့ ထင်မြင်ပေမဲ့ ဂျိုးဘိုင်ဒန်တို့ အုပ်စုကတော့ စံနစ်တကျပြောင်းလဲမှုကို လိုလား တယ်။ “ပင်လယ် အောက်ခြေမှာ လှိုင်းတွေဝင်စောင့်နေပြီ၊ ပြုပြင်ပြောင်းလဲမှု တွေကို ကြိုတင်လုပ်တော့” ဆိုတဲ့ အကြံဥာဏ်တွေကို မိတ် ဆွေ အာရပ်နိုင်ငံတွေဆီ အကြံပေးတိုက်တွန်းတယ်။ အီဂျစ်လှုထုအုံကြွမှုဟာ အရှေ့အလယ်ပိုင်းဒေသ တခုလုံးကို ရိုက် ခတ် နေပြီ ဆိုတာ သဘောပေါက်နေကြတယ်။
ဘရက်အိုဘားမားက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို အရှေ့အလယ်ပိုင်းနိုင်ငံမှ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေ ဗီး ယားနဲ့ အစ္စရေးနိုင်ငံတို့ဆီကို သွားရောက် လည်ပတ်စေပြီး သူတို့ရဲ့ထင်မြင်ယူဆချက်တွေ၊ ဖြစ်ပေါ်လာနိုင်မဲ့ အခြေအနေတွေ၊ အသေးစိတ်အချက်အလက်တွေကို စုဆောင်းစေတယ်။အမြင်မတူတဲ့ အချက်နှစ်ချက်ကတော့(၁) အီဂျစ်တော်လှန်ရေးဟာ ၁၉၇၉ မှာ ဖြစ်ပွားခဲ့တဲ့ အီရန်တော်လှန်ရေးလို ဦးတည်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ အမေရိကန် ဆန့်ကျင်ရေး နိုင်ငံတခု တိုးလာမယ်။ ဘာသာရေး အစွန်းရောက်တွေ လွှမ်းမိုးချုပ်ကိုင်လာနိုင်တယ်။(၂) အီရန်တော်လှန်ရေးလိုဖြစ်စရာအကြောင်းမရှိဘူး။ အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းဆီကို ဦးတည်သွားပြီဆို ရင် အဲ့ဒီအချက်ကိုထောက်ပြပြီး အီရန်နိုင်ငံရဲ့ အာဏာရှင်ကို ဆက်လက်ဖြုတ်ချကြဖို့ လှုံ့ဆော်ကြရမယ်။နောက်ထပ် စဉ်းစားရမဲ့အချက်တခုကတော့ အီဂျစ်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်း တော်တော်များများကို စစ်တပ် ခေါင်းဆောင် တွေက ပိုင်ဆိုင်ထားကြသလို၊ စစ်တပ် ဟာ အဂတိလိုက်စားမှု၊ ခြစားမှုတွေနဲ့ ပျက်စီးနေခဲ့တယ်။ သမိုင်းစဉ် တလျောက်ကြည့် လိုက် မယ်ဆိုရင် အီဂျစ်နိုင်ငံရေးမှာ စစ်တပ်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ကစား ခဲ့တယ်။ ဒါဖြင့် စစ် အရာရှိတွေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဘယ်လောက်ထိ လုပ်နိုင်မလဲ။ အီဂျစ် နိုင်ငံရဲ့ နှစ်ပေါင်းခြောက် ထောင်ကျော်၊ လူ့ယဉ်ကျေးမှုသမိုင်း မှာ “အနောက်တိုင်း ဒီမိုကရေစီ” စံနစ်ဆိုတာ တိတိကျကျရှိခဲ့ရဲ့လား။တိုးတက်ထွန်းကားနေတဲ့ အင်တာနက်နည်းပညာတွေဟာ အီဂျစ်မျိုးဆက်သစ်တွေကို လူ့အဖွဲ့အစည်း လမ်းကြောင်းသစ် တခုဆီ သယ်ဆောင်ပေးနိုင်မယ်ဆိုတာ ဘယ် လောက်ထိ သေချာခဲ့သလဲ။ စမ်းသပ်လေ့လာစောင့်ကြည့်ရမဲ့ အရာတွေက အများသား။ ဆန်ဖရန်စစ္စကိုတက္ကသိုလ်က အရှေ့အလယ်ပိုင်းနိုင်ငံရေးကို အထူးပြုလေ့လာ သင်ကြားနေသူ ပါမောက္ခ စတီဗင် ဇူးနက်စ် ကတော့ သူ့ရဲ့အမြင်တွေကို သုံးသပ်ပြခဲ့ဘူးတယ်။ သူကတော့ အီဂျစ်တော်လှန်ရေးဟာ အီရန်တော် လှန်ရေးနဲ့ ဖြောင့် ဖြောင့်ကြီး ကွာခြား လွန်းပါတယ် တဲ့။ သူ့ရဲ့ ဆောင်းပါးထဲက အချက်အလက်တချို့ကို ယူသုံးရင်း ဒီတ ပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ တင်ပြထားပါတယ်။Egyptians pray in front of army tanks in Tahrir Square (Scott Nelson/NYT)ကျနော်တို့တတွေဟာ နိုင်ငံရေးပါတီတွေရေးဆွဲထားတဲ့ အစီအစဉ်တွေအောက်မှာ လုပ်ဆောင်နေကြတာ မဟုတ်ပါဘူး။တချို့က အရမ်းချမ်းသာတယ်။ အကောင်းစားအိမ်တွေ၊ အကောင်းဆုံးကားတွေ ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ ဘဝတွေကို ဒုက္ခရောက်မယ့် လမ်းကြောင်းတခုပေါ်မှာ တင်ထားခဲ့ကြတယ်။ ကျနော်တို့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရမယ်။ ဒါဟာ ကျနော်တို့ရဲ့ နိုင်ငံတော် ဖြစ်တယ်။ ကျနော်တို့နိုင်ငံအတွက် စိုးရိမ်နေသူတွေ ဖြစ်တယ်။စာဖတ်သူများ ခင်ဗျားအီဂျစ်နိုင်ငံရဲ့ ဂူဂယ် အလုပ်မှုဆောင်တဦးဖြစ်သူ ဝိုင်းလ်ဂိုနင်မ် (Wael Ghonim) ရဲ့ မျက်ရည်တွေနဲ့ အင်တာဗျူးခဲ့တဲ့ ပုံ ရိပ်တွေက တာရီရာရင်ပြင်မှာ ဆန္ဒပြသူတွေ ဆီသာမက၊ အီဂျစ်လှုပ်ရှားမှုကို စိတ်ဝင်တစားစောင့်ကြည့်လေ့လာနေသူ အားလုံးရဲ့ရင်ကို ဆွဲကိုင်လှုပ်ရမ်းလိုက်ပါတယ်။ ဒီလိုနဲ့ ကိုင်ရိုမြို့ရဲ့ သောကြာနေ့ ဘုရားဝတ်ပြုပွဲဆီမှာ ထောင်ချီနေတဲ့ ဆန္ဒပြသူတွေ ပိုမိုတိုးလို့ရောက်ရှိလာခဲ့ကြပြီး “ကျနော်တို့ နိုင်ငံကောင်းစားစေဖို့အတွက် ကျနော် တို့ရဲ့အသက်ကိုပေးဆပ် ဖို့ အသင့်ဖြစ်နေတယ်” ဆိုတဲ့ လူငယ်ထုရဲ့အသံကလည်း သမိုင်း အချိုးအကွေ့တခုကို ရေးဆွဲခဲ့ကြပါတယ်။
“တချို့က အီဂျစ်ပြည်သူတွေရဲ့ ရုန်းကြွမှုကို ဘာသာရေးအစွန်းရောက်တွေကပဲ နောက်ကနေ အားပေးအားမြှောက်ပြု ချုပ်ကိုင်ထား သလိုလို ပြောဆိုနေကြပြီး ကျနော် တို့ရဲ့ လှုပ်ရှားမှုကို သေးသိမ်အောင် လုပ်နေကြတယ်။ ၁၉၇၉ အီရန် တော်လှန်ရေးနဲ့ နှိုင်းယှဥ်ခြိမ်းခြောက်လေ့ ရှိကြတယ်။ အီရန်နိုင်ငံမှာ ရှားဘုရင်ကိုဖြုတ်ချတုန်းက ဘာသာရေးခေါင်း ဆောင်တွေအားလုံးဟာ ပြည်ပကို ထွက်ပြေးရောက်ရှိနေတဲ့ အရာတို လာ ခိုမေနီရဲ့ ညွှန်ကြားချက်နဲ့အတူ အစ္စလာမ် ဘာ သာဝင်တွေကို ဘုရားကျောင်း တွေမှာ ဆင့်ခေါ်ပြီး၊ အစိုးရကို အခွန်မပေးေ ဆာင်ကြဖို့၊ စက်ရုံတွေကို သပိတ်မှောက်ကြဖို့၊ အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးနေတဲ့ အစ္စလာမ် လူ့အဖွဲ့အစည်းကို ပြန်လည် ကယ်တင်ကြဖို့.. စတဲ့ လှုံ့ဆော် တိုက်တွန်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ ပြည်ပကနေ လျှို့ဝှက်တင်သွင်းလာတဲ့ ကက်ဆက် တိတ်ခွေ တွေထဲမှာ ဆန္ဒပြပွဲ အတွက် အသေးစိတ်အစီအစဉ်တွေ၊ မဟာဗျူဟာနည်းဗျူဟာ အကြံပြုချက်တွေပါသလို၊ အီရန်တော်လှန်ရေးရဲ့ ကြွေး ကြော်သံ၊ ပိုစတာတွေကို ကြည့်လိုက်ရင်လည်း အမေရိကန် ဆန့်ကျင်ရေးတွေ လွှမ်းမိုးနေတာကိုတွေ့ရမယ်။ ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်ခဲ့ကြတဲ့ အီရန်တော်လှန်ရေးဟာ လူထုဆန္ဒပြပွဲတွေကို ၁၃ လကြာ စီစဉ်နိုင်ခဲ့အပြီးမှာတော့ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တယ်။”“အီဂျစ်လှုပ်ရှားမှုကို လေ့လာမယ်ဆိုရင် ပညာတတ်လူငယ်တွေက စတင်လှုံ့ဆော်ဦးစီးခဲ့တဲ့ အင်တာနက်တော်လှန်ရေး ဖြစ်တယ်။ ဆန္ဒပြပွဲမှာ ကိုင်ဆောင်လာတဲ့ ဆိုင်းပုဒ် တွေ၊ လည်စီးတွေ၊ ကြွေးကြော်သံတွေကလည်း လစ်ဘရယ် ဒီမိုက ရက်တစ်နဲ့ အမျိုးသား ရေး ဝါဒီတွေရဲ့ ရည်မှန်းချက်၊ အသံတွေကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်တယ်။ ဘာသာရေးကြွေး ကြော်သံတခုမှ မပါခဲ့ဘူး။ပိုပြီး ထူးခြားတာကတော့၊ အမေရိကန်ပြည်ထောင်စုဟာ အနှစ် ၃၀ လုံးလုံး မူဘာရက်အစိုးရကို ထောက်ပံ့ပေးခဲ့ပေမဲ့၊ အီဂျစ်လှုပ်ရှား မှုကို ဦးဆောင်နေသူအားလုံးဟာ အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံကို မပြုလုပ်ခဲ့ကြဘူး။ “မူဘာ ရက် အနေနဲ့ ချက်ခြင်းနှုတ် ထွက်ပေးရမယ်” ဆိုတဲ့ တောင်းဆိုမှုကို၊ အမေရိကန်သမ္မတ ဘရက်အိုဘားမားတယောက်၊ ပွင့်ပွင့်လင်းလင်း ဖိအားပေး ထုတ်ပြော ရသည်အထိ အီဂျစ် ဒီမိုကရေစီရေးလှုပ်ရှားသူတွေက လိမ္မာပါးနပ်စွာ ဆွဲဆောင် နိုင်ခဲ့ကြတယ်”တကယ်တော့ အဂတိလိုက်စားမှုတွေ၊ ခြစားအကျင့်ပျက်မှုတွေနဲ့ အနောက်တိုင်းဆန့်ကျင်ရေးကို တိတ်တဆိတ်လုပ် ဆောင်နေသူ တွေဟာ မူဘာရက်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင် တွေပဲ ဖြစ်ပါတယ်။ မူဘာရက်ဟာ အစ္စလာမ် နိုင်ငံတော် တည် ဆောက်ချင်တဲ့ အခြေခံဝါဒီ တွေနဲ့ တိတ်တဆိတ်အပေးအယူလုပ်ကိုင်ပြီး၊ အစိုးရဝါဒဖြန့် မီဒီယာတွေမှာ ဘာသာရေးသင် ကြားမှုအစီအစဉ်တွေကို ပိုမိုတိုးချဲ့ လုပ်ကိုင်လာခဲ့ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီသမားများနဲ့ လက်ဝဲဝါဒီများကို အီဂျစ် လှု့အဖွဲ့အစည်းမှ ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။သူ့ကိုဝေဖန်ဆန့်ကျင်တဲ့ ပညာတတ်တွေကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်အဆက်အသွယ် ရှိသူများလို့ ခေါင်းစဉ် တပ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ အကြမ်းဖက်သမားများအပေါ် စစ်ဆင်ရေး ကုန်ကျစရိတ်တွေအပေါ် အ မြတ်ထုတ်နိုင်ခဲ့ပါတယ်။“အီရန်တော်လှန်ရေးနဲ့ အထင်ရှားဆုံး ကွာခြားချက်တခုကတော့ အီဂျစ်နိုင်ငံဟာ ၁၉ ရာစုကတည်းက လူထုအဖွဲ့အစည်း တွေ ထွန်း ကားခဲ့တဲ့ နိုင်ငံဖြစ်တယ်။ အရာတိုလာခိုမေနီလို ရှီးယားမွတ်စလင်တွေအပေါ် ဘာသာရေးအရ၊ သြဇာကြီးမား တဲ့ ပုဂ္ဂိုလ်လိုမျိုး အီဂျစ် မှာ မရှိဘူး။ ဆွန်နီမွတ်စလင်တွေ ဖြစ်တယ်။ အီဂျစ်ရဲ့ အဓိကနိုင်ငံခြားဝင်ငွေဟာ ကမ္ဘာလှည့်ခရီး သွားတွေဆီကရတဲ့ ဝင်ငွေဖြစ်ပြီး၊ ကုန်သည်လူတန်းစားဟာ ပညာတတ် အလွှာတွေဖြစ်တယ်။ အနောက်တိုင်းနိုင်ငံတွေ လို တိုးတက်ထွန်းကားချင်သူတွေ ဖြစ်တယ်။ စစ်အေးတိုက်ပွဲကာလတုံးကလည်း တပါတီအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်ခဲ့ ပေမဲ့၊ စံနစ်တကျတည်ဆောက်ထားတဲ့ နိုင်ငံရေးပါတီ တွေ ရှိတယ်။ လူလတ်တန်းစားတွေ ထွန်းကားလာခဲ့တဲ့အတွက်၊ ပညာတတ်လူငယ်တွေ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍကလည်း ကြီးကြီးမားမားရှိနေတယ်။
ဒါ့ကြောင့်လည်း ဧပြီ ၆ ရက် လူငယ်ထုလှုပ်ရှားမှုနဲ့ (လုံလောက်ပြီ) လို့ခေါ်တဲ့ တပ်ပေါင်းစုမှာပါဝင်ဦးဆောင်နေသူတွေ ဟာ လစ်ဘ ရယ် ဒီမိုကရေစီနဲ့ လူထုပညာပေး လုပ်ငန်းတွေကို စိတ်ဝင်စားသူတွေဖြစ်တယ်။ အသက် ၃၀ အောက်လူငယ် တွေဟာ သူတို့ခေတ် မှာ တိုးတက်ဖြစ်ထွန်းနေတဲ့ အမျိုးသမီးအခွင့်အရေး၊ လိင်ကိစ္စနဲ့ လွတ်လပ်ခွင့်တွေကို ပိုမိုပွင့်လင်းစွာ ဆွေးနွေးတောင်းဆိုနေကြတဲ့ အတွက် ဘာသာရေးအစွန်းရောက်တွေက သူတို့ကို လွှမ်းမိုးချုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင် ဘူး။ ဒါကြောင့်လည်း အဖွဲ့ဝင် (တသိန်း) ကျော်လောက်ရှိတဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ဟာ သူတို့ရဲ့ နဂိုတည် ဆောက်ထားတဲ့ ဘာသာရေးအမြင် ချည်းကပ်မှုတွေကို ခေတ်ပေါ်လူငယ်ထုနဲ့ လိုက်ဖက်နိုင်မဲ့ မူဝါဒတွေအဖြစ် ပျော့ ပြောင်းညင်သာစွာ အသွင်ကူး ပြောင်း လိုက်ရတယ်။လူငယ်ထုကို နိုင်ငံရေးသဘောတရားတွေ ဖြန့်ဖြူးခဲ့သလို၊ လူငယ်ထု ရဲ့အသံတွေကလည်း သူတို့ရဲ့မူဝါဒတွေ၊ နည်းဗျူဟာအသစ် တွေဖြစ်လာခဲ့တယ်”egypt-afpစာ ဖတ်သူများ ခင်ဗျားသံချပ်ကာတင့်ကားတွေ၊ လူထုနှိမ်နှင်းရေး ရဲတပ်ဖွဲ့တွေက လွတ်လပ်စွာဖန် တီးနိုင်ခွင့်၊ တွေးခေါ်နိုင်ခွင့်၊ ဘဝလုံခြုံခွင့်ကို အာသာ ငမ်းငမ်း တောင့်တ နေတဲ့ လူငယ်တွေရဲ့ ဆန္ဒတွေကို လွယ်လွယ်ကူကူ ခြေမှုန်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။“တိုင်းပြည်အတွက် စိုးရိမ်နေသူတွေကို ဘာလို့ အကျဉ်းထောင်ထဲမှာ ချုပ် နှောင်ထားတာလဲ” တဲ့။အီဂျစ်လူငယ်ထုရဲ့ မေးခွန်းထုတ်တောင်းဆိုနေသံတွေ….မူဘာရက်အတွက် အာဏာကိုလက်လွတ်ဆုံးရှုံးလိုက်ရသည်အထိ ပြင်း ထန်အားကောင်းလာခဲ့ပါတယ်။အိပ်မက်တွေကို အန္တရာယ် ကင်းကင်း ထုဆစ်နိုင်ကြ ပါစေ။အောင်မိုးဝင်း
ဖော်ဝပ်မေးလ်မှ ရရှိပါသည်။(သူရိယ)
၂၂။၂။၂၀၁၁
ဘယ်နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်း အများဆုံးလဲကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများက စီးပွားရေး ပြန်လည်နာလန် ထဖို့ ကြိုးစားနေရချိန်တွင် တရုတ်နှင့် အိန္ဒိယတို့ စီးပွားရေးမှာ တိုးတက်မှုတွေ အပြိုင်ကြွားနေသော်လည်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး နိုင်ငံတွေ ဖြစ်နေသည်။ငွေကြေးဖောင်းပွမှုနှုန်း တိုင်းတာတဲ့ စားသုံးသူဈေးနှုန်းညွှန်းကိန်း(consumer-price index)အရ ၂၀၀၉ နဲ့ နှိုင်းယှဉ်ရင် ၂၀၁၀ အိန္ဒိယ ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၃.၄ % အထိ ကြောက်မက်ဖွယ် မြင့်မားနေသည်။ တရုတ်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၄.၇% အထိ ရှိသည်။ နှစ်နိုင်ငံစလုံး တိုးတက်မှု ဂျီဒီပီ ကိန်းဂဏန်းများကို ပြသော်လည်း အစားအစာ၊ အ၀တ်၊ နေထိုင်စရိတ်၊ ဆေးဝါးခ စတဲ့ အရပ်ရပ်ဈေးနှုန်း ဖောင်းပွမှုကိုတော့ ဖုံးဖိထားကြသည်။ဥရောပတွင် ငွေကြေးဖောင်းပွမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံကတော့ ဗြိတိန် ဖြစ်သည်။ ဗြိတိန်ရဲ့ ဒီဇင်ဘာလ CPI ညွှန်းကိန်းမှာ ၃.၇ % အထိရှိခဲ့သည်။အခြား ဥရောပနိုင်ငံများလည်း သူတို့ဥရောပဇုံ ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက်ထက် အနည်းငယ် ပိုနေသည်။တိုင်းပြည်များအကြား လူထုရဲ့စားသုံးရမှု ပုံစံမှာ ခြားနားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ စားသုံးသူများမှာ သူတို့ဝင်ငွေကို နေ့စဉ် အစား အစာအတွက် ကုန်ကျမှု သိပ်မရှိလှသော်လည်း၊ တရုတ်နဲ့ အိန္ဒိယတို့မှ လူထုရဲ့ နေ့စဉ် ၀င်ငွေက အစားအစာ ကုန်ကျမှုထဲ ပိုရောက် သွားရသည်။ တရုတ်လူထု ၀င်ငွေရဲ့ ၃၃% က အစားအစာအတွက် ကုန်ကျပြီး၊ အိန္ဒိယ လူထုဝင်ငွေက အစားအစာအတွက် ၄၆% ကုန်ကျသည်။ထို့ကြောင့် ကမ္ဘာ့ အစားအစာ ကုန်ဈေးနှုန်းက ငွေကြေးဖောင်းပွမှုအတွက် အဓိက ပြဿနာကြီး ဖြစ်နေသည်။ ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ငွေကြေးဖောင်းပွမှုဖက်တာက အစားအစာကြောင့်မဟုတ်ဘဲ လောင်စာ စွမ်းအင်က အဓိက ဖြစ်သည်။ သူတို့လူထုက အစားအစာအတွက် သိပ်ကုန်ကျမှုမရှိလို့၊ အစားအစာအတွက် ကုန်ကျမှုများတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေထက် ငွေကြေး ဖောင်းပွမှု ပိုမိုသက်သာလေ့ရှိသည်။ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နှစ်စဉ် ဂျီဒီပီ တစ်ဦးချင်းဝင်ငွေ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဆင်းရဲချမ်းသာ ကွာဟချက်၊ အစိုးရဘတ်ဂျက်ရှင်းတမ်း စတဲ့စတဲ့ မှန်မှန်ကန်ကန် အချက်အလက်တွေ ဘယ်မှာလဲ။ ပြည်တွင်းမှာ ဘယ်အဖွဲ့အစည်းတွေက ပြုစုနေပါသလဲ။ အထူးသဖြင့် လွတ်လပ်တဲ့ မည့်သည့်ပညာရှင်အုပ်စု၊ အဖွဲ့အစည်းက ပြုစုနိုင်ပါသလဲ။ စီးပွားရေး တက္ကသိုလ်က နှစ်စဉ် မည့်သည့် စီးပွားရေး သုံးသပ်ချက်နဲ့ စာအုပ်တွေ ထုတ်နိုင်ပါသလဲ။ရည်ညွှန်း OECD statistics
၁၁-ဖေဖော်ဝါရီ ၂၀၁၁
-----------------
၂၁ ရာစု ပင်လုံညီလာခံနှင့်စပ်လျဉ်း၍၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည်ထည့်ဖို့ လိုပါသေးသလားဟု မေးမည့်လူများ ရှိချင်ရှိမည်၁။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင် နှစ်ဆယ့်တစ်ဦးတို့က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခဲ့ပေမဲ့ ယခုအခါမှာ ယင်းသမိုင်း မှတ်တိုင် လှုပ်တုပ်တုပ်ဖြစ် နေပါပြီ။ ယင်း လှုပ်တုပ်တုပ်ဖြစ်နေသော သမိုင်းမှတ်တိုင်ကို ကြံ့ကြံ့ခိုင်ခိုင်ဖြစ်စေရန် ရည်ရွယ်၍ ဒုတိယပင်လုံ ညီလာခံ/၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ကျွန်န်ုပ်တို့က ၂၄-၁၀-၁၀ ရက်နေ့တွင် ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာ စာတမ်းအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။၂။ ၁၂-၂-၄၇ နေ့မှာ ကျင်းပပြုလုပ်ခဲ့သော ပထမ ပင်လုံညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ တောင်းတန်းသားများ ဖြစ်ကြသည့် ရှမ်း၊ ကချင် နှင့် ချင်းတို့နှင့် ကြားဖြတ် ဗမာအစိုးရ (Interim Burmese Government) ပူးပေါင်းပြီး လွတ်လပ်ရေး အရယူပြီး၊ ဖယ် ဒရယ်ပြည်ထောင်စု၊ ပြည်ထောင်စု စစ်စစ် ထူထောင်ရန်တို့ ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါ၍ စာချုပ်၏ အနက်အဓိပ္ပါယ်ကို မေမြို့စုံစမ်းရေး ခေါ်သည့် ဒုတိယစုံစမ်းရေး စာအုပ်တွင် ဖော်ပြပါရှိပါသည်။ ယခုအခါမှာ ပထမ ပင်လုံညီလာခံ သဘောတူ ဆုံးဖြတ်ချက်များ မှေးမှိန်လုမတတ်ဖြစ်နေသည်။ ထို့ကြောင့် ဒုတိယ ပင်လုံညီလာခံ/ ၂၁ ရာစု ပင်လုံ ညီလာခံ လိုအပ်နေခြင်းဖြစ်ပါသည်။ ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က အမြော်အမြင်ကြီးစွာနှင့် ၂၁ ရာစု ပင်လုံညီလာခံ အဖြစ် မှည့်ခေါ်သည်မှာ အလွန်လျော်ကန် သင့် မြတ်သည်ဟု ယုံကြည်သဖြင့် ထိုသို့ပင် သုံးစွဲကြပါစို့။
ပူကျင့်ရှင်းထန်
၃။ ၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည် ထည့်ဖို့ လိုပါသေးသလားဟု မေးမည့် လူများ ရှိချင် ရှိမည်။ ပင်လုံ ဆိုတဲ့စကားလုံး ကြားလိုက်တာနှင့် တပြိုင်နက်ထဲ လူတွေရဲ့ စိတ်ထဲမှာ ပေါင်းစည်းရေး စိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ် နှိုးဆွပေးပါသည်။ ထို့ကြောင့် ပင်လုံတော့ ထည့်ရမည်။
ပင်လုံဆိုသည့် အမည်သည် ပြည်ထောင်စုနေ့ ပင်လုံစိတ်ဓါတ် ပေါ်ပေါက်လာအောင် ဦးဆောင်စည်းရုံးသူ ဗိုလ်ချုပ်အောင်ဆန်းက လည်း ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်နှင့် ပင်လုံစာချုပ် နှင့် ပတ်သက်၍ ၁၉၄၇-ခုနှစ်၊ ဇွန်လ (၁၀-၁၈) ရက်ထိ ကျင်းပ ခဲ့သည့် ပထမ တိုင်းပြုပြည်ပြုလွတ်တော်တွင် ပြောကြားရာ၌ ပင်လုံစာချုပ်၏ စာဖြင့် ရေးထားသောသဘောတူညီ ချက်များ (Agreement in written) ကိုသာမက၊ စာဖြင့် မရေးထားသော်လည်း ထိုသဘောတူညီချက်ကို ဖြစ်စေခဲ့သော စာချုပ်၏ အနှစ် သာရအရ (Agreement in Spirit) ကို လေးစား လိုက်နာရမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ပြောကြားခဲ့သည်။
၎င်းပြင် အခြေခံဥပဒေ ရေးဆွဲရာမှာလည်း ဗိုလ်ချုပ်လမ်းညွှန် ၇ ချက် ထားခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးပြီး အခြေအနေဥပဒေ ပြဋ္ဌာန်းလာသောအခါ ဗိုလ်ချုပ်နှင့် တိုင်းရင်းသားများ ရည်မှန်းထားသည့် ပြည်ထောင်စုစစ်စစ် အခြေခံဥပဒေ ဖြစ်မလာဘူး။ ဤအချက်ကို Consitutional Advisor ဦးချန်ထွန်း (ဗိုလ်ချုပ်နှင့် အငြင်းပွားခဲ့ဖူးသူ) ကလည်း မှန်ကန် ကြောင်း ဝန်ခံခဲ့ကြောင်း Thinker က အောက်ပါအတိုင်း ရေးသည်။ "Constitutional Advisor admitted that Our constitution thought in theory federal is in practice unitary"၄။ သို့ဖြစ်၍ ယခုအချိန်အထိ နှစ်ပေါင်း (၆၂) နှစ်အတွင် ဒီမိုကရေစီ အစိုးရ၊ ၁၉၅၈-ခုနှစ်က စတင်ခဲ့သော ပြောင်းလဲလာသော အစိုး ရ အဆက်ဆက်တွင် တိုင်းရင်းသား လူမျိုးများ၏ ဒီမိုကရေစီရေးနှင့် တန်းတူရေး မှေးမှိန်ကွယ်ပျောက်သွားသည့်အတွက် တိုင်းရင်း သား လူမျိုးများသည် ဒီမိုကရေစီရေး တန်းတူရေးရာ ရှိရန်အတွက် ဥပဒေတွင်း၊ ဥပဒေ ပ (လက်နက်ကိုင်) တိုက်ပွဲများ ယခုထက် တိုင် အဆက်မပြတ် ဖြစ်ပေါ်နေပါသည်။ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးသည်တိုင်းရင်းသား ညီညွတ်ရေးအတွက် ညှိနှိုင်း တည်ဆောက်ခဲ့သော ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်သည် ပျောက်ကွယ်လုမတတ် ဖြစ်နေပါသည်။
ထိုစိတ်ဓါတ်ကို ပြည်လည်နှိုးဆွ အသက်သွင်းရန် လိုအပ်လာပါသည်။ ယခု ၂၁-ရာစု ပင်လုံညီလာခံသည် ကလေးမြို့က ဆုံးဖြတ် ချက် ကြေညာစာတမ်းတွင် ပါရှိသည့်အတိုင်း တပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ခွင့်လည်း မရှိသော ဖယ်ဒရယ် ပြည်ထောင် စု၊ ပြည်ထောင်စုစစ်စစ် တည်ထောင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးရန် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းနှင့်မျှ ထိပ်တိုက် ရင်ဆိုင်တိုက် ခိုက်ရန် မဟုတ်ပါ။သို့ဖြစ်ပါ၍ ယခုကျင်းပရန် ရည်မှန်းထားသော ၂၁-ရာစု ပင်လုံညီလာခံသည် အာဏာရ န-အ-ဖ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီများ၊ လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ကြသည့် မျိုးချစ် နိုင်ငံရေးရဲဘော်ဟောင်းများ၊ ၈၈-မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား လူငယ်များနှင့် ဒီမိုကရေစီ အင်အားစုများ၊ အားလုံး စုပေါင်း ညှိနှိုင်း၍ ၂၁-ရာစု ပင်လုံညီ လာခံ ခေါ်ယူကျင်းပရန် ဖြစ်သည်။ ဤလုပ်နည်း လုပ်ဟန်သာလျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေး အတွက် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သည်။ ၂၀၀၈- အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) နှင့် (ခ) အရဖြစ်ပါသည်။အားလုံး လက်ခံနိုင်သော ၂၁ ရာစု ပင်လုံညီလာခံ အမြန်ပေါ်ပေါက်ပါစေ!ပူကျင့်ရှင်းထန်- ဥက္ကဋ္ဌဇိုမီးအမျိုးသားကွန်ကရက်- ဖေဖော်ဝါရီ ၃၊ ၂၀၁၁စာ မူရင်း - သျှမ်းသံတော်ဆင့်
--------------------
နအဖ၏ အစိုးရသစ် ကို ယှဉ်ပြိုင်စိန်ခေါ်နိုင်သော အစိုးရ သစ်ဆိုတာမာတလိ -31,Jan, 2011။- (၁၆) ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေးဆွေးနွေးပွဲကြီးကို နော်ဝေနိုင်ငံ ။အော်စလိုမြို့  - မှာ ၁၂(ပြည်ထောင် စုနေ့ ။ ၁၃ ဖေဖော်ဝါရီ လ ၂၀၁၁ ခုနှစ်။ (စနေ၊ တနင်္ဂနွေ) တွေမှာ ကျင်းပ ပြုလုပ်တော့မယ်လို့ သိရပါတယ်လုပ်လာခဲ့တာ ၁၆ ကြိမ် အထိ ရှိလာပြီ ဆိုတော့ လည်း မြန်မာ့ ရှေ့ ရေးကို ဘယ်လို နည်းနာတွေနဲ့ ကယ်တင်ဖို့ တွေ့ ဆုံ ညှိုနှိုင်း ပြောဆို ဆုံးဖြတ်ကြမယ် ဆိုတာကို မြန်မာ ပြည်သားတိုင်း သိချင်ကြမှာပါ။(၁၅) ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေး ဆွေးနွေးပွဲ မှာတုန်းကတော့ အစည်းအဝေး တက်ရောက်သူများထဲက ရွေးချယ် လိုက်တဲ့ ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် ခေါင်းဆောင်များ ရွေးချယ်လိုက်ကြပါသတဲ့။သူ့ မူရင်း စာသားမှာတော့ အချက်အမှတ် ၁၂ မှာ ---(၁၅) ကြိမ်မြောက် ဥရောပရောက်မြန်မာ့အရေး ဆွေးနွေးပွဲမှ ချမှတ်သည့် ရှေ့ လုပ်ငန်းစဉ်များကို ဖေါ်ဆောင်နိုင်ရန် အောက်ပါ အလုပ်အဖွဲ့ ကို ဖွဲ့ စည်းကြောင်း ဆုံးဖြတ် သည်၊
