တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
၂၀၁၁-ခုနှစ် -မတ်လ အတွက် သင့်ကံကြမ္မာ
တနင်္ဂနွေ တနင်္ဂနွေ ကတိစကားမတည်သောသူများနှင့်တွေ့မည်။ စုပေါင်း၍ ဖြစ်စေ၊ စုစည်း၍ဖြစ်စေ၊ ဆောင်ရွက်ထားသည်များမှ ထူးခြားသောတက်လမ်းရရှိမည်။ မိသားစုလုပ်ငန်း စီးပွားတိုးတက်မည်။ သူတစ်ပါးအပေါ် ယုံစားလွယ်သော စရိုက်ပြင်ပါ။ စာရွက်စာတမ်း၊ ငွေကြေးကိစ္စများ၊ သတိနှင့်ဆောင်ရွက်ပါ။ စိတ်ချမ်းမြေ့ဖွယ်ရာများနှင့် အောင်မြင်တိုးတက်မှုများရရှိမည်။ အတွင်းလူကို သတိ နှင့်ဆက်ဆံပါ။ သူတစ်ပါးထံသို့ အကြောင်းမဲ့ အလည်ပတ်သွားခြင်း ရှောင်ပါ။ လူငယ်များအဖို့ ညအိပ်ညနေ ခရီးသွားလာ လည်ပတ်ခြင်း ရှောင်ပါ။ အပေါင်းအသင်းကြောင့် နာမည် သိက္ခာ ထိခိုက်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းရှိ သည်။ လုပ်ငန်းဟောင်းများအား လမ်းသစ်ထွင်၍ လုပ်ကိုင်အောင်မြင်ခြင်းရှိမည်။ အရာရာအပေါ် စနစ်တကျ လုပ်ကိုင်၍ ရိုးသားမှုအားကောင်းခြင်းကြောင့် တိုးတက်မှုများ အထင်အရှားရရှိမည်။ ယတြာ ။ ။ မွေးနေ့တွင် အိမ်ရှေ့ခန်းသန့်ရှင်းရေးပြုပါ။ ယတြာ ။ ။ မွေးနေ့တွင် အုန်းနို့ခေါက်ဆွဲ ဒါနပြုပါ။
ငွေကြေး အကြပ်အတည်းမှ လွတ်မြောက်ရန် ---
ယခု တစ်လလုံး ဘုရားရှင်အား ပန်းပေါင်းစုံ ၅ မျိုးဖြင့် ကပ်လှူ ပူဇော်ပြီး - - ဒိဝါ တပတိ ဂါထာဖြင့် ပုတီးတစ်ပတ် နေ့ စဉ်စိပ်ပါ။
အကြွေးတောင်းလိုသူများ။ ။ ။
စနေနေ့ တွင်ခွေးကျွေးပြီးမှ အကြွေးတောင်းပါ။
နိုင်ငံခြား သွားလိုသူများ - - -
တဟိံ တဟိံ အစချီသော နမက္ကာရ ဘုရားရှိခိုး ဂါထာကို ပုတီးစိပ်ပါ။
အိမ်ရောင်းလိုသူများ - - -
အိမ်ကို အနောက်အရပ်က အကျိုးဆောင်နှင့် စပ်ရောင်းပါ။
ကားရောင်းလိုသူများ- - -
ကားကို မကြာခဏ လက်နှင့် ထိ၍ ဒိဝါတပတိ ဂါထာရွတ်ပါ။
အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ- - -
တန်ခိုးကြီး ဘုရား တစ်ဆူ၏ တနင်္ဂနွေထောင့်တွင် အဓိဌာန် ပုတီး စိပ်ပါ။
ွဲ့ အိမ်ထောင်ရေး အဆင်မပြေသူများ - - -
နှစ်ဦးပေါင်း နံသင့် ပန်းများဖြင့် ဘုရားရှင်အား အိုးတစ်လုံး သတ်သတ် ပူဇော်ထားပြီး နွမ်းတိုင်း လဲပေးပါ။
လူမှုရေး အတိုက်အခံများသူများ- - -
သံဗုဒ္ဓေ ဂါထာကို ၁၀၈-ခေါက် နေ့ စဉ် ရွတ်ပါ။
နှလုံးသားရေးရာ အခက်အခဲတွေ့ နေသူများ- - -
ချစ်သူနှင့် ဆုံရန် သွားတိုင်း အနက်ရာင် အင်းချီ မ၀တ်ရ။
