တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
ကိုယ်အလေးချိန် ပေါင် ၇ဝဝ ရှိ အမျိုးသမီး ကမ္ဘာ့ အဝဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံရ
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆာခရာမန်တိုမြို့နေ ပေါ်လင်းပေါ်တာ (၄၇ နှစ်)သည် ကိုယ်အလေးချိန် ပေါင် ၇ဝဝ ရှိပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ၂ဝ၁၂ ခုနှစ်ထုတ် စာအုပ်၌ ကမ္ဘာ့အဝဆုံး အမျိုးသမီး အဖြစ် ထည့်သွင်း ခဲ့ကြောင်း သိရသည်။ သို့သော် ပေါ်တာက သူသည် နေ့စဉ် ဘဝ၌ ပုံမှန်အတိုင်း ကျင်လည်နိုင်ရန် အတွက် ကိုယ်အလေးချိန် ကျဆင်း လိုကြောင်း ပြောကြား ခဲ့သည်။ ယခုအခါ သူသည် ခုတင်ပေါ်၌ ကိုယ်ကို လှည့်၍ မရသကဲ့သို့ ခန္ဓာကိုယ်က ကားနှင့်လည်း မဆံ့တော့ပေ။ ပေါ်တာက သူသည် ကခုန်ခြင်း၊ လမ်းထွက်၍ ခရီးသွားခြင်းတို့ ပြုလုပ် နိုင်စေရန် နှင့် ကဇာတ်ရုံ ထိုင်ခုံ၌ ထိုင်နိုင်ရန် အတွက် ကိုယ်အလေးချိန် ပေါင် ၅ဝဝ ခန့် ကျဆင်း လိုကြောင်း ပြောကြားခဲ့သည်။
၈။၁၀။ ၂၀၁၁
+++++++++++++++++++
တရုတ်ပြည်ရဲ့ စာကလေး ပြဿနာ 25/8/2011 ၁၉၅၈ ခုနှစ်မှာ မော်စီတုံးဟာ ဘဝတိုတိုနဲ့ ကွန်မြူနစ် မဂ်ဖိုလ် ဆိုက်ရောက်ရန် အကြံနဲ့ ခုန်ပျံကျော်လွှား (The Great Leap Forward) စီမံကိန်းကြီးကို စတင် အကောင်အထည် ဖေါ်ခဲ့ပါတယ်။ ဘုံ လယ်ယာတွေ ထူထောင်၊ အိမ်နောက်မှာ သံရည်ကျိုပြီး စက်မှုဖွံ့ဖြိုးရေး တည်ဆောက်ပြီး ၁၅နှစ်အတွင်း အင်္ဂလန်ကို စက်မှု ထုတ်လုပ်ရေးမှာ သာလွန်တဲ့ ခေတ်မီနိုင်ငံ အဆင့်ရောက်ရှိရေးကို ဦးတည်ခဲ့တာပါ။ ခေတ်မှီတဲ့ စက်မှုနိုင်ငံ တည်ဆောက်ရင်း ပြည်သူသန်းငါးရာရဲ့ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ကိုလည်း ဥက္ကဋ္ဌကြီး မော်က သတိမလပ်၊ တွက်ထားပြီးသား။ တရုတ်ပြည်မှာ အဲဒီအချိန်က ကျနော်တို့ မြန်မာပြည်မှာလိုပဲ စပါးသိုလှောင်ရုံ (silo)တွေက မရှိ။ ဒါကြောင့်နှစ်စဉ် ငှက်စား၊ ကြက်စားနဲ့ သီးနှံတွေ ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ ဒီဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ မော်စီတုံးဟာ (FourPests Campaign) ယင်၊ ခြင်၊ ကြွက်နဲ့ စာကလေးကို သုတ်သင်ကြဆိုတဲ့ ကြွေးကြော်သံနဲ့ ကမ်ပိန်းကို စတင်ခဲ့ပါ တယ်။