အလုပ်အဖွဲ့ ၁၊ နိုင်ထောဦး (ဒိန်းမတ်)၂၊ မခင်မိုးမိုး (ဒိန်းမတ်)၃၊ ဒေါက်တာ ၀င်းနိုင် - ဒေါက်တာ ဒေါ်ခင်ဝင်းနွယ် (ယူကေ)၄၊ ကိုမင်းဟိန်း (ယူကေ)၅၊ ကိုထွေး (ပြင်သစ်)၆၊ ကိုထင်ကျော် (ပြင်သစ်)၇၊ ဦးကျော်သွင် (နော်ဝေ)၈၊ ကိုသက်ထွန်းဦး (နော်ဝေ)၉၊ Jonathan Thang (နော်ဝေ)၁၀၊ ဦးသောင်းထွေး (နယ်သာလန်)၁၁၊ ကိုနိုင်ဝင်း (နယ်သာလန်)၁၂၊ ဦးနွယ်အောင် (ဂျာမဏီ)၁၃၊ ကိုဆန်နီ အောင်သန်းဦး (ဂျာမဏီ)၁၄၊ ကိုဌေးဇေယျာ (ဆွီဒင်)၁၅၊ မအနူး (ဆွီဒင်)၁၆၊ ဒေါက်တာ သန်းထိုက် (ပိုလန်)၁၇၊ နော်အငယ်မ KSC (ဆွီဒင်) ဖြစ်ပါတယ်။ဒီလူတွေထဲမှာ အဓိက အရေးကြီး အထင်ကရ လူကြီးများတော့(FBE) မစ်ရှင်အဖွဲ့ ကို ဖွဲ့ စည်း တာဝန်ပေးအပ် ခြင်းခံရတဲ့(၁) ဦးအောင်ထူး ( မြန်မာ နိုင်ငံ ရှေ့ နေများ ကောင်စီ)(၂) ဒေါက်တာဝင်းနိုင် (အင်္ဂလန်)(၃) ဦးနွယ်အောင် (ဂျာမဏီ)(၄) ဦးကျော်သွင် (၁၉၉၀ ခုနှစ်ရွေးကောက်ခံ အနိုင်ရ ခရမ်းပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)တို့  ဖြစ်တာ တွေ့ ရပါတယ်။ပြီးခဲ့တဲ့ နှစ်က မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ တိုးတက်အောင်မြင်ရေး အတွက် ဆုံးဖြတ် ညှိုနှိုင်းကြရာ တွေမှာ အဲဒီအထဲ ကျွန်ုပ် စိတ်အ၀င်စားဆုံး အချက်ကို ရှာကြည့်မိပါတယ်။(၁၅) ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေး ဆွေးနွေးပွဲ ကို (Gävle, Sweden) မှာ 31th Jul / 1st Aug 2010 လုပ်ခဲ့ ရာမှာ။ ထူးထူးခြားခြား ရှေ့ လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဆိုတဲ့ အချက်မှာ တော့အချက် အမှတ် နံပါတ် ၃၊မှာ နအဖစစ်အာဏာရှင် အစိုးရအား လည်းကောင်း။၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မူတညှ်ု ပေါ်ပေါက်လာမည့် အစိုးရသစ်အားလည်းကောင်းယှဉ်ပြိုင်စိန်ခေါ်နိုင်သော အစိုးရအဂါင်္ရပ်များနှင့် ပြည့်စုံသည့် ယှဉ်ပြိုင်အစိုးရ တစ်ရပ် ပေါ်ထွန်း လာရေး --အတွက် သဘောတူကြောင်းနှင့် ပြည်ပရောက်မြန်မာပြည်သားများနှင့် ဒီမိုကရေစီအင်အား စုများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆုံးဖြတ်သည်၊ဒီစားသားထဲက နအဖစစ်အာဏာရှင် အစိုးရအား လည်းကောင်း။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မူတညှ်ု ပေါ်ပေါက်လာမည့် အစိုးရသစ်အားလည်းကောင်း ယှဉ်ပြိုင်စိန်ခေါ်နိုင်သော အစိုးရအဂါင်္ရပ်များနှင့် ပြည့်စုံသည့် ယှဉ်ပြိုင်အစိုးရ တစ်ရပ် ပေါ်ထွန်း လာရေးအတွက် သဘောတူကြောင်း အတိုင်းဆိုရင်(၁) ဦးအောင်ထူး ( မြန်မာ နိုင်ငံ ရှေ့ နေများ ကောင်စီ)(၂) ဒေါက်တာဝင်းနိုင် (အင်္ဂလန်)(၃) ဦးနွယ်အောင် (ဂျာမဏီ)(၄) ဦးကျော်သွင်( နော်ဝေ)တို့က လက်ရှိ ဒေါက်တာ စိန်ဝင်း စင်ပြိုင်အစိုးရက ကာလကြာမြင့်လာလို့ အသိအမှတ် မပြု ချင်တော့တာလား၊အင်သစ် အားသစ်နဲ့ ပေါ်ပေါက်လာမယ့် နောက်အစိုးရသစ်ကို လိုချင်တာလား ဆိုတာ မေးစရာ လိုတဲ့ အချက် အဖြစ် တွေ့ ရပါတယ်။ဆုံးဖြတ်ချက်မှာ အဲလိုတွေ ရပေမယ့် သူတို့ ဆုံးဖြတ်ချက်ချအပြီး ၈-လအကြာမှာဦးမြင့်သိန်း (အင်စီယူဘီ)နဲ့ ဗကပ- ဦးဖိုးသံချောင်း တို့ရဲ့ (မဇ္ဈိမ)သတင်းဌာနမှာ တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ရက်စွဲနဲ့  ထုတ်ပြန် ကြေငြာ လိုက်တဲ့ “ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး” ဆိုတာ ကို ထောက်ခံသံ မထွက် ဖြစ်နေတာ တွေ့ ရပါတယ်။ဒီလူတွေ ပြန်ကြည့်ရင် ဦးကျော်သွင်နဲ့ ဒေါက်တာ ၀င်းနိုင်တို့က အင်စီယူဘီ အဖွဲ့ ဒေါက်တိုင်ကြီး ၄ ချောင်း လက်အောက်မှာ ရှိနေတာ တွေ့ ရမှာ ဖြစ်ပါတယ်။ဦးနွယ်အောင်နဲ့ ရှေ့ နေကြီး ဦးအောင်ထူးတို့ကိုလည်း နှယ်နှယ်ရရ မဟုတ်တဲ့ ပညာရှိ ကြီးတွေ ဆိုတော့ ဘာဖြစ်လို့ ဒီအပေါ်မှာ ငြိမ်နေ ရတယ်ဆိုတာ မတွေးတတ် အောင်ဖြစ်ရပါတယ်။လက်ရှိ အချိန်မှာ နအဖ စစ်အစိုးရနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မူတညှ်ု ပေါ်ပေါက်လာမည့် အစိုးရသစ် ကို ယှဉ်ပြိုင်စိန်ခေါ် နိုင်သော အစိုးရ အဖွဲ့ လိုအပ်နေတာ အမှန်ပါ။ဒီတော့ အခု ဖပ်မံ ကျင်းပမယ့် (၁၆) ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေးဆွေးနွေးပွဲကြီးမှာရော ဒီအချကို ဆက်လက် အတည်ပြု ဆုံးဖြတ်ကြဦး မှာလား။တကယ်လို့ ဒီအချက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက် အတည်ပြု ဆုံးဖြတ် ခဲ့ရင် သူတို့ ဆိုလိုချင်တဲ့ နအဖ၏ အစိုးရသစ် ကို ယှဉ်ပြိုင်စိန်ခေါ်နိုင်သော အစိုးရ သစ်ဆိုတာ ဘယ်ဟာကို ရည်ညွှန်းချင်တာပါလဲ။ဒေါက်တာ စိန်ဝင်းရဲ့ စင်ပြိုင် အစိုးရကို အားသစ်ဖြည့် ထပ်မံ ပြင်ဆင် ဖွဲ့ စည်းချင်တာလား။တချိန်က ဦးမောင်မောင်( အက်ဖ်တီယူဘီ ) ထူထောင်မယ်ဆိုတဲ့ အစိုးရသစ်ကို ပြောချင်တာလား။ဗကပ-ဦးဖိုးသံချောင်နဲ့ ဦးမြင့်သိန်း(အင်စီယူဘီ) တို့  ထူထောင်မယ်ဆိုတဲ့ “ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး” အစိုးရသစ်ကို ပြောချင်တာလား။ဒါမှ မဟုတ် ဥရောပရောက် မြန်မာ့ အရေးလုပ်ဆောင်သူများအဖွဲ့က ဦးဆောင်ပြီး နောက်ထပ် လူသစ်တွေနဲ့ ဖွဲ့ ချင်တာလား။၁၆ ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေးဆွေးနွေးပွဲကြီးမှာတော့ ဒီအချက် ထပ်ပါဦးမယ်၊ ဆုံးဖြတ်ရဦးမယ်ဆိုရင် မြန်မာ ပြည်သားအပေါင်း ၀မ်းသာဖို့ ထင်ရှား ကွဲပြားစွာနဲ့ ပြောဆို လုပ်ဆောင်ဖို့ လိုမှာ အမှန် ဖြစ်ပါတယ်။တူသာတွဲလုပ်ကြ၊ မတူရင် ခွဲလုပ်ကြ၊ အများကြိုက်မယ့်တော်လှန်ရေး အမည် လှလှလေးတွေပေး၊ အများ လက်ခုပ်တီးမှာလေး တွေကို လေလှိုင်းက ထုတ်လွှင့် ထုတ်လွှင့်ပြောဆို၊ အလှူရှင်ရှာ၊ ဟန်ပြ နိုင်ငံရေး အစုအဖွဲ့ လေးတွေ နဲ့ အစည်းအဝေးတွေ လုပ်ပြ လိုက်ကြနဲ့ မူအရ ဆက်လက် ပြောဆိုနေရင်တော့ ရွှေ ပြည်တော် မျှော်တိုင်းဝေးပဲ ဖြစ်နေဦးမှာပါ။နိုင်ငံရေး လုပ်ငန်းမှအစ အခြား ဘာပဲ လုပ်လုပ် အရေးကြီးတဲ့ အဆိုတခု ရှိပါတယ်။ အဲဒါကတော့ --သဘောတရား မပါသော လက်တွေ့ သည် အကန်းလက်တွေ့  မပါသော သဘော တရားသည် အကျိုးတဲ့။တရုတ်၊ရုရှား၊ အိန္ဒိယ၊ အာစီယံနဲ့ ယခု အမေရိကန်ကပါ အနီးကပ် ထိတွေ့ ဆက်ဆံရေး မူ ရသည်အထိ ထောက်ခံမှု အရှိန်အဟုန် တွေနဲ့ ရုဒ်မက် ၇- ချက်အတိုင်း ပြေးနေတဲ့ နအဖ စစ်အစိုးရကို လေအားသန်၊ အားလူးဖုတ်ပြီး ခြေတစ်ပေါင်ကျိုး နဲ့ ယှဉ်ပြိုင်နေရတဲ့ ဘ၀ထဲက ဥရောပရောက် မြန်မာ့ အရေး ခေါင်းဆောင်ကြီးများ လွတ်မြောက်ဖို့ လိုပါမယ်။အကြပ်အတည်းဖြစ်နေတဲ့ လက်ရှိ မြန်မာ့အရေးကို (၁၆) ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေးဆွေးနွေးပွဲကြီးမှ ကယ်တင် ဆောင်ရွက် နိုင်ကြောင်း ဆုတောင်းနေပါသည်။ခင်မင်လေးစားလျှက်မာတလိပြည်ပရောက် နိုင်ငံရေး ဒုက္ခသည်31,Jan, 201
“အရေးကိစ္စအရွေးမှား၍ အချိန်စောင့်ရတော့မည်”-21,Jan- 2011အထိမ်းအမှတ်သစ်ပေါ်ပေါက်မည့်လွှတ်တော်သုံးရပ် အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ လက်ရှိအစိုးရက ခေတ်ချုပ်အစီရင်ခံစာကို တင်သွင်းရန် အချိန်မီစိုင်းပြင်းနေသည်ဟု သတင်းတစ်ရပ်ကဆိုသည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဤအစီရင်ခံစာတင်သွင်းရန်လည်း လိုအပ်လေရာ ဤအစီရင်ခံစာသည် ခေတ်တစ် ခေတ်ကို နိဂုံးချုပ်သည့် အခြေခံအမှတ်အသားပင် ဖြစ်ပါလိမ့်မည်။ခေတ်သစ်တစ်ခေတ်ကို စတင်ထူထောင် သည့်အထိမ်းအမှတ်လည်း ဖြစ်မည်။အခြားနိုင်ငံရေးအဓိပ္ပါယ်တစ်ပါးအနေဖြင့် ပြောလျှင် ပေါ်မည့်လွှတ်တော်နိုင်ငံရေးသည် တက်ကြွလှုပ် ရှားသူတို့၏ ဖိုရမ်ကို အဆုံး သတ်စေလိုက်သည်။ ဤနေရာ၌ ကိုယ့်စိတ်ကြိုက်ရွေးချယ်မှု အကြောင်းကိုထည့် ပြောရန် လိုပါလိမ့်မည်။ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြုသော အစွန်းရောက် သဘောထားအမြင်သည် ပြုတ်မနူးအမြင်အဖြစ် ဇာတ်သိမ်းသွားသည်ကိုလည်း မြင်ရသည်။အရွေးမှားမိမိဘာသာရွေးချယ်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါလျက် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ် ဆိုပြီး ခေါင်းစဉ်ပြောင်းလဲ ပြောဆိုသည်မှာ အချိန်နှောင်းသွားခြင်းကို မမြင်သည့်သဘောသက်ရောက်သည်။ဖြစ်ပြီးသမျှတွေပယ်၊ အစကအကုန်ပြန်စလိုခြင်းသည်။မနူးမနပ်နိုင်ငံရေးဖြစ်သည်ကို လူအများက သိရှိကြသည်။ဖြစ်ပြီးသားအရာတို့ကို အသိအမှတ်ပြုခြင်း Fail Accompli ဆိုသောစကားသည် ရွေးကောက်ပွဲ ကိုဆန့်ကျင်ခဲ့သူတို့အတွက် လမ်းညွှန်စကားပုဒ်ဖြစ်၍ နှစ်သစ်တွင်ဆီလျော်သလို ပါဝင်ကစားရန် အကြံပြုလို သည်။အချိန်တော့စောင့်ရမည်။ဤသို့အချိန်စောင့်ရသည်မှာ မိမိက Issue (ကိစ္စ) ကို ရွေးချယ်မှားခဲ့သော ကြောင့်ဖြစ်သည်။////////////////////မောင်စူးစမ်းThe Voice ဂျာနယ်Vol.7/No.421, January ,2011
အကယ်ဒမီ မကြို -မိုင်အကယ်ဒမီစိန်ဇန်န၀ါရီ ၁၁၊ ၂၀၁၁ရွေးကောက်ပွဲပြီးပြီးနောက်မှာ အစိုးရအသစ်တက်မယ်၊ အရပ်သားအစိုးရလက်ထဲ အာဏာလွှဲမယ်ဆိုတဲ့ မျော်လင့်ချက်များဟာဖြင့် တက်တက်စင်အောင်လွဲနေပြီလို့ ဆိုရမှာပါပဲ။ ဘာမှမဖြစ် ဘာမှမထူးခြားတဲ့ သည်နှစ်နိုင်ငံရေးကို သည်မြန်မာလူမျိုးတွေကတော့ အကယ်ဒမီပေးပွဲကို တက်ကြပေလိမ့်ဦးမယ်။ မြန်မာအနုပညာသည်များဟာလည်း ဘာမှမဖြစ်သလို ဘာမှမခံစားရသလိုနဲ့ သူတို့ ရဲ့မဟာနေပြည်တော်မှာ တက်ရောက်ကြပေဦးမယ်။ လှပဆန်းသစ်တဲ့ အပြင်အဆင်များ၊ ဗန်းကိုင် လင်ပန်းကိုင် ပန်းစည်းကိုင်များ ဟာလည်း ဘာခံစားချက်မှမရှိသလို တက်ရောက်ကြဦးတော့မယ်။
ကြောက်လို့ပါ မလွန်ဆန်နိုင်လို့ပါ ဆိုတဲ့ အကြောင်းပြချက်များနဲ့ သည်နှစ်အကယ်ဒမီပွဲကြီး အောင်မြင်အောင် ၀န်ထမ်းများ အနု ပညာသည်များကလည်း ၀ိုင်းဝန်းကာ အားဖြည့်ပါဝင်ကြလိမ့်ဦးမယ်။ဘာစိတ်ဓါတ်မှမရှိ ဘာမှစဉ်းစား ဥာဏ်မရှိတဲ့ ပရိသတ်များအင်အားနဲ့ နေပြည်တော်အကယ်ဒမီပေးပွဲဟာဖြင့် စည်ကားသိုက်မြိက်စွာ ကျင်းပကြတာကို မြန်မာရုပ်မြင်သံကြားကနေ တိုက်ရိုက်လွှင့်ထုတ်တာကိုလည်း ဟောသည်ပရိသတ်ကြီးက အားပါးတရ ကြည့်ရူ အားပေးကြပေဦးတော့မယ်။နေပြည်တော်ဆိုတာ မြန်မာပြည်သူလူထုကို နှိပ်စက်ဖို့လ တဖက်တလမ်းက ပါဝင်ကပြနေတယ်ဆိုတာ သိသိကြီးနဲ့ ရန်ကုန်မြို့မှာ ကျင်းပသင့်တဲ့ သည်အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ အနိုင်ယူကျင်းပမှန်းသိရက်နဲ့ကို အားပေးတဲ့ပရိသတ်များကလည်း လက်မ၂၀ ပတ်လည် လက်မ ၃၀ ပတ်လည် ရုပ်မြင်သံကြားဖန်သားပြင်မှာ ပါဝင်ခွင့်ရရင်ကိုပဲ ကျေနပ်နေကြပီကောလား။
အနုပညာသည်များ အားလုံးနီးပါးဟာ အရုဏ်ဦးမှာလည်း ကြာတွေဖူးပွင့်ဝေဆာပြီးကြပါပြီ။ အစိုးရရဲ့စစ်ဖိနပ်အောက်မှာလည်း မနာ မကြင်နဲ့ အပြုံးပန်းများ ဝေေ၀ဆာဆာနဲ့ အကယ်ဒမီများကိုလည်း တက်ယူကြဆင်နွဲကြပါဦးမယ်။ ပရိသတ်ကလည်း အားပေး ကြ သကိုး။ စစ်အစိုးရလည်း အချိန်က ကုစားလို့ သူ့ပရိသတ်နဲ့သူ သက်ဇိုးရှည်နေတာ ဆိုတော့လည်း အနုပညာသည်များကလည်း သည်အတိုင်း ဆက်လျောက်တော့မှာပေါ့လေ။ သည်အစိုးရနဲ့ သည်ပြည်သူလူထု လိုက်လည်း လိုက်ဖက်ပါပေရဲ့။
အခုခေတ် မြန်မာပြည်မှာ မြန်မာပရိသတ် အားပေးနေတာ ကိုရီးယားကားများသာ ဖြစ်ပါတယ်။ မြန်မာဗီဒီယိုကားများကို ပြတောင် မပြတော့ပါဘူး (အဲ … ကြော်ငြာမရလို့ပါတဲ့)။ သည်တော့ မြန်မာမင်းသား မင်းသမီးများလည်း သေချာစဥ်းစားကြည့်ရင် ရှက်ဖို့တော့ ကောင်းပါတယ်။ မြန်မာမင်းသား မင်းသမီးလုပ်နေပြီး မြန်မာ့တီဗီဖန်သားပြင်မှာ နေရာမရတဲ့အဖြစ်ဟာ ဘာကြောင့်လို့ ထင်ပါသလဲ။ မြန်မာ့ရုပ်မြင်သံကြားဆိုတာ ကိုယ့်ဗမာပြည်က အနုပညာသည်တွေအတွက်ပဲ ဖြစ်ရမှာ မဟုတ်လားခင်ဗျာ။ အခုတော့ ကိုရီးယား မင်းသား မင်းသမီးများဟာ မြန်မာပရိသတ် အားပေးနေလိုက်တာများ ကိုယ့်တိုင်းပြည်က သူတွေကျနေတာပါပဲ။ မြန်မာမင်းသား မင်းသမီးများအနေနဲ့ သည်အဖြစ်ကို လက်ခံထားလိုက်ရတာ ကြာပြိမဟုတ်လား။ ဘာမှ မတတ်နိုင်ဘူး မဟုတ်လား။
ကိုရီးယားဘယ်မင်းသား မင်းသမီးအကြောင်းကိုပဲ စိတ်ဝင်စားကြပြီး မြန်မာပြည်က မင်းသား မင်းသမီးတွေ နေရာမရှိတာ ကြာပြီ ပေါ့။ ဂျာနယ်မဂ္ဂဇင်းများမှာ ကြံဖန်ပြီးတော့သာ နေရာယူနေရတယ်။ အမှန်တော့ ကိုရီးယားမင်းသား မင်းသမီးတွေကို မမီတော့ ဘူးပါဘူး။လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ ကျော်က ရုပ်ရှင်များကို မြန်မာပရိသတ် စွဲလန်းခဲ့ပုံများကို အခုခေတ်က အနုပညာသည်များ ပြန်ကြည့်ရင် ရှက်စရာပါပဲ။ ရုပ်ရှင်မင်းသား မင်းသမီးများကို တကယ်ချစ်ခဲ့ အားပေးခဲ့တာပါ။ အခုတော့ မဂ္ဂဇင်း ဂျာနယ်များမှာ တွေ့ရတာတွေက မင်းသား မင်းသမီးများရဲ့ အချစ်ရေး အိမ်ထောင်ရေး ဖက်ရှင်ရေး လူမူရေးကိစ္စများပဲ ဖြစ်ပါတယ်။ အနုပညာရေးရာတို့ ရုပ်ရှင်များ ကိစ္စများဟာလည်း ဘေးရောက်ကုန်ပါပြီ။ ပြတယ် ပြောတယ် ဆိုဦးတော့ ဒါတွေဟာ အပေါ်ယံများပဲ ဖြစ်ပါတယ်။အခုခေတ် မင်းသား မင်းသမီးများ အ၀တ်အစားများ လျှပ်ပေါ်လော်လီတာတွေဟာ မြင်မကောင်းပါဘူး။ ဒါတွေကို တီဗီဖန်သားပြင်မှာ ဖုံးရဖိရနဲ့ ပြသနေတာတွေလည်း တွေ့ရပါတယ်။ အစကတည်းက သည်လို မ၀တ်စေနဲ့ပေါ့ဗျာ။ အခုတော့ မှုံဝါးဝါး ဖြစ်သွားတာ၊ ကာလိုက်တာတွေဟာ တကယ်တော့ ဘာသဘောလဲ မသိပါဘူး။ ဒါမျိုးတွေ ၀တ်စားပြီး ပရိသတ်ဆွယ်ရတာတော့ အခုခေတ်ရဲ့ ရေစီးပဲ ထင်ပါရဲ့။မြန်မာ့ရုပ်မြင်သံကြားတွေရဲ့ အခြေအနေလေးကိုငဲ့ပြီး ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။ တီဗီမှာ တွေ့နေရတာတွေက ကြော်ငြာ များ၊ အစီအစဉ်ကြေငြာသူများ၊ ပစ္စည်းကြော်ငြာများသာ ဖြစ်ပါတယ်။ အင်တာဗျူးများကို ကြည့်လိုက်ဦး။ အ၀တ်အစား ဖိနပ် ပိုက်ဆံ အိတ် ဟင်းဖုန်းများကို ကြွားပွဲကြီး ကျင်းပနေကြတာပဲ တွေ့နေရပါတယ်။ဒါကို အဟုတ်ကြီးထင်ပြီး အနုပညာသည်ဆိုတဲ့ အမည်ကိုခံယူပြီး အကယ်ဒမီကို ညာယူလိုက်ကြတာကတော့ ဘယ်သူ့အတွက် ပါလဲ။ သတ္တိရှိရှိနဲ့ပဲ မြန်မာ့ရုပ်မြင်သံကြားမှာ တစ်ပတ် တစ်ရက်လောက်ပဲ ကိုယ့်ဇာတ်လမ်းအသစ် အခန်းဆက်ကားလေး ပြခွင့်ရရင် ပရိသတ်ဆီက အုတ်ခဲမရရင်ကိုပဲ တော်သေးတယ် ဆိုတဲ့ သည်ခေတ်ကြီးပါဗျား။
ကိုင်း … လိုရင်းကိုပဲ ပြောပါတော့မယ်။ အနုပညာသည်များကို နားလည်ပါသော်လည်း အခုတော့ သိပ်နားမလည်ပေးနိုင်တော့ပါဘူး။ မိုင်အကယ်ဒမီစိန်တယောက် မတက်လို့ အကယ်ဒမီပေးပွဲ မပျက်ပါဘူး။ ပရိသတ်တယောက်လောက် လျော့တာ ဘာအရေး လဲ ခင်ဗျ။ သည်နှစ်တော့ နေပြည်တော်ကို တက်ရောက်တဲ့ အနုပညာသည်များစာရင်းနဲ့ မတက်ရောက်တဲ့စာရင်းကိုတော့ လက်တို့ ထား လိုက်ပါ့မယ်။ ဒီစစ်စိုးရကပေးတဲ့ အကယ်ဒမီကိုယူချင်သပါ့ဆိုလည်း တက်ယူကြပေါ့။ပရိသတ်ကပေးတဲ့ အကယ်ဒမီမှ မဟုတ်ပဲ။ဒါကို ပရိသတ်က ပေးတာပါလို့ ပြောရင်တော့ ဇာဂနာကို သတိရလိုက်ကြပါဦး။ မင်းသိင်္ခကိုလည်း မမေ့လိုက်ပါနဲ့။ ကျော်သူ့ကိုလည်း ချန်မထားနဲ့။သည်အနုပညာသည်များဟာ သူတို့အအောင်မြင်ဆုံးအချိန်မှာ ဒီအောင်မြင်မှုများကို စွန့်လွှင့်သွားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပရိသတ် အပြည့်အ၀ လက်ခံ ရယူထားရတဲ့အချိန်မှာ မြန်မာလူထုအတွက် ရပ်တည်လိုက်ကြသူတွေဖြစ်ပါတယ်။သူတို့သာ အခုလက်ရှိအနုပညာသည်တွေလို အစိုးရအကြိုက် လိုက်နေမယ်ဆိုရင် အကယ်ဒမီဆုတွေ များစွာချိတ်ပြီး Best Seller Writer, Best Actors တွေ ဖြစ်နေရောပေါ့။ အဲသည်အတွက် သူတို့ရဲ့ပေးဆပ်မူကို နည်းနည်းတော့ အသိအမှတ်ပြုဖို့တော့ ကောင်းပါတယ်။မိုင်အကယ်ဒမီစိန်ကတော့ သည်နှစ်အကယ်ဒမီကိုတော့ဖြင့် မကြို။အကယ်ဒမီ မကြိုအကယ်ဒမီ မကြို။
(မှတ် ချက်။ သည်နှစ် အကယ်ဒမီကို မိုင်အကယ်ဒမီ မကြိုဆိုပါ။ သို့ပါ၍ မိုးမခက တင်ဖို့ဆန္ဒရှိရင် တခြားတစ်ယောက် ကိုသာ ရေးခိုင်းလိုက်ပါရန်။)
မိုင်အကယ်ဒမီစိန်ဇန်န၀ါရီ ၁၁၊ ၂၀၁၁
ဖော်ဝပ်မေးလ်မှ ရရှိပါသည်( သူရိယ)
//////////////
အမြင်မတူတိုင်း ဆန့်ကျင်ကွဲလွဲဖို့ မလိုပါကိစ္စတစ်ရပ်နှင့်စပ်လျဉ်း၍ အယူုအဆမတူသူနှစ်ယောက် အပြင်းအထန်ငြင်းခုံဝေဖန်ကြသည့်ပွဲကို ကြုံဖူးပါလိမ့်မယ်။အစပထမတွင် သူ့အမြင် သူပြော ကိုယ့်အမြင် ကိုယ်ပြောရင်း သည်ကိစ္စမှာ သူနှင့်ကိုယ်အယူအဆမ တူတာ၊ ရပ်တည်ချက်တွေ ကွဲလွဲတာ၊ သူကဟိုဘက်ကို အားပေးပြီး ကိုယ်က သည်ဘက်ကိုအားပေးထောက်ခံ တာတွေ တွေ့မြင်လာကြလိမ့်မည်။
အဲသည်အခါ တစ်ယောက်ကစပြီး တစ်ဖက်လူ၏ အယူအဆမှားယွင်းကြောင်း၊ ဘာတွေ ဘယ်လိုလွဲ ချော်နေကြောင်း ထောက်ပြ ပြောဆိုလာမည်။ သည်အခါ တစ်ဖက်လူကလည်း သူမမှားကြောင်း ငြင်းဆိုတာ ဘာကြောင့်မမှားသည့်အကြောင်း အထောက် အထား သာဓကတွေဖြင့် ပြန်လည်ချေပမည်။ ဒါတင်မက တစ်ဖက်လူ၏ အယူအဆသည် ဘယ်နည်းဘယ်ပုံမှားယွင်နေကြောင်း တုံ့ပြန်ပြောဆိုဦးမည်။ အဲသည်လို အပြန်အလှန်ပြောရင်း ငြင်းခံပွဲတာရှည်လာလျှင် ကျိုးကြောင်းယုတ္တိတွေကုန်ကာ အထောက် အထားမဲ့ပြောဆို လာမည်။ တစ်ဖက်လူနားလည်လက်ခံဖို့ကိုမစဉ်းစား ငါ့စကားနွားရဖြစ်လာမည်။ အကြောင်းအရာကို ငြင်းခုံရာ မှဆက်စပ်ပတ်သက်ရာလူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊၀ါဒလမ်းစဉ်၊လက်စွဲကျမ်းဂန်စသည့်တစ်ဖက်လူအလေးအမြတ်ပြုသည့်အရာများကို
ပုတ်ခတ်ပြောဆိုသောအဆင့်ရောက်လာမည်။
အဲဒါဆိုလျင် ငြင်းခုံပွဲက ရန်ပွဲအဖြစ်သို့ ကူးပြောင်းသွားတော့မည်။စင်စစ်၊ လူတွေဆိုသည်က သူ့အယူအဆနှင့်သူ ရှိတတ်ကြသူများ ဖြစ်သည်။သည်အထဲမှာ တကယ် အလေးအနက်စဉ်းစားတွေးတောပြီးမှ အယူအဆတစ်ခုကို လက်သင့်ခံကြသူတွပါသည်။ မုဆိုးနားနီး မုဆိုး….၊ ဆိုတာလို မိမိကြီးပြင်းရာပတ်ဝန်းကျင်မှာ မကြာမဏကြားနေရသည်များကို အမှန်ဟု မှတ်ယူထားသူတွေပါ သည်။
တချို့လည်း စာအုပ်ထဲက စာတစ်ကြောင်း၊ ဒါမှမဟုတ် မိမိအထင်ကြီးမိသည့် အဂ္ဂိုလ်တစ်ယောက်၏ စကားတစ်ခွန်းကိုမူသေစွဲမှတ်သားသူမျိုးလည်း ပါနိုင်သည်။
ပုဂ္ဂိုလ်တစ်ယောက်ကဆိုလျှင်၊ ကိစ္စရပ်အများအပြားနှင့် စပ်လျဉ်းသည့်သူတို့၏ သဘောထား၊ အမြင်များ၊ အယူအဆများ၊ အမှတ်သ ညာများသည် အသိဥာဏ်နုံနဲ့သည် ငယ်စဉ်ဘ၀က စုစည်းမိခဲ့သည့် အရာများဖြစ်သည်ဟုပင် ဆိုခဲ့ပါသည်။ လူတိုင်းအတွက် မှန်ချင်မှ မှန်ပါမည်။သို့သော် နည်းနည်းလျော့ပြောလျှင်ပင် လူတော်တော်များများသည် ကလေးဘ၀က အမှတ်သညာများ အယူအစွဲများဖြင့် လူကြီးဘ၀ ကို ဖြတ်သန်းကြသည်ဟု ဆိုရမည့်သဘောဖြစ် သည်။ ထားပါတော့ ၊ အထက်က လူအမျိုးအစားများအနက် စဉ်းစားတွေး တော သော အလုပ်ကို အလေးအနက် လုပ်ကာ အမှန်တရားကိုမြင်လျှင် လက်သင့်ခံဖို့ဦးနှောက်ကို အသင့်ဖွင့်ထားတတ်သော ပုဂ္ဂိုလ် တချို့ကလွဲလျှင် ကျန်လူ အများစုတို့အနေနင့်၊ မိမိတို့ခေါင်းထဲသို့ ဘယ်ပုံ ဘယ်နည်း ရောက်ရှိနေမှန်း မသိသည့် အယူအဆမှန် သမျှကို ဒါငါ့အယူအဆဟု မူသေစွဲမှတ်ကာ အခိုင်အမာ ခုခံကာကွယ်တတ်ကြသော သဘောရှိသည်။
သည်အထဲမှာ မပီဝိုးဝါးအမှတ်သညာများပါရှိသလို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ရှင်းလင်းပီသသော အယူအဆများလည်း ရှိသည်။ ဒါတွေကို သွားထိတို့လျှင် ပြဿနာတက်နိုင်သည်။ဥပမာ-ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက် ရပ်တည်ချက်၊ အတွေးအမြင် အယူအဆနှင့် ၀ါဒ လမ်းစဉ်များ။သည်ဟာတွေပေါ်မှာ အခြေခံသည့် ပဋိပက္ခတွေကြောင့် သွေးချောင်းစီး စစ်ပွဲကြီးတွေဖြစ်ခဲ့ကြသည်။ ကြီးမားသော အဲသည် အနိ ဌာ ရုံတွေသည် လူတွေခေါင်းထဲစွဲနေခဲ့သည်။
ထို့ကြောင့် သူတစ်ပါးဘာသာကို မထိပါးနဲ့၊ မဝေဖန်နဲ့၊ တတ်နိုင်သ၍ဘာမျှမပြောကြနဲ့ သဘောရိုးနဲ့ ပြောတာဖြစ်လျှင်ပင် တစ်ဖက်လူ အကောက်အယူလွဲက ပြဿနာတက်နိုင်သည်။ အလားတူ သူတစ်ပါးလူမျိုးနှင့် ပတ်သက်လျှင်လည်း…….၊ သည်လိုတွေ သတိထား ကြသည်။ သို့သော်၊ အပြန်အလှန်မထိပါးမိအောင် သတိထားသောသဘော ဖြင့် တစ်ချို့ကိစ္စတွေကို မပြောကြတာကောင်း သော် လည်း နယ်နိမိတ်တစ်ခုတည်းအတွင်းမှာ အထက်က မတူ သူတွေ စုပေါင်းနေထိုင်ကြသည့်အခါ သူရယ်ကိုယ်ရယ် အတူတကွ ပြဿနာကင်းစွာ နေနိုင်ဖို့အတွက် ဆွေနွေး ညှိုနှိုင်းမှုတွေတော့ မလွဲမသွေ လုပ်ဖို့လိုလာသည်။ဒါကအတော်ပြဿနာကြီးသည်။အပြောမတတ်လျင်တုတ်တစ်ပြက်ဓားတစ်ပြက်ဖြစ်နိုင်သည့်ကိစ္စရပ်တွေကို၊အဲသည်တုတ်တစ်ပြက
်ဓားတစ်ပြက်မဖြစ်ဖို့အတွက်ဘဲပြောဆိုကြရမည့်ကိစ္စဖြစ်သည်။