ကျန်းမာရေး ပိုမို ကောင်းမွန်စေရန်- - -
နံနက်တိုင်း လမ်းလျှောက်ရင်း ဂုဏ်တော်များကို တစ်နာရီခန့် ရွတ်ပွါးပါ။
ထီကံ ကောင်းလိုသူများ
ကြာသပတေးနံ ထီဆိုင်တွင် (၅)ဂဏန်းများစွာ ပါအောင် ရွေးချယ် ကံစမ်းထားပါ။
ယတြာ ။ ။ မွေးနေ့တွင် အိမ်ရှေ့သန့်ရှင်းရေးလုပ်ပါ။ ------- ။ ။ မွေးနေ့တွင် အုန်းနို့ခေါက်ဆွဲဒါနပြုပါ။ ~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ တနင်္လာ စိတ်ကူးသစ်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ မထင်မှတ်ဘဲ ပေါ်လာသည့် အခွင့်အလမ်းများကို လက်တွေ့အသုံးချနိုင်သော ကာလဖြစ်သည်။ ငွေမည်မျှ ဝင်စေ အကြောင်းအမျိုးမျိုးနှင့် ပြန်ထွက်မည်။ စွန့်စားမှု များသောလုပ်ငန်းများ၊ ငွေကြေးအရင်းအနှီးများသော ကိစ္စ များ၊ တစ်ပါးသူအပေါ် မှီခိုတွဲဖက်ရသည့်မြှုပ်နှံမှုများ လုံးဝမပြုသင့်ပါ။ အလုပ်အကြွေးမထားသင့်။ ဥစ္စာဓန တက်လမ်းရှိမည်။ အလိုရှိရာပြည့်စုံမည်။ ငွေကြေးကံကောင်းမည်။ ရန်အားလုံးကိုကျော်လွှား၍ တိုး တက်မှုအဆင့်ဆင့်ရရှိမည်။ ရုတ်တရက်ဆောင်ရွက်လိုက် သည်များမှ ကောင်းသောအကျိုးဆက်ရမည်။ မိမိပိုင်၊ မိသားစုပိုင် ငွေကြေးပစ္စည်းများလက်ဝယ်ရရှိမည်။ ပြဿနာအားလုံးကို ကိုယ်တစ်ယောက်တည်း ဒိုင်ခံဖြေ ရှင်းရမည်။ ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စများတွင် မပါ ဝင်သောသူများနှင့် စကားအတိုက်အခံပြောရမည်။ ယတြာ ။ ။ မွေးနေ့တွင် ကော်ခွက်အစုတ်များ ရှာဖွေစွန့် ပစ်ပါ။ ယတြာ ။ ။ မွေးနေ့တွင် ကောက်ညှင်းပေါင်း ဒါနပြုပါ။
ဘုရားရှင်နှင့် ရှင်သီဝလိ ရဟန္တာ မထေရ်မြတ် ကြီးအား အင်္ဂါနံ အသီး၊ အညွန့် ၊ ပန်း၊ အဟာရများဖြင့် မပြတ်ကပ်လှူ ပူဇော်ပြီး - - ဒိဝါ တပတိ ဂါထာဖြင့် ပုတီးစိပ်ပါ။
သောကြာနေ့ တွင်ကြောင်စာကျွေးပြီး ။ အင်္ဂါနေ့ တွင် အကြွေးတောင်းပါ။
သံဃာတော် အရှင် သူမြတ် များအား အာရုံဆွမ်း လောင်းလှူပါ။
အိမ်ကို ကံ့ကော်ရွက် အခက်နှင့် မကြာခဏ ရိုက်ပါ။
ကားကို အင်္ဂါသား တစ်ဦးနှင့် စပ်ပြီးရောင်းပါ။
ဘုရားတစ်ဆူ၏ တနင်္ဂနွေထောင့်တွင် ပဌာန်း ရွတ်ပါ။
အိမ်ထောင်ရေး အဆင်မပြေသူများ - - -
ဘုရား တန်ဆောင်များ ရင်ပြင်တော်များကို တံမြက်စီး လှဲပေးပါ။
ယခုလ အင်းချီ အနက်ရောင်လေးများ မ၀တ်ပါနှင့်။
နံနက်တိုင်း ရေကို ဖုဌဿ ဂါထာကို သက်စေ့ ရွတ်ဆို၍ သောက်ပါ။