အဲဒီအချိန်မှာ တရုတ်ပြည်က စာကလေးတွေ အဖို့တော့ မော်စီတုံးကောင်းမှုနဲ့ စာကလေးကပ်ကြီး ဆိုက်ပါတော့တယ်။ တရုတ်ပြည်သူ သန်းငါးရာဟာ စာကလေးတွေကို လေးခွနဲ့ ထုတဲ့သူက ထု၊ တွေ့တဲ့နေရာမှာ ရရာ တံမြက်စီး၊ သစ်ကိုင်းခြောက်တွေနဲ့ စာဝိုင်းခြောက်သူတွေက ဝိုင်းခြောက်နဲ့ စာကလေးတွေ နားခိုစရာမရှိဘဲ လေထဲပျံသန်းရင်းက အမောဆို့ပြီး သေကုန်ပါတယ်။ မော်စီတုံးရဲ့ စာချပွဲဟာ အတိုင်းထက်အလွန် အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း စာကလေးတွေဟာ တကယ် တော့ စပါးနှံထက် သီးနှံဖျက်ပိုးတွေကို ပိုလို့ စားသုံးတယ်ဆိုတဲ့ အချက်ကို မော်စီတုံး မသိခဲ့ပါဘူး။ အဲဒီအချိန်က (complexity science) တို့ chaos theory တို့ ecologyတို့ ဆိုတာတွေလည်း မပေါ်သေးဘူးလေ။ ရလဒ်ကတော့ သူတည်း တယောက်ကောင်းဖို့ ဆိုတဲ့ အဆိုအတိုင်း စာကလေးရန်က ဖရီးဒန်(freedom) ရကုန်တဲ့ သီးနှံဖျက်ပိုးတွေရဲ့ လက်ချက်နဲ့ လယ်တွေပျက်ပြီး ဒုမ္ဘိကန္တရကပ်ကြီးနဲ့ ကြုံလိုက်ရတဲ့အချိန်မှာ တရုတ်ပြည်သူ သန်း ၃ဝမှ ၄ဝအထိ ငတ်မွတ်သေဆုံး ခဲ့ကြရပါတယ်။ ခေတ်မှီ နိုင်ငံဆီ ဦးတည်ရာကနေ ပန်းတိုင်ကို မရောက်ဘဲ ဒုဓ္ဘိကန္တရကပ်ကြီးဆိုက်ပြီး အဲဒီအချိန်က မြန်မာပြည် လူဦးရေထက် သာလွန်တဲ့ တရုတ်ပြည်သူ သန်း၃ဝကျော်လောက် သေဆုံးခဲ့ရတဲ့ အခြေအနေကို ရောက်ခဲ့တဲ့ သာဓက ပါပဲ။ ဒေါက်တာ ထွန်းကျော်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၄ မိနစ်
------------------------------------------------
မဲဆောက်-မြဝတီတံတားပြန်ဖွင့်ချင် မြန်မာအတိုက်အခံ နိုင်ငံရေးအဖွဲ့တွေ ထိုင်းက ရှင်းပေးမှ မဲဆောက်-မြဝတီတံတား ပြန်လည်ဖွင့်ဖို့အတွက် ထိုင်းနိုင်ငံ တာ့ခရိုင်မှာရှိတဲ့ အတိုက်အခံအဖွဲ့ အထူးသဖြင့် ကေအန်ယူကို နှိမ်နင်းပေးဖို့နဲ့ ဒုက္ခသည်စခန်းတွေကို ရှင်းလင်းဖို့ မြန်မာအစိုးရက ထိုင်းကိုတောင်းဆိုကြောင်း တာ့ခရိုင်ဝန် စံမလွိုင်ဖားက ပြောပါတယ်။ ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ပိတ်ထားတာ တနှစ်ကျော်ကြာခဲ့ပါပြီ။
မဲဆောက်-မြဝတီတံတားမပိတ်ခင်က ဒီလမ်းကြောင်းကတဆင့် လစဉ် ထိုင်းကုန် ဘတ်ငွေ သန်းငါးထောင်ဖိုးလောက် မြန်မာဘက် တင်ပို့သလို မြန်မာဘက်က သွင်းကုန် ဘတ်သန်း နှစ်ထောင်ဝန်းကျင်လောက် ထိုင်းဘက်ကို ပြန်တင်သွင်းနေတာဖြစ်ပါတယ်။ တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ထိုင်းအစိုးရဘက်က ကြိုးစားနေချိန်မှာ မြန်မာအစိုးရက ထိုင်းနိုင်ငံ တာ့ခရိုင်ထဲက မြန်မာအတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ ဒုက္ခသည်စခန်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုတာလာတာဖြစ်ပါတယ်။