ခင်ဗျားသဘောကိုလည်း လွတ်လွတ်လပ်လပ်ကိုးကွယ်နိုင်ဖို့၊ ကျွန်တော့်သဘောကိုလည်း လွတ်လွတ် လပ်လပ်ကိုးကွယ်နိုင်ဖို့၊ ခင်ဗျားလူမျိုးလည်းမနစ်နာဖို့၊ ကျွန်တော့်လူမျိုးလည်းမနစ်နာဖို့၊ ကျွန်တော်လည်းကျွန် တော့်လမ်းစဉ်နဲ့ကျွန်တော်သွားနိုင်ဖို့၊ ခင်ဗျားလည်းခင်ဗျားနိုင်ငံရေး ယုံကြည်ချက်ကို စွဲကိုင်ထားနိုင်ဖို့…ချုပ်ပြောရသော်။ငြိမ်းချမ်းစွာအတူတကွ ယှဉ်ပြိုင်တည်ရှိနိုင်ဖို့၊ အဲဒါကိုဆွေးနွေးညှိနှိုင်းအဖြေရှာရသည့်ကိစ္စ။ဒါကို ပြေလည်အောင်ဆောင်ရွက်နိုင်သဖြင့် မငြိမ်းချမ်းရာက ငြိမ်းချမ်းသွားသော တိုင်းပြည်တွေ ကမ္ဘာဒုနဲ့ဒေးရှိသည်။ တချို့ကျတော့တစ်ခါတုန်းက မငြိမ်းချမ်းသော အနေအထားရှိခဲ့ဖူးသည်ဆိုတာ ဟုတ်ရဲ့လား မေးရလောက်အောင်ပင် မတူသူတွေ ယှဉ်တွဲနေထိုင်သည့် အလေ့အထ အသားကျခဲ့ပြီ။ထို့ကြောင့် မည်မျှ ကွဲပြားတာဖြစ်စေ၊ ညှိနှိုင်း အဖြေရှာလျှင် မရတာ မရှိဟု၊ ငြိမ်းချမ်းလိုသူ ညှိနှိုင်းလိုစိတ်ရှိသူများက ပြောတတ် ကြခြင်းဖြစ်သည်။ သို့သော် အယူအဆမတူသူတွေ ဆန့်ကျင်ကွဲလွဲမှု လျှော့ပါးလိုသော သဘောဖြင့် စကားပြောဆိုကြသည့်အခါ သဘောထားကြီး ဖို့လိုသည်။ တူညီသော ရည်ရွယ်ချက်ရှိပြီး အဲသည် ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် လျှော့တန်တာလျှော့၊ ဘေးဖယ်တန်တာ ဘေးဖယ်၊ရွှေ့ဆိုင်းတန်တာ ရွှေ့ဆိုင်းနိုင်ကြဖို့ လိုသည်။ မိမိ၏ တချို့သော အယူအဆတွေမှာ အစွဲအလမ်းတွေ တွယ်ကပ်နေအနေဆိုတာလည်း သေသေချာချာ ပြန်လည် စစ်ဆေးကြဖို့ လိုသည်၊ အလားတူ တစ်ဖက်လူဘက်က လွဲမှားသော အယူအဆတွေ၊ တစ်ဖက်စောင်းနင်း အမြင်တွေဟု မိမိ မှတ်ယူထားတာတွေ သည်ကော တကယ်တမ်း အဲသလောက် လွဲသလား ဆိုးသလား ဓမ္မဓိဌာန်ကျကျ ပြန်လည်သုံးသပ်နိုင်ဖို့လိုသည်။ပြီး လူဆိုသည်က မိမိအလေးအနက်ထားချင်သည့်အရာကို အရေးကြီးကိစ္စဟု သတ်မှတ်ချင်တတ်ပြီး တစ်ဖက်လူအလေးထားပြော ဆိုသည့် အရာနှင့်ပတ်သတ်လျှင် အရေးမကြီးသောအရာတွေ အကျယ်ချဲ့ကာ ပြဿနာရှာနေသည်ဟု မြင်တတ်ကြပါသည်။ အဲသလို အမြင်နှင့်နားထောင်သည့်အခါ တစ်ဖက်လူတင်ပြသည့် အကြောင်းအချက်တွေ ကိုယ့်ခေါင်းထဲမ၀င်တော့။ တစ်ဖက်ပြောသည့်ကျိုးကြောင်းယုတ္တိနှင့် အထောက်အထား သာဓကတွေကို သေသေချာချာနားထောင်စဉ်းစားမှသာ သူကတော့ဒီကိစ္စကိုဘယ်လိုဘယ်လိုမြင်နေတာပဲ၊ ဘယ်အချက်ကတော့ အဲဒီလိုမြင်မယ်ဆိုရင် မြင်သင့်တယ် မြင်စရာဖြစ်နေတယ်၊ ဟိုဟာကတော့ မှားနေပြီ စသည်ဖြင့် တစ်ဖက်လူအနေအထားကို နီးစပ်မှန်ကန်စွာ အကဲဖြတ်နိုင်မည်။အဲသည်အခါ နားလည်မှုတစ်စုံတစ်ရာရရှိနိုင်သည့် လမ်းစပေါ်ရောက်လာပြီ။တစ်ခါတစ်ရံ အမြင်မတူသူနှင့် စကားပြောရင်းက မိမိမစဉ်းစားမကြည့်မြင်ခဲ့သည့်ရှုထောင့်မှ ကြည့်မိလာတာ မိမိရှိခဲ့သည့်အကြောင်း ချက်သစ်တွေ သိမြင်လာတာတွေကြောင့် ပြဿနာတစ်ရပ်နှင့်စပ်လျဉ်း သည့် မိမိအမြင်သဘောထားနှင့် ရပ်တည်လုပ်ဆောင်နေမှု တွေသည် နည်နည်းဖြစ်စေ များများဖြစ်စေ တိမ်းစောင်းလွဲချော်နေတာ သတိပြုမိတာမျိုးရှိတတ်သည်။သည်အခါမျိုးတွင် လူတော်တော်များများပင် အမှန်ကိုမြင်လျက် လက်ခံရခက်သည့်အနေအထားမျိုး ကြုံရတတ်သည်။တစ်ချက်က၊ စောစောကအစဉ်တစ်စိုက်လုပ်ကိုင်ပြောဆိုလာတာတွေနှင့် မတူသောအရာကို ပြောင်းလဲ ပြောဆိုလုပ်ကိုင်ဖို့ နှေင့်နှေး ခြင်းဖြစ်သည်။နောက်တစ်ချက်က စောစောကပေါ်ပေါက်လာသည့် အမြင်သစ်ကိုတခြားသော တစ်နေရာတွင် တခြားသူ တစ်စုံတစ်ယောက်ထံမှ ရရှိခဲ့သော် မထောင်းတာသော်လည်း မိမိနှင့်မတူသည့် တစ်ဖက်လူဟု မှတ်ထားသူထံမှာလာတာဖြစ်သည့်အခါလက်ခံရမှာဝန်လေး ခြင်း ဖြစ်သည်။သို့သော် မတူသူတွေညှိနှိုင်းကြသည့်အခါ သူလည်းအမြင်သစ်တွေရကာ သဘောထားအချို့ပြောင်းလဲ သွားသလို မိမိလည်း တချို့ အစိတ်အပိုင်းများမှာ တစ်ဖက်လူ၏ နေရာမှာ နားလည်ရှုမြင်လိုက်ရတာတွေ ရှိလာ ပေမည်။အရေးကြီးသည်က ကနေဦးအစကပင် အယူအဆနှင့်ပတ်သတ်၍ သဘောထားကြီးစိတ်ထားရှိဖို့ ဖြစ်သည်။ သူတစ်ပါး အယူအဆကို လက်ခံတာ လက်မခံတာ ခဏထား၊ တစ်ဖက်လူမှာလည်း သူ့အယူအဆနှင့် သူရှိနိုင်သည်ဆိုတာ သိမှတ်သည်းခံနိုင်ဖို့လိုသည်။အဲဒါဆိုလျှင် အယူအဆတူမျှကြသည့် အနေအထားမ ရောက်သည့်တိုင် အမြင်မတူ၍ ရပ်တည်ချက်ကွဲလွဲခြင်းကြောင့် ဖြစ်သည့် ပဋိပက္ခများ လျော့ပါးပျောက်ကွယ် နိုင်ပေမည်။အယ်ဒီတာ့အာဘော်ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၃4-Jan, 2011
၂၀၁၁ မြန်မာပြည်(ကျော်စွာမိုး)၂၀၁၀ ကုန်လို့ နှစ်သစ်ကူး တော့မှာမို့ လာမယ့်နှစ်ဟာ မြန်မာပြည် အတွက် ဒီနှစ်နဲ့ ပြီးခဲ့တဲ့ နှစ်တွေနဲ့ မတူတဲ့ ထူးထူးခြားခြား နှစ်ဖြစ် လေမလား စဉ်းစား ကြည့်ကြရအောင်။ အနာဂတ်ကို အတိအကျ ကြိုတင်ဟောကိန်းထုတ်ဖို့ ခက်နိုင်ပေမယ့် မြန်မာ့သမိုင်းနဲ့ ဒီနှစ် ဖြစ်ခဲ့တာတွေအပေါ် မူတည်ပြီး ရှေ့နှစ်မှာ ဖြစ်နိုင်တာတချို့ကိုတော့ ကျနော်တို့ ခန့်မှန်းနိုင်ပါလိမ့်မယ်။ဇန်နဝါရီ ။ ။ မြန်မာပြည်ဟာ ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့အတူ နှစ်သစ်ကို နှုတ်ဆက်လေ့ရှိတယ်။ ဒီနှစ်ဆိုရင် နိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၆၃ နှစ်ပြည့်ပြီ။ ဒါပေမယ့် ၁၉၆၂ ကစလို့ စစ်တပ်က အာဏာသိမ်းခဲ့တာမို့ ပြည်သူလူထုဟာ ဆိုရှယ်လစ် အစိုးရနဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရတာ အခုဆိုရင် ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်တယ်။ဒီလထဲမှာ နိုင်ငံရေးအရ လှုပ်လှုပ်ရှားရှားရှိမှုတွေ ဖြစ်နိုင်ခြေနည်းတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူတို့ရဲ့ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို အဆုံးသတ်ဖို့ အစီအစဉ်တွေ ဆွဲလိမ့်မယ်။“ယခုအခါ နိုင်ငံတော်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းရေး ကျန်ရှိနေသော လုပ်ငန်းစဉ်နှစ်ရပ်(လွှတ်တော် အစည်းအဝေး များ ခေါ်ယူခြင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း) ကို ဖော်ဆောင်ရန် ပြင်ဆင်လျက် ရှိပေသည်” လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဇင်ဘာလ ၁ ရက်နေ့ အမျိုးသားနေ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။ဖေဖော်ဝါရီ ။ ။ တကယ်လို့ ဗိုလ်ချုပ်ကြီးတွေက အစိုးရသစ်ကို စိတ်ချလက်ချနဲ့ အာဏာလွှဲပေးနိုင်ပြီလို့ ယူဆရင် ဒီလဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အတွက် နောက်ဆုံးလ ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ခေါ်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဆိုထားတာကိုး။ ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး လွှတ်တော် အစည်းအဝေး ကျင်းပရမယ့်ရက် ဖြစ်တယ်။ ပြီးတော့ အစိုးရအသစ် ဖွဲ့ပြီး နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတနှစ်ဦးကို ရွေးချယ်ရမှာလည်းဖြစ်တယ်။အစိုးရသစ်ဖွဲ့ပြီးချိန်မှာ နအဖရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားပြီဖြစ်တယ်။ ဒီလိုပြောလို့ မြန်မာပြည်သူတွေ စစ်အုပ်ချုပ်ရေး အောက်က လွတ်သွားပြီလို့ ယူဆနိုင်သလား မေးနိုင်တယ်။ မဟုတ်ဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရခဲ့တာကို အားလုံးအသိပဲ။ ဒီတော့ အဖြေက ရှင်းနေတယ်။ဖေဖော်ဝါရီမှာ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ စဖြစ်လာလေမလား။ ရွေးကောက်ပွဲ မကျင်း ပခင်လေးမှာပဲ ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတချို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဖို့ အဆိုပြုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အကျယ်ချုပ်ကနေ လွတ်လာပြီး မကြာခင်မှာလည်း ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ တိုင်းရင်းသားခေါင်းဆောင် စုစုပေါင်း ၁၀၉ ဦးက ဒီညီလာခံ ပေါ်ပေါက်လာဖို့ အရေး ဦးဆောင်ကြိုးပမ်းဖို့ သူ့ကို တာဝန်ပေးခဲ့ကြပြန်တယ်။ ညီလာခံကို ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ မှာ ကျင်းပနိုင်တယ်လို့ ကြားရတယ်။ဒုတိယ ပင်လုံညီလာခံဆိုတာက အိုင်ဒီယာအနေနဲ့ ကောင်းတယ်၊ ဒါပေမယ့် လောလောဆယ်တော့ လက်တွေ့မကျဘူးလို့ ပြောရ မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေကြားမှာ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်လို့ပဲ။ ဒီကိစ္စသာ တကယ် ဖြစ်လာတယ်ဆိုရင် စစ်အစိုးရက အတိုက်အခံနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခပ်ကြမ်းကြမ်း နှိပ်ကွပ်နိုင်တယ်။ ညီလာခံ ကျင်းပဖြစ်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အရေအတွက်က ၂၁၀၀ ကျော်ကနေ ထိုးတက်သွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည် ထိန်းသိမ်းခံရနိုင်ဖွယ်ရှိတယ်။ သေချာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်းတွေ ဒီလို ထိပ်တိုက် ရင်ဆိုင်မှုမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။မတ် ။ ။ လွှတ်တော်ခေါ်ယူရာမှာ အားလုံး ချောချောမောမော ဖြစ်တယ်ဆိုရင် မြန်မာပြည်မှာ အစိုးရသစ် ဖွဲ့ပြီးလောက်ပြီ (လွှတ်တော် အစည်းအဝေး ကျင်းပပြီး ဘယ်အချိန်ကာလအတွင်းမှာ အစိုးရသစ် ဖွဲ့ရမယ်ဆိုတာမျိုး သတ်မှတ်ထားတာတော့ မရှိဘူး)။ အဲဒီအစိုးရ သစ်က နိုင်ငံတော်အမည်ကို လက်ရှိ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ကနေ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” လို့ တရား ဝင် စတင် အသုံးပြုလိမ့်မယ်။အစိုးရသစ်ဆိုလို့ ဒီအစိုးရဟာ တကယ် အစိုးရသစ်ရော ဟုတ်ရဲ့လား။ ဒါကို သိနိုင်တဲ့အချက်တခုကတော့ လူ့အခွင့်အရေးနေ့ အခမ်း အနားတွေကို မတ်လ ၁၃ ရက်မှာ ကျင်းပကြတဲ့အချိန် ဖြစ်လိမ့်မယ်။ ဆိုရှယ်လစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့နေ့ကို ဒီမိုကရေစီ အင်အားစုတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကို ဘယ်တော့မှ တရားဝင် ကျင်းပခွင့်ရတာ မဟုတ်ပါဘူး။အစိုးရသစ်ကတော့ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့ကို အင်အားအပြည့်နဲ့ ကျင်းပလိမ့်မယ်။ “အရပ်သား” အမည်ခံ အစိုးရ သစ်ဟာ ပါလီမန်ထဲရောက်သွားတဲ့ ဗိုလ်ချုပ်ကြီးတွေနေရာကို အစားထိုးဝင်ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးအသစ် တသိုက်နဲ့အတူ တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ခြိမ့်ခြိမ့်သဲ ကျင်းပလိမ့်မယ်။ဧပြီ ။ ။ မြန်မာပြည်သူတွေ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲကြလိမ့်ဦးမယ်။ ၂၀၁၀ သင်္ကြန် ရန်ကုန် ဗုံးကွဲမှုရဲ့ ကြေကွဲ စရာဖြစ်ရပ်တွေကိုတော့ သူတို့ မေ့ကြဦးမှာ မဟုတ်ဘူး။ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ စစ်အစိုးရက စွပ်စွဲခဲ့တဲ့ ဒီပေါက် ကွဲ မှုတွေအတွင်းမှာ လူ ၂၀ ခန့် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ ဒီနှစ်မှာရော အလားတူ ဗုံးကွဲမှုတွေ ဖြစ်နိုင်သေး လားလို့မေးရင် သိပ်ဖြစ်နိုင်တာပေါ့လို့ ဖြေရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ဒေသမှာ စစ်အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တင်းမာမှုဟာ တစတစ ပြင်းထန်လာပြီး အပေးအယူ အလျှော့အတင်း လုပ်ဖို့ သိပ်ကို ခက်တဲ့ အနေအထားမှာ ရှိနေလို့ပဲ။ စစ်အစိုးရနဲ့ အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးဟာ စစ်အစိုးရ ထိန်းချုပ် မှုအောက်မှာရှိမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ တောက်လျှောက် ဖိအားပေးခံနေရတာဖြစ်တယ်။ ပြီးခဲ့တဲ့လမှာ ထိုင်း-မြန် မာနယ်စပ် မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေက စစ်အစိုးရရဲ့ ရှေ့တန်းစခန်းတွေကို ဗိုလ်မှူးကြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင် တဲ့ ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်ဖြစ်နေ တယ်။ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်သရွေ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှုတွေအပါအဝင် ဒီလို တိုက်ခိုက်မှုမျိုး တွေဟာ ဆက်ဖြစ်နေဦးမှာပဲ။မေ ။ ။ ဒီလကိုတော့ မြန်မာပြည်အတွက် ဝမ်းသာစရာရော ဒေါသဖြစ်စရာတွေကိုပါ ဆောင်ကျဉ်းပေးခဲ့တဲ့ လအဖြစ်နဲ့ ပြည်သူတွေ အမှတ်ရနေကြမှာပါ။ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်ဟာ မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲနေ့ဖြစ်တယ်။ ဒီနေ့မှာ သန်းပေါင်း များစွာသော ပြည်သူတွေက သူတို့ကို ကိုယ်စားပြုမယ့်သူတွေကို ရွေးချယ်ခွင့်ရခဲ့ကြတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ အောင်ပွဲခံခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ဘယ်တုန်း ကမှ အစိုးရဖွဲ့ခွင့် မရခဲ့ကြဘူး။ အခုတော့ စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်အသစ်ကို ဦးစီးနေပြီ။ဒီလထဲမှာပဲဖြစ်ခဲ့တဲ့ ခါးသီးစရာ အဖြစ်အပျက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ထောက်ခံသူတွေ စစ်ကိုင်းတိုင်း ဒီပဲယင်း ဒေသမှာ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့အသင်း) ကနေ စည်းရုံးထားတဲ့ လူရမ်းကားတွေက ၂၀၀၃ ခုနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကို အသေအကြေ တိုက်ခိုက်ခဲ့ကြတာပါ။ ကြံ့ဖွံ့အသင်းဟာ ကြံ့ဖွံ့ပါတီရဲ့ မိခင်အဖွဲ့အစည်းဆိုတော့ ကြံ့ဖွံ့အသင်းရဲ့ ထိပ်တန်းခေါင်း ဆောင်ဟောင်းတွေ ဦးဆောင်တဲ့ အခုအစိုးရသစ်က ဒေါ်အောင်စုကြည်ကို နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ထုတ်နိုင်အောင် နောက် တကြိမ် ပူးပေါင်း လျှို့ဝှက်ကြံစည်မှု မလုပ်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ဇွန် ။ ။ ၁၉၈၈ လူထုအုံကြွမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆန္ဒပြသူကို လုံထိန်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဇွန် ၁၆ နဲ့ ၁၇ ကို ဘယ်တော့မှာ မေ့မှာမဟုတ်ဘူး။ အဲဒီနေ့တွေမှာ အပြားအများ ဒဏ်ရာရတဲ့အပြင် ရာနဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေဟာလည်း ထောင်ထဲ အထည့်ခံခဲ့ကြရတာဖြစ်တယ်။ဇွန် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ကို ကျင်းပလိမ့်မယ်။ဒီနေရာမှာ အိပ်မက်လှလှ မက်ကြည့်ရအောင်။“တကယ်လို့များ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တဲ့ ပါတီအနေနဲ့ အစိုးရဖွဲ့ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အစိုးရထဲမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ဒီနေ့ မြန်မာပြည်အခြေအနေဟာ အရင်နဲ့ လုံးဝမတူဘဲ ပြောင်းလဲ နေလောက်ပြီ။ ဒီမိုကရေစီအစိုးရတရပ် အုပ်ချုပ်တဲ့ တိုင်းပြည်တပြည်ဟာ အနှစ်နှစ်ဆယ်ဆိုတဲ့ ကာလအတွင်းမှာ နိုင်ငံရေးအရ တည်ငြိမ်၊ စီးပွားရေးအရ ဖွံ့ဖြိုးပြီး ပညာရေး၊ နည်းပညာ စတဲ့ နယ်ပယ်တွေမှာလည်း တိုးတက်တဲ့ နိုင်ငံတခု ဖြစ်နိုင်တာကိုး။ အကျဉ်းထောင်တွေထဲမှာလည်း နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိတော့ဘူး။ ဒေသတွင်းမှာလည်း အဓိက အစိုးရခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက မြန်မာပြည်နဲ့ အာဆီယံ ဆက်ဆံရေးကို ပိုကောင်းမွန်စေမှာ အမှန်ပဲ။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာလည်း ဒီမိုကရေစီ၊ လူအခွင့်အရေးနဲ့ တခြားရေးရာကိစ္စတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အသံတွေကို ကြားနေရလောက်ပြီ။ သူ့ သဘောထားအမြင်တွေက အာဆီယံနိုင်ငံတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အနည်းနဲ့အများ ရှိစေမှာလည်း ဖြစ်တယ်။”လက်တွေ့ အခြေအနေက အိပ်မက်ထဲကလို မဖြစ်ခဲ့ဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းခံရ တာကနေ ရှောင်နိုင်တယ်ဆိုရင် အနိမ့်ဆုံးအဆင့် သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့အတူ သူမွေးနေ့ပွဲကို ဇွန်လ ၁၉ မှာ လွတ်လွတ်လပ်လပ် ကျင်းပနိုင်လိမ့်မယ်။ဇူလိုင် ။ ။ အာဏာရှင်ဟောင်း ဦးနေဝင်း လက်ချက်နဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီး ခံလိုက်ရပြီးကတည်းက ဒီနေ့ထိ မြန်မာပြည်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံရယ်လို့ မရှိတော့ဘူး။ အစိုးရသစ် လက်ထက်မှာရော ကျောင်းသားတွေအနေနဲ့ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်ထဲမှာ သမဂ္ဂအဆောက်အအုံ ပြန်တည်ဆောက်ခွင့် ရပါ့မလား။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ စည်းရုံးလှုပ်ရှားခွင့် ရပါ့မလား။ ကိုလိုနီနယ်ချဲ့ကို တွန်းလှန်ချိန်ကစလို့ ကျောင်းသားသမဂ္ဂတွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အမြဲတမ်း တပ်ဦးက ရှိခဲ့ကြတယ်။ ဒါကြောင့်မို့လည်း ဦးနေဝင်းအပါအဝင် စစ်ခေါင်းဆောင်တွေအားလုံးက ကျောင်းသားသမဂ္ဂတွေကို ပိတ်ပင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့လည်း ခွင့်ပြုမှာ မဟုတ်တဲ့အပြင် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို မျက်စိ ဒေါက်ထောက်ကြည့်သွားဦးမှာပဲ။ဇူလိုင် ၁၉ ဟာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အမျိုးသားခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့တဲ့ မြန်မာပြည်ရဲ့ အာဇာနည်နေ့ဖြစ်တယ်။ သူတို့ ကျဆုံးခဲ့တာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ တကယ်တမ်းပြောရရင် မြန်မာပြည်မှာ အာဇာနည်တွေ အများကြီးပဲ။ ကိုလိုနီအုပ်ချုပ်ရေး၊ အာဏာရှင်ဦးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရနဲ့ စစ်အစိုးရ အဆက်ဆက်လက်အောက်မှာ တိုက်ပွဲဝင်ရင်း အသက် စွန့်သွားကြတဲ့၊ မိသားစုဝင်တွေ ဆုံးရှုံးသွားကြတဲ့ တခြား အာဇာနည်တွေ အများကြီးရှိတယ်။ တိုက်ပွဲက မပြီးသေးဘူးဆိုတော့ ၂၀၁၁ မှာလည်း အာဇာနည်တွေ ထပ်ပေါ်လာနိုင်သေးတယ်။သြဂုတ် ။ ။ ၈ လေးလုံးဟာ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တုန်းက ထောင်နဲ့ချီတဲ့ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို ခြောက်လှန့်ဆဲဖြစ်တယ်။ ၂၃ နှစ် ကြာပေမယ့်လည်း ၈ လေးလုံးလို လူထုအုံကြွမှုမျိုး နောက်ထပ် ဖြစ်နိုင်ခြေအလားအလာ အမြဲတမ်း ရှိနေတုန်းပဲ။ ၈ လေးလုံးစိတ်ဓာတ်က လျော့နည်း ပျက်ပြယ်သွားသေးတာ မဟုတ်ဘူး။ ထောင်ထဲ မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ထဲက အတော်များများဟာ ၈၈ မျိုးဆက်တွေဖြစ်တယ်။ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ အထင်ရှားဆုံး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာလည်း ၈၈ မျိုးဆက်ထဲက တယောက်ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာခြင်းဟာ မြန်မာပြည်အတွက် သိပ်ကိုအရေးပါတဲ့ အလှည့်အပြောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ အစိုးရအသစ်ရဲ့ အမြင်မှာ “ပြဿနာရှာသူများ” ဖြစ်တာမို့ သူတို့တတွေ ဒီလထဲမှာ လွတ်မလွတ်ဆိုတာကတော့ ၅၀-၅၀ ပဲ။ ဒီနှစ် စောစောပိုင်း လတွေမှာ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်ကောင်း လွတ်လိမ့်မယ်။ ဒါပေမယ့် ၂၀၁၁ ကို နိုင်ငံရေးအကျဉ်းသားမရှိတဲ့ နှစ်လို့တော့ ဘယ်လိုမှ စိတ်ကူးကြည့်လို့ မရဘူး။စက်တင်ဘာ ။ ။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလက ရန်ကုန်၊ စစ်တွေနဲ့ ပခုက္ကူ လမ်းမတွေပေါ်မှာ စွန်းခဲ့တဲ့ သွေးတွေ ဒါမှမဟုတ် သူတို့ ဘယ်လို ရိုက်နှက် ထောင်ချခံခဲ့ရတာတွေကို သံဃာတော်တွေ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သံဃာတော် အပါး ၂၅၀ ခန့်ဟာ အခုထိ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရဆဲဖြစ်တယ်။ ဦးဆောင် သံဃာတော်တွေထဲက တပါး ဖြစ်တဲ့ အရှင် ဂမ္ဘီရဟာ ကလေးထောင်မှာ ထောင်ဒဏ် ၆၃ နှစ် ချခံထားရတယ်။ ဗုဒ္ဓရဲ့သားတော်တွေနဲ့ စစ်ဝတ်စုံ ဝတ်သူတွေ အကြား စစ်ပွဲကတော့ ဆက်လက်တည်ရှိနေဦးမှာပဲ။မြန်မာ့သမိုင်းမှာ အရေးပါတဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ရက် နှစ်ရက်ရှိတယ်။ အဲ့ဒါတွေကတော့ ၁၉၆၂ မတ်လ ၂ ရက်နေ့နဲ့ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွေပဲဖြစ်တယ်။ ၁၉၈၈ အာဏာသိမ်းမှုက ၁၉၆၂ မှာ ဦးနေဝင်း အရပ်သားအစိုးရကနေ အာဏာသိမ်းခဲ့တာထက် ပိုပြီး သွေးထွက်သံယိုမှုများတယ်။ ၁၉၈၈ အာဏာသိမ်းမှုမှာ စစ်သားတွေက နိုင်ငံတဝှမ်း ဆန္ဒပြသူ ၃၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ထောင်ထဲ အပို့ခံခဲ့ရတယ်။ ၁၉၈၈ ကလို အင်နဲ့အားနဲ့ အုံကြွမှုမဖြစ်ဘဲနဲ့တော့ ဒီလထဲမှာ စစ်တပ်က တတိယအကြိမ် အာဏာသိမ်းဖို့ ဖြစ်နိုင်ခြေ လုံးဝမရှိဘူး။အောက်တိုဘာ ။ ။ မြန်မာ့သမိုင်းမှာ ဒီလထဲဖြစ်ခဲ့တဲ့ ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ်ရယ်လို့ မရှိဘူး။ဒါပေမယ့် ၂၀၁၀ အောက်တိုဘာ လမှာ ရခိုင်ပြည်နယ်ကို ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ကုလသမဂ္ဂရဲ့ စာရင်းအရ မုန်တိုင်းကြောင့် လူ ၄၅ ဦး သေးဆုံးပြီး ၂ သိန်းခန့် အတိဒုက္ခရောက်ခဲ့ရတယ်လို့ သိရတယ်။ ဂီရိနဲ့ ၂၀၀၈ မှာ တိုက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးဆုံး သဘာဝ ဘေးအန္တရာယ်တွေပဲ ဖြစ်တယ်။ မုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခရောက်နေပေမယ့် မြန်မာစစ်အစိုးရက လျစ်လျူထားခဲ့တယ်၊ ဒါ့အပြင် ပြည်တွင်း ပြည်ပက ကယ်ဆယ်ရေးအဖွဲ့ တွေနဲ့ လုပ်သားတွေကို လွတ်လွတ်လပ်လပ် သွားလာပြီး အကူအညီပေးခွင့် မရအောင်နဲ့ အကူအညီတွေ နှောင့်နှေးအောင်လည်း လုပ်ခဲ့သေးတယ်။ ကမ္ဘာကြီးက ပူနွေးလာတာမို့ မြန်မာပြည်မှာ အလားတူ ဘေးအန္တရယ်တွေ ထပ်ပြီး ကျရောက်လာနိုင်တယ်။ ဒါပေမယ့် ဒီအစိုးရအသစ်အနေနဲ့ လူသားချင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မူဝါဒအသစ်ထားရှိမယ့် အရိပ်အယောင် မတွေ့ရဘူး။နိုဝင်ဘာ ။ ။ ဒီလက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတာ တနှစ်ပြည့်တဲ့လဖြစ်တယ်။ မေးစရာတွေ ဖြစ်လာနိုင်တာက လွတ်လာပြီးတုန်းက ပြောခဲ့သလိုမျိုး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်တခုကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက် ပြီးပြီလား။ ဒါမှမဟုတ် အကျယ်ချုပ် ပြန်ကျနေပြန်ပြီလား။ လူမှုမီဒီယာတွေဖြစ်တဲ့ တွစ်တာ (Twitter) နဲ့ ဖေ့စ်ဘုတ် (Facebook) တွေကိုသုံးပြီး ယဉ်ကျေးမှု-နိုင်ငံရေး ကွန်ရက်တခုကို ဖြန့်ကျက်နေပြီလား။ မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ ၄ သိန်းခန့်နဲ့ မိုဘိုင်းဖုန်းအလုံး ၁ သန်းခန့် ရှိတယ်လို့ သိရတယ်။ အင်တာနက်သုံးသူတွေနဲ့ မိုဘိုင်းဖုန်းရှိသူတွေဟာ အတွင်းအပြင် သတင်းဖြန့်ချိ ရာမှာ အထောက်အကူပြုတဲ့ အင်အားစုတရပ် ဖြစ်လာနိုင်တယ်။ စစ်အစိုးရက အင်တာနက်သုံးသူတွေနဲ့ မီဒီယာကို ကန့်သတ်ချုပ် ချယ်ထားပေမယ့်လည်း ဒီအစုအဖွဲ့ဟာ မြန်မာ့အရေးမှာ ပိုနှံ့စပ်ပြီး ထိထိရောက်ရောက် ပါဝင်နိုင်တဲ့သူတွေ၊ ဆိုက်ဘာ အတိုက် အခံ တွေနဲ့ လူထုသတင်းထောက်တွေ ဖြစ်လာနိုင်တယ်။ဒီဇင်ဘာ ။ ။ “စံနှုန်း အပြောင်းအလဲ”၊ “အောက်ခြေကစပြီး ပြောင်းလဲမှုမျိုး” စတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက်မှာ ပြောခဲ့တဲ့ ဒီမိုကရေစီအခြေခံ စကားလုံးတွေအတိုင်း မြန်မာပြည်မှာ တိုးတက်မှုတစုံတရာ ရှိလာပြီလား ကျနော်တို့ သုံးသပ်ကြ ရပါ လိမ့်မယ်။ အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၂၀၁၁ ကို ကျနော်တို့ ချင်းနင်း ဝင်ရောက်ခဲ့ကြတာပါ။ တကယ်တမ်း အပြောင်းအလဲ နည်းနည်းဖြစ်တယ် ဆိုရင်တော့ တနှစ်အတွင်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ပြန်ကြည့်ပြီး ၂၀၁၂ မှာ ဘယ်လို ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကို ကျနော်တို့ မျှော်လင့်နိုင်ပါဦးမယ်။Burma's 2011: A Look Ahead by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
မူရင်း --ကျော်စွာမိုး Thursday, 16 December ဧရာဝတီိdec 30, 2010။။။။။။။။။။။။။။။။
အန်စီဂျီယူဘီ နှစ် ၂ဝ ပြည့်နှင့် ရှေ့ မျှော်လင့်ချက် ဝန်ကြီးချုပ်ဒီဇင်ဘာ ၁၈ ရက် နေ့က နှစ် ၂ဝ ပြည့်သွားတဲ့ အမျိုးသားညွန့် ပေါင်းအစိုးရရဲ့ နှစ် ၂ဝ ကာလ ဖြတ်သန်းမှု၊ လက်ရှိနိုင်ငံရေး ပြောင်း လဲမှုအပေါ် ±ှုမြင် ချက်နဲ့ ရှေ›လုပ်ငန်းစဉ်တွေအကြောင်း တင် ပြပေးမှာ ဖြစ်ပါတယ်။ အမျိုသားညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ် လည်း ဖြစ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဝမ်းကွဲ အစ်ကိုလည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းနဲ့ ကိုထက်အောင်ကျော် မေးမြန်း ထားတာကို အခု တပတ် တနင်္ဂနွေသတင်း အစီအစဉ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းခင်ဗျား ဒီဇင်ဘာ ၁၈ ဆိုရင် အန်စီဂျီယူဘီပေါ့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့တာ နှစ် ၂ဝ ရှိပြီ ဆိုတော့ အဲဒီ နှစ် ၂ဝ ကာလကို ဘယ်လို မြင်ပါသလဲ၊ အားရကျေနပ်မှု ရှိပါသလား ဘာတွေများ ပြောစရာ ရှိပါသလဲ ခင်ဗျာ။
“အဲ ဒီလိုပေါ့နော် ခုဏပြောသလိုပဲ အားရကျေနပ်မှု ရှိသလား ဆိုတော့ လည်း ကျနော်တို့ လုပ်တဲ့ အလုပ်တွေကို ခုဏပြောသလို ပေါ့နော် ဆက်ပြီးတော့ လုပ်ဖို့တို့၊ တိုးပြီးလုပ်ဖို့တို့ ဒါတွေ ရှိပါတယ်၊ အားရတဲ့ဘက်လည်း ရှိတယ်၊ အားမရ တဲ့ ဘက်လည်း ရှိတယ်၊ ကျနော်တို့ လုပ်စရာတွေလည်း ရှိတယ်ပေါ့၊ ကျနော် မြင် တာက ဒီလိုဗျာ၊ ဒီ ညွန့်ပေါင်းအစိုးရ စဖွဲ့တုန်းက ၁၉၉ဝ ရွေးကောက်ပွဲကို နအဖ အနေနဲ့ အသိအမှတ် မပြုဘဲနဲ့ တကယ့်ကို အာဏာကို ပေးရမယ့် အန်အယ်လ်ဒီကို မပေးဘဲနဲ့ သူတို့ပဲ ဆက်ပြီးတော့ အုပ်ချုပ် တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ က ဒီ နအဖ စစ်အုပ်စုဟာ တရားမဝင်ဘူး။ ဗမာပြည်မှာ ရွေးကောက်ပွဲရှိတယ်၊
ဒီ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို ပြည်သူလူထုက အပြတ်အသတ် မဲပေးတယ်၊ အဲဒီတော့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီ တွေ၊ အနိုင်ရ တိုင်းရင်းသားပါတီတွေ၊ တစညလည်းပါ ပါတယ်၊ တစည ၁ဝ မဲ၊ ၁ဝ နေရာပေါ့နော်၊ ဒါကနေ ပြီးတော့ ပါလီ မန်ခေါ်ပြီး တော့ ကျနော်တို့ အစိုးရဖွဲ့ရမှာ ဖြစ်တယ်။ အစိုးရဖွဲ့ရမယ် ပေါ့နော်၊ ဒါကို မလုပ်တဲ့အတွက် ကျနော်တို့က နိုင်ငံတကာမှာ ၁ အချက် နအဖက တရားဝင် အစိုး ရ မဟုတ်ဘူး၊ နောက်ပြီးရင်လည်းပဲ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကျနော်တို့တွေက ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်နဲ့ ရွေးကောက် ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကျနော်တို့ နိုင်ငံတကာကို ပြောမယ်၊ အဲဒီတော့ ကျနော်တို့က ဒီ ညွန့်ပေါင်းအစိုးရကို ထောင်ပြီးတော့ ဒါကို ရှင်းလင်းအောင် ကျ နော်တို့ လုပ်တာပေါ့ဗျာ၊ အဲဒီတော့ ဒီကိစ္စတွေ ကျနော်တို့ လုပ်နိုင်ပါတယ်။”ဟုတ်ကဲ့ အခု နှစ် ၂ဝ ရှိသွားပြီ ပေါ့လေ၊ ဆိုတော့ အခု နှစ် ၂ဝ ကြာတဲ့အချိန်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်တယ်၊ အခု ၃ လအတွင်း ပါလီမန်ခေါ်မယ် ဆိုတော့ ရှေ› ၂ လ ထဲဆို သူ့ဇယားအတိုင်းဆိုရင် ခေါ်မှာပေါ့၊ အစိုးရသစ်တရပ် ပေါ်လာမယ်ဆို တော့ ဒီရွေး ကောက် ပွဲသစ်၊ ပါလီမန်အသစ်၊ အစိုးရသစ်ပေါ်လာတဲ့ အခါမှာ အပြင် မှာရှိတဲ့ ဝန်ကြီးချုပ်တို့ အစိုးရရယ်၊ နောက် အပြင်မှာ ရှိတဲ့ ပါလီမန်ရယ်၊ ဘယ်လို များ ဂယက်±ိုက်မှု ရှိနိုင်ပါသလဲခင်ဗျ၊ ဘယ်လို ယူဆပါသလဲခင်ဗျာ။“ကျနော်ကတော့ ၁၉၉ဝ ကျနော်တို့ ဒီ ညွန့်ပေါင်းအစိုးရရဲ့ ကိစ္စကိုပဲ ကျ နော် ပြောချင်တယ်၊ အရှင်ပဲ ကျနော် ပြောထားတယ်၊ အပြင်မှာ ရှိတဲ့ ပါလီမန်အ ကြောင်းကို ကျနော် မပြောတော့ဘူး။ ကျနော်တို့ ဒီရွေးကောက်ပွဲကို ၁၉၉ဝခုနှစ် အနှစ် ၂ဝ ကြာခဲ့ပြီ၊ ညွန်ပေါင်းအစိုးရ ကိစ္စကိုပဲ ကျနော် ပြောချင်တယ်။ ဆိုတော့ (၁) အချက်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အန်အယ်လ်ဒီလည်း လက်မခံဘူး၊ လက်မ ခံဘူး ဝင်မပြိုင်ဘူးပေါ့လေ၊ အန်အယ်လ်ဒီတင် မကဘူး တိုင်းရင်းသား ၁၉၉ဝ အနိုင် ရပါတီတွေ ဖြစ်တဲ့ တိုင်းရင်းသား ပါတီတွေ အန်အယ်လ်ဒီကော၊ အက်စ်အန် အယ်လ်ဒီ တို့ကလည်း မပါဘူး၊ ကျနော်တို့ လည်းပဲ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောပြီးပြီနော် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံဘူး။ ဘာကြောင့် လက်မခံဘူး ဆိုတာကိုလည်း အားလုံးသိပါတယ်။ အဲဒီတော့ ကျနော်တို့ လက်မခံ တဲ့ ရွေးကောက်ပွဲကြီးကို ဘာလို့ သွားပြီးတော့ အသိအမှတ် ပြုပြီးတော့ ကျနော်တို့ က ဒီအတွက်ကြောင့် ဒီဟာကို ပြင်ရမယ်၊ ဟိုဟာကို ဟိုဟာ လုပ်ရမယ်ဆိုတာကို ကျနော်တို့ ဒါကို လက်မခံဘူးခင်ဗျ။” ဟုတ်ကဲ့ ကျနော်ဆိုလိုတာက ဟိုဘက်မှာ အစိုးရက ပြည်တွင်းမှာ အခု ရွေး ကောက်ပွဲ တရားဝင်ဝင် မဝင်ဝင် အစိုးရတခု အရပ်သား တပိုင်းပဲ ဆိုဆို အစိုးရတခု ပေါ်လာမယ်၊ အဲဒီ အစိုးရပေါ်တဲ့အတွက် အပြင်မှာ ရှိတဲ့ ဒေါက်တာစိန်ဝင်းတို့ရဲ့ အစိုးရ လှုပ်ရှားမှုကို ထိခိုက်နိုင်ပါသလား၊ ဒါမှ မဟုတ် ဘာမှ မဖြစ်ဘူးလားခင်ဗျာ။ “ထိခိုက်တာ မထိခိုက်တာကတော့ ကျနော် ဒါ သူတို့ ပေါ်လာမှ သိမှာပေါ့ ဗျာ၊ ပွင့်ပွင့်လင်းလင်း ကျနော်ပြောမယ်၊ သို့သော်လည်းပဲ ကျနော်တို့အနေနဲ့တော့ ဘာမှ မထူးခြားဘူးခင်ဗျ။ ၂ဝ၁ဝ ရွေးကောက်ပွဲက ဗမာပြည်ရဲ့ အဖြေမဟုတ်ဘူး။ ဒီ ပါလီမန်နဲ့ သွားတဲ့ လုပ်ငန်းစဉ်ကြီး တခုလုံးဟာ နအဖကပဲ နောက်ကနေ ကြိုးကိုင် နေတာပဲ၊ ကြိုးကိုင် မှာပဲ ဒါ အကုန်လုံး သိနေတယ်၊ အခု ရွေးကောက်ပွဲမှာ အနိုင် မရလို့ ကွန်ပလိန်းလုပ်မယ်၊ သူတို့ ကော်မရှင်ကို ပြောမယ်ဆိုရင် ၁ဝ သိန်း ပေးရ မယ်ဆိုတော့ အကုန်လုံး လန့်ကုန်တယ်၊ ဆိုတော့ အဲဒီလို ရှိတဲ့ ပါလီမန်က ဘာ လုပ်နိုင်မှာလဲ၊ ပါလီမန်လို့ကော ခေါ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိတယ်လေ၊ ကျ နော်တို့ အနေနဲ့တော့ ဘာမှ မထူးဘူး၊ ၂ဝ၁ဝ ရွေးကောက်ပွဲက ဘာမှ အဖြေရမှာ မဟုတ်ဘူး၊ ဘာမှ သွားလို့ လာလို့ ရတယ်၊ ဒါ ကြီးကို ချဲ့လို့ရတယ်၊ ဒါကြီး လုပ်လို့ရ တယ်၊ ဒီ့ပြင်နေμ လာချင်လာမယ်၊ ဒီ့ပြင်ပုံစံနဲ့ လာချင်လာမယ်၊ ပါလီမန်နဲ့ ဒီ ဖြစ်ပေါ်လာတဲ့ အစိုးရ၊ အရပ်သားအစိုးရပဲ ပြောပြော၊ ဘာပဲ ပြောပြော ကတော့ ဘာမှ မလုပ်နိုင်ဘူး။” ဟုတ်ကဲ့ ကျနော် မေးချင်တာက အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နောက် မှာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအာပီပီနဲ့ပေါ့ အခု တွဲပြီးတော့ အ ထဲမှာ လှုပ်ရှားမှုကတော့ တော်တော်လေး အရှိန်မြင့်လာတာကို ကျနော်တို့ တွေ့ ရပါတယ်ခင်ဗျ၊ အပြင်မှာကောခင်ဗျာ ဒီ အန်စီဂျီယူဘီ ဦးဆောင်ပြီးဖြစ်ဖြစ် ဘယ်လို လှုပ်ရှားဖို့ ရှိပါသလဲခင်ဗျာ။“အပြင်မှာလည်း လှုပ်ရှားမှု တဖြည်းဖြည်း မြင့်လာမှာပါ၊ သို့သော်လည်းပဲ ခုဏက ပြောသလို ကျုပ်တို့က ဦဆောင်တယ်၊ အရာရာမှာ ကျုပ်တို့က ဦးဆောင် တယ်လို့တော့ မပြောချင်ဘူး။ ဘာကြောင့်လဲဆို ဒီ အပြင်ဘက်မှာ လုပ်နေတဲ့ အဖွဲ့ တွေ နိုင်ငံရေး လုပ်နေတဲ့ အဖွဲ့တွေ အများကြီး ရှိတယ်။ အတူတူတွဲပြီး လုပ်တာ တွေ ရှိတယ်။ ခွဲပြီး လုပ်တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီကနေပြီးတော့ အကျိုး ဆက်တွေလည်း ရှိတယ်။ ဆိုတော့ လုပ်တဲ့လူတွေက အများကြီးဗျာ ဒီဗွီဘီလည်း နိုင်ငံရေးလုပ်လား၊ မီဒီယာ လုပ်လားတော့ မသိဘူး အလုပ်တော့ လုပ်နေတာပဲ၊ ဟုတ်တယ် မဟုတ်လား၊ အဲဒီတော့ လုပ်နေတဲ့ လူတွေ အများကြီးပါ ကျနော်တို့ လုပ်တယ် လုပ်တယ်လို့ မပြောချင်ပါဘူး။ သို့သော်လည်းပဲ တိုးတက်မှုနဲ့ လှုပ်ရှားမှု တော့ များလာမှာပဲ၊ ဒါတော့ ကျနော် ပြောလို့ ရပါတယ်။” ဟုတ်ကဲ့ နောက်တခု ကျနော် မေးချင်တာက အန်စီဂျီယူဘီ ဖွဲ့တာ နှစ် ၂ဝ ပေါ့လေ၊ စဖွဲ့တာ မာနယ်ပလောပေါ့ခင်ဗျ၊ မာနယ်ပလော က ဒီကေဘီအေ ပေါ်ပြီးတော့ ကျ သွားတယ်၊ အခုရက်ပိုင်းမှာ ဒီကေဘီအေနဲ့ ကျောင်းသားတွေနဲ့ အေအန်ယူနဲ့ တွဲပြီး တော့ မာနယ် ပလော ပြန်တိုက်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဟိုတလော ကလည်း ရွေးကောက်ပွဲဖြစ်တဲ့ နေ့မှာပဲ ဒီကေဘီအေက မြဝတီ သိမ်းတာတို့၊ ဘုရား သုံးဆူသိမ်းတာတို့ ဆိုတာက နယ်စပ်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာပေါ့၊ ဆို တော့ ဒါကိုကော ဒီဘက်က နယ်စပ်နဲ့ ပြည်ပမှာရှိတဲ့ အဖွဲ့တွေက လှုပ်ရှားမှု အရှိန် မြှင့်လာတယ်လို့ မြင်ပါသလား ဒေါက်တာစိန်ဝင်း ခင်ဗျား။ “ဒါတွေက အကုန်လုံး အရှိန်ပြင်းတာပါ၊ အရှိန်ပြင်းလာတာပဲ၊ ၂ဝ၁ဝ ရွေး ကောက်ပွဲ ကတော့ ကျနော် ပြောသလိုပဲ ရွေးကောက်ပွဲ အရကတော့ ဘာမှ မလုပ် နိုင်ဘူး သို့သော်လည်း ဒါကို နအဖက သူတို့ရဲ့ လမ်းပြမြေပုံပဲ ဆိုပြီးတော့ ပြော ပြီးတော့ ဒီ စေ့စပ် ဆွေး နွေး ရေး မလုပ်ဘူး။ ကျနော်တို့ စကားမပြောဘူး ခင်ဗျားတို့ လိုချင်ရင် ဒီ ရွေးကောက်ပွဲဝင်ဆိုတဲ့ ပုံစံမျိုးလုပ်လို့ အခုလို ဖြစ်လာတာ၊ ဒီ ဘော်ဒါ ဂတ်ဖို့ကို အတင်းသိမ်းသွင်းလို့ အခုလိုဖြစ်လာတာ၊ နိုင်ငံရေးသဘောတရားကို နိုင် ငံရေးလို မဖြေရှင်းဘဲနဲ့ တဖက်သက် ဖြေရှင်းတဲ့အတွက် အခုလို ဖြစ်လာတာ၊ ဒါတွေဟာ ကျနော် ထင်တယ်လေ အခုန ပြောသလိုပါပဲ ပိုပြီးတော့ လှုပ်ရှားမှုတွေ ဖြစ်လာ တယ်။” တဆက်တည်း ကျနော် မေးချင်တာက တိုင်းရင်းသားပြဿနာနဲ့ တွဲနေတာပေါ့လေ၊ နယ်ခြားစောင့်တို့ နယ်စပ်ပြဿနာတို့ ဆိုတော့ ခုနက ဝန်ကြီးချုပ်က ပါလီမန်ကိစ္စ တော့ မပြောချင်ဘူးလို့ ပြောတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ အန်စီဂျီယူဘီ အစည်းအဝေး တွေမှာ ကျနော် သိရသလောက် တိုင်းရင်းသားတွေပါ ပါတဲ့ အန်စီဂျီယူဘီ တိုးချဲ့ဖွဲ့ စည်းရေးဆိုတာ အဲဒါကော ပြောလို့ရပါသလားခင်ဗျာ အခြေအနေ ဘယ်လိုရှိပါ သလဲ။“ကျနော်က အခုဏ ပြောသလိုပဲ မပြေချင်ဘူးဆိုရင် မပြောချင်ဘူးပဲ၊ ကျ နော်က အခုဟာကတော့ ဒီ အနှစ် ၂ဝ ကြာသွားတဲ့ အန်စီဂျီယူဘီ အကြောင်းကို ကျနော် ပြောနေတာကိုး။” ကျနော် သိရသလောက် အန်စီဂျီယူဘီ ပဲ တိုးချဲ့ဖွဲ့စည်းမှာပဲ မဟုတ်ဘူးလားခင်ဗျ။ “တိုးချဲ့ဖွဲ့စည်းဖို့က အရင် ဒါဗလင် လုပ်ခဲ့တာကို ဆိုလိုတာပေါနော်၊ အဲဒါ က အမ်ပီယူ ကနေ ဆက်လက်ပြီးတော့ ဆုံးဖြတ်လုပ်ကိုင်ကြရမှာပေါ့ နော်။”
ဟုတ်ကဲ့ခင်ဗျ နောက်တချက်မေးချင်တာက တိုင်းရင်းသားနဲ့ ဆက်စပ်ပြီးပဲ အခု အ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအာပီပီ တွဲပြီး တော့ပေါ့လေ အခု ဒုတိယ ပင်လုံ ညီလာခံ ဆိုပြီးတော့ အရဆကသအိးကကတော့ ပင်လုံသဘောတရားပေါ့ခင်ဗျာ အားလုံး ပါ ဝင်နိုင်တဲ့ဟာမျိုး ဆိုတော့ အဲဒီအပေါ်မှာကော ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုမြင်ပါ သ လဲ ခင်ဗျာ။ “ဒါကတော့ ကျနော် အခုဏပြောသလိုပေါ့နော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းက အသေအချာနဲ့ သိမ်သိမ်မွေ့မွေ့ လုပ်ငန်းတွေ လုပ်နေမှာပဲ၊ ကျနော်တို့ လည်း အားပေးမှာပဲ၊ ထောက်ခံမှာပဲ၊ ဒါကတော့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ လုပ်ရမှာကတော့ အသေအချာပဲပေါ့၊ ဒါကလည်း ပင်လုံတုန်းက စခဲ့တယ် မပြီးသေး ဘူး၊ အခု ဆက်လက်ပြီးလုပ်သွားမယ်၊ နအဖက လည်းပ္စဲနခေန င်္ငမနွမသကစ ဆိုပြီး တော့ ခေါ်ပြီးတော့ သူတို့လည်း လုပ်တာပဲ၊ နောက်ဆုံးပိတ်ကျတော့ အဖြေမ ထွက်ဘူးပေါ့၊ အဲဒီတော့ တိုင်းရင်းသားနဲ့ အကုန်လုံး ပြေလည်ဖို့ရာ အရေးကြီးပါ တယ်၊ ဒါကလည်း ကျနော်တို့ မူအားဖြင့်တော့ အကုန်လုံး ရှိပြီးသားပဲ၊ အသေးစိတ် ကျနော်တို့ လိုအပ်နေတာပဲ၊ မူအားဖြင့်တော့ ကျနော်တို့ ဖယ်ဒရယ် ပြည်ထောင်စု ကို ထူထောင်မယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ အပြည့် ရှိရမယ်၊ ဒါတွေ နောက်ပြီးရင်လည်း တိုင်းရင်းသား ဖြစ်လို့၊ လူမျိုးကွဲလို့ ဆိုတဲ့ ဒီ နှိပ်ကွက်မှုတွေ၊ ခြားနာမှုတွေ၊ ဒါတွေ မရှိရဘူး၊ ဒါတွေလည်း ကျနော်တို့ အားလုံး လက်ခံပြီးသားပါ၊ သို့သော်လည်းပဲ ဒါဆက်ပြီးတော့ တခိျု့နေရာတွေမှာ ဆွေးနွေးကြရမယ်၊ အသေး စိတ်တွေ ပါလာမယ်၊ လုပ်ကိုင်ကြရမယ်၊ လူတွေရဲ့ သဘောထားတွေကို တင်ပြကြ မယ် ဆိုရင် ကောင်းတာပေါ့၊ ဒါ လုပ်ရမှာပဲ။” ဟုတ်ကဲ့ ကျနော်ဆိုလိုတာက အဲဒီ ဒုတိယပင်လုံညီလာခံက အားလုံးပါဝင်နိုင်မယယ်လို့ ထင်ပါသလားခင်ဗျာ။ “အားလုံးတော့ ပါနိုင်တာပေါ့ဗျာ ဘာကြောင့်လဲဆိုရင် ဗမာပြည်အရေးက တိုင်းရင်းသားအရေးပဲ၊ ဒီတိုင်းရင်းသားအရေးကို လက်ညိုးထိုးပြီးတော့ ဦးနေဝင်းက အာဏာသိမ်းသွားတာပဲ၊ ဗမာပြည်ကွဲမယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ်၊ ကွဲမှာ မဟုတ်ဘူးလေ ဒီ ဖယ်ဒရယ်မူကိစ္စ ဆွေးနွေးဖို့ ကိစ္စကို ဝန်ကြီးချုပ်ဦးနုက သဘော တူတယ်။ အဲဒါကို ဦးနေဝင်းကနေပြီး လက်ညိုးထိုးပြီးတော့ အာဏာသိမ်းသွားတာ ပဲ၊ အဲဒီတော့ ဒါတိုင်းရင်းသားအရေးက အရေးကြီးတာပေါ့၊ အားလုံးနဲ့ဆိုင်တာပေါ့။” အခု ဒီရွေးကောက်ပွဲ ပြီးပြီ အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်၊ ဟို ဘက်ကလည်း ပါလီမန်ပေါ့၊ ဒီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အားလုံးက နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာတဲ့ အခါကျတော့ ဒီ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ၊ အန်စီဂျီယူဘီ အနေနဲ့ ရှေ›ကို ဘယ်လိုများ ဆက်လုပ်သွား မှာပါလဲ နိဂုံးချုပ် ပြောပေးပါခင်ဗျာ။“အန်စီဂျီယူဘီ ကတော့ အခုဏပြောသလိုပဲ ကျနော်တို့ ဒီ အတွင်းက ပါလီမန် လုပ်တဲ့ ကိစ္စတွေ ကျနော်တို့ ဒါမှမဟုတ်လည်း အရပ်သားအစိုးရ ပေါ့ဗျာ ကျနော် လုံးဝ စိတ်ဝင်စားမှု မရှိဘူး။ ဒါကလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ လှုပ်ရှားမှုကို ကျနော်တို့က အားပေးရမယ်၊ ဒီ အခု ဒုတိယပင်လုံပဲပြောပြော ဒေါ်အောင်ဆန်စုကြည် ၂၁ ရာစုနှစ်နဲ့ အညီ လုပ်မယ်ဆိုတာလည်း ကျနော်တို့ အားပေးရမှာပဲ၊ ကျန်တဲ့လှုပ်ရှားမှုတွေလည်း ကျနော်တို့ အားပေးရမှာပဲ၊ ဒီနည်းပဲ ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ အခု သူတို့ ပြောနေတဲ့ ဤမညျေငအငသည (အကူးအပြောင်း ကာလ)ပဲပြောပြော ဒါကို တိုးချဲ့ပြီး လုပ်မယ်ပဲ ပြောပြော ဒါကြီးက အကောင်အထည် ဖြစ်မှာ မဟုတ်ဘူးခင်ဗျ ကျနော် အခုကတည်းက ပြောလို့ ရပါတယ်။” ဟုတ်ကဲ့ပါခင်ဗျ။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာစိန်ဝင်း အင်တာဗျူး (တနင်္ဂနွေသတင်း အစီအစဉ်)ထက်အောင်ကျော် ၁၉ ဒီဇင်ဘာ ၂ဝ၁ဝ DVB မှ
။။။။။။။။။။။။။။
အော်စလိုဆိုတဲ့ နော်ဝေးမှာ- အောင်မျိုးထွန်း-ထောင်ထဲက ၈၈ ကျောင်းသားတွေကိုမြို့ တော်ပီကင်းဆီ အိတ်စ်ပို့ လုပ်ပစ်မယ်.....လုပ်ပေါ့ ။အဲဒီမြို့ ပြဲပြဲကြီးမှာဘဲNLD ရုံးခွဲ အကြီးကြီး ဖွင့်လှစ်မယ်.....ဖွင့်ပေါ့။တရုတ်ဇာတ်သွင်းခြင်းဆိုတာ ၀ါဒမှိုင်း သက်သက်ရယ်ပါ -ယုံပါ။ငွေမျက်နှာတခုထဲ မော်ဖူးခဲ့တာပါ -ယုံပါ။တရုတ်ခြင်းထဲ ခုန်ချ ချင်နေတာ သူတို့ ပါခင်ဗျ -ယုံပါ။ယုံပါ ယုံပါ ယုံပါ.....ယုံပေါ့။၁၉၉၁ ခုနှစ် ဒီရာသီ အဲဒီလိုနေ့ မှာဘဲ။ငါတို့ ဆန္ဒပြခဲ့တယ် ကြွေးကြော်ခဲ့တယ် ကောင်းကင်ပေါ် တက်ခဲ့တယ်။
“နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး”မြတ်စံရှိတယ် ထင်အောင်ရှိတယ် ငါရှိတယ်.....ရှိပေါ့။ငါမသိဘူး ။ အော်စလိုဆိုတဲ့ နော်ဝေးမှာ ဘယ်သူတွေ ရှိနေပါသလဲ။ကျောင်းသား လှိုင်းလုံးတွေ တ၀ုန်းဝုန်းနဲ့ တောင်ငူဆောင်ရှေ့ မှာ.....၀ုန်းပေါ့။လူရှောင်ဘို့ အခမ်းအနားကိုနိုင်ငံပေါင်း နှစ်ဆယ်ကျော်က ပျက်ကွက်ကြမယ်တဲ့.....ပျက်ကွက်ပေါ့။ကိုယ်စား ဆုလက်ခံမယ့်သူ နတ္ထိတဲ့.....ထိပေါ့။ဂျာမန်တစ်ယောက်ဆိုဗီယက်တစ်ယောက်ပိုလန်တစ်ယောက်၉၁ ခုနှစ်က မြန်မာတစ်ယောက်လူရှောင်ဘိုက ပဉ္စမမြောက်ဆုရအကျဉ်းသမား နံပတ်မှာ ၅.....၅ ပေါ့။လူ့ သမိုင်း အလှတရားဘ၀တစ်ခုခြင်းစီ အသားကျကျ လွတ်မြောက်မှုလူသားဖြစ်စဉ် အဆင့်တိုင်းအဆင့်တိုင်းမှာရိုင်းရိုင်းထိုင်းထိုင်းတွေ နည်းသွားရင် ပြီးရော မဟုတ်လား။ဘော်ဒါကြီး “လူ” ရေ၀ီစကီနှစ်ပက်စီနဲ့ ခင်ဗျားအတွက် ချီးယားကြပြီ.....ချီးယားပေါ့။အောင်မျိုးထွန်း၁၀- ၁၂- ၂၀၁၀
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံရေးတွက်ဆမှုမှားစေရန် တမင်ဖြန့်အကျယ်ချုပ်ကျခံနေရသည့် ယခင် နအဖအတွင်းရေးမှူး ၁ ၊စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်နှင့်ဇနီး ဒေါ်ခင်ဝင်း ရွေ တို့အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့ကနေအိမ်မှ အခြားတစ်နေရာသို့ ခေါ်သွားသည့် ဗွီဒီယိုဖိုင် မကြာသေးခင်က အင်တာ နက်များတွင် ပျံ့နှံ့ခဲ့သည်။ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ နေအိမ်ဟု ယူဆရသည့်နေရာသို့ ရဲချုပ်နှင့်အဖွဲ့ ညပိုင်းတွင် ရောက်လာပြီး ဦးခင်ညွန့်နှင့် ခေတ္တစကားဝိုင်းဖွဲ့ ပြော ဆိုနေသည်ကို တွေ့ရသည်။ဦးခင်ညွန့်တို့ဇနီးမောင်နှံက လွယ်အိပ်ငယ်ကိုယ်စီဖြင့် အိမ်သားများနှင့် မြေးငယ်များ နှုတ်ဆက်ကာ ရဲချုပ်နှင့် အတူ မည်သည့်နေရာ မှန်း မသိရသည့် အခြားတစ်နေရာသို့ လိုက်ပါရောက်ရှိသွားသည့် မြင်ကွင်းကို ရိုက်ပြထားသည်။