တနင်္လာနံ နံ ထီဆိုင်တွင် (၃)ဂဏန်းများစွာ ပါအောင် ရွေးချယ် ကံစမ်းထားပါ။
ယတြာ ။ ။ မွေးနေ့တွင် ကံ့ကော် နှစ်ညွန့် ဘုရား ------- ။ ။ မွေးနေ့တွင် ကြာဆံကြော်ဒါနပြုပါ။ ~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အင်္ဂါ မိမိအပေါ် ကာလရှည်ကြာ လွှမ်းမိုးသည့် အညံ့အဆိုး မှကင်းစင်မည်။ ရပိုင်ခွင့်များ လက်ဝယ်ပြန်လည်ရရှိ မည်။ စကားအတိုက်အခံ ပြောရတတ်သည်။ မင်္ဂလာရှိ သောကိစ္စများ ကြုံတွေ့ရမည်။ အလှူအတန်းများ ပါဝင် ပတ်သက်ရမည်။ လူမျိုးကွဲအကျိုးပေးမည်။ ပြည်ပခရီး ကံများပေါ်ပေါက်မည်။ မိသားစုတွင် နေရာထိုင်ခင်း ကိစ္စများ ပြောဆိုဆောင်ရွက်အောင်မြင်မည်။ ငွေကြေးကံ ကောင်းမည်။ အခါတိုင်းထက်ပို၍ ငွေဝင်မည်။ အလွန်သတိရှိရမည်။ အခက်အခဲများ တစ်မျိုးပြီးတစ်မျိုး ကြုံတတ်သည်။ ရန်အနှောင့်အယှက်များနှင့် ထိပ်တိုက် တွေ့ရတတ်သည်။ ရုတ်တရက် ဆောင်ရွက်လိုက်သည့် ကိစ္စများမှ ထူးထူးခြားခြား အဆင်ပြေမည်။ တက်လမ်း များကြုံတွေ့နိုင်သည်။ ညာဘက်ခြေ သို့မဟုတ် လက် တွင်ထိခိုက်ဒဏ်ရာရမှု ဂရုစိုက်ရမည်။ ငွေကြေးကိစ္စ သတိနှင့်ဆောင်ရွက်ပါ၊ ဆောင်ရွက်မှုများ မှားယွင်းခြင်း၊ ငွေလက်လွန်ခြင်းများရှိပါက အဆုံးအရှုံးများမည်။ ယတြာ ။ ။ မွေးနေ့တွင် ဆန်ကော၊ ဆန်ကာ အစုတ်များ ရှာဖွေစွန့်ပစ်ပါ။ ယတြာ ။ ။ မွေးနေ့တွင် ဆီးညွန့် ဘုရားကပ်လှူပါ။ ယတြာ ။ ။ မွေးနေ့တွင် ဆန်ကြဲပက်၍ ကြက်ငှက် သတ္တဝါကျွေးပါ။ ယတြာ ။ ။ မွေးနေ့တွင် ဆီထမင်းစားပါ။
ယခု တစ်လလုံး ဘုရားရှင်နှင့် ရှင်သီဝလိ ရဟန္တာ မထေရ်မြတ် ကြီးအား အ၈င်္ါနံ အသီး၊ အညွန့်  ပန်း၊ အဟာရများဖြင့် မကြာခဏ ကပ်လှူ ပူဇော်ပြီး - - ဒိဝါ တပတိ ဂါထာဖြင့် ပုတီးစိပ်ပါ။
သောကြာနေ့တွင် ခွေးကျွေးပြီးမှ အကြွေးတောင်းပါ။
သံဃာတော် အရှင် သူမြတ်များကျု ဆေး လှူဒါန်းပါ။
အိမ်ကို အင်္ဂါသား တစ်ဦးနှင့် စပ်ပြီးရောင်းပါ။
ကားကို တောင်အရပ်က အကျိုးဆောင်နှင့် စပ်ရောင်းပါ။
တနင်္ဂနွေနံ ဘွဲ့  အမည်ရှိသော ဘုရားစေတီများသို့ သွား၍ အဓိဌာန် ပုတီး (၇)ရက် စိပ်ပါ။
ပျက်နေနေသာ အိမ်ရှေ့ နေရာကို ပြင်လိုက်ပါ။ ဘူးခွံ ၊ ပုလင်းခွံ အဟောင်းများ။ ကော်ခွက် အဟောင်းများကို ရေ မျှော ပစ်လိုက်ပါ။
ဂြိုလ် ရှစ်ခွင် လှည့်၍ ပထမံ ဂါထာကို ပုတီး တပါတ် စိပ်ပါ။ ပြီးလျှင် တံမြက်စည်း လှည်းပါ။
သက်ဆိုင်သူသို့ ၁၀-မိနစ်ခန့်  မေတ္တာ ပို့ ပါ။