မြန်မာအစိုးရက အချက်သုံးချက်တောင်းဆိုတယ်လို့ တာ့ခရိုင်ဝန် စံမလွိုင်ဖားက မနေ့ကပြုလုပ်တဲ့ တပ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “မြန်မာဘက်က တာ့ခရိုင်ကနေတဆင့် တောင်းဆိုလာတာက ထိုင်းအစိုးရဖြစ် ဖြစ်စေ၊ တာ့ခရိုင်ဖြစ်စေ အချက်သုံးချက်ကို ရှင်းလင်းအောင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ ပထမအချက်က ဒုက္ခသည်စခန်းကိစ္စပါ။ မြန်မာအစိုးရမြင်တာက ဒုက္ခသည်စခန်းတွေဟာ လူမျိုးစု လက်နက်ကိုင်တွေရဲ့ ခိုလှုံရာနေရာဖြစ်တယ်။ စခန်းတွေကနေ မြန်မာပြည်ဘက်ပြန်ပြီး မြန်မာအစိုးရကို ဒုက္ခပေးနေတာဖြစ် တယ်။ အဲဒါကို ရှင်းပေးဖို့။ ဒုတိယအချက်က လွန်ခဲ့တဲ့ နှစ်သုံးနှစ်က ရန်ကုန်မြို့မှာ ဗုံးဖောက်ခွဲခဲ့တဲ့ သူတွေဟာ မဲဆောက်မှာရှိနေတယ်လို့ ဗမာအစိုးရက အကြောင်းပြတယ်၊ အဲဒီလူတွေကိုဖမ်းပေးရမယ်။ အချက် ၃ ကတော့ ကေအန်ယူက ခေါင်းဆောင်တွေဟာ တပ်ခရိုင်ထဲမှာနေတယ်၊ အထူးသဖြင့် မဲဆောက်မှာ ၁၀ ယောက်ထက်မနည်းရှိနေတယ်။ အဲဒီလူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုထားပါတယ်။” July 26, 2011 by နော်နိုရင်း • DVB
--------------------------------
AIDS ဆေးဖေါ်စပ်ရာမှာတောက်တဲ့ အသုံးပြု တစ်ကောင်- ကျပ်သိန်း ၄၀ ဖြင့် ၀ယ် ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား တစ်ဦး နေအိမ်မှ သိန်းထောင်ချီ တန်ဖိုးရှိသော တောက်တဲ့များနှင့် ဆေးခြောက်ထုပ်များကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။ ဖမ်းဆီးရမိသော တောက်တဲ့မှာ အကောင် ၄၀ ခန့်ရှိပြီး ကာလ ပေါက်ဈေးနှင့် ဆိုလျှင် ကျပ်သိန်းထောင်ချီ၍ တန်ဖိုးရှိကြောင်း သိရသည်။ “ စစ်တွေ အောင်မင်္ဂလာရပ်ကွက်က နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား ဦးမောင်တော် ဂေါ်ဘီ အိမ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူ့ကို ညနေပိုင်းလောက်မှာ အမှတ် ၂ ရဲတပ်ဖွဲ့က လာပြီး ဖမ်းဆီးသွာတာပါ။ ဖမ်းဆီးရမိတဲ့ တောက်တဲ့ အကောင်က ၄၀ ကျော် ဖြစ်ပါတယ်။ တကောင်စီ ၂၀ ကျပ်သား ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကာလ ပေါက်ဈေးဆိုရင် သိန်းထောင်ချီ ရှိတယ်လို့ သိရပါတယ်။ တခြား ဆေးခြောက်ထုပ် အများအပြား ကိုလည်း ရဲက ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ရပ်ကွက်လူငယ် တဦးက နိရဉ္စရာသို့ ပြောသည်။ တောတောင်များနှင့် လူနေအိမ်တွင် နေထိုင်လေ့ရှိသည့် ၂၀ ကျပ်သား အထက် အလေးချိန်ရှိ တောက်တဲ့များကို တရုတ်နှင့် မလေးရှားမှ ဈေးကောင်းကောင်းပေးပြီး ၀ယ်ယူနေသဖြင့် အဆိုပါ တောက်တဲ့များကို နိုင်ငံခြားသို့ တင်ပို့ရန် သူ၏ နေအိမ်တွင် ၀ယ်ယူ သိုလှောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ တောက်တဲ့က တောရိုင်း