လက်ရှိ ကြည့် ရန် ဤ နေရာတွင်နှိပ်ပါ။ ပေါ်လာသည့် ဗွီဒီယိုင် ဖိုင်ကို ဖွင့်ပါ။ရိုက်ကူးထားသည့် အချိန်နှင့် အသံထည့်သွင်းထားခြင်း မရှိသည့် ၎င်းဗွီဒီယိုဖိုင် ထွက်ပေါ်လာမှုသည် အတိုက်အခံများ နိုင်ငံရေး တွက်ဆမှုမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်ခြင်းဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး/နိုင်ငံရေး အကဲခတ် ဦးအောင်ကျော် ဇောက သုံးသပ် ပြောဆိုသည်။“ဒါတွေက အစီအစဉ် ရှိရှိနဲ့ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်တာနဲ့တူတယ် ၊ လောလောဆယ်လုပ်ငန်းတစ်ခုအနေနဲ့တာ ထွက်လာ တာပေါ့ လူထုထဲမှာ တွက်ဆမှု မှားနိုင်အောင်လုပ်တဲ့ကိစ္စပဲ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာရုံပြောင်းတဲ့ ကိစ္စ၊ ဒေါ်စုကလည်း ရွေးကောက်ပွဲကိစ္စ လှည့်ပြောလာတော့ အဲဒါကို လှည့်တာလို့ ထင်တယ်” ဟု သူက ဆိုသည်။လွန်ခဲ့သည့်နှစ် အောက်တိုဘာလပိုင်းကတည်းက အဆိုပါဗွီဒီယိုဖိုင် ရိုက်ကူးထားသည်ဟု သူက ဆိုသည်။ ဗွီဒီယိုဖိုင် ထွက်လာပြီး နောက် ဦးခင်ညွန့်တို့ဇနီးမောင်နှံအား နေရာပြောင်းရွေ့ချုပ်နှောင်ထားခြင်းလော ၊ လက်ရှိ မြန်မာ့နိုင်ငံရေးကိစ္စ များတွင် ပြန်လည် အသုံးချရန် စီစဉ်ခြင်းလော ဆိုသည်ကို လေ့လာသူများအကြား ဝေခွဲရ ခက်နေသည်။သူက ဆက်ပြောရာတွင် “ဗိုလ်ခင်ညွန့်ကို ပြန်သုံးဖို့အလားအလာသိပ်မရှိပါဘူး၊ သူ့ကိုသုံးမယ်ဆိုရင် ဖမ်းထားတဲ့သူ့ လူတွေပြန်လွတ် ပေးဖို့ သူက တောင်းဆိုထားတာ၊ လူတော်တော်များများကတောင် သူ့ကို ချီးကျူး တယ် ”“သူ့ကို သုံးနိုင်လောက်တဲ့ နေရာက တိုင်းရင်းသားကိစ္စတွေမှာ သူစခဲ့တဲ့ ဇတ်လမ်းတွေရှိတယ်၊ ဒါကိုပြန်ခိုင်းရင် လဲခိုင်း နိုင်တာပေါ့၊ အဲလောက်လဲ သူ အလုပ်ခံမှာမဟုတ်ဘူး ၊ ၀န်ကြီးချုပ်ဖြစ်ဖူးတဲ့ သူ့ကို ၀န်ကြီးချုပ်ပြန်ပေးလို့လည်း မဖြစ်ဘူး ” လို့ဆိုသည်။လက်ရှိအနေအထားတွင် ဂိုဏ်းဂဏဖွဲ့နိုင်သည့် နေရာများ နိုင်ငံရေးအရ သြဇာတက်မည့်နေရာများ စီးပွားရေး လုပ်ငန်းများတွင် ဦးခင်ညွန့်ကို ပြန်လည် အသုံးပြုဖွယ် မရှိကြောင်း သူက ယူဆသည်။ထို့အပြင် ဦးခင်ညွန့်အား အင်းစိန်ထောင်ကဲ့သို့သော ထောင်တွင်း ဖမ်းဆီးထားမှုမျိုးလည်း ပြုလုပ်ဖွယ်မရှိကြောင်း သိရ သည်။ဦးခင်ညွန့်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် စိုးရိမ်ရသည့် အဓိကအကြောင်းအရင်းမှာ ဗိုလ်ချုပ်မှူးကြီးထက် အရည်အချင်း နှင့်လုပ်ရည်ကိုင်ရည် သာလွန်နေခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။နအဖ ၀န်ကြီးချုပ်နှင့် အတွင်းရေးမှူး ၁ အပြင် စစ်ထောက်လှမ်းရေးအကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်သည် ၂၀၀၄ အောက်တိုဘာလပိုင်းတွင် လာဘ်စားမှု အမိန့်မနာခံမှု စသည့် စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံထားရကာ လက်ရှိ မိသားစုနှင့်အတူ နေအိမ်အကျယ်ချုပ်ကျခံနေရသည်။၎င်းအာဏာရှိစဉ်က အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူ မြောက်များစွာကို ထောင်သွင်းအကျဉ်းချခဲ့သူလည်း ဖြစ်သည် ။
December 1, 2010 by ngffbm
။။။။။။။။။။။။။။။
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ အပေါ် အမြင်
အိန္ဒိယ ပါလီမန်၊ အစိုးရက ဘာတွေလုပ်နိုင်တယ် ဘာတွေဖြစ်သင့်တယ်လို့ အန်တီပြောချင်လဲ။အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံဆိုတော့ အခုမေးလိုက်တဲ့မေးခွန်းနဲ့ ခုနတုန်းက ပြောလိုက်တဲ့ကိစ္စနဲ့ ဆက်နွယ်နေတယ်၊ ဒီမိုကရေစီနိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြားတက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိရင် ပါလီမန်နဲ့ အစိုးရကလဲ လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထုအနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့လိုတယ်။အိန္ဒိယဘက်က ပြောလေ့ပြောထရှိတာက တရုတ်က မြန်မာပြည်ထဲကို လွှမ်းမိုးလာတယ်၊ နောက်တခုက မြန်မာပြည်မှာ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း ပြောင်းလဲ ဖြစ်ထွန်းလာတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆတွေရှိတယ်၊ အဲဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ အန်တီ့အမြင်ကကော ဘယ်လိုလဲခင်ဗျ။အဲဒါမျိုးဆိုရင် တရုတ်နဲ့ဆက်ဆံရေးကိုပဲ အဓိက စဉ်းစားနေသလို ဖြစ်နေဘူးလား၊ မြန်မာပြည်ရဲ့ အခြေအနေကိုစဉ်းစားတာထက်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခြေအနေကို စဉ်းစားတဲ့နေရာမှာ တကယ်ပဲ မြန်မာပြည်အခြေအနေကို စဉ်းစားနေတာလား၊ တရုတ်နဲ့ အိန္ဒိယဆက်ဆံရေးကို စဉ်းစားနေတာလား ဆိုတာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ကွက်ကွက်ကွင်းကွင်းသိအောင် လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူးဆိုတာက အန်တီတို့ မြန်မာ တွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။တချို့အနောက်နိုင်ငံတွေ ယူဆတာကလဲ မြန်မာအစိုးရ ပြောတာနဲ့ သွားတူတယ်နဲ့တူတယ်၊ ဖြည်းဖြည်းချင်းပေါ့လေ၊ အဲဒီပုံစံက ပိုကိုက်တယ်ဆိုပြီးပြောကြတော့ အဲဒီအပေါ်မှာကော အန်တီ့အမြင်က ဘယ်လိုရှိလဲ။တဆင့်ချင်းသွားတဲ့ ပုံစံကို ပိုကိုက်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာတဲ့အတွေးအခေါ်တွေနဲ့ ပြနိုင်ဖို့ လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ခဲ့တာကြာလို့ ဖြည်းဖြည်းလေး ဒီမိုကရေစီဆီ သွားရမယ်ဆိုတဲ့ဟာက ပြောင်းပြန်ပြောလို့လဲရတာပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီမရှိလို့ ဒီလူမျိုးရေး ပဋိပက္ခတွေက ပိုပြီးတော့ ဖြစ်နေသေးတယ် ဆိုပြီးတော့လဲ ပြောလို့ရတာပဲ၊ ဒါက ကိုယ်ကြိုက်သလို ကိုယ်ဆွဲပြီးတော့ ပြောလို့ရတာပဲ။ ဒါပေမဲ့ တကယ် အဓိက စဉ်းစားရမှာက အခုအခြေအနေ တွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ ဒါကိုစဉ်းစားရမှာပါ။အန်တီ့ ကျန်းမာရေး အခြေအနေကော ဘယ်လိုရှိလဲခင်ဗျ။ကျန်းမာရေးကတော့ ကောင်းပါတယ်၊ အလုပ်ကတော့ ရှုပ်တာပေါ့၊ အသက်ရှုဖို့အချိန်တောင် နည်းနည်း, နည်းနေသလိုပဲ။သားနဲ့ ဖုန်းပြောဖြစ်တယ်လို့ကြားတယ်၊ သားကော ပြည်ဝင်ခွင့်ဗီဇာ ရပြီလားခင်ဗျ။အဲဒါကလေ ပေးမယ်လဲ မပြောဘူး၊ မပေးမယ်လဲ မပြောဘူး၊ ဒီလိုပဲ စောင့်နေရတော့မှာပေါ့။မိခင်တယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါကျတော့ ဒီလိုမျိုးစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အန်တီ ဘယ်လိုဖြတ်သန်းလဲ။ဒါပေမယ့်လဲ အန်တီ့ထက် ပိုခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့လူတွေ အများကြီးလေ၊ ဘာပဲပြောပြော အန်တီ့ရဲ့ သားတွေ က မတောင့်မတ မကြောင့်မကြနဲ့ နေနိုင်တဲ့အနေအထားပေါ့နော်၊ လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေရတယ်၊ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ပူပင်စရာမလိုဘူး၊ တခြားကလေးတွေ အများကြီးဟာ တနေ့နဲ့တနေ့ ဘယ်လို စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုင်ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ ရှိနေပါတယ်၊ သူ့တို့မိဘတွေကလဲ သူတို့ကလေးတွေကို မကူ နိုင်တဲ့ အနေအထားမှာ ရှိတယ်၊ အဲဒီတော့ အန်တီ့အနေနဲ့ ဆိုးတယ် ပြောရအောင် တခြား မိဘတွေကို ဘယ်လို မျက်နှာနဲ့ သွားပြီး တော့ ကြည့်မှာလဲ။အန်တီ့လုံခြုံရေးအတွက် စိုးရိမ်ကြတယ်လို့ ပြောကြတယ်၊အဲဒီအပေါ်မှာ တယောက်ယောက် အနှောက်အယှက်ပေးလိမ့် မယ်လို့ အန်တီ ထင်လား။ဒါကတော့ အရင်တုန်းက အနှောက်အယှက်ပေးခဲ့တာတွေ ရှိခဲ့ဖူးတော့ မလုပ်ဘူးလို့လဲ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ဒါအနှောက် အ ယှက်ပေးမှာပဲလို့ ဒါကိုပဲ ရှေ့တန်းတင်ပြီးတော့ ကိုယ့်ရဲ့ လုပ်တာကိုင်တာတွေကို အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်လို့လဲ မဖြစ် ဘူးလေ။ လူငယ်တွေကော၊ လူကြီးတွေကော အန်တီ့ကို တော်တော်လေး ဂရုစိုက်ကြပါတယ်၊ သူတို့ တတ်နိုင်သလောက် ကာကွယ် စောင့်ရှောက်ပါတယ်၊ လုံခြုံရေးအတွက်လဲ တတ်နိုင်သလောက် အစီအစဉ်တွေ လုပ်ပြီးတော့ ဆင်ဆင်ခြင်ခြင်နေကြပါတယ်။မစ္စတာ ယက်ထော လာခဲ့တဲ့အပေါ်မှာကော လူတွေက အမျိုးမျိုးပြောကြတယ်ခင်ဗျ၊ အန်တီ ဘယ်လိုထင်လဲ၊ စစ်တပ်က အကွက်ချလိုက်တယ်လို့ ထင်လားခင်ဗျ။အန်တီကတော့ အဲဒါကို တကယ်ပဲ ဖြေလို့မရဘူး၊ အန်တီ မသိဘူး၊ ဘယ်ဘက်ကိုမှ အန်တီ မယိမ်းဘူး၊ ဒါ စစ်တပ်ကလွှတ်လိုက် တယ်ဆိုတာလဲ အမှန်အတိုင်းပြောရရင် အန်တီ မထင်ဘူး၊ ဒါပေမယ့်လဲ တကယ့်ကို လွှတ်လိုက်တာ မဟုတ်ဘူးလို့လဲ တိတိကျ ကျ ကြီး ၁ဝဝ ရာခိုင်နှုန်းတော့ ပြောလို့မရဘူး၊ အန်တီ့အနေနဲ့တော့ မထင်ဘူးလို့ပဲ ပြောရမှာပဲ။အန်တီ့ ဟောပြောပွဲကို လူငယ်တွေလည်း အတော်လာကြတယ်၊ အန်တီအနေနဲ့ လူငယ်တွေ အမျိုးသမီးတွေကို ဘာ ပြော ချင်လဲ၊ ဘာလုပ်ပေးချင်လဲ။အန်တီမြင်ရတဲ့ အင်အားတွေကိုလေ တကယ်ပဲ သေသေချာချာ ထိရောက်အောင် လုပ်စေချင်တယ်၊ အင်အားတွေကတော့ ရှိတယ်၊ စွမ်းရည်တွေကတော့ ရှိတယ်၊ ဒါပေမဲ့လို့ ဒီအင်အားစွမ်းရည်တွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ တိုင်းပြည်ကောင်းကျိုး ညအတွက် အများကောင်းကျိုးအတွက် အဲဒါလဲ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော်၊ အတ္တဟိတ၊ ပရဟိတ္တ နှစ်ခုလုံး အတွက်ဖြစ်အောင်လို့ မှန်မှန်ကန်ကန် စနစ်တကျ သုံးနိုင်ဖို့ အန်တီ အားပေးချင်တယ်၊ တတ်နိုင်သမျှ အကူအညီပေးချင်တယ်။ဟုတ်ကဲ့ မှန်မှန်ကန်ကန်ဆိုတာ သူတို့အနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာရမယ်လို့ ဆိုလိုတာလားခင်ဗျ။အဲဒီလိုတော့ မဟုတ်ဘူး၊ အဟောသိကံ မဖြစ်သွားအောင်လို့ပေါ့၊ အင်အားတွေကို အတ္တဟိတ သဘောနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သုံး မယ်ဆိုရင်၊ ရေရှည်မှာ ကိုယ်လဲ အကျိုးမပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်မလုပ်နိုင် လို့ရှိရင် ကိုယ်တယောက်ထဲ ကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နိုင်ငံရေးလို့ပဲ ပြောပြော၊ လူမှုရေးလို့ပဲ ပြောပြော၊ အန်တီ့ရဲ့ အယူ အဆကတော့ နိုင်ငံရေးနဲ့ လူမှုရေးဆိုတာခွဲခြားလို့မရပါဘူး၊ ဒီလို စိတ်ဓာတ်တွေကတော့ ရှိရမယ်၊ နိုင်ငံသားတယောက် ထားသင့်တဲ့ စိတ်ဓာတ်ပေါ့နော်၊ အန်တီတို့ ခေတ်တုန်းကတော့ ပြည်သူ့နီတိ ဆိုပြီးတော့ သင်ရတယ်၊ အဲလို စိတ်ဓာတ်မျိုးတွေပေါ့။လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အခုတလော စစ်ပွဲတွေ ပြန်ဖြစ်လာတယ်၊ အဲဒီတင်းမာမှုတွေကို ဘယ်လိုလုပ်ပေး နိုင်ရင် ပြေလည်မယ်လို့ထင်လဲ။အဲဒါက အန်တီစောစောတုန်းက ပြောသလိုပေါ့နော်၊ ဆွေးနွေးလို့မရဘူးလားဆိုတော့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး အစဉ်အလာတွေ အန်တီတို့မှာမရှိသေးဘူး၊ အဲဒါကို အန်တီက သိပ်ဖြစ်စေချင်တယ်၊ ဒါကြောင့်မလို့လဲ အန်တီက အကြမ်းမဖက်တဲ့ လမ်းကိုသွားတယ်ဆိုတာ ဒါပဲ၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီတိုင်းပြည်ဟာ နိုင်ငံရေး ပြဿနာတွေဟာ နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်တဲ့ အခြေအနေ မျိုးဖြစ် အောင်လို့ အန်တီတို့ ဖန်တီးယူရမယ်၊ အဲဒါကတော့ လွယ်တာလဲ မဟုတ်ဘူးပေါ့နော်၊ တိုးလိုက် ဆုတ်လိုက်လဲ ရှိမှာပေါ့၊ အခြေအနေက ဖြေရှင်းဖို့လဲ လွယ်တဲ့အခြေအနေရှိချင်ရှိမယ်၊ တခါတလေတော့လဲ ပိုပြီးခက်တဲ့အခြေအနေဖြစ်မယ်၊ ဒါပေ မယ့်လဲ အဲဒီလို အစဉ်အလာတခုဖြစ်အောင်တော့ ကြိုးစားရမှာပဲ၊ မကြိုးစားရင်တော့ အဲဒီ ပဋိပက္ခတွေက ပျောက်သွားမှာမဟုတ်ဘူး။အန်တီက ဆက်သွယ်ရေး နည်းလမ်းတွေသုံးပြီးတော့ ဒုတိယ ပင်လုံညီလာကို လုပ်ချင်တယ်ဆိုတဲ့ သဘောပေါ့နော်၊ ဒီနေ့ သတင်းတွေထဲမှာတွေ့ရပါတယ်။ Twitter သုံးမယ်လို့လဲ အန်တီ ပြောထားတယ်၊ ဘယ်တော့လောက် သုံးမလဲ ဆိုတာ စိတ်ဝင်စားနေကြတယ်ခင်ဗျ။အဲဒါ ဒီနေ့ပဲ အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာတွေဘာတွေ ကြည့်နေတယ်၊ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရ မယ်ဆိုတော့ အန်တီကတော့ လျှောက်တော့ လျှောက်မှာပဲ၊ ဒါပေမဲ့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရ မှာပဲ၊ ဒါက ကင်းမှမကင်းရှင်းပဲ ဘယ်လိုပြောရမလဲ၊ လျှောက်တော့ လျှောက်မယ်၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။အန်တီ အင်တာနက် သုံးလို့မရဘူးဆိုရင် တခြားနည်းလမ်းနဲ့ပေါ့လေ Tele Conference လိုဟာမျိုးတွေပေါ့နော် ဘယ်လို နည်းလမ်းတွေ ရှိနိုင်သေးတယ်လို့ အန်တီထင်လဲ။အဲဒါကတော့ ရှာရမှာပေါ့လေ၊ ဒါကြောင့်မလို့ အန်တီကပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံ ညီလာခံဆိုတာကလဲ အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရတာ၊ အဲဒီတည်းက အန်တီစဉ်းစား နေ တယ်၊ ၂၁ ရာစုပုံစံနဲ့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်၊ နည်းလမ်းတွေဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့၊ ကိုစိန်ဝင်းတို့လဲ ဝိုင်းပြီးတော့ အကြံဉာဏ်တွေပေးကြပေါ့။ဟိုနေ့က မိုဘိုင်းဖုန်းသုံးရတာ တစိမ်းဆန်တယ်ပေါ့နော်၊ အခုအင်တာနက် ကျတော့ကော ဘယ်လိုရှိလဲခင်ဗျ။အန်တီက အင်တာနက် မသုံးဖူးဘူးလေ၊ ဒါပေမဲ့ ကွန်ပျူတာတော့ အတော်အတန်လုပ်တတ်ပါတယ်။ ကွန်ပျူတာနဲ့ နည်းနည်း ရင်းနှီးနေပြီဆိုရင် အင်တာနက်တွေဘာတွေ သုံးဖို့က မခက်ပါဘူး။နယ်ကိုခရီးထွက်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိလားခင်ဗျ။လောလောဆယ်တော့ မရှိသေးပါဘူး၊ ရန်ကုန်မှာတောင် အလုပ်တွေမပြီးသေးဘူး။ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေကို NLD နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် အဲဒီပေါ်မှာ အန်တီ ဘယ်လိုသဘောထားလဲ။အန်တီကတော့လေ ထွက်လာတဲ့နေ့ထဲက ပြောတယ်ပေါ့နော်၊ ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခု ဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊ လူတိုင်းနဲ့ လက်တွဲနိုင်တာ မဟုတ်ဘူးဆိုရင် တောင် ကိုယ်နဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေနဲ့ တွဲပြီးတော့ လုပ်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အန်တီလုပ်ချင်တယ်။ အန်တီ ပြောထားပြီးပါပြီ၊ ရွေးကောက်ပွဲကိုဝင်တဲ့ ၃၇ ပါတီထဲက ဘယ်ပါတီပဲဖြစ်ဖြစ် တကယ်ပဲ အန်တီတို့နဲ့ ရည်ရွယ်ချက်တူပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် အန်တီတို့ကလဲ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။အန်တီပြောချင်တဲ့ စကားက ဘာများဖြစ်မလဲခင်ဗျ။ပြောရမယ်ဆိုရင်တော့လေ သတင်းသမားတွေရဲ့ ကဏ္ဍက အခုအချိန်မှာ အင်မတန်မှ အရေးကြီးပါတယ်၊ အခုခေတ်မှာ အင်မတန်မှ အရေးပါပါတယ်၊ အဲဒီတော့ သတင်းသမားတွေရဲ့ သြဇာကလည်း မနည်းဘူး၊ အဲဒီတော့ ဒီသြဇာကို အကောင်းအတွက် သုံးပါလို့ အန်တီသတိပေးချင်တယ်။ တချို့သတင်းသမားတွေက ကိုယ်သတင်းထူးဖို့ သတင်းဦးဖို့ အဲဒါကို အဓိက ထားကြတယ်၊
သတင်းထူးတာ သတင်းဦးတာလဲ ကောင်းပါတယ်၊ ဒါတင်မကသေးဘူး သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေးစေချင်တယ်။ နောက်ပြီးတော့ အန်တီစောစောက ပြောဖြစ်လားတော့မသိဘူး၊ ထွက်လာတဲ့အချိန်မှာ ဆက်သွယ်ရေး ကဏ္ဍက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ဆဲလ်ဖုန်းလေးတွေပေါ့နော် လူတိုင်းမှာရှိတယ်၊ အဲဒီတော့ သတင်းတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်လို့၊
အဲဒီအရေးကြီးတာကို မမေ့ပါနဲ့လို့၊ ကိုယ်ဟာ အရေးကြီးတဲ့နေရာမှာရှိနေပါတယ်၊ ဒါကြောင့်မလို့ အဲဒီနေရာမှာ မှန်မှန်ကန်ကန်နဲ့ အန်တီတို့ အများစု ကောင်းကျိုးအတွက် လုပ်ပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်သိတဲ့ စိတ်နဲ့ လုပ်သင့်ပါတယ်။
အယ်ဒီတာ ကိုစိန်ဝင်းမဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀
ပေးပို့ သူ ---မောင်ရစ်
။။။။။။။။။။။။။။။။။။။။။။။။။။။။
အလံခိုးခြင်းလော၊ အနိုင်ကျင့်ခြင်းလော ။ဖိုးသောကြာ၎ နိုဝင်ဘာ ၂၀၁၀ခုတလော မြန်မာ့ နိုင်ငံ ရေး မှာ ရေပန်းစား၊ ခေတ်စား လာတဲ့ အကြောင်းကတော့ နအဖ စစ်အစိုးရက အလံ ပြောင်းလဲ လိုက်တဲ့ အပေါ် ဝေဖန် ကြတဲ့ စကားလုံးများ ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်က စာရေး သူတို့ နေတဲ့ မြို့စာသင်ကျောင်းမှာ အခန်းအနား တစ်ခု လုပ်တော့ စာသင်ကျောင်းက ဆရာမတွေက ပြည်ပ နိုင်ငံက ရောက်လာတဲ့ နိုင်ငံခြားသားတွေ မိမိနိုင်ငံ ရဲ့ ဆိုင်ရာ အလံတွေ ယူလာခဲ့ဖို့၊ ပြီးတော့ အခန်းအနားမှာ လွှင့်ထူကြဖို့ ပြောပါတယ်။အဲဒီအခန်းအနားမှာ တခြားနိုင်ငံတွေက ပြဿနာမရှိခဲ့ပေမယ့် မြန်မာ နိုင်ငံသားတွေ ကြားမှာ ပြဿနာ တက်ကြ ငြင်းခုန်ကြ ဖြစ်ကြ ပါတယ်။နိုင်ငံရေးသမားလို့ အမြဲ ပြောလေ့ ရှိတဲ့ လူ တစ်ဦးက ၁၉၄၈- ခုနှစ်က လွတ်လပ်ရေး ပြီးစ အလံကို လွှင့်မယ် လုပ်ပါတယ်။ဒီတော့ အခြား တစ်ယောက်က အဲဒါမြန်မာနိုင်ငံရဲ့ လက်ရှိ အလံမဟုတ်ပါဘူး ဆိုပြီး လက်ရှိ သုံးနေတဲ့ -စပါးနှံ စက်သွား ပါ၊ ကြယ် ၁၄ လုံး အလံကို တင်ပါတယ်။ဒီတော့ စောစောက နိုင်ငံရေးသမားဆိုသူက - အဲဒါ စစ်တပ်က လုပ်ထားတဲ့ အလံပါ ။တရား မ၀င်ပါဘူး၊ ငါတို့ အသိအမှတ် မပြုဘူး ဆိုပြီး လုပ်ပါတယ်။
နအဖစစ်တပ် သုံးသည့် အလံသစ်ကို တချိန်က ထိုင်း-မြန်မာနယ်စပ် မာနယ်ပလောရှိ အခန်း အနားတွင် ဤသို့ ထယ်ဝါစွာဖြင့်တွေ့ ခဲ့ရစဉ်ဒီအချိန်မှာ အင်အယ်လ်ဒီ-အယ်လ် ဆိုတဲ့ ပါတီဝင် ဆိုတဲ့ နောက် တစ်ယောက်က ခွပ်ဒေါင်း၊ ကြယ် ပါတဲ့ အလံကို တင်ပါတယ်။ဒီအလံက ပြည်သူ အများ မဲပေးလို့ နိုင်ထားတဲ့ ပါတီအလံပါ။ အစိုးရ ဖွဲ့ ခွင့်ရရင် အစိုးရ ဖြစ်မယ့် ပါတီ အလံ ဆိုပြီး ရှင်းလင်း ပြောပြ ပြန်ပါတယ်။ဒီတော့ နိုင်ငံခြားသား ကျောင်းဆရာက လက်ရှိ သူ့နိုင်ငံအစိုးရကထုတ် တရားဝင် အသိအမှတ် ပြုလက်ခံ ထုတ်ဝေ ထားတဲ့ စာအုပ် မှတ်တမ်း အရ အလံကိုပဲ တင်ရမယ်ဆိုပြီး ပြောတော့မှ စပါးနှံ၊ စက်သွားနဲ့ ကြယ်ဖြူ- ၁၄ လုံးပါ အလံကို နိုင်ငံတကာ အလံများ ကြားမှာ ကပ်ခွင့်ရပါတယ်။နောက်တစ်ခုက ၁၉၈၈ အေ၇း အခင်းကာလမှာ စပါးနှံ၊ စက်သွားနဲ့ ကြယ်ဖြူ- ၁၄ လုံးပါ တွေကို ဇောက်ထိုး လွှင့်ကြ၊ ကန့် ကွက်ကြ တာ လဲ မမြင်ချင်အဆုံး၊ ဇောက်ထိုး အလံတွေ ကိုင်ဆောင်ပြီး တပျော်တပါး ချီတက်နေကြတဲ့ ပုံတွေ စာစောင်တွေမှာ မြင်ရပါတယ်။အဲဒီ အလံကို မကြိုက်ပါဘူး ဆိုတဲ့ လူ တချို့က ခု ချိန်မှာ စစ်အစိုးရက အလံသစ်နဲ့ ပြောင်း လိုက်တော့မှ အရင် အလံ ကောင်းပါ တယ်။ အရင် စပါးနှံ၊ စက်သွားနဲ့ ကြယ်ဖြူ- ၁၄ လုံးပါ အလံကမှ ပြည်ထောင်စု ကိုယ်စား ပြုတာ ဘာညာ ဆိုပြီး အသံတွေ ပြန်ကြား လာရပါတယ်။
နအဖစစ်တပ် သုံးသည့် အလံသစ်ကို တချိန်က ထိုင်း-မြန်မာနယ်စပ် မာနယ်ပလောရှိ အခန်း အနားတွင် ဒေါက်တာ စိန်ဝင်း အဖွဲ့ နှင့်အတူ ဤသို့ ထယ်ဝါစွာဖြင့်နအဖ စစ်အစိုးရကတော့-အလံသစ်မှာပါတဲ့ အ၀ါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွားနဲ့ အထွေထွေ ပေါများခြင်း၊အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အား၊ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုခြင်း ဖြစ်တယ်
လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်က ထုတ်ပြန်ခဲ့တယ်။ထူးခြားတာက အခု လက်ရှိ စစ်စိုးရက သုံးလိုက်တဲ့ အလံဟာ ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာ နိုင်ငံ ညွန့် ပေါင်း အစိုးရက ထိုင်း မြန်မာ နယ်စပ် မာနယ်ပလောမှာ စတင်ရွေးချယ်အသုံးပြုခဲ့တဲ့ အကြောင်း၊ ပြည်ထောင်စု မြန်မာ နိုင်ငံ ညွန့် ပေါင်း အစိုးရအဖွဲ့မှ ၀န်ကြီး ဦးဘိုလှတင့်က ဘီဘီစီ သတင်းဌာနကို ၂၅ အောက်တိုဘာ ၂၀၁၀ မှာ ထုတ်ဖော် ပြောဆိုပါတယ်။ဒါဆိုရင် လက်ရှိ သုံးရောင်ချယ် ကြယ် ဖြူ ပါ အလံသစ်ကို တိုင်းရင်းသားတွေ ကိုယ်စား မပြုဘူး၊ နိုင်ငံသား သန်း (၆၀)ကို ကိုယ်စား မပြုဘူး၊ ဆန့် ကျင် ရှုတ်ချ ကြတဲ့ သူတွေဟာ ဘာကို ရှုတ်ချ ကြတာလဲ ဆိုတာ စဉ်းစား ရ ခက်ကုန်ပါပြီ။တချိန်က ပြည်ထောင်စု မြန်မာ နိုင်ငံ ညွန့် ပေါင်း အစိုးရအဖွဲ့က ထိုင်း မြန်မာ နယ်စပ် မာနယ်ပလောမှာ ဒီအလံကို အသုံး ပြုစဉ်က ရော မြန်မာ ပြည်သား သန်း ၆၀ ကိုကျောခိုင်းပြီး အသုံး ပြုခဲ့ သလားလို့ မေးရရင် အခက်ကြီး ခက်ရမယ့် စကားလုံးပါ။ဒီအလံက ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီး စာအုပ် ထုတ်ဝေစဉ်ကတည်းက ပါပြီးသားပါ။၂ နှစ်နီးပါး ကြိုတင်ပြီး သိထားပါလျှက်နဲ့ ၊တချိန်ချိန်မှာ ဒီအလံ နအဖ စစ်အစိုးရက သုံးမယ် ဆိုတာ သိပြီး ဖြစ်ပါလျှက်နဲ့ ဘာဖြစ်လို့ အတိုက်အခံတွေက ဒို့ မာနယ်ပလောမှာ သုံးခဲ့ တဲ့ အလံပါလို့ မပြောခဲ့ကြတာလဲ။ရိုးသားတဲ့ သာမန် ပြည်သူတွေအဖို့ သို့လော သို့လော “ တွေးရခက်ကြီး ” ဖြစ်နိုင်ပါတယ်။ဒါဟာ တိုက်ဆိုင်မှုလား၊ လေ့လာ ဆန်းစစ်မှု အား နည်းလို့လား၊ ဆိုတဲ့ ဘီဘီစီမှ အမေးကို ပြည်ထောင်စု မြန်မာ နိုင်ငံ ညွန့် ပေါင်း အစိုးရအဖွဲ့က နိုင်ငံခြားရေး ၀န်ကြီး တာဝန် ယူထားသူ ဦးဘိုလှတင့်က “ အခု ကိစ္စဟာ အလံတော်ကို ခိုးယူခြင်း ခံရတာပါ” လို့ ထုတ်ဖော်ပြောဆိုပါတယ်။တကယ်လို့များ ပြည်ထောင်စု မြန်မာ နိုင်ငံ ညွန့် ပေါင်း အစိုးရအဖွဲ့က ပြည်ပက ထောက်ပံ့ ပေးကမ်း ကူညီတဲ့ ဘတ်-သန်းချီနေတဲ့ ငွေတွေနဲ့ ရေးသားခဲ့တဲ့ ညောင်နှစ်ပင် ညီလာခံနဲ့အပြိုင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သာ ၂၀၀၈ နအဖ စစ်အစိုးရ ဥပဒေ မထွက်လာခင် ကုကသမ၈္ဂကို အချိန်မီ တင်နိုင်ခဲ့ရင် ထိုင်းဘတ်ငွေ သန်း တစ်ရာကျော် အကုန်အကျခံ ထောက်ပံ့ပေးပြီးကျိုး နပ်ပြီး၊ အခုလို အငြင်းအခုန် ဖြစ်လာ နိုင်စရာ မရှိဘူးလို့ မြင်မိပါတယ်။
နအဖ စစ်တပ် အစိုးရမှ အသစ်လွှင့်တင်လိုက်သည့် အလံသစ်ကို ရန် ကုန် မြို့ တော် ခန်းမ ရှေ့ တွင် မြင်ရစဉ်- -နအဖက ရွေးကောက်ပွဲကို အတိုက်အခံတွေ ဖျက်ဆီးမှု ကနေ လမ်းလွှဲအောင် ငြင်းခုန်စရာ အသစ်တစ်ခု ဖန်တီး ပေးလိုက် သလိုပါပဲ။အကြောင်းအရာ အသစ် တခု ပေါ်လာတိုင်ြးဲငင်းခုန်၊ လေလုံး သန် တတ်တဲ့ အကျင့် ရှိတဲ့ အတိုက်အခံ ဆိုသူတွေ အသံကို ဆက် လက် ကြားရဖွယ် ရှိပါတယ်။ဒီအပေါ်မှာ ဘီဘီစီကလဲ ဒီအလံသစ် ပြောင်းလဲခြင်း အပေါ် အထင်အမြင်တွေ ထုတ်လွှင့်ပါဦးမယ် ဆိုပြန် ကြေငြာ ပြန်ပါတယ်။ရွေးကောက်ပွဲ ဆန့် ကျင်ရေး လုပ်နေတဲ့ သူတွေ လမ်းကြောင်း မလွဲ စေဘဲ၊ ငြင်းခုန်မှု လေလှိုင်းကြာမှာ ပူးတွဲ မျှောပါခြင်း မရှိကြဘဲ ၊ မိမိ တို့ လုပ်ကိုင်ဆဲ လုပ်ငန်းများကို ဆက်လက်ပြီး အကျိုး ရှိအောင် ကန့် ကွက် ငြင်းဆန် တိုက်ပွဲဝင် လုပ်ကိုင်နေဖို့ လိုပါမယ်။နိုင်ငံရေး သမား ကြီး ဆိုသူတို့ လက်ခုပ်သံ ကြားရမည့် ၊ နိုင်ငံခြားမှ ငွေကြေးထောက်အပံ့ ရစေနိုင်မည့် အလုပ်များ၊ စကားလုံးများ၊ ရွေးချယ် ပြောဆိုမှု မှ ကင်းဝေကြပြီး အမှန် တကယ် တိုင်းကျိုး ပြည်ကျိုး လုပ်ငန်းများ လုပ်ကိုင်မှ တိုင်းပြည်အမှန် တိုးတက်၍ ဒီမိုကရေစီ ရှိ ထွန်းကား သာယာဝပြော နိုင်ပါမည်။ခင်မင်လေးစားလျှက်ဖိုးသောကြာ
၎ နိုဝင်ဘာ ၂၀၁၀
ရွေးကောက်ပွဲ အမြန်ပြီးစေချင်ပြီ။
ရွေးကောက်ပွဲကို အမြန်ပြီး စေချင်ပြီ။ ဘာကြောင့်လဲဆိုတော့ ဌာနဆိုင်ရာတွေ အဂတိလိုက်စားမှု အရမ်းကို သောင်းကျန်းလွန်းလို့ပါ။
ငွေတွေလိုလို့ပါဆိုပြီး ကောက်ခံေ နကြတာ နေ့စဉ်ပါပဲ ။
မော်တော်ယဉ် တွေကိုဖမ်းဒဏ်ရိုက် ပြည်တွင်းအခွန်ဆိုပိုတောင်ဆိုးသေး ။
နည်းမျိုးစုံနဲ့ခြောက်လှန့်ပြီးငွေတောင်း ။ လာဘ်ပေးရင်ရန် မလို။ မပေးတော့ရန်လုပ်။
ဆိုင်ပိတ်ရမယ် ချိတ်ပိတ်လိုက်မယ် စုံနေတယ် ။
ချိန်းခြောက်လိုက်တာစုံနေတာပဲ ။ကြောက်တဲ့ သူတွေက ပေးကြ ရတော့။
ဒါ ခြံသိမ်းလိုက်မယ် ကားသိမ်းလိုက်မယ် ။ နည်းမျိုးတွေ စုံနေတာပဲ ။
ထားဝယ်မြို့မှာ နည်းပညာကောလိပ် မီးလောင်တယ် တနင်္သာရီ တတိုင်းလုံးအလှုခံလိုက်တာ သိန်းထောင်ချီ ရတယ်။
ဒါပေမဲ့ ကာယကံတွေရရဲ့လား။ ကော့သောင်းကလုပ်ငန်းရှင်ကြီးများ ကုန်သည် ရွှေဆိုင် စုံနေဒါ ပေးလိုက်ကြရတာ စေတနာရှိလို့ တော့မထင်နဲ့နော်။
မကောင်းတတ်လို့။ ဆရာဝန်၂-ယောက်လို့ဆေးဆိုင်တွေ၊ တဆိုင်ကို (၅)သောင်းစီ ထည့်ကြပါအုံး ။
ပြည်သူတွေနေ့စဉ် ဘယ်လိုရှာစားနေရတယ်အဟာရမျှတကြရဲ့လား ။
ကျောင်းသားတွေကျောင်းထွက်လိုက်တာမနည်းတော့ဘူး။
တနေ့နေ့စားဝတ်နေရေး ကြပ်တည်းရတဲ့ကြား သူတို့က ငွေလိုတယ်-ငွေလိုတယ်တဲ့ဗျာ။
မောင်မြန်မာ
18, oct ,2010
။။။။။။။။။။။မိုးဒီ၊ လွင်မိုး၊ နန္ဒာလှိုင်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲ စည်းရုံးမှု
နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးတွေ စလာချိန်မှာ နာမည်ကြီး အနုပညာသည်တချို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဇေကမ္ဘာ ဦးခင်ရွှေနဲ့ အတူ ရွေးကောက်ပွဲ စည်းရုံးရေး ပူးပေါင်း လုပ်ဆောင်လာကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြ ပေးထားတာ ကြားသိရ ပါတယ်။ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ တွံတေးမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေရဲ့ စည်းရုံး ရေး ခရီးစဉ်တွေမှာ ချွေးမဖြစ်သူ နန္ဒာလှိုင် အပါအ၀င် နာမည်ကြီး သရုပ်ဆောင်တချို့ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး လိုက်ပါလာ ခဲ့ကြတာ ဖြစ်ပါတယ်။ဦးခင်ရွှေနဲ့အတူတူ ဒီကနေ့ ခရီးသွားဖို့ ပြင်ဆင်နေတဲ့ လူရွှင်တော် မိုးဒီက ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။“ကျနော်တို့ လိုက်ပြီး ပါဝင်နေတယ် ဆိုတာက လူတွေက ဒီနိုင်ငံရေး အပေါ်မှာပေါ့လေ၊ နည်းနည်း စိတ်ဝင်စားမှုလေး ရှိလာအောင်၊ နောက်တခုက ကျနော်တို့က ၀င်ပြီးတော့ မမှားအောင်ပေါ့နော်၊ ရွေးချယ်မှု မှန်ကန်ဖို့ ကျနော်တို့က သတိပေးပါတယ်။ ဘယ်သူ့ကို ရွေးချယ်ပါလို့တော့ ကျနော်တို့က မပြောလိုပါဘူး၊ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့။”ပြည်ခိုင်ဖြိုးနဲ့ အတူတူသွားတဲ့ အနုပညာသည်တွေက သူတို့ခရီးစဉ်ကို မဲဆွယ်စည်းရုံးတယ်လို့ မယူဆပေမဲ့ ဒေသခံတွေကတော့ မဲဆွယ်နေတယ်လို့ ယုံကြည်နေကြပါတယ်။“သူတို့က ဒီမှာ ငှက်အော်စမ်းကို သွားတဲ့အခါကျတော့ သူက နန္ဒာလှိုင်ကို ခေါ်သွားတယ်။ အဲဒီလို သူက အနုပညာနဲ့လည်း မဲဆွယ်တယ်။ နောက်တခေါက်လာရင် ခင်ဗျားတို့ပြောပါ၊ အခုတက်လာတဲ့သူတွေ၊ အနုပညာသမားတွေ ပါတယ်။ အနုပညာ သမားတွေ ပါတယ်ဆိုရင် နောက်တခေါက် ကျနော် ဘယ်သူ့ကို ခေါ်လာပေးရမလဲ၊ နန္ဒာလှိုင်ကို ကြိုက်သလား၊ အဲလိုပြောတယ်။ ဟိုနေ့က ကွမ်းခြံကုန်းဘက်သွားတာ လွင်မိုး ပါသွားတယ်။ ဒီမှာလည်း ဘယ်မင်းသမီးကိုကြိုက်လဲ၊ ကြိုက်တဲ့မင်းသမီးကို ပြောပါဆိုပြီး နောက်တခေါက် နန္ဒာလှိုင်ကို ခေါ်ခဲ့ရမလားလို့ ပြောတယ်။”
ကိုလွင်မိုးကတော့ ပြည်ခိုင်ဖြိုး ပါတီဝင်တယောက် အနေနဲ့ မဟုတ်ဘဲ ဦးခင်ရွှေနဲ့ ရင်းနှီးလို့ လိုက်တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။အခုလို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ အနုပညာသည်တွေ လိုက်ပါနေတာကို ရုပ်ရှင် အစည်း အရုံး အနေနဲ့ တားမြစ်ခြင်း မရှိဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ချထားတဲ့ စည်းကမ်းချက်တွေမှာ စည်းရုံး ဟော ပြောမယ့်သူဟာ ပြောလိုတဲ့ အချက်တွေကို သက်ဆိုင်ရာ ကော်မရှင်ကို တပတ်ကြိုတင် တင်ပြရမယ်ဆိုပေမဲ့ ပြည်ခိုင်ဖြိုး ပါတီနဲ့ လိုက်ပါသွားတဲ့ အနုပညာသည်တွေကတော့ လွတ်လွတ်လပ်လပ် ဟောပြောခွင့် ရှိပါတယ်။ကိုယ်စားလှယ်လောင်း တယောက်ဟာ မဲဆွယ်စည်းရုံးရာမှာ ကျပ် သိန်း ၁၀၀ အထိ သုံးခွင့်ရှိပြီး ငွေပေး စည်းရုံးတာမျိုး မလုပ်ရဘူး လို့ ကော်မရှင်က သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဦးခင်ရွှေကတော့ ဒီခရီးစဉ်တွေမှာ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေကို သိန်းရာပေါင်းများစွာ သုံးနေတယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။ ဒီကာလကို မဲဆွယ်စည်းရုံးရေး ကာလလို့ ကော်မရှင်က သတ်မှတ်ထားပေမဲ့ ဦးခင်ရွှေကတော့ အခု ခရီးစဉ် တွေဟာ စည်းရုံးရေး ခရီးစဉ် မဟုတ်ဘူးလို့ ဆိုပါတယ်။“စည်းရုံးရေးသွားတာ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ သိအောင်လို့လေ၊ ဘယ်သူက ဘယ်လိုတက်မယ်၊ အပေါ်ရောက်ရင် ဘယ်လို ဖြစ်မယ်၊ လိုက်ရှင်းပြနေတာ။ ရှင်းပြတာက အဓိကအားဖြင့် အခုဆို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၃၈ ဦးကတော့ အော်တိုမက်တစ် တက် သွားပြီ။”ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံးရာမှာ အစိုးရပိုင် အဆောက်အဦး၊ သာသနာ့နယ်မြေတွေကို မသုံးရဘူးလို့ ကော်မရှင်က တားမြစ်ထားပါတယ်။ ဒါပေမဲ့ ဦးခင်ရွှေကတော့ တိုက်ရိုက် အသုံးပြုတဲ့ပုံစံ မဟုတ်ဘဲ ကျေးရွာအလိုက် ဘုန်းကြီးကျောင်းတွေမှာ သာသနနုဂ္ဂဟ အသင်း တွေ ဖွဲ့စည်းပေးတယ်လို့ သိရပါတယ်။ ဦးခင်ရွှေရဲ့ စည်းရုံးရေးတရားပွဲ တက်ခဲ့သူ ဒေသခံတယောက်က ငွေပေးစည်းရုံးတာကို အခုလို ပြောပြပါတယ်။“ကိုယ်ဖြစ်ချင်တာ၊ လိုအပ်ချက်ရှိတာ ကျနော့်ကို တင်ပြပါ။ ကျနော်က ရှေ့ကို ကောင်းအောင်လုပ်မယ့် ပါတီပါ။ သူ့မှာ ပိုက်ဆံတွေ ဘယ်လောက်ရှိလို့ ရှိမှန်းတောင် သူမသိဘူး။ အဲဒီတော့ ကျနော်တတ်နိုင်တယ်။ ကျနော့်ကို လိုအပ်တာရှိရင် အကုန်လုံး တင်ပြပါဆို လို့ တင်ပြတယ်။ ကျမတို့ဆီမှာတော့ ငှက်အော်စမ်းမှာ၊ ကော့မှူးမြို့နယ် အနောက်ခြမ်းမှာ အသက် ၆၀ ကျော် အဖိုးကြီး၊ အဖွားကြီး တွေကို ငွေ ၅,၀၀၀ စီ ပေးတယ်။ နောက် ၈ လပိုင်း ၂၀ ရက်နေ့ကလည်း ဒီက ကြံ့ခိုင်ရေးမှာ အစည်းအဝေးလုပ်တယ်။ အဲဒါလည်း တယောက်ကို ငွေ ၅,၀၀၀ စီ ပေးတယ်။”ပြည်သူတချို့က ပြည်ခိုင်ဖြိုးပါတီကို အမြင်မကြည်မလင် ဖြစ်နေချိန်မှာ လူသိများတဲ့ အနုပညာသည်တွေ အခုလို ပါဝင်လာတဲ့ အတွက် သူတို့ရဲ့ အနုပညာလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့လည်း အဆိုပါ ဒေသခံက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ သရုပ်ဆောင်၊ အဆိုတော် ၀ိုင်းစုခိုင်သိန်းကို အစိုးရ၀ါဒဖြန့် အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကား ရိုက်ကူးခဲ့တာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။မြန်မာ့ နိုင်ငံရေးကတော့ ဖြစ်ချင်ရာ၊ လုပ်နေသူများ၊ ဖြစ်သင့်ရာ လုပ်နေသူများ၊ ဖြစ်နိုင်ခြေ လုပ်နေသူများကြားမှာ ရှိနေပါတယ်။
မျှဝေပေးပို့သူ။ အောင်မျိုးထွန်း
-----
အက်သံပါသော လေသံများနှင့် လားရာ
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းဌာနတချို့မှာ ဦးအေးမြင့်ကို အင်တာဗျူးလုပ်ထားတဲ့ အမေးအဖြေတွေ ကြားလိုက် ဖတ်လိုက်ရသလို နောက်ပိုင်းမှာလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန် ထားတဲ့ ဆောင်းပါးတချို့ကို လူဖတ်များတဲ့ ကိုယ်ပိုင်ဘလော့ဂ် တချို့မှာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ တတ်သိနားလည် စနစ်တကျ ဝေဖန်သုံးသပ်တာမျိုးမဟုတ် ဘဲ ဖြစ်ရပ်တချို့ပေါ်မှာ ဆန္ဒစွဲနဲ့ ကိုယ်ဖြစ်စေချင်တာတွေ မလုပ်လို့ ဖြစ်မလာလို့ ဝေဖန် ပြစ်တင်တာသာ ဖြစ်ပါ တယ်။ ဒါပေမယ့် အားလုံးမဟုတ်တာတွေလို့ မဆိုလိုပါဘူး။ မှန်တဲ့အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့် တ ချို့နေရာမှာ အပြုသဘော ဝေဖန်ထောက်ပြတာမျိုးမဟုတ်ဘဲ ရိုင်းပြတဲ့ ပုတ်ခတ်ပြောဆိုမှု ပြစ်တင်ရှုတ်ချမှု တွေ ပါနေတာ တွေ့ရပါတယ်။လူတွေမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသလို ဝေဖန်ပြောဆိုခွင့်လည်း ရှိပါတယ်။ဒါပေမယ့် ကိုယ်ဝေဖန်ပြောဆိုမယ့် အကြောင်း အရာပေါ်မှာ နားလည်တတ်ကျွမ်းဖို့လိုသလို အပြုသဘောဆောင်ဖို့လည်း လိုပါတယ်။ အဲဒါရဲ့အခြေခံက ဘက်ကို နားလည်ဖို့ပါ။ ရန်သူဘက်လား၊ မိမိဘက်လားဆိုတာပါ။ တို့ကတော့ ဘက်မရှိဘူး ကိုယ်ပြောချင်ရင် ပြောမှာပဲ။ စစ်အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ ရေးလှုပ်ရှားသူတွေ၊ ပါတီတွေပဲဖြစ်ဖြစ် ဘက်မ လိုက်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ခု ဒီဆောင်းပါးဟာ အဲဒီ လိုလူတွေ အတွက် မရည်ရွယ်ပါဘူး။ အဲ ဒီသူတွေကို ဘာမှမပြောချင်ပါဘူး။ သူ့သဘော သူဆောင်တာပါပဲ။ ဒါပေမယ့် အမှန်တရား အတွက် ဒီမိုကရေ စီရေးအတွက် ပြည်သူလူထုအတွက် ရပ်တည်ခုခံကာကွယ်ပြီး မတရားမှုတွေ၊ မတရားမှုတွေကို ကျူးလွန်နေ တဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်မယ် တိုက်ခိုက်နေတယ်ဆိုတဲ့သူတွေဆိုရင်တော့ ကျနော် အထက်မှာတင် ပြခဲ့တဲ့ ‘ဘက်’ ကို နားလည် ရပါမယ်။ ဘက်ရှိရပါမယ်။ ရန်သူဘက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက် ဖို့လိုသလို မိမိဘက်ကို နားလည်စာနာဖို့၊ အားပေး ကူညီ ထောက်ပံ့ဖို့၊ ချို့ယွင်းအားနည်းချက်တွေကို အပြုသ ဘောဝေဖန်ထောက်ပြဖို့ လိုအပ်ပါတယ်၊ တိုက်တွန်းပြောဆိုရပါမယ်။
မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ပိုပြီးသတိထားသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ရှိနေတဲ့ စစ်အာ ဏာရှင်နဲ့ အတိုက်အခံ ဒီမိုကရေဒီအင်အားစုဟာ တခြားနိုင်ငံတွေ၊ ဒေသတွေမှာနဲ့ မတူပါဘူး။ စစ်အစိုးရဟာ ဘာဥပဒေကိုမှ လေးစားလိုက်နာမှုမရှိပါဘူး။ လက်နက်အင်အား၊ အာဏာ၊ ဘဏ္ဍာငွေကြေးကို အသုံးပြုပြီး အ တိုက်အခံအင်အားစုကို တဖက်သတ် ဖိစီးနှိပ်ကွပ်ထားသလို ပြည်သူလူထုကိုလည်း ဆင်းရဲခြင်းနဲ့ ထိန်းချုပ်၊ အကြောက်တရားနဲ့ ထိန်းချုပ်ကျွန်ပြုထားတာပါ။ တတိုင်းပြည်လုံးကို အမှောင်ချထား ဖို့ ရှိသမျှ ဆက်သွယ်ရေး စနစ်၊ သတင်းမီဒီယာတွေအားလုံးကို ပိတ်ဆို့စီးနင်းထားတာပါ။ မတရားတဲ့ အမိန့်တွေနဲ့ လက်ကိုင်တုတ် အ လိုတော်ရိတွေကို အသုံးပြုပြီး ခေါင်းမထောင်ရဲအောင် လုပ်ထားတာပါ။ ဒါဟာ ပကတိရှိနေတဲ့ ရန်သူဘက်၊ မိ မိဘက်အခြေ အနေပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လိုချို့ယွင်းအားနည်းချက်မှမရှိတဲ့ ခြောက်ပြစ်ကင်း သဲလဲစင် ပါတီတ ခုဖြစ်ပါတယ်လို့ ဘယ်သူပြောခဲ့သလဲ။ ပါတီဥက္ကဌ ဦးအောင်ရွှေကို ထားလိုက်၊ သူက စစ်တပ်လူထွက်။ အချိန် ပြည့်နီးပါး အကျဉ်းကျခံနေရတဲ့ အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့လား။ ဒီလောက် လူ စိတ်မရှိတဲ့၊ ကောက်ကျစ်စဉ်းလဲတဲ့ စစ်အာဏာရှင် အစိုးရရဲ့ ကမ်းကုန်အောင် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်း မှုအောက်မှာ ဘယ်သူတွေကြံ့ကြံ့ခံ ဒီမိုကရေစီရေးအတွက် အခုထိ ဆက်လုပ်နေကြပါသလဲ။ ၂၀၀၇ ခုနှစ် သံ ဃာဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးအုံကြွမှုမှာ သံဃာတော်တွေကို ၀န်းရံပေးခဲ့ကြ၊ စည်းရုံးအားပေးခဲ့ကြသူ တွေဟာ ဘယ်သူတွေလဲ၊ ပြည်သူလူထုအကျိုးစီးပွားအတွက် အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ဘာအဆုံးအ ဖြတ်တွေ ပေးခဲ့ပါသလဲ။ ကျနော်တို့ ပြန်ကြည့်ရင် မြင်သာထင်ရှားပါ။ အစပိုင်းမှာ မပြတ်သားခဲ့တာတွေ။ တွေ ဝေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှားတွေလည်း ရှိခဲ့ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ ဝေ ဖန်ထောက်ပြဖူးလှပါပြီ။ ဒါပေမယ့်အပြုသဘောပါ။ ရှိနှင့်ခဲ့တဲ့ သင်ခန်းစာတွေကနေ နောင်ထပ်မမှားအောင် ဝေဖန်အကြံပြုတာတွေ၊ သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ ဘက်ကို နားလည်ဖို့လိုသလို အခြေအနေနဲ့ အချိန် အခါကိုတော့ သတိထားဖို့လိုပါတယ်။ကျနော်တို့မြန်မာနိုင်ငံမှာ တရားမျှတမှု၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေရရှိဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ် ရှားနိုင်မှရမှာပါ။ ဒီကိစ္စဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုတည်း လုပ်လို့မရသလို ဒေါ် အောင်ဆန်းစုကြည် တယောက်တည်း လုပ်လို့လည်း မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးတညီ တညွတ်တည်းရှိဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါ ၀င်မှုလည်း ရှိရပါမယ်။
ပြည်သူလူထုရဲ့ တခဲနက် ပူးပေါင်းပါဝင်မှုရဖို့၊ ပြည်သူလူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးဖို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုက ယုံကြည်အပ်နှံထားတဲ့ ပါ တီဖြစ်တဲ့အတွက် ပြည်သူလူထုကို သူတို့လိုလားတဲ့ ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် ဦးဆောင်လမ်းပြပေးရ ပါမယ်။ အဲဒီတာဝန်ကို ရဲရဲရင့်ရင့် ထမ်းဆောင်ရဲရပါမယ်။ ကျနော်တို့ ဒီမိုကရေစီ ချစ်မြတ်နိုးသူ ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့လည်း ကူညီအားပေးထိန်းမတ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ရန်သူအားရ ကျေနပ်သွားစေနိုင်တဲ့၊ ပြည်သူလူထု တွေဝေ ယုံမှတ်မှားသွားစေနိုင်တဲ့ အရေးအသား အပြောအဆိုမျိုးကို တော့ သတိထားရှောင်ရှား သင့်ကြပါတယ်။
ဝေဖန်ထောက်ပြသလို အားပေးတိုက်တွန်းရပါမယ်။ အပြုသဘော ဖြစ်သင့်ပါတယ်။ ဝေဖန်ထောက်ပြတာနဲ့ ပြစ်တင်ရှုတ်ချတာဟာ ကွဲပြားပါတယ်။ ပြစ်တင်ရှုတ်ချတဲ့ အလုပ်ကို စစ်အစိုးရက အစဉ်တစိုက်လုပ်နေပါ တယ်။ စနစ်တကျ ထိုးခွဲနေပါတယ်။ ဒါကို ကျနော် တို့တွေ လုပ်ဖို့မလိုပါဘူး။ ကျနော်တို့က အမှန်တရားဘက် က ဒီမိုကရေစီဘက်ကပါ။ ဝေဖန်ထောက်ပြ အားပေးတိုက်တွန်း ရမှာပါ။
စာတပုဒ် ကဗျာတပုဒ်ကို ဝေဖန်သလို ပါပဲ၊ ဝေဖန်သူဟာ စာရေးတတ်ဖို့၊ ကဗျာရေးတတ်ဖို့မလိုပါဘူး။ သူ့ရဲ့အကြိုက်တရား မကြိုက် တရားကို ပြော ခွင့်၊ သူ့ထင်မြင်ယူဆချက်ကို ပြောခွင့်ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ဝေဖန်ရေးမဖြစ်သေးပါဘူး ဝေဖန်ရေးလုပ် မယ့်သူ ဟာ စာမရေး ကဗျာမရေးတတ်လို့ ရပေမယ့် စနစ်ကျတဲ့ ဝေဖန်ရေးတခုလုပ်ဖို့ဆိုရင်တော့ စာပေသ ဘောတရားကို အတိုင်းအတာ တခုအထိ နားလည်တတ်ကျွမ်းထားရပါမယ်။ ဒါမှလည်း သူ့ရဲ့ဝေဖန်ရေးကို စာ ရေးသူက တလေးတစား ဖတ်မှာဖြစ်သလို ပြုပြင်ဖို့ လိုရင်လည်း ပြုပြင်ပါလိမ့်မယ်။ ဖြေရှင်းဖို့လိုရင်လည်း ဖြေ ရှင်းပါလိမ့်မယ်။ ဘာမှနားမလည်ဘဲ အပုပ်ချ ပြစ်တင်တာမျိုးကိုတော့ အဆင့်ရှိတဲ့ ဘယ်စာရေးသူကမှ တုံ့ပြန် ပြောဆိုလိမ့်မယ် မဟုတ်ပါဘူး။အဲဒီလိုပါပဲ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးခေါင်းဆောင်တယောက်ကို ကြိုက်တယ် မကြိုက်ဘူး ပြောလို့ရပါတယ် ဒါပေမယ့် ဝေဖန် ထောက်ပြချင်တယ်ဆိုရင်တော့ နိုင်ငံရေးရဲ့သဘောသဘာဝ၊ ရှိနေတဲ့ အခြေအနေအခင်းအ ကျင်း၊ ရန်သူဘက် မိမိဘက် အခြေ အနေ၊ ပြည်သူ့လူထုရဲ့အနေအထား၊ နိုင်ငံတကာအခြေအနေ ... စတာတွေ ကို အတိုင်းအတာတခုထိ သိမြင်နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှပဲ အော် ဒါကြောင့် ဒီလိုပြောတာ ကိုး၊ ဒီလိုဆုံးဖြတ်တာကိုး၊ ဒီလိုစဉ်းစားတာကိုးလို့ နားလည်နိုင်မှာ ဖြစ်သလို ကိုယ်က ဝေဖန်အကြံပြုရင်လည်း စနစ်တကျရှိပါလိမ့်မယ်။အဲဒီလိုမှမဟုတ်ဘဲ ပြောခွင့်ရှိတာပဲ၊ ကိုယ်ပြောချင်သလို ပြောမယ်ဆိုပြီး အပြုသဘော ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ပြစ်တင်ရှုတ် ချ၊ အပုပ်ချတာမျိုး လုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့အချိန်မှာ စည်းလုံးညီညွတ်ရမယ့် အချိန်မှာ မိမိအချင်းချင်းဘက်မှာ အက်သံ ထွက်လာသလိုဖြစ်ပြီး ပြည်သူလူထု နားလည်မှုလွဲမှား တွေဝေယိမ်း ယိုင်တာမျိုးတွေဖြစ်လာပြီး ရန်သူက အားရကျေနပ်ဝမ်းသာ ဖြစ်သွားနိုင်ပါတယ်။ကျနော်တို့ဘက်က အက်သံတွေ၊ သံကြောင်တွေ ထွက်မလာဖို့ အရေးကြီးနေတဲ့အချိန်ပါ။စိုးနေလင်း(ရေးသူ၏ အာဘော်သာဖြစ်သည်။ စာဖတ်သူများ ဆင်ခြင်ချိန်ဆနိုင်ရန်အတွက် တင်ဆက်ပေးခြင်းမျှသာဖြစ်သည်။)
ရန်သူနဲ့ တွေ့ တော့ ပန်းလို၊ ပြည်သူနဲ့ တွေ့ တော့ မီးလိုမြန်မာ့တပ်မတော်မှာ ဆောင်ပုဒ်တခု ရှိပါတယ်။ရန်သူနဲ့ တွေ့ ရင် မီးလို၊ နေလို ကျင့်ရမယ်။ ပြည်သူနဲ့ တွေ့ ရင် ပန်းလို နူးညံ့သိမ်မွေ့ ရမယ်လို့ ။ဒါပေမယ့်တွေ့ မြင်ကြားသိနေရတာကတော့ ဒီဆောင်ပုဒ်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ညပိုင်း၊ ပဲခူးမြို့ ပေါ်မှာ အရက်မူးနေတဲ့ စစ်တပ်က လူငယ်အရာရှိ ၂ ယောက်နဲ့ အရက်မူးနေတဲ့ အရပ် သားလူငယ် ၇ ယောက်တို့ ခိုက်ရန်ဖြစ်ပွားကြရာမှာ စစ်တပ်က အရာရှိငယ်တဦးက လဲကျကျန်ရစ်ပြီး ကျန်အရာရှိလူငယ်က တပ် စခန်းကိုပြန်ပြီး လက်နက်နဲ့ စစ်သားတွေ ပြန်ခေါ်ပြီး တိုက်ခိုက်လို့ လူငယ်၂ ဦး နေရာမှာဘဲ သေနတ်ဒဏ်ရာ ၆ ချက် နဲ့ ၎ ချက်လောက် ထိမှန်ပြီး သေဆုံးသွားကြရတယ်လို့ ကြားသိရပါတယ်။
ပစ်ခတ်မှုကလည်း မသေမချင်း အညှိုးတကြီးပစ်ခတ်သတ်ဖြတ်တဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ အခု အွန်လိုင်းမီဒီယာတွေပေါ်မှာလည်း စစ်တပ်ဘက်က အမြင်ပုံစံနဲ့ တဘက်၊ အရပ်ဘက်က အမြင်နဲ့ တဘက် အပြန်အလှန်ရေးသားနေကြတာကိုတွေ့ ရပါတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ရှိတဲ့ လူကို သွားတိုက်ခိုက်ရင် လက်နက်နဲ့ အပစ်ခံရမှာပေါ့ လို့ ရေးပါတယ်။
အရပ်သားတွေဘက်ကလည်း ဒီလို လက်နက်အားကိုးပြီး နိုင်ထက်စီးနင်း လုပ်စရာလားလို့ ပြောပါတယ်။ဒီဖြစ်ရပ်ဖြစ်ပွားတဲ့အခါမှာ စစ်တပ်က အရာရှိလူငယ်တွေကလည်း အရက်မူးနေပြီး ယူနီဖောင်း ၀တ်ထားတာ မဟုတ်လို့ အရပ်သား လူငယ်တွေက တမင်ရည်ရွယ်ပြီး ရိုက်နှက်တာ မဖြစ်နိုင်ပါဘူး။
ဒီလိုဖြစ်ပွားလို့ တပ်ပြန် လက်နက်ယူပြီး လူပြန်ခေါ်လာရင်လည်းဘဲ ဥပဒေဘောင်အတွင်းက ရှင်းနိုင်တဲ့နည်းလမ်းတွေရှိလျက်နဲ့ ကျော်လွန်ပြီး ရမ်းကားရက်စက်တဲ့ ဖြစ်ရပ်မျိုးဖြစ်ပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးကို ဖြန့် ဝေတဲ့ နိုင်ငံပိုင်သတင်းစာတွေထဲမှာလည်း စစ်တပ်က အရက်မူးနေတဲ့အရာရှိလူငယ်တွေနဲ့ အရက်မူးနေ တဲ့ လူငယ်အရပ်သားတွေ ရန်ဖြစ်တဲ့ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်လို ပေါ့ပေါ့တန်တန်ရေးသားဖော်ပြထားတာကလည်း လျော် ကန်မှု မရှိပါဘူး။ အရက်မူးပြီး ရန်ဖြစ်တာက သာမန်ဖြစ်စဉ်လို့ ပြောနိုင်ပေမယ့် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကတော့ သာမန်ဖြစ်စဉ် မဟုတ်ပါဘူး။ တကယ်လို့ ဒီသတင်းကို ရေးသားဖော်ပြတဲ့ တာဝန်ရှိသူတွေရဲ့ သားသမီးသာ ဒီလိုပစ်ခတ် သတ်ဖြတ်ခံရရင် သူ ဒီလိုမျိုးသဘောထားနိုင်ပါ့မလား ဆိုတာ မေးစရာဖြစ်လာပါတယ်။