တိရစ္ဆာန် အက်ဥပဒေနဲ့ ငြိနေတော့ တရားမ၀င် ရောင်းဝယ် ဖေါက်ကားလို့မရဘူးလို့ သိရပါတယ်။ ဒါကြောင်း ရဲက သတင်းအရ သူရဲ့ အိမ်ကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးတာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။ တောက်တဲ့ အကောင်ကြီးများကို တရုတ်ပြည်နှင့် မလေးရှားမှ ဈေးကြီးပေးပြီး ၀ယ်ယူနေသဖြင့် ယခုအခါ တောက်တဲ့ကို မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နှင့် အိန္ဒိယ နိုင်ငံတွင်လည်း လိုက်လံ ရှာဖွေ ဖမ်းဆီး နေကြသည်ဟု သိရသည်။ မလေးရှားနိုင်ငံမှ လာသော သတင်း တပုဒ်တွင် ၃၀၀ ဂရမ်အထက် တောက်တဲ့ တစ်ကောင်ကို မလေးရှား ရမ်ဂစ် နှစ်သောင်း ငါးထောင် အထက် ဈေးပေါက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀ ကျပ်သား တောက်တဲ့ တစ်ကောင်ကို သိန်း (၅၀) အထက် ဈေးရရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့တွင် ၃၀၀ ဂရမ် အထက် တောက်တဲ့ တစ်ကောင်ကို တာကာ (၅) သိန်းပေါက်ဈေး ရှိနေကြောင်း သိရသည်။ တောက်တဲ့ ရောင်းဝယ်နေသူ တစ်ဦးက “တောက်တဲ့ အကောင် အငယ်ပိုင်းကို မယူဘူးနော်။ အနည်းဆုံး ကျပ်သား ၂၀ ဖြစ်ရမယ်။ ကျပ်ချိန် ၂၀အထက် ဆိုအကုန်လုံးဝယ်တယ်။ ကျပ်ချိန် ၂၀ သားတကောင်ဆို ကျပ်သိန်း ၄၀ ထိ ရောင်းရပါတယ်“ ဟုတောက်တဲ ရောင်းဝယ်နေသူ တဦးကပြောသည်။ အဆိုပါ အရွယ်အစား တောက်တဲ့များကို တရုတ်ပြည်က အကြီးအကျယ်ဝယ်နေသဖြင့် ယခုအခါ ရခိုင်ပြည်နယ်တွင် တောက်တဲ့များ အထူး ရှားပါးလာသည်ဟုသိရသည်။ “တောက်တဲက တရုတ်ပြည်မှာရောက်လို့ရှိရင် ရွှေဈေးနဲ့တူတူဖြစ်သွားတယ်လို့သိရပါတယ်။ ပီးတော့အဲဒီ တောက်တဲ့ကို AIDS ဆေး ဖေါ်စပ်ရာမှာအသုံးပြုတယ်လို့လည်း ပြောကြပါတယ်။ အဲဒါကြောင့် ဈေးများများ ပေးပြီးဝယ်နေတာဖြစ်နိုင်ပါတယ်။ တရားဝင်တော့ဝယ်လို့မရဘူး။ လျှို့လျှို့ဝှက်ဝှက်နဲ့ဝယ်နေကြတာပါ“ ဟုဆက် ပြောသည်။ ၎င်းပြင် တောက်တဲ့ကို AIDS ဆေးဖေါ်စပ်ရာတွင်၎င်း၊ ကင်ဆာရောဂါတွင်၎င်း၊ ၀က်ခြောက်နာတွင်၎င်း၊ ကာမအားတိုးဆေး အဖြစ်၎င်း အရိုးပြန်ဆက်ရာတွင်၎င်း၊ ယာနားရောဂါများကုသရာတွင်၎င်း အသုံးပြုသည်ဟု သိရသည်။ တောက်တဲ့နှင့် ဆေးခြောက်ထုပ်ဖြင့် ဖမ်းဆီးခံရသူ မွတ်စလင် ဦးမောင်တော်ဂေါ်ဘီမှာ ယခုအခါအမှတ် ၂ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ထွန်းထွန်း ။ ။ News Date:6/13/2011 နိရဉ္ဇရာ သတင်းဌာန
-------------------------------------------
အွန်လိုင်းပေါ်၌ခင်မင်သူ များ၏သွေးဆောင် ဖျားယောင်း၍ အလိုမတူပဲ သားမယား အဖြစ်ပြုကျင့် လိုက်သော ဖြစ်ရပ်တခု ပေါ်ပေါက်.
မင်္ဂလာပါ ခင်ဗျာ။ ဟစ်တိုင် ၀ိုင်တော်သူဝိုင်တော်သားများ ကျမ်မာချမ်းသာပါစေလို့ ရှေ့ဦးစွာနှတ်ခွန်ဆက်သ လိုက်ပါတယ်။ အွန်လိုင်းချက်တင်၌ ခင်မင်နေသူတစ်ဦး ခေါ်ရာ နောက်သို့ အယုံလွယ်၍ လိုက်မိခဲ့သော အသက် ၂၃ နှစ်အရွယ် မြန်မာ အမျိုးသမီး တစ်ဦးကို လိမ်ခေါ်သွားသူ အမျိုးသားနှင့် ၄င်း၏အဖော် အမျိုးသားတို့က အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အမှုတစ်ခု ရန်ကုန်မြို့တွင်း မြို့နယ် တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။ ပြည်တွင်းရှိ INGO အဖွဲ့အစည်း တစ်ခု၏ ၀န်ထမ်းဖြစ်သော အဆိုပါ အမျိုးသမီးငယ်သည် မေ ၂၂ ရက်နေ့က ပုစွန်တောင် မြို့နယ် အတွင်းရှိ အင်တာနက်ကဖေး တစ်ခုတွင် အသုံးပြုနေစဉ် တရားခံ ဖြစ်လာမည့် အမျိုးသားနှင့် G-talk တွင် တွေ့ဆုံခဲ့ကြောင်း၊ ထိုအမျိုးသားက သူမ အသုံးပြုနေသော ဆိုင်ကို မေးကာ မထင်မှတ်ဘဲ တကယ်ရောက်ရှိလာပြီး မုန့်သွားစားမည်ဟု စကားပြောရင်း ၄င်း၏ သူငယ်ချင်း အမျိုးသားတစ်ဦး ရှိရာ ဘီယာဆိုင်သို့ ရောက်သွားခဲ့ကြောင်း၊ သူမလည်း ဘီယာနှစ်ခွက် သောက်မိသွားပြီး မူးသွားကြောင်း၊ ၄င်းတို့ နှစ်ဦးက ကန်တော်ကြီးမှာ သွားနားမည် ပြောကာ ကားငှား၍ သူမကို ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်း တစ်ယောက်အိမ် ၀င်ဦးမည် ပြောကာ လမ်းတစ်လမ်း၌ တက်စီကို ရပ်ခိုင်းခဲ့ပြီး သူမကို အမူးပြေအောင် မျက်နှာ သစ်မည်ဟု ခေါ်ကြောင်း၊ သူမ အိမ်ခန်းပေါ် ရောက်သွားခဲ့သည့်အခါ အမျိုးသား တစ်ဦးက ထမင်းဆင်းဝယ်မယ် ဆိုပြီး ရှောင်ထွက်သွားစဉ် ကျန်တစ်ဦးက သူမကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထမင်းသွားဝယ်သည့်သူ ပြန်လာသည့်အခါ သူမကို ရေချိုးခန်းထဲ အတင်းခေါ်သွား၍ ထပ်မံ သားမယား အဖြစ် ပြု ကျင့်ခဲ့ကြောင်း၊ ထိုသူနှစ်ဦး ခေတ္တ အပြင်ထွက်သွားစဉ် မျက်နှာချင်းဆိုင် အခန်းကို အကူအညီတောင်းကာ အိမ်သို့ ဖုန်းဆက် ခဲ့ရ ကြောင်း၊ မျက်နှာချင်းဆိုင် အိမ်မှ အကြောင်းကြားမှုကြောင့် အမျိုးသမီးငယ် နေထိုင်ရာ လမ်းမှ ရာအိမ်မှူးနှင့် လူများ အခင်းဖြစ် ပွား ရာ နေရာသို့ ရောက်လာခဲ့ပြီး မိန်းကလေး၏ တိုင်ကြားချက် အရ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် ပ/၂၄၈/၂၀၁၁ ၊ ပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့် အရေးယူ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ တရားခံ အမျိုးသား နှစ်ဦးစလုံးကို ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်း၌ ခေတ်စားလာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုခန့်သာရှိသေးသော အင်တာနက်ကြောင့် ၄င်းနှင့် ဆက်နွယ်သော မိန်းကလေး များကို ကာယိနြေ္ဒ ပျက်ပြားစေမှု၊ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု၊ သွေးဆောင်ဖျားယောင်း၍ လူကုန်ကူးမှု စသဖြင့် အမှု များ ပေါ်ပေါက်လာပြီး မကြာခဏ ကြားနေရသဖြင့် အွန်လိုင်းပေါ်က မည်သူ့ကို မဆို အမျိုးသမီးများ အယုံမလွယ်ကြရန်၊ ခေါ်တိုင်း မလိုက်ရန်၊ မူးယစ်သေစာ (အစားအသောက်ထဲ ထည့်၍လည်း ဖြစ်နိုင်သည်) တိုက်ကျွေးခြင်းများ မသုံးဆောင်မိအောင် ခိုင်မာသော ကိုယ်ကျင့်တရားနှင့် အသိများ ရှိကြပြီး ဤမှုခင်းများ အကြောင်းကို အချင်းချင်းလည်း သတင်းပေး မျှဝေပေးရန် လိုအပ်လှပေသည်။ သူငယ်ချင်းအားလုံး ပျော်ရွှင်ပါစေ...