ဒီဖြစ်ရပ်မျိုးဟာ သတင်းအလွယ်တကူပျံ့ နှံ့ နိုင်တဲ့ ပဲခူးလို မြို့ ကြီးဒေသမှာ ဖြစ်ခဲ့လို့ သာ အများ ပြည်သူသိခွင့်ရပြီး လူနေကြဲပါးတဲ့ နယ်စွန်နယ်ဖျားဒေသတွေမှာသာ ဖြစ်ခဲ့ရင် ဒီလိုတိတိကျကျ သိနိုင်ပြီး အရေးတယူကိစ္စတောင် ရှိမယ် မထင်ပါဘူး။ ဒါမျိုးတွေကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုပါ ထိခိုက်ပျက်ဆီးနေစေတဲ့ ကိစ္စတွေဖြစ်ပါတယ်။
အထူးသဖြင့် တရားဝင်လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်တဲ့ တပ်မတော်ထဲမှာ ဒီလိုစည်းကမ်းမဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတာကို အကြောင်းအကျိုးဆန်းစစ်ဖို့ လိုပါတယ်။ယနေ့ ကာလမှာ မြန်မာပြည်က ခေတ်ပညာတတ်လူငယ်တွေအဖို့ ရိုးရိုးတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ က ကုန်ကျစရိတ် လည်း များတယ်၊ စနစ်တကျ ဖိဖိစီးစီးသင်ကြားပေးမှုလည်း မရှိပါဘူး။ ဘွဲ့ ရလာပြီးရင်လည်း အလုပ်အကိုင်အခွင့်အလမ်းက မသေချာပါဘူး။
စစ်တက္ကသိုလ်တွေကလည်း တနှစ်ကို ကျောင်းသား နှစ်ထောင်ဝန်းကျင်လောက် ခေါ်ယူပြီး၊ ကျောင်းဆင်းပြီးရင်လည်း ပြန်တမ်းဝင် အရာရှိအဖြစ် အလုပ် တန်းရပါတယ်။ ပုံမှန်အားဖြင့် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင် သွားပြီး အရာရှိကြီးတွေအဆင့် ဖြစ်လာရင် လည်း အာဏာရှိပြီး ကြီးပွားတိုးတက်နိုင်တဲ့ အခြေအနေ ရှိတယ်။ ဒါမှမဟုတ် ဗိုလ်ကြီး၊ ဗိုလ်မှုးလောက်ဖြစ်လို့ အရပ်ဘက်ကို ပြောင်းခွင့်ရရင် ဒု-ညွှန်မှုး၊ ညွှန်ကြားရေးမှုး၊ စက်ရုံမှုးလောက် ဖြစ်နိုင်တယ်။
အဲဒီအချိန်လောက်မှာ ဆယ်တန်းတူတူအောင်တဲ့သူက ရိုးရိုးဘွဲ့ ရလို့ အစိုးရရုံးတရုံးမှာ ၀င်လုပ်ရင် စာရေးကြီးလောက်ဘဲရှိဦးမယ်။ ဒီလိုမျိုး ဈေးတွက် တွက်ပြီး စစ်တပ်ထဲကို ကွာခြားလှတဲ့ အခွင့်အရေး တခုကို မျှော်ကိုးပြီး ၀င်လာကြတဲ့သူတွေ အများစုဖြစ်နေပါ တယ်။ အဲဒီတော့ နိုင်ငံ ကာကွယ်ချင်လို့ တိုက်ခိုက်စွန့် စားချင်တဲ့ ၀ါသနာပါလို့ ဆိုတဲ့ စိတ်ဓာတ်အရင်ခံနဲ့ ဝင်လာတာမဟုတ်တော့ စစ်စည်းကမ်းတွေနဲ့ ကြတော့ နေသားတတကျ မနေနိုင်ကြပါဘူး။
ဒါ့အပြင် ၁၉၉၀ ၀န်းကျင်လောက်က စပြီး အခု ၂၀၁၀ ခုနှစ်လောက်အထိ မြန်မာပြည်မှာ ဗကပ အုပ်စုကလည်း ပြိုလဲပြီး ပုံစံတမျိုး ပြောင်းသွားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ လည်း ငြိမ်းချမ်းရေးယူထားတော့ တိုက်ပွဲလည်းမရှိဘူး။ စစ်တိုက်စရာလည်း မလိုဘူး။ အဲဒီမှာ စစ်စည်းကမ်း တွေကို လိုက်နာမှုအားနည်းလာတာကို တွေ့ နေရပါတယ်။မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ နဲ့ တိုက်ခိုက်ရာမှာ တပ်ရင်းအမှတ် ၁၀၆ ပါဝင်တဲ့ လက်နက်အပြည့်အစုံ အင်အား ၁၀၀၀ ကျော်ရှိတဲ့ မြန်မာစစ်တပ်ယာဉ်တန်းဟာ ကိုးကန့် ဒေသအ၀င်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ ကိုးကန့် တပ်ဖွဲ့ တွေက ဆီးကြိုပစ်ခတ်ရာမှာ အကုန်လုံး ကားပေါ်က ဆင်းပြေးပြီး မြေပြင်မှာဘဲ နေရာယူပစ်ခတ်လို့ တပ်ရင်းမှုးက တက်ပစ်ဖို့ အမိန့် ပေးတာ ကိုဘယ်သူကမှ မတက်ကြဘဲ ကိုးကန့် အဖွဲ့ ကပစ်ခတ်ပြီး ကျည်ဆံနည်းလာလို့ ပြန်ဆုတ်သွားမှ တိုက်ပွဲကပြီးသွားတယ်လို့ တပ်ရင်း ၁၀၆ နဲ့ နီးစပ်တဲ့သူတွေဆီက ကြားသိရပါတယ်။ တပ်ရင်းမှုးလည်းအလုပ်ပြုတ်သွားပါတယ်။
ဒီဖြစ်စဉ်ဟာလည်းဘဲ စစ်တပ်ရဲ့ စစ်စည်းကမ်းလိုက်နာမှု အားနည်းပြီး စစ်ရေးအတွေ့ အကြုံမရှိမှု၊ စိတ်ဓာတ်ရေးရာ မပြည့်ဝမှုတို့ ကို ဖော်ပြနေတာပါဘဲ။ စစ်တပ်တွေထဲမှာလည်း တပ်အင်အားတွေဘဲ တိုးချဲ့ ဖွဲ့ စည်းပြီး တပ်သားတွေအဆင့်မှာတော့ စားနပ်ရိက္ခာလစာ မလုံလောက်ကြပါဘူး။ စစ်သားတစ်သိန်း တိုးလာရင် သူ့ ကိုမှီခိုတဲ့မိသားစုကိုပါ ထည့်တွက်ရင် လူ သုံးသိန်းစာလောက် စရိတ်ထပ်တိုးလာမှာပါ။ လက်နက်ခဲယမ်းစရိတ် မပါသေးပါဘူး။
မြန်မာပြည်ရဲ့ ထောက်ပံ့ပေးနိုင်မှု ဓနအင်အားနဲ့ ဆိုရင် အမြဲတမ်းစစ်တပ်အစား အလှည့်ကျ နိုင်ငံသားတိုင်း တနှစ်ခွဲလောက် စစ်မှု ထမ်းတဲ့ ပုံစံကဘဲ နိုင်ငံကာကွယ်ရေးအတွက် ရေရှည်မှာ သင့်တော်မှာပါ။ အဲဒါကိုလည်း ဖွဲ့ စည်းပုံမှာ ပါပေမယ့် စစ်တပ်အသိုင်း အ၀ိုင်းက ယုံကြည်စိတ်ချမှု မရှိလို့ ထင်ပါတယ်။ မလုပ်ကြပါဘူး။ ပြည်တွင်းက သဘောထားကွဲလွဲတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကတော့ စစ်တိုက်ရာမှာ လိုတဲ့ လူအင်အား၊ လက်နက်ကျည်ဆံဖြည့်ဆည်းနိုင်မှု၊ ဆေးဝါးရိက္ခာ သတင်းနဲ့ ဆက်သွယ်ရေး စတာတွေမှာ မြန်မာစစ်တပ်နဲ့ လုံးဝမယှဉ်နိုင်လို့ ရင်ဆိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ပျောက်ကြားပုံစံနဲ့ ဘဲ ပြန်တိုက်နေတာပါ။
နိုင်ငံခြားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ် ယှဉ်ပြိုင်လာရရင်ကော....အဲဒီလို အသာစီးရတဲ့ အခြေအနေမှာရှိပါသလား။လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ကော့သောင်းမြို့ ရေပြင်နားမှာ ဖြစ်ပွားတဲ့ ယိုးဒယားရေတပ်က မြန်မာစစ်သင်္ဘောကို အမြှောက်နဲ့ ပစ်တဲ့ကိစ္စ၊ ၂၀၀၂ ခုနှစ်လောက်က တာချီလိတ်နယ်စပ်မှာ ရွက်ဆစ်နဲ့ ယိုးဒယားတပ်က ပူးပေါင်းပြီး တိုက်ခိုက်တဲ့ကိစ္စ၊ ခွန်ဆာ လှုပ်ရှားခဲ့တဲ့ လွယ်လန်းနယ်မြေမှာ ယိုးဒယား တပ်စွဲထားတဲ့ကိစ္စ၊ သိပ်မကြာသေးခင်က ရခိုင်ကမ်းရိုးတန်းနားမှာ ကမ်းလွန်ရေနံ တူးတဲ့ကိစ္စနဲ့ ပက်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်သင်္ဘောက ရောက်ရှိလာပြီး ရေနံတူးတဲ့ မြန်မာနိုင်ငံဘက်က အဖွဲ့ တွေ ကို မောင်းထုတ်တဲ့ကိစ္စတွေမှာတော့ မြန်မာဘက်က ပန်းကလေးလိုဘဲ နူးညံ့သိမ်မွေ့ လှပါတယ်။
အထူးသဖြင့် တာချီလိတ်နယ်စပ်မှာတိုက်ပွဲဖြစ်တုန်းကဆိုရင် ယိုးဒယားနဲ့ တောင် စစ်ဖြစ်နိုင်တဲ့ အနေအထားပါ။ အဲဒါကို ရန်ကုန် မှာရှိတဲ့ ပြည်သူလူထုကလည်း အေးအေးဆေးဆေးပါဘဲ။ သူတို့ နဲ့ အဝေးကြီးလို့ ထင်နေပါတယ်။ နိုင်ငံချင်းစစ်ဖြစ်ရင် ဒီခေတ် လက်နက်စွမ်းရည်တွေအရ နိုင်ငံရဲ့ ဘယ်နေရာမှာမဆို ချက်ချင်းအန္တရယ်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ယိုးဒယားနိုင်ငံထဲမှာ ရောက်ရှိ အလုပ်လုပ်နေတဲ့ လက်နက်မဲ့မြန်မာတွေကတော့ အန္တရယ်ပိုများတယ်လို့ ပြောချင်ပါတယ်။လူမျိုးရေးအရ နီးရာကိုချက်ချင်းဒုက္ခပေးနိုင်ပါတယ်။ ထိုင်းဘုရင်အဒူမိဘော မရှိတော့ရင် ပိုသတိထား ရပါလိမ့်မယ်။
အခုရက်ပိုင်းအတွင်းမှာ နအဖခေါင်းဆောင်ကြီးလည်း တရုတ်ပြည်က ပြန်ရောက်လာပါပြီ။ တရုတ်ကြီးနဲ့ သဘောတူနားလည်မှု တစုံတခု ရ လာပုံရပါတယ်။ နယ်စပ်က လက်နက်ကိုင်အဖွဲ့ တွေရဲ့ ကိစ္စတွေကို ရှင်းတော့မယ့်အခြေအနေပါဘဲ။ ဒါပေမယ့် ရေရှည်မှာ နိုင်ငံရေးအရပါ ရှင်းနိုင်မှ ပြေလည်နိုင်မှာပါ။
အခုအချိန်မှာ တရုတ်ရဲ့ သြဇာချဲံ့ ထွင်လာမှုကြောင့် ရုရှားနဲ့ အမေရိကန်ကလည်း အာဆီယံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ လုပ်လာ ကြပါတယ်။ ဂျပန်ကလည်း တရုတ်စစ်အင်အားက သူတို့ ကို ခြိမ်းခြောက်လာနေတယ်လို့ ပြောလာပါတယ်။
မြန်မာနိုင်ငံ ကာကွယ်ရေးသာမကဘဲ နိုင်ငံရေးကိစ္စတွေမှာပါ ဦးဆောင်ပါဝင်လိုတဲ့ မြန်မာ့တပ်မတော် ကတော့ တကယ့်ရန်သူဖြစ်တဲ့ ကျူးကျော်တဲ့နိုင်ငံခြားတပ်ဖွဲ့ တွေနဲ့ ရင်ဆိုင်နိုင်အောင် မြန်မာပြည်သူတွေနဲ့ တွေ့ ရင် ပန်းကလေးလိုနူးညံ့ပြီး ရန်သူနဲ့ တွေ့ ရင် မီးလိုနေလို ကျင့်နိုင်စေဖို့ မျှော်လင့်ပါတယ်။s ခင်ဇိုင်၁၃-၁၀-၂၀၁၀
-----------
စိတ်ဆန္ဒများ အမြင့်ဆုံးသို့ရောက်ခဲ့ကြသော်... တခါက အိန္ဒိယဆာဒူးကြီးတပါးသည် တပည့်များအားပညာသင်ပေးနေစဉ် မုန့်ရောင်းသောမိန်းမတဦးသည် ထိုအနားသို့ရောက် လာလေသည်။ ဆာဒူးကြီးသည် တပည့်များအား အလွန်အဖိုးတန်သော ပညာတခုသင်ပေးမည်။ ကြည့်နေကြပါ ပြောကာ မုန့်သည် မိန်းမအားလှမ်းခေါ်ပြီး မုန့်များကိုတခုပြီးတခု နှိုက်ယူစားသောက်ရာ ပါသမျှမုန့်တို့သည် တက်တက်ပြောင်လေ၏။ စားသောက်ပြီးသောအခါ ဆာဒူးကြီးသည် မုန့်သည်မိန်းမအား မုန့်ဖိုးလည်းမပေး၊ တပည့်များအားလည်း စာဆက်မသင်တော့ဘဲ အိပ်စက်လေတော့သည်။ မုန့်သည်မိန်းမက ၄င်းရသင့်သောမုန့်ဖိုးကိုတောင်းသော်လည်း အသိအမှတ်ပြုခြင်းမရှိတော့ပေ။ မုန့်သည်လည်း ပထမရိုးရိုးတောင်းသည်။ မရ။ နောက်ရိုက်နှက်၍တောင်းသည်။ နောက်တဖန် ၄င်းသည်လူမမယ်ကလေးများနှင့် မျက်မမြင်မိခင်အိုကြီးကို လုပ်ကျွေးနေရကြောင်း၊ ပိုက်ဆံမရလျှင် သူတို့ဒုက္ခရောက်မည်ဖြစ်ကြောင်းပြောကာ အသနားခံငိုယို တောင်းသော်လည်း ဆာဒူးကြီးကဂရုမစိုက်။ တပည့်များလည်း မည်သို့ဆက်ဖြစ်မည်ကို သိချင်ဇောဖြင့်စောင့်ကြည့်ကြကုန်သော် ညနေစောင်းသို့တိုင်လေ၏။ များမကြာမီ အမှောင်ထုဖုံးလွှမ်းလာပြီး အနီးအနားအဆောက်အအုံအချို့မှ မီးရောင်များကိုပင်မြင်တွေ့ရပြီဖြစ်သည်။ မုန့်သည် မိန်းမလည်း မီးရောင်လက်လက်များကိုကြည့်လိုက်၊ ထိန်ထိန်သာနေသောလမင်းကြီးကိုကြည့်လိုက်နှင့် အိမ်တွင်ကျန်ရစ်ခဲ့သော လူမမယ်ကလေးများနှင့် မျက်မမြင်မိခင်အိုကြီးအတွက်ပူဆွေးကာ ရူးသွပ်သွားသည့်အလား ဆောက်တည်ရာမရအောင် လူးလိမ့် ငိုကြွေးလေတော့၏။ ထိုအချိန်၌ပင် မြင်းဖြူကြီးကိုစီးထားသော မဟာရာဂျာစော်ဘွားတဦး ထိုနေရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးလျှင် မုန့်သည် မိန်းမအားအကျိုးအကြောင်းကို မေးလေ၏။ မုန့်သည်မိန်းမလည်း ဆာဒူးကြီးမုန့်ဝယ်စားပုံ၊ မုန့်ဖိုးမပေးဘဲညစ်ထားပုံတို့ကို ခရေ စေ့တွင်းကျပြောပြလေသည်။ မဟာရာဂျာအား ဆာဒူးကြီးအား ဘာမှမပြောတော့ဘဲ အနီးအနားတွင်ရှိကုန်သော တပည့်များအား မေးရာ ဟုတ်မှန်ကြောင်းဝန်ခံကြ၏။ ထိုအခါ မဟာရာဂျာက ဆာဒူးကြီး၏တပည့်အချို့အကူအညီဖြင့် မုန်သည်မိန်းမ လိုအပ်သော ပစ္စည်းများကို အများအပြားဝယ်ပေးလိုက်သည့်အပြင် ငွေစက္ကူများလည်း အထပ်လိုက်ပေးလိုက်လေသည်။ မုန့်သည်မိန်းမနှင့် မဟာရာဂျာတို့ပြန်သွားကြသောအခါ ဆာဒူးကြီးက ၄င်း၏တပည့်များအား “တပည့်တို့... မုန့်သည်မိန်းမဟာ ကျုပ်သူ့မုန့်တွေယူစားပြီး ပိုက်ဆံမပေးတော့ ပိုက်ဆံကိုအတော်လိုချင်ရှာတယ်။ သူ့ကလေးတွေနဲ့ မျက်မမြင်မိခင်အိုကြီး အတွက် လည်း လိုချင်တာပဲ။ ဒါပေမယ့်သူရဲ့စိတ်မှာ အလိုချင်ဆုံးအချိန်ကို မရောက်သေးဘူး။ ညမှောင်လာတဲ့အချိန်ကျမှ သူရဲ့စိတ်မှာ ကလေးနဲ့မိခင်အတွက် ပူပန်စိတ်တွေ အထွဋ်အထိပ်ရောက်လာတယ်။ အဲဒီအခါ စိတ်မှာလည်း အလိုချင်ဆုံးအချိန်ဆိုတာကို ရောက် သွားတယ်။ စိတ်ဓာတ်ဟာ အမြင့်ဆုံးကိုတက်သွားတဲ့အချိန်မှာ တန်ခိုးဖြစ်လာတယ်။ အဲဒီတန်ခိုးကို မလွန်ဆန်နိုင်လို့ မဟာ ရာဂျာ ဟာ ရောက်လာရတာပဲ။ မုန့်သည်မိန်းမရဲ့ အလိုချင်ဆုံးစိတ်ဆန္ဒမျိုး ဘယ်သူ့မှာပဲဖြစ်ဖြစ် ပေါ်ပေါက်လာခဲ့ရင် ဘာကို ပဲဖြစ်ဖြစ်မရ ဘူးဆိုတာ မရှိနိုင်ဘူး။ ဒါဟာ အရေးကြီးဆုံးသင်ခန်းစာပဲ။ သေသေချာချာ မှတ်ထားကြပါတပည့်တို့” ဟု သွန်သင်ဆုံး မလေသည်။ ကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ်ပါ။
ကျနော်တို့ဗမာပြည်နိုင်ငံရေးအခြေအနေဟာလည်း ပုံပြင်အရပြောမယ်ဆိုရင် တပြည်လုံးအတိုင်းအတာအရ ပြောင်းလဲချင်တဲ့ စိတ် အမြင့်ဆုံးကို မရောက်သေးဘူးလို့ဆိုရပါမယ်။ ဘာဖြစ်လို့ပြောင်းလဲချင်စိတ် အမြင့်ဆုံးမရောက်သေးဘူးလို့ ပြောရလဲဆိုရင်........ ၈၈၈၈-လူထုအရေးတော်ပုံကြီးပြီးသွားကတည်းက စစ်အာဏာရှင်တွေဟာ နောက်တကြိမ်ဒီလိုမျိုးထပ်မဖြစ်နိုင်အောင်လို့ နည်းမျိုးစုံ နဲ့ဖိနှိပ်အုပ်ချုပ်ခဲ့ကြပါတယ်။ ရှိသမျှခေါင်းဆောင်မှုပေးနိုင်မယ့်လူအားလုံးကို ထောင်ထဲမှာ တဘ၀စာလုံး အကျဉ်းချထားခဲ့ကြတယ်။ ထောင်ပြင်ပမှာလည်း သူတို့နဲ့ဆန့်ကျင်တဲ့မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ပြုလုပ်ခွင့်မပြုတဲ့အပြင် ပြည်သူတွေရဲ့စိတ်ဓာတ်ကို ပညာ ရေး၊ စီးပွားရေး၊ လူမှုရေးအတိုင်းအတာအားလုံးနဲ့ ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်။ ၂၂-နှစ်ကျော်တိုင်တိုင် ဒီလိုမျိုး ဖိနှိပ် ကျုံးသွင်း ခံခဲ့ရ တဲ့ပြည်သူအများစုဟာ ပြောင်းလဲမှုမရှိတဲ့နိုင်ငံရေးဆိုတာကြီးကို ငြီးငွေ့လာပါတယ်။ ပြည်သူတိုင်းကတော့ လက်ရှိဖြစ်တည်နေတဲ့ ခြွတ်ချုံကျနေတဲ့ ဗမာပြည်ရဲ့ဆိုးယုတ်မှုအဖုံဖုံကို သိမြင်ကောင်းသိမြင်ကြပါလိမ့်မယ်။ ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်ကြပါ လိမ့်မယ်။ ဒါပေမယ့် လက်ရှိကြုံတွေ့နေရတဲ့အခြေအနေမှာ စိတ်ဓာတ်ရေးရာနိမ့်ကျတဲ့လူတွေဟာ ပြောင်းလဲချင်တဲ့အမှန်တရားကို မျက်ကွယ် ပြုပြီး သာတဲ့ဖက်ကိုလိုက်သွားကြပါတယ်။ အာဏာရှင်အစိုးရနဲ့ပေါင်းရင် အနေချောင်၊ အစားချောင်မယ်ဆိုတဲ့အတွေးနဲ့ ကြံ့ဖွတ် အဖွဲ့ဝင်ဆိုတဲ့ အသားထဲကလောက်ကောင်တွေ ပြည်သူတွေကြားမှာပေါ်ထွက်လာပါတယ်။
တချို့ကြတော့လည်း “ဘယ်အစိုးရ တက်တက် ငါအတွက်တနေ့ထမင်းနှစ်နပ်ပဲ” ဆိုပြီး ကိုယ့်စီးပွားကိုယ်ရှာကြတဲ့ ကြားနေ ရေး သမားတွေဖြစ်နေကြပါတယ်။ နောက်တမျိုးကျတော့လည်း အာဏာရှင်အစိုးရကို တော်လှန်ချင်တယ်။ မကြိုက်ဘူး။ အားကိုးစရာ အတိုက်အခံတွေကလည်း ပြည်တွင်းမှာဘာမှလှုပ်ရှားခွင့်မရှိတော့ ဖွဲ့စည်းလို့မရဘူး။
ပြည်ပအတိုက်အခံတွေထဲမှာလည်း ဘယ်သူ့ကိုအားကိုးရမှန်းမသိအောင်ကိုဖြစ်နေတော့ နဂိုကတည်းကမှ ရိုက်ချိုးခံထားရတဲ့ စိတ်ဓာတ်တွေဟာ ဘယ်လိုနည်းနဲ့မှကို ဆွဲတင်လို့မရအောင်ဖြစ်ကုန်ကြတယ်။ ဒီတော့ ပြည်သူအားလုံးရဲ့ နိုင်ငံပြောင်းလဲချင်တဲ့ စိတ်ဓာတ်ဟာ အမြင့်ဆုံးရောက်ဖို့မပြောနဲ့။ အောက်ဆုံးကကို မတက်နိုင်ကြဘူးဖြစ်နေတယ်။ ဒီလိုဖြစ်နေအောင်လည်း ပြည်ပနိုင်ငံရေးအတိုက်အခံလောကရဲ့ နိုင်ငံရေးအခင်းအကျင်းက တွန်းအားပေးသလို ဖြစ်နေပြန်တယ်။ ပြည်ပနိုင်ငံရေးအတိုက်အခံလောကကို ဥပမာပြုရမယ်ဆိုရင်--- စစ်အာဏာရှင်အစိုးရဟာ တောအုပ်ကြီးနဲ့တူပါတယ်။ ပြည်ပနိုင်ငံရေးအတိုက်အခံများကတော့ အဲဒီတောကြီးကို ခုတ်ထွင်ရှင်းလင်း မယ့်လူတွေနဲ့ တူပါတယ်။ တောကြီးနဲ့ တောရှင်းမယ့်လူတွေရဲ့ကြားမှာ ခြုံနွယ်ပိတ်ပေါင်းများစွာ ထူထပ်ပေါက်ရောက်နေပါတယ်။ အဲဒီခြုံနွယ်တွေဟာ စစ်အစိုး ရ ကပြည်ပအဖွဲ့အစည်းတွေထဲမှာ သပ်လျှိုထည့်သွင်းထားတဲ့သူလျှိုတွေ၊ ဗမာပြည်နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့ ကိုယ် ကျိုးရှာနိုင်ငံရေးသမားအတုအယောင်တွေနဲ့ တူပါတယ်။ တောရှင်းမယ့်ထဲကတချို့ဟာ ခြုံပင်တွေ၊ နွယ်ပင်တွေအောက်မှာ ၀င်ရောက်အိပ်စက်နေကြပါတယ်။ အဲဒီလူတွေဟာ အတုအယောင် ကိုယ်ကျိုးရှားနိုင်ငံရေးသမားတွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကပ်လျက်စားနေတဲ့လူတွေ၊ အဖွဲ့တခုက မလျော် ကန်တဲ့နည်းနဲ့ကိုယ်ကျိုးရှာနေတာကို မဟာမိတ်ပျက်မှာစိုးလို့ ဘာမှမပြောကြဘဲ အပေါ်ယံစည်းလုံးမှုတွေနဲ့ ဘာသိဘာသာ နေကြ တဲ့ အဖွဲ့တွေ၊ လူတွေနဲ့တူပါတယ်။ တချို့ကြတော့လည်း တောအုပ်ကိုသွားရမယ့်လမ်းဟာ ခက်ခဲကြမ်းတမ်းနေတဲ့အတွက်ကြောင့် သာတဲ့လမ်းကိုပဲ နောက်ပြန်လျှောက် သွားကြပါတယ်။ အဲလိုလူတွေဟာ ပြည်ပအတိုက်အခံတွေထဲက ဘယ်လိုလူစားတွေလဲဆိုရင် တော်လှန်ရေးအဆက်ဆက် နိုင်ငံရေး သမားတွေနဲ့ ရောယောင်ပါလာကြပြီး ပြည်ပရောက်၊ နောက်တတိယနိုင်ငံတွေရောက် ကိုယ့်စီးပွားကိုယ်ရှာပြီး ငါဘာကြောင့် နိုင်ငံ ခြားမှာရောက်လာကြီးပွားနေတာပါလဲဆိုတဲ့ဘ၀ကို မေ့နေကြတဲ့လူတွေ ဖြစ်ပါတယ်။ တောရှင်းမယ့်လူတွေဟာ တောအုပ်ကိုရောက်ဖို့အတွက် လမ်းမှာပိတ်နေတဲ့ခြုံနွယ်တွေကို ရှင်းပြီးသွားမှရောက်မှာဖြစ်ပါတယ်။ အဲဒီလိုရှင်းတဲ့အခါမှာလည်း ခြုံထဲမှာအိပ်နေကြတဲ့လူတွေရဲ့ ရန်လိုခြင်းကို မလွဲမသွေခံရမှာပါ။ စစ်မှန်တဲ့နိုင်ငံရေးသမားတွေဟာလည်း အာဏာရှင်စနစ်ကိုတိုက်ဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ အယောင်ဆောင်သူလျှိုတွေ၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေကို အရင်ဆုံးဖယ်ရှားရမှာပါ။ ဒီလိုလူတွေကိုဖယ်ရှားလို့ အရေအတွက်သာလျှော့သွားမှာပါ။
အရည်အချင်းနဲ့ စိတ်ဓာတ်ရေးရာအရ မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါတွေကို မဖယ်ရှားဘဲနိုင်ငံရေးဆက်လုပ်ကြမယ်ဆိုရင်တော့ အနီးအနားနဲ့ သွားရမယ့်လမ်းကြောင်းပေါ်မှာရှိနေတဲ့ခြုံတွေကို အရင်မရှင်းဘဲ ဟိုးအဝေးကြီးမှာရှိတဲ့တောကို ရှင်းမယ်လို့ ဓားတပြပြ နဲ့ ကြိမ်းမောင်းနေတဲ့ တောရှင်းအဖွဲ့နဲ့သာ အလားသဏ္ဍာန်တူနေမှာဖြစ်ပြီး ပြည်သူအပေါင်းရဲ့စိတ်ဓာတ်ကို မမြှင့်တင်နိုင်တဲ့အပြင် ပရမ်းပတာဖြစ်နေတဲ့နိုင်ငံရေးလောကကိုကြည့်ပြီး ပြည်သူတွေစိတ်ဓာတ်ကျစရာ အခြေအနေကိုဖန်တီးပေးသလိုသာ ဖြစ်နေပါတယ်။ မဟာမိတ်ပျက်ကြမှာစိုးလို့ဆိုပြီး ကိုယ်လုပ်ချင်ရာလုပ် ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တယောက်ကမှ ပြောဆိုခြင်းမရှိကြဘဲ ဟန်ဆောင် ပန်ဆောင်စည်းလုံးနေကြတာဟာ ပိုးကိုက်နေတဲ့ထင်းချောင်းတွေကို စုစည်းထားတဲ့ ထင်းစည်းတစည်းနဲ့အသွင်တူနေပါတယ်။ ဒါကြောင့်လည်း ရန်သူအာဏာရှင်အစိုးရဟာ ပြည်ပနိုင်ငံရေးသမားတွေရဲ့ ခိုင်မာမှုအင်အားမရှိတဲ့စည်းလုံးမှုကိုကျော်ပြီး ထင်ရာစိုင်း ခွင့်ရနေခြင်းသာဖြစ်ပါတယ်။ ခုဆိုရင် တိုင်းပြည်ကို တရားဝင်စစ်ကျွန်ပြုဖို့အတွက် တပ်ချုပ်ကြီးတွေရဲ့ အရေခွံလဲပွဲကို အဟန့် အတားမရှိ အခက်အခဲမရှိ ပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်ဖြစ်ပျက်ခဲ့ကြတဲ့ သမိုင်းသင်ခန်းစာတွေဟာ ကျနော်တို့၊ ခင်ဗျားတို့ ကောင်းကောင်းကြီး ပြုပြင်ပြောင်းလဲဖို့ လုံလောက်နေပါပြီ။ အမိနိုင်ငံကြီးကို တိုးတက်ပြောင်းလဲချင်ပါတယ်ဆိုတဲ့ ကျနော်တို့ရဲ့ စိတ်ဆန္ဒတွေ အမြင့်ဆုံးရောက်ဖို့ ကျနော်တို့ကိုယ်တိုင်မြှင့်တင်ရမှာပါ။ စစ်မှန်ရိုးသားတဲ့စိတ်ဓာတ်၊ ခိုင်မာတဲ့ယုံကြည်ချက်၊ တောင့်တင်းအင်အားရှိတဲ့စည်းလုံးညီညွတ်မှုတွေနဲ့ တိကျတဲ့ရည်မှန်းချက်ဖြစ်တဲ့ အမိနိုင်ငံတော်ကြီး တိုးတက်ပြောင်းလဲနိုင်မယ့်အရေးမှာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ အမြင့်ဆုံးကိုရောက်နိုင်မယ့်တနေ့အတွက် ကြိုးစားအားထုတ်ကြဖို့ ဆန္ဒပြုရင်း............. မောင်ပါလ
------------------------------------------------------------
“□ မဲမပေးရေး လှုပ်ရှားမှု □” မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ ခင်ဗျား၊ မကြာခင်မှာ မြန်မာပြည်ရဲ့ရှေ့ရေး လမ်းချိုးတစ်ခုကို ရောက်လာတော့မှာဖြစ်ပါ တယ်။ ကိုယ့်တိုင်းပြည်ရဲ့အနာဂါတ်အရေးကို သက် ရောက်မှုများစွာပေးမယ့် အချိုးအကွေ့တစ်ခုဖြစ်လို့ သတိထားပြီး အချိန်လည်းနည်းနည်းပေး စဉ်းစားကြစေချင်ပါ တယ်။ အထူးသဖြင့် မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်ဟာ - မိမိသားစဉ်မြေးဆက်နဲ့ နိုင်ငံရဲ့အနာဂါတ်အပေါ် သက်ရောက်စေပါလိမ့်မယ်၊ ကမ္ဘာမှာလည်း ဆင့်ကဲသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်၊ မြန်မာပြည်ရဲ့အစဉ်အလာကိုကြည့်ရင် - စစ်တပ်ကအာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကနေ ယခုအခါမှာ အရပ်ဝတ်စစ်သားများအုပ်ချုပ်ရေးအသွင်ကို ဒုတိယအကြိမ်ထပ်ပြောင်းဖို့ ကြိုး စားနေပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ လမ်းချိုးတစ်ခုဖြစ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ဆန္ဒနဲ့ရွေးချယ်မှုဟာ အရာမထင်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆန္ဒခံယူပွဲမှာ ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းက ပါ မယုံကြည်နိုင်လောက်တဲ့၊ မဖြစ်နိုင်တဲ့ ထောက် ခံမှုအချိုးအစား ထွက်ပေါ် လာခဲ့တာမို့ မဲဘယ်လိုထည့်ထည့် ပြည်သူ့ဆန္ဒအတိုင်း ဖြစ်မလာနိုင်တာထင် ရှားပါတယ်။