(အစဉ်လေးစားစွာဖြင့် )
............. ဇန်ရဲ--
---------------------------------------
ကောင်းကင်ဘုံနဲ့ နောင်ဘ၀ဆိုတာ မရှိဟု စတင်ဖင် ဟော့ကင်း ပြော ဗြိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က ‘ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့ သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ’ ဟု မကြာခင်က ထပ်မံပြောခဲ့တဲ့အတွက် ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။ “ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ ကျနော် ယူဆတယ်။ ပါဝင်တဲ့ အစိတ်ပိုင်းတွေ ပျက်စီးသွားရင် ရပ်သွားတာပါပဲ။ ပျက်စီးကျိုးပဲ့သွားတဲ့ ကွန်ပျုတာတွေအတွက် ကောင်းကင်ဘုံတို့ နောင်ဘ၀တို့ မရှိနိုင်ဘူး။ လူတွေအတွက်လည်း ဒီလိုပါပဲ။ အသိဥာဏ် အမှောင်ထဲက ကြောက်ရွံ့မှုတွေ အတွက် ကောင်းကင်ဘုံနဲ့ နောင်ဘ၀ကို နတ်သမီးပုံပြင်လို ဖန်တီးထားကြတာ” ဂါဒီယန် သတင်းစာကြီးကို ပြောခဲ့သည်။ ဗြိတိသျှ ရူပဗေဒပညာရှင် ဟော့ကင်းမှာ အသက် ၂၁ အရွယ်တွင် amyotrophic lateral sclerosis ရောဂါ ရရှိပြီး၊ ခန္ဓာကိုယ် မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ခဲ့သည်။ A.L.S ရောဂါ ရရှိသူ အများစုမှာ ငါးနှစ်အတွင်း သေဆုံးကြသည်။ ယခု ဟော့ကင်းက ၄င်းရောဂါ ဝေဒနာသည်များ အထဲတွင် ထူးထူးဆန်းဆန်း အသက်အရှည်ဆုံးလူ ဖြစ်နေသည်။
သူ့ရောဂါနှင့် ပတ်သက်ပြီး ဂါဒီယန်ကို ပြောရာတွင် “လွန်ခဲ့တဲ့ ၄၉ နှစ် ကတည်းက မကြာခင် သေတော့မယ်ဆိုတဲ့ အမြင်နဲ့ ကျနော် အသက်ရှင်နေခဲ့ပါတယ်။ သေခြင်းကို ကျနော် မကြောက်ဘူး။ ဒါပေမဲ့ အခုမြန်မြန်သေမယ်လို့လည်း မထင်သေးဘူး။ ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်” ဟု အသက် ၆၉ နှစ်ရှိ ဟော့ကင်းက ပြောသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟော့ကင်းက စကြာဝဠာရှိ တွင်းမည်းကြီးများရဲ့ ဂုဏ်သတ္တိအကြောင်း သင်္ချာဖြင့် ခွဲခြမ်းစိတ်ဖြာ ရှင်း လင်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အိုင်းစတိုင်းရဲ့ general theory of relativity နဲ့ အိုင်းစတိုင်း လက်မခံခဲ့လို့ အငြင်းပွားနေရတဲ့ quantum mechanics နိယာမတွေကို ဆက်စပ်ဖြေရှင်းပေးခဲ့သည်။ ၁၉၈၈ တွင် စကြာဝဠာရဲ့ နယ်နမိတ်တွေကို ရှင်းပြတဲ့ သူ့ရဲ့ ‘အချိန်ရဲ့ သမိုင်းအကျဉ်း’ စာအုပ်မှာ အုတ်ရေ ၁၀ သန်းကျော် ရောင်းရ ပြီး နှစ်နှစ်ဆက်တိုက် ဘတ်ဆဲလာ ဖြစ်ခဲ့သည်။ မနှစ်က ထုတ်ခဲ့တဲ့ ‘The Grand Design’ စာအုပ်တွင်လည်း ဂေါ့ဒ်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်း တင်ပြထားပြီး၊ ရူပဗေဒဖြင့် ဖန်ဆင်းရှင်ကို ဖယ်ရှားပစ်ခဲ့သည်။
သူ့စာအုပ်သစ် အဖွင့်တွင် “စကြာဝဠာဟာ ဘာမှမရှိတာတွေကနေ သူ့ဘာသာ ဖန်ဆင်းလာတာပဲ။ ဘာမှ မရှိတာကနေ တစုံတရာ ဘာကြောင့် ဖြစ်လာတာလဲ၊ စကြာဝဠာ ဘာကြောင့် တည်ရှိတာလဲ၊ ကျနော်တို့ ဘာကြောင့် ရှိတာလဲ ဆိုတာတွေကို အလို အလျောက် ကောက်ခါငင်ကာ ဖြစ်ပေါ်လာမှု (spontaneous creation) ကသာ အကြောင်းခံပဲ” ဟု ရေးသားခဲ့သည်။ သူ့ရဲ့ ဖန်ဆင်းရှင် ငြင်းဆန်မှုအပေါ် ဂေါ့ဒ် ခရေဇီများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယခု မြန်မာ မိရိုးဖလာ ဗုဒ္ဓဝါဒီများကလည်း နောင်ဘ၀ မရှိဘူး ပြောတဲ့အတွက် ဟော့ကင်းကို ဥစ္ဆေဒ ဒိဋ္ဌိကြီးဟု သတ်မှတ်လာကြသည်။ မူရင်း---မောက္ခ နိုင်ငံတကာသတင်း Source:CNN
-----------------------------------------
အထူးသတိပြုစရာ .. ကာမစိတ်ကိုဖြစ်စေသော ကော်ဖီမစ် မိန်းကလေးတွေ ... သင်္ကြန်မှာ ချမ်းနေတုန်း ..ကော်ဖီပူပူတိုက်တိုင်း .. ယုံယုံကြည်ကြည်မသောက်ကြပါနဲ့ ..။ ဘ၀ ...ပါ ...လမ်းကြောင်းပြောင်းသွားနိုင်ပါတယ် ..။ ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်းသို့ တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာ တင်သွင်းရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း ..လူငယ်များအကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေး ပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှ လည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။ ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုး ထုတ်လုပ်ထားကြောင်းသိရသည် ။
အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင် အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင် ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများ လာကြောင်း သိရသည်။ ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။ ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။ mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။ သူငယ်ချင်းအားလုံး ရှိသမျှ social site တိုင်းမှာ သင်္ကြန်အမီ share ကြပါ ..။
14/4/ 2011
ယာဉ်ပျံကို စတင်တွေ့ ရှိသူ ၂ဦး
http://popularmyanmar.com/
20/3/2011
Wednesday, 02 March 2011 09:52 Editor မောက္ခနိုင်ငံတကာသတင်း
22 feb 2011
။။။။။။။။။။။။။။။။။။။။။။။။။။။
-----------------
ဖော်ပြပြီး ဆောင်းပါးများ
50မြန်မာ အမျိုးသားကြီးတစ်ဦး မိမိလိင်အင်္ဂါ ဓားနှင့် ခုတ်ဖြတ်.