ကမ္ဘာကိုကြည့်ပြန်ရင် - မဲပေးရွေးချယ်မှုနည်းလမ်းကိုအသုံးပြုတဲ့ ဒီမိုကရေစီစနစ်ဟာ ပြည်သူအများ စုအကျိုးကို ရည်ရွယ်တဲ့စနစ်ဖြစ်ပြီး စည်းကမ်းရှိကြ ရပါတယ်၊ စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့အခေါ်အဝေါ် မရှိပါဘူး။ နိုင်ငံတစ်နိုင်ငံမှာရွေးကောက်ပွဲကျင်းပတာဟာ ပြည်သူတွေကသူတို့ကိုယ်စား နိုင်ငံကိုစီမံခန့်ခွဲပေးဖို့ သဘောတူလက်ခံတဲ့ သူတွေ ကို ရွေးချယ်တဲ့လုပ်ငန်းစဉ် သာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများဟာ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် အဓိကမဲပေးကြသူပြည်သူတွေနဲ့ ကမ္ဘာကယုံကြည် လက်ခံတဲ့ နည်းလမ်းနဲ့လုပ် ထုံးလုပ်နည်းတွေကို အသုံးပြုရပါတယ်။ ဒီတော့ ရလဒ်အနေနဲ့ အတိုချုပ်ကောက်ချက်ဆွဲရရင် - မကြာခင်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု၊ စေတနာမှန်ကန်မှု၊ အများအကျိုးရှေ့ရှုမှုနဲ့ အများလက်ခံနိုင်မှုတွေ ကင်းဝေးနေတာ ကိုမြင်နိုင်ပါ တယ်။ အခုကျင်းပမယ့် မြန်မာပြည်ရွေးကောက်ပွဲဟာ ဘယ်စံနှုန်းနဲ့မှတိုင်းတာလို့အံမ ဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းအမည်ခံ အတုအယောင်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။ လူအများမသိနားမလည်မှု၊ ကြောက်ရွံ့မှုများအပေါ် တမင်တကာရည်ရွယ် အမြတ်ထုတ်ပြီး အာဏာကိုမတရား ဆက်လက်ဆုပ် ကိုင်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ် တစ်ခုသာ ဖြစ်ပါတယ်။ ပြည့်သူ့ဝန်ထမ်းတွေဟာ ပြည်သူတွေအတွက်သာ အလုပ်အကြွေးပြုပေးဆပ် ကြရမှာဖြစ်ပြီး ဥပဒေအထက်၊ ပြည်သူတွေအထက် မှာ ရှိမနေသင့်ပါဘူး။ မြန်မာပြည်သူပြည်သားအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ယုံကြည်နိုင် လောက်တဲ့ရွေးကောက်ပွဲနဲ့လုပ်ဆောင်မှုတွေ မပေါ်ပေါက်မချင်း မဲမထည့်ပဲ အစဉ်တစိုက်အကြမ်းမဖက် ဆက်လက်တောင်းဆိုသွားကြသင့်ပါတယ်။
ဘယ်လိုပဲဆိုဆို ကိုယ့်ကြမ္မာကို အဆုံးအဖြတ်ပေးဖို့ရာမှာတော့ မြန်မာပြည်သူပြည် သားတွေရဲ့ လက်ထဲမှာသာကျရောက်နေပါတယ်။ လက်နက်၊ လုပ်နိုင်ခွင့်တွေနဲ့ ခြိမ်း ခြောက်မှုတွေအောက်မှာ ဆန့်ကျင်အာခံဖို့ နည်းလမ်းမရှိလှပေမယ့် မြန်မာပြည်အ တွက် တစ်ဖက် တစ်လမ်းအကျိုးပြုမယ့် အားထုတ်နိုင်မှုအချို့ကို တင်ပြရရင်တော့ - နိုင်ငံရပ်ခြားရောက်ရှိနေသူများကနေ မြန်မာပြည်တွင်းမှာရှိတဲ့သူများဆီ တယ် လီဖုန်းများမှတစ်ဆင့် မဲဘာကြောင့်မထည့်သင့်သလဲဆိုတာ အကြောင်းကြား ဆွေးနွေးရှင်းပြခြင်း - (သောင်းသိန်းမကရှိတဲ့ဖုန်းတွေကို ပိတ်ပင်တားဆီး နှောင့်ယှက်လို့ မရနိုင်ပါဘူး) - No Vote Phone Campaign ပြည်တွင်းပြည်ပကပြည်သူတွေအားလုံး မဲမထည့်ရေးနဲ့ အခြားနိုင်ငံရေးလက် ကမ်းစာစောင်တွေကို တတ်စွမ်းသလောက် ရိုက်နှိပ် ဝေဌခြင်း - Leaflet Campaign ပြည်တွင်းမှပြည်သူများ ရွေးကောက်ပွဲဆိုင်ရာမသမာမှုသတင်းများကို အချက် အလက်တွေနဲ့တကွ သတင်းဋ္ဌာနများဆီပေးပို့ပြီး ဝိုင်းဝန်းဖေါ်ထုတ်ပေးခြင်း - Citizen Reporter Campaign တို့ဖြစ်ကြပါတယ်။
နိုင်ငံရေးမှာ “လ” ပိုင်းအချိန်ဆိုတာဟာ အင်မတန်တိုတောင်းလှပါတယ်။ အခုပြု လုပ်မယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ အတွက် ခရီးတစ်ထောက်သာ ဖြစ်ပေ မယ့် ပြောဆိုငြင်းခုံနေကြဖို့ အချိန်မရှိတာကြောင့် အမြန်ဆုံးကိုယ်ပိုင်ဆုံးဖြတ်ချက် တွေချပြီး လှုပ်ရှားလုပ်ကိုင်ကြဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် တာဝန် သိသူသာ တာဝန်ရှိပါတယ်၊ ရွေးချယ်မှုဟာ စာဖတ်သူ အပေါ်မှာသာ မူတည်တာမို့ …. ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကိုမြတ်နိုးပြီး ပြည်သူ့အင်အားကို ယုံကြည်တဲ့၊ မြန်မာပြည်သားတစ်ဦး ၁၆၊ ၀၈၊ ၂၀၁၀ ------------- မိတ်ဆွေများခင်ဗျား၊ မြန်မာပြည်သူပြည်သားများအနေနဲ့ ရာစုနှစ်တစ်ဝက်ကျော် ဘက်စုံဖရိုဖရဲအနေအထားနဲ့ ဖြတ်သန်း ခဲ့ပြီးကြပါပြီ။ မကြာ ခင်မှာလည်း စစ်ဖက်ကနေ အရပ်ဝတ်စစ်အာဏာရှင်စနစ်ဆီကို ပြောင်းလဲဖို့အတွက် ဒုတိယအကြိမ်ကြိုးစားလာတာကို တွေ့ကြရတော့ မှာဖြစ် ပါတယ်။ တာဝန်ရှိတယ်လို့ ခံယူမိတဲ့အလျောက် နှိုးဆော်စာတစ်စောင်ကို တတ်စွမ်းသမျှရေးသားပြီး ဆန္ဒရှိကြရင် ထပ်ဆင့် လက်ကမ်း ပေး နိုင်ကြဖို့ ပို့ပေးလိုက်ပါတယ်။ ဘယ်သူမှ နှောင်ကြိုးတွေနဲ့ ဖွဲ့ထားတာမျိုး မရှိသလို ပြည်သူပြည်သား တွေရဲ့ အကျိုးကို မျှော်ကိုးပြီး ကိုယ်ထူကိုယ့်ထကြိုးစားမှုဖြစ်တဲ့အတွက် သင့် တော်သလို ဆုံးဖြတ်လုပ်ကိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ပို့လာတဲ့စာကို ထုတ်နှုတ် ပြီးဖြစ်စေ၊ ဖြည့် တင်းပြီးဖြစ်စေ ထပ်ဆင့်အသုံးပြုဝေဌ၍သော်၎င်း၊ အကောင်းဖက်ကိုဦးတည်နိုင် ဖို့လမ်းကြောင်းတစ်ခုကို စတင်နိုင် ကြမယ်ဆိုရင် နိုင်ငံအတွက်တစ်စုံတစ်ခုသောကောင်းကျိုး ဖြစ်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။ စိတ်ကူးရဖို့အခြေခံတွန်းအားအဖြစ်လောက်ပဲ အသုံးပြုမယ်ဆိုရင်လည်း ဝမ်းသာရမှာပါ၊ လိုရင်းကိုရောက် ရှိနိုင်ဖို့က အဓိကပါ။ ပြိုင်တူတွန်းကြရင်တော့ ရွေ့နိုင်မယ်လို့ယုံကြည်မိပါတယ်။ အားလပ်မှုနည်းပါးတဲ့ကြားထဲ ရေးလိုက်ရတာကြောင့် အမှားအယွင်းနဲ့လိုအပ်ချက်တွေရှိနိုင်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေ ခွဲဝေပေးတဲ့အတွက် ကျေးဇူးပါ။ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ မှတ်ချက် ။ ။ ဘယ်သတင်းဋ္ဌာနကိုမှ သီးခြားဦးတည်တာမဟုတ်ပဲ လူအများသိအောင် လိုလိုလားလား ပေးထားတဲ့ အီးမေးလ်များ ကိုသာ ယူငင်သုံးစွဲပေးပို့လိုက်တာဖြစ်ပါတယ်။ တစ်စုတစ်စည်း ထဲ စုပေါင်းပေးပို့တာဖြစ်ပေမယ့် Junk mail အနေနဲ့မဟုတ်ပဲ ပွင့်လင်းမြင်သာမှုရှိအောင်ပို့ တာလို့သာ သဘောထားစေလိုပါတယ်။
မန်းကိုကို ၁၈။ ၈။ ၂၀၁၀
တရုတ်ဝန်ကြီးချုပ် မြန်မာပြည်ခရီးရဲ့ အကျိုးဆက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ချင့်ဟိုင်ပြည်နယ် (Qinghai)မှာ မြေငလျင်ကြီး လှုပ်လို့ ဖျက်သိမ်းခဲ့ရတဲ့ မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံ ခရီးစဉ်ကို ဒီလ မေလကုန်ပိုင်းမှာ ပြန်လည်စတင်ဖို့ရှိတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံအတွက်တော့ အရေးပါတဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီး တဦးရဲ့  ခရီးစဉ် ဟာ အလွန်အရေးကြီးပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ သံတမန်ရေးရာ များအပြင် အဓိက လက်တလော အရေးပါတယ့် အကြောင်းအရာတခုကတော့ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက် ပွဲကို တရုတ်နိုင်ငံက ဘယ်လိုသဘောထားမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရေးရာ များနဲ့ နီးစပ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာတာဝန်ခံ ဦးညိုအုန်းမြင့် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ ဦးညိုအုန်းမြင့် ။ ။ ဒီခရီးစဉ်က သုံးကြိမ်တိုင်တိုင် ရွှေ့ ဆိုင်ထားတဲ့အတွက်ကြောင့် ဒီခရီးစဉ်ကို တရုတ်ဝန်ကြီးချုပ်အနေနဲ့ မဖြစ်မနေ သွားဖို့ လိုအပ်တယ်။ နောက်တခုက ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာစစ်အစိုးရမှာ တာဝန်ရှိနေတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ကျန်တဲ့ လူတွေနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆက်ပြီး နောက်အစိုးရ လက်ထက်မှာလည်း ပိုပြီးတော့ ဆက်လက်ရှိဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရ ဘက်က ယူဆတယ်လို့ သိရပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ အစောက ပြောခဲ့သလို ဒီခရီးစဉ်က အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ ရွှေ့ ဆိုင်ထားခဲ့ရတယ့် ခရီးစဉ် လည်း ဖြစ် နေတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ရဲ့  timing အချိန်ကာလအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကိစ္စ၊ တခြား နယ်စပ် ဒေသ ပြဿနာ အစရှိတဲ့ အရေးပါတယ့် အခြေအနေတွေနဲ့ တိုက်ဆိုင်နေတယ်ဆိုတော့ အထူးသဖြင့် ဦးညိုအုန်းမြင့် ပြောတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကိစ္စနဲ့ ပတ် သက်လို့ တရုတ်အစိုးရက ဘယ်လိုသဘောထားတွေရှိတယ်လို့ ကြားရပါလဲ။
ဦးညိုအုန်းမြင့် ။ ။ တရုတ်အစိုးရပိုင်းတွင်မက ယူနန်တက္ကသိုလ်က ပါမောက္ခတဦးရဲ့  ပြောကြားချက်အရဆိုရင် သူတို့အနေနဲ့ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတော့ ဒီရွေးကောက်ပွဲက ထွက်လာတဲ့ရလဒ်က စစ်မှန်ပြီးတော့ အပြည်ပြည်ဆိုင်ရာကနေ လက်ခံ နိုင်တဲ့အရာ ဖြစ်သင့် တယ်ဆိုတဲ့အချက်ကို သိရပါတယ်။ တရုတ်အစိုးရရဲ့  အဓိက စိုရိမ်ချက်က ဒီရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ လည်းမပါတော့ဘူး။ နောက် လက်ရှိ စစ်အုပ်စုကပဲ ဆက်ပြီး တာဝန်ယူမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာရဲ့  ဖိအားတွေက တရုတ် အစိုး ရအပေါ် လာရိုက်ခတ်နိုင် တယ်ဆိုတဲ့ အချက်ကိုလည်း သူတို့အနေနဲ့ စိုရိမ်ချက်ရှိတယ်ဆိုတာကိုလည်း သိရပါတယ်။ တရုတ်အစိုးရအနေနဲ့ နယ်စပ်ပြဿနာ၊ ဒီမိုကရေစီ ပြဿနာ၊ နောက်တခုအနေနဲ့က မြန်မာနိုင်ငံရဲ့  လောလောဆယ် လက်ရှိဖြစ်ပေါ် နေတဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ အပေါ်မှာ သူတို့ အနေနဲ့လည်း ဒါ စိုရိမ်သင့်တဲ့အချက်တွေ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ကျနော်တို့ သိရပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ ရွေးကောက်ပွဲအကြောင်းကို ဆက်ပြောရမယ်ဆိုရင် မကြာသေးခင်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံ အမတ် ကြီးက ရွေးကောက် ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်အကြောင်းတွေ ဆွေးနွေး တယ် ဆိုတာတော့ သတင်းအတိအကျ မသိရပါဘူး။ ဒါပေမဲ့ ဒီ တွေ့ဆုံမှုက မြန်မာနိုင်ငံကို တရုတ်ဝန်ကြီးချုပ် အလည်အပတ် လာရောက် မယ်ဆိုတဲ့ အချိန်နဲ့လည်း နီးစပ်နေတယ်ဆိုတော့ ဘယ်လိုအချက်အလက်တွေ စုဆောင်းနေတယ်လို့ ယူဆရပါသလဲ။ ဦးညိုအုန်းမြင့် ။ ။ တရုတ်အစိုးရရဲ့  အဓိက စိုရိမ်ချက်ကတော့ အန်အယ်လ်ဒီ အနေနဲ့ ပြန်လည်မှတ်ပုံမတင်တဲ့ကိစ္စ ကို အင်မတန် စိုရိမ်ပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို တဘက်ကကိုင်ထားပြီးတော့ နအဖ အနေနဲ့ ဒီ ၂၀၁၀ ကို မဖြစ် မနေ ကျန်တဲ့ အတိုက်အခံ အင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီ မပါနိုင်အောင် အမျိုးမျိုးလုပ်ထားတယ်ဆိုတဲ့အပေါ်မှာ တရုတ်အစိုးရ အနေနဲ့ အင်မတန် စိုရိမ်တာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် တရုတ်အစိုးရက တချိန်လုံး ထုတ်ပြောနေတဲ့အထဲမှာ ကျနော်တို့ သတိထား ရမယ့် အချက်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ သက်ဆိုင်တဲ့ အင်အားစုတွေ မပါနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့  တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အများကြီး အခက်အခဲဖြစ် တယ်ဆိုတဲ့အချက်ကို တရုတ်အစိုးရအနေနဲ့ ဒီအပေါ်မှာ စိုရိမ်မကင်း ကြောင့်ကြမှု ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ နောက်တခုက အမေရိကန်အစိုးရရဲ့  ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell ခရီးစဉ်အပြီးမှာ တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ ပေါ်လစီ တွေကို လေ့လာသုံးသပ်တဲ့နေရာမှာ တရုတ်အစိုးရအနေနဲ့ ပြောင်ပြောင် တင်းတင်း မဟုတ်တောင် မဟုတ်တောင်မှ မြန်မာစစ်အစိုးရကို ကျန်တဲ့ အင်အားကြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့  အခြေအနေကို အတက်နိုင်ဆုံး အကောင်းဘက်ကို ဦးတည်အောင် ကြိုးစား မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တရုတ်ခေါင်းဆောင်တွေရဲ့  တိုက်တွန်းချက်၊ ပြောကြားချက်တွေက တခြားအနောက်နိုင်ငံတွေလို့ မဟုတ်ဘဲ မြန်မာ စစ်အစိုးရကို ဗြောင်ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့မရှိဘူးဆိုတာကို ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ တခြား လက်သိပ် ထိုး ပြောကြားမှု တွေ ရှိနေတယ် ဆိုတာလည်း ကြားရတယ်ဆိုတော့ ဒီ တရုတ်ခေါင်းဆောင်တွေရဲ့  တိုက်တွန်းပြောဆိုချက်တွေကို မြန်မာစစ်အစိုးရက နားထောင်မှာလား။ ဦးညိုအုန်းမြင့် ။ ။ ပြီးခဲ့တဲ့ တရုတ် ဒု-သမ္မတ ခရီးစဉ်မှာ တရုတ်အစိုးရအနေနဲ့ political development နိုင်ငံရေးတိုးတက်မှု လိုအပ် တယ် ဆိုတဲ့ အချက် ကို ထောက်ရှု့ ခြင်းအားဖြင့် တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နအဖ တဘက်သတ်ပြုလုပ်မယ့် ရွေးကောက် ပွဲ အပေါ်မှာ စိုရိမ်ကြောင့်ကြမှုရှိတယ်ဆိုတာကို သူ တရားဝင်ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တဘက်မှာ တရုတ်အစိုးရ အနေ နဲ့ မြန်မာနိုင်ငံ အပေါ်မှာ တနိုင်ငံတည်းသော အပြည့်အဝ ထောက်ခံတဲ့နိုင်ငံဖြစ်တာကြောင့် တရုတ်အစိုးရ ငြိုငြင်မှုကို နအဖအနေနဲ့ လည်း ဒီလို တုံ့ပြန်တဲ့ နေရာမှာ တရုတ်အစိုးရအပေါ် အတတ်နိုင်ဆုံး မိတ်ဆွေ ကောင်း ပီသတယ်ဆိုတဲ့အချက်ကိုလည်း မြန်မာစစ် အစိုးရ အာဏာပိုင်တွေအနေနဲ့ လိုတယ်။ ဘာကြောင့်လည်းဆိုတော့ မပြသဘူးဆိုရင် တရုတ် အစိုးရက ဒီနေ့ မြန်မာနိုင်ငံရဲ့  စီးပွား ရေးနဲ့ သံတမန်ရေးနဲ့ နိုင်ငံရေး ကျောထောက်နောက်ခံမှုက မြန်မာနိုင်ငံရဲ့  အလားအလာကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရအနေ နဲ့လည်း ဒီလို ဖိအားပေးနိုင်တယ်ဆိုတဲ့ အနေအထားတခုလည်း မြန်မာအစိုးရ နားလည်းတယ်လို့ ယုံကြည်ရပါတယ်။ ဒီအတွက် ကြောင့်လည်း နအဖ အနေနဲ့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုတဲ့ အနေအထားမျိုးနဲ့ တရုတ်အစိုးရရဲ့  တောင်းဆိုမှုတွေ၊ တရုတ် အစိုးရရဲ့  ဖြောင့်ဖြမှု တွေကို မျက်ကွယ်ပြုဖို့ အခက်အခဲ ရှိတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းပြောနေတာက အိမ်နီးချင်းနိုင်ငံရဲ့  ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူးလို့ ပြောနေ တယ်။ ဒါပေမဲ့လည်း တကယ်တမ်းဆိုရင် မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးကို သိသိသာသာတမျိုး၊ နောက်ကွယ်ရတမျိုး တိုက်တွန်းပြော ကြားမှုတွေ ရှိနေတာတော့ အမှန်ပေါ့။ ဒီနေရာမှာ ကျနော်တို့ နှိုင်းယှဉ်ပြီး ကြည့်ချင်တဲ့အချက်တချက်က အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားတုန်းကဆိုရင် မြန်မာနိုင်ငံမှာ အနာဂတ်မှာ ပါဝင်ပတ်သက်ရမယ့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီ တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှုတွေ လုပ်တယ်။ အစိုးရအရာရှိ တွေနဲ့လည်း တွေ့ပြီး ညှိနှိုင် ဆွေးနွေးမှုလုပ်တယ်။ တရုတ်အစိုးရအနေနဲ့ ဒီလို အရေးပါတယ့်ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့  အနာဂတ်မှာ အရေးပါလာ မယ့် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အထူးသဖြင့် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဖို့ မသင့်ဘူးလား။ ဒီကိစ္စကို ဦးညိုအုန်းမြင့်တို့ ပြင်ပကနေ တောင်းဆိုမှုတွေ လုပ်ပေးခွင့်တွေ မရှိဘူးလား။ ဦးညိုအုန်းမြင့် ။ ။ ကျနော်တို့ ပြီးခဲ့တဲ့ နှစ်လကျော်ကျော်လောက်က တရုတ်အစိုးရအပေါ်မှာ တကယ်လို့ တရုတ်အစိုးရဝန်ကြီးရဲ့  ချစ်ကြည်ရေး ခရီးစဉ်မှာ အတိုက်အခံအင်အားစုတွေနဲ့ အနည်းဆုံး သူတို့အနေနဲ့ တရားဝင်ထုတ်ပြောဖို့ တိုက်တွန်းခဲ့တာတွေ ရှိပါတယ်။ နောက်တခုအနေနဲ့ တရုတ်အစိုးရ အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အနာဂတ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား အင်အားစုတွေရဲ့  အခန်းကဏ္ဍကို အသိအမှတ် ပြုသင့်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့ တိုက်တွန်းတဲ့ အပေါ်မှာ တရုတ်အစိုးရ အနေနဲ့ လက်ခံစဉ်းစားမယ်ဆိုတဲ့အချက်ကို ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခုနပြောသလို အမေရိကန် ဒီမိုကရေစီနိုင်ငံတွေရဲ့  ပွင့်လင်းတဲ့၊ ဒီမိုကရေစီအပေါ်မှာ ထောက်ခံပြီး တရားမျှတတဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံမှုမျိုး တရုတ်အစိုးရမှာ ကျနော်တို့ မတွေ့ရသေး ပါဘူး။ ဒါပေမဲ့ တဘက်မှာ တရုတ်အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်ချိန်က တရုတ်သံအမတ်ကြီးကိုယ်တိုင် အန်အယ်လ်ဒီရုံးမှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကိုကြည့်ခြင်း အားဖြင့် တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအပေါ်မှာ မျက်ခြေမပြတ်ဘူးလို့ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့  Bandung မူ (၅) ချက်၊ နောက်တခါ တခြားပြည်ပနိုင်ငံတွေက ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက် ပါဘူး ဆိုတဲ့ အချက်ကို တရုတ်အစိုးရအနေနဲ့ အလေးထားတယ်ဆိုတဲ့ အချက်က အတက်နိုင်ဆုံး နအဖအပေါ်မှာ ဒီလို မျက်နှာမပျက်စေ တဲ့ နိုင်ငံရေး၊ ဆက်ဆံရေးမျိုးကို ကျင့်သုံးနေသေးတယ်ဆိုတာကို တွေ့ရတယ်။ ဒါပေမဲ့ တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်း ကဏ္ဍကိုလည်း အသိအမှတ်ပြုထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် ဘယ်လိုသဘေားထား လဲ။ အတိအကျ အားဖြင့် ဘယ်လို သဘောထားသလဲ။ ဘယ်လို ဆက်ဆံမှုတွေ ရှိခဲ့သလဲ။ ဦးညိုအုန်းမြင့် ။ ။ အဓိကအားဖြင့် ၁၉၉၀ ခုနှစ်တုန်းကတကြိမ် တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။ နောက်တဘက်မှာလည်း တရုတ် အစိုး ရ အနေနဲ့ ပညာရှင် အပိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒီဘက်မှာရှိနေတဲ့ အတိုက်အခံအင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လည်း ရှိပါတယ်။ ဒါတွေက အဓိက အားဖြင့် တရုတ်အစိုးရရဲ့  အနှစ် (၂၀) ကာလအတွင်းမှာ တရုတ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး မြန်မာနိုင်ငံရဲ့  အနေအထားတွေအပေါ်မှာ သူတို့ သတိထားဆက်ဆံတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း နအဖရဲ့  တဘက်သတ်ကျ လွန်တဲ့ အနေအထား၊ တရုတ်နိုင်ငံရဲ့  အကျိုးစီးပွား၊ တရုတ် နိုင်ငံရဲ့  လုံခြုံရေးကို အဓိက ဇောင်းပေးတဲ့အတွက်ကြောင့် အမေရိကန်၊ ကျန်တဲ့ နိုင်ငံတွေလို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးပြီလို့ အဖြေရှာတဲ့ အနေအထားတော့ မရှိပေမဲ့လည်း မြန်မာစစ် အစိုးရ အပေါ်မှာ အင်မတန်မှ သြဇာကြီးတဲ့ နိုင်ငံတနိုင်ငံအဖြစ် သူ့အနေနဲ့ အဲဒီဘက်အခြမ်း မှာ အာရုံစိုက်တာကို တွေ့ရပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ အခု မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အနေနဲ့ အစောပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ကာလ ကတည်းက အဖွဲ့ရဲ့  ကိုယ်စားလှယ်တွေကို တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးတွေ သွားတယ်၊ အဖွဲ့ခေါင်းဆောင်တွေကို တရုတ် နိုင်ငံသွားပြီး တရုတ် ခေါင်းဆောင် တွေနဲ့ မိတ်ဆက်မှုတွေ လုပ်ထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ အခု ပါတီအဖြစ် ပြောင်း လဲလိုက်တဲ့ အခြေအနေမှာ တရုတ်အစိုးရအနေနဲ့ ဒီပါတီ အပေါ်ကို ဘယ်လို ဆက်ဆံမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။ ဦးညိုအုန်းမြင့် ။ ။ အဓိကအနေနဲ့ တရုတ်အစိုးရက ဘယ်သူတက်တက် ငါ့အစိုးရဆိုတဲ့ ပေါ်လစီ သုံးမှာကို ကျနော်တို့ စိုရိမ်တကြီး စောင့်စား နေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ တဘက်မှာ မြန်မာနိုင်ငံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တဘက်သတ် အနိုင်ရ တာမျိုး၊ မတရား အနိုင်ယူသွားတာမျိုး ပုံသဏ္ဍာန်မှာ တရုတ်အစိုးရအနေနဲ့ နိုင်ငံရေးအရ ထောက်ခံပေမယ့် တဘက်မှာ ဖြစ်ပေါ်လာ မယ့် မြန်မာနိုင်ငံရဲ့  မတည်ငြိမ်အနေအထားတွေ၊ မြန်မာနိုင်ငံရဲ့  ဒီနေ့ လက်တွေ့ကြုံနေရတဲ့ အခြေခံ လူထုရဲ့  လိုအပ်ချက်တွေ၊ ရေအရ မီးအဆုံး ဒီလို ကိစ္စမျိုးတွေကို မစောင့်ရွက် မနိုင်မခြင်း။ မြန်မာနိုင်ငံရဲ့  အစိုးရက တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုကို မဖော်ထုတ်နိုင်ဘူး၊ မဖော်ဆောင်နိုင်ဘူးဆိုတာ တရုတ်အစိုးရအနေနဲ့ ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒီအတွက်ကြောင့် သူတို့ရဲ့  အဓိက ဒီအချိန်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ တရုတ်အစိုးရ အာဏာပိုင်တွေ နဲ့ တရုတ်ပညာရှင်တွေက မကြာ ခဏ ဆိုသလို ထောက်ပြဆွေးနွေးလာတဲ့ အချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့  အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီနဲ့ တိုင်း ရင်းသားအင်အားစုတွေ၊ နအဖ စစ်အုပ်စုနဲ့ပါ အမျိုးသားရင်ကြားစေ့ရေး အခြေခံနဲ့ တွေ့ဆုံဆွေးနွေးမှု တခုဖြစ်လာအောင် တရုတ်အစိုးရ အနေနဲ့ ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့ကို အသိ ပေးလာတဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့  ရပ်တည်ချက်က လွန်ခဲ့တဲ့ နှစ် (၂၀)၊ လွန်ခဲ့တဲ့ (၁၀) နှစ်က မြန်မာ နိုင်ငံအပေါ်၊ မြန်မာစစ်အစိုးရအပေါ် ထားရှိသလို မရှိတော့ဘူး ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။
NLD-LA နိုင်ငံရေးရှေ့  လုပ်ငန်းစဉ်အကြောင်း