49.နအဖ အစိုးရသစ်၏ သမ္မတက လစာ သိန်း ၅၀
48.လိင်တံအတုဖြင့် မိမိဖာသာ ဖျော်ဖြေပါက ဗုံးပေါက်ကွဲ သေစေရန် လိင်တံတုဗုံး လက်ဆောင်ပေးသူ
47.ကမ္ဘောဒီးယား မြွေမင်္ဂလာဆောင်
46.လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-
45.Equation ၁။ လူသားအစ မြန်မာက (ပရိုင်းမိတ် သီအိုရီ)
44.ခြင်ကောင်များမှကူးစက်သောရောဂါများ တိုက်ဖျက်ရန် မျိုးဗီဇပြုပြင်ထားသော ခြင်များဖြင့် အသုံးပြုရန်စီစဉ်
43.ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟောင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအတွင်း တရားမ၀င် ကိုယ်ဝန်ဖျက်ချထားသော ကလေးငယ်အလောင်းပေါင်း ၂၀၀၀ ကျော် ကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြ
42.အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို တစ်နှစ်နီးပါး နေ့စဉ် အဓ္ဓမမှု ကျူးလွန်ခဲ့သဖြင့် ဖီလစ်ပိုင် နိုင်ငံ မနီလာ တစ်ရားရုံးက နှစ်ပေါင်း ၁၄၄၀၀ နှစ် အထိ ထောင်ဒဏ် ချမှတ်
41.စတာလင်အကြောင်း ပုံပြင်သစ် ခုနှစ်ပုဒ်
40.ယောက်ျား ကိုယ်ဝန်ဆောင်
39,ဂနှစ်အရွယ် ဆော်ဒီမိန်းကေလးငယ်က အရွယ် ၅၀ ရှိ သူ့ခင်ပွန်းနှင့် ကွာရှင်းပြတ်စဲလို -
38.ထူးထူးဆန်းဆန်း သစ်ပင်ပေါ်ကဟိုတယ်ခန်းများ
37.ကမ္ဘာ့ဈေးအပေါဆုံး ကွန်ပြူတာ
36.ကမ္ဘာ့ဖလား အနိုင်အရှုံးကို ထိန်းချုပ်သည့် မြန်မာ့မြွေတကောင် ဖမ်းဆီးရမိ
35.အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း ၇ဝ အစာမစား ရေမသောက် ဟု ဆိုသူ
34.မြွေ နဲ့ စမ်းသပ်ခြင်း
33.အလှဆုံးစားပွဲလေးများ
32.အဖွား နှင့် လက်ထပ်သည့် မြေး အချစ်ဇာတ်လမ်း
30.မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ
29-၉ ကြိမ်မြောက် အိမ်ထောင်ပြုသူ ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး
28-ရဲဖုန်းနံပါတ် မှားခေါ်မိပြီး အဖမ်းခံရသည့် ဖောက်ထွင်းသမား ၂ ဦး
27-ကျား လိင်အင်္ဂါ ပွဲတော်
26-ဇနီးသည် နာကျည်းမှုအတွက် အပြစ်
25-မိတ်ကပ်ဘူး ခိုးမှုဖြင့် စွဲချက် အတင်ခံရသည့် ရဲတပ်ဖွဲ့  အကြီးအကဲ
24-လက်တွေ့ စမ်းသပ်ချက်
23-တရုတ်နိုင်ငံမှ ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး ကလေးမွေးဖွား
22-အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်လှုပ်ပြီးမြို့ လည်ခေါင်တွင် တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်
21-ဟုတ်ရဲ့လား
20-~ ကမ္ဘာ့အသေးဆုံးမိခင် ကိုယ်ဝန်ထပ်ရှိ???
19-Just look what these Shaolin Monks can do
18-“ဘ၀ လက်တွဲဖော် ရွေးကြည့်ချင်သူများ အတွက်”
17-ခေါင်းနှစ်လုံးနှင့် ကလေးငယ် မွေးဖွားခဲ့
16-ကျောက်တုံးမှ ဘ၀ပြောင်း သွားတဲ့ သစ်သားတုံး
15-ပညာပေး စကားများ
14-ဘဝ
13-သခင်ကို အုန်းသီးနဲ့ ပေါက်သတ်တဲ့ မျောက်
12-ဆီးမှပြန်ချက်သည့်ရေ နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများ စတင်သောက်သုံး
11-အချစ်ကို စိတ်နာပြီး ရုရှား လူငယ် ၂ဦး ကိုယ့် ငယ်ပါ ကိုဖြတ်
10-နီပေါနိုင်ငံတွင် ဖား မင်္ဂလာဆောင်ပြုလုပ် လယ်သမားများ ထောင်ချီ တက်ရောက်
9-လက်ထပ်လျှင် စဉ်စားသင့်သော မိန်းမများ
8-ကလေးငယ်ကို ခွေးနှင့်လက်ထပ်ပေး
7-၅ မိနစ်အတွင်း ဂ- မွှာပူး မွေးဖွားနိုင်ခဲ့သူ
6-မြန်မာပြည်မှ အသက်အငယ်ဆုံး သီလရှင်
5- အသက် ၁၀၇ ကျမှ လင်လိုချင်သူ
4-တိုးတက်ခြင်းသို့ သွားရာလှေကား
3- နိုင်ငံခေါင်းဆောင်တို့ရဲ့  လစာ
2-ရှူးဖိနပ်တစ်ရံ ဒေါ်လာ (၁၀)သန်း တဲ့
1-“သူခိုးဖမ်းပေးသည့် သရဲ ”