ရေ သတ္တ၀ါလေးများကို အစာကျွေးပါ။
ဗုဒ္ဒဟူးသား သမီး တစ်ဦးနှင့် စပ်၍ ရွေးချယ် ကံစမ်းထားပါ။
ယတြာ ။ ။ မွေးနေ့တွင် ဆန်ဒါနပြုပါ။ ------- ။ ။ မွေးနေ့တွင် ဆီးယိုဒါနပြုပါ။ ~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဗုဒ္ဓဟူး သူတစ်ပါးကြောင့် မိမိအကြံအစည်များ ပျက်ယွင်းမည်။ အသေးစိတ်ဆောင်ရွက်လိုစိတ်မရှိဘဲ ဖြတ်လမ်းမှ အလော တကြီးဆောင်ရွက်၍ ပြဿနာတွေ့ရတတ်သည်။ ငွေ ကြေးနှင့်ပတ်သက်သောကံကောင်းသည်။ အလုပ်တိုး တက်မည်။ ဥစ္စာတိုးပွားမည်။ စုပေါင်းလုပ်ငန်းအကျိုး ပေးမည်။ လုပ်ငန်းခွင်အတွင်းမှသူများ အလုပ်တိုးတက် ခြင်း၊ အဆင့်တိုးတက်ခြင်းရှိမည်။ မိသားစုတွင် ငွေကြေး ကိစ္စများအား အမွေအနှစ်ဆန်ဆန်ပြောရမည်။ ပြဿနာရန်အားလုံးကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းပါ။ အလုပ်မှန်သမျှ တစ်ထိုင်တည်းပြီးပြတ်အောင်လုပ်ပါ။ ပြဿနာအလုံးစုံကို အြေ<ွကးမထားဘဲ ချက်ချင်း၊ လက်ငင်းရှင်းပါ။ ခရီးဝေး အရပ်ဝေး တိုင်းတစ်ပါးနှင့် ဆက်စပ်ပြီး အလုပ်ကိစ္စများ ဆောင်ရွက်၍ အကျိုးထူးရရှိ မည်။ ရုတ်တရက် ပေါ်ထွန်းလာသော စိတ်ကူးအကြံ အစည်များအား လက်တွေ့အသုံးချပါ။ ခက်ခဲသော ပြဿနာများအပေါ် သတိနှင့်ယှဉ်ပြီး ပြေလည်အောင် ဆောင်ရွက်ပါ။ ယတြာ ။ ။ မွေးနေ့တွင် ရေခွက်အဟောင်းအညစ်များ ရှာဖွေစွန့်ပစ်ပါ။ ယတြာ ။ ။ မွေးနေ့တွင် ဝါးယပ်တောင်အဟောင်းများ ရှာဖွေ၍ စွန့်ပစ်ပါ။
ယခု တစ်လလုံး ဘုရားရှင် အားသောကြာနံ အသီး၊ အညွန့် ၊ပန်း၊ အဟာရများဖြင့် မကြာခဏ ကပ်လှူ ပူဇော်ပြီး -ဒိဝါ တပတိ ဂါထာဖြင့် အဓိဌာန် ပုတီးစိပ်ပါ။
စနေနေ့ တွင် ခွေးကျွေးပြီးမှ အကြွေးတောင်းပါ။
အိမ်ကို မကြာခဏ လက်နှင့် ထိ၍ ဒိဝါတပတိ ဂါထာဖြင့် အဓိဌာန် ပုတီး စိပ်ပါ။
ကားကို သရော် ကင်ပွန်းဖြင့် ၅ -ရက် ဆေးပေးပါ။
နံနက်စောစော ထ၍ ဂုဏ်တော် ကွန်ချာကို အဓိဌာန် ပုတီး စိပ်ပါ။
ဘုရားရှင်အား သစ္စာပန်းများဖြင့် လှူ၍ ဆုတောင်းပါ။
သက်ဆိုင်သူသို့  နေ့စဉ် ၁၀-မိနစ်ခန့်  မေတ္တာ ပို့ပါ။
ထမင်းစားပြီးတိုင်း ဗောဇ္ဈင်္ဂ သုတ်ရွတ်ဖတ် သရဇ္ဈာယ်ပါ။
ခရီးသွားမည့် လူကြုံနှင့် မှာ၍ ထီထိုးပါ။ ဂဏန်း မရွေးဘဲ ကြိုက်ရာ ထိုးနိုင်ပါသည်။ ချက်ချင်း အမြန် ထိုးလိုက်ပါ။
ယတြာ ။ ။ မွေးနေ့တွင် လမုန့်စားပါ။ ------- ။ ။ မွေးနေ့တွင် လက်ဖက်သုပ်စားပါ။ ~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရာဟု
စီမံကိန်းချ၍ ဆောင်ရွက်မှုများတွင် နိုင်နင်းမည်။ သို့သော် ယခုလအတွင်း မိမိစီမံထားသောလမ်းကြောင်းတစ် လျှောက် အခက်အခဲ အနှောင့်အယှက်များကြုံမည်ဖြစ် ပေရာ လမ်းသစ်ထွင်ပြီး ဆောင်ရွက်ကာမှ တော်ရုံကျ မည်။ လုပ်ငန်းသစ်လုပ်ရန် ဝန်မလေးသင့်၊ မြှုပ်နှံထား သည့်ငွေကြေးမှ ထူးခြားသော အကျိုးအမြတ်ရမည်။ လက်လွန်ထားသည့်ငွေများ ပြန်ရမည်။ ခြံမြေကိစ္စ စကား ပြောဆိုမှုများ အောင်မြင်မည်။ မတော်တဆ ထိရှမှုဂရု စိုက်ရမည်။ ထူးခြားစွာကံကောင်းခြင်းများပေါ်ပေါက်မည်။ ဝင်ငွေကောင်းမည်။ မေတ္တာရေးကံကောင်းမည်။ ပညာအတတ်နှင့် ဆောင်ရွက်မှုများအထူးအောင်မြင်မည်။ လုပ်ငန်းခွင်မှသူများ အဆင့်တိုးခြင်း ငွေဝင်တိုးခြင်းရှိမည်။ မိသားစု တစ်စုတစ်စည်းတည်း အကျိုးပေးသော အနေအထားများ ရှိမည်။ အပြောင်းအရွှေ့အတွက် ကြိုးစားဆောင်ရွက် ချက်များအောင်မြင်မည်။ ခရီးကံကောင်းမည်။ မေတ္တာ ရေးကံ အနည်းငယ်အညံ့ရှိသည်။ ယတြာ ။ ။ မွေးနေ့တွင် ဖန်ကွဲ မှန်ကွဲများ ရှာဖွေ၍စွန့် ပစ်ပါ။ ယတြာ ။ ။ မွေးနေ့တွင် ပဲပေါင်မုန့်စား၍ လိုရာဆန္ဒ ပြုပါ။
----
သောကြာနေ့ တွင်ခွေးကျွေးပြီး ။ အင်္ဂါနေ့ တွင် အကြွေးတောင်းပါ။
အိမ်ကို ဆီးခက်နှင့် မကြာခဏ ရိုက်ပါ။
အင်္ဂါနံ နံ ထီဆိုင်တွင် (၃)ဂဏန်းများစွာ ပါအောင် ရွေးချယ် ကံစမ်းထားပါ။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ရေသန့် ဒါနပြု -------- ။ ။ မွေးနေ့ညနေပိုင်းတွင် မြောက်အရပ် မျက်နှာမူ၍ ရေသောက်ပါ။ ~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကြာသပတေး
ပစ္စည်းလှောင်ခြင်းမပြုရ။ အလောတကြီး ဝယ်ယူခြင်း မပြုရ။ ငွေသားအတိုင်း မထားဘဲ ဟိုဝယ်၊ ဒီဝယ်လုပ် ခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။ ပစ္စည်း ထက် ငွေကြေးအတိုင်းထားခြင်းဖြင့် အကျိုးအမြတ် ရရှိမည်။ အပျက်အစီးများမည်။ ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်သော ငွေကြေးကုန်ကျမှုများမည်။ အကျိုးရှိရှိ မသုံးရဘဲ အလဟသငွေကုန်မည်။ အခက်အခဲများကို ရင်ဆိုင်၍ တိုးတက်မှုသစ်များ ဖန်တီးနိုင်မည်။ အဆင်ပြေမှုများ တစ်မျိုးပြီးတစ်မျိုး ဆက်တိုက်ဖြစ်ပေါ် မည်။ အရှေ့အရပ်၊ အရှေ့မြောက်အရပ်မှစာ၊ လူ၊ ပစ္စည်း များလက်ခံရရှိမည်။ လုပ်ထုံး၊ လုပ်နည်းသစ်များဖြင့် ဆောင်ရွက်အကျိုးပေးမည်။ ဆန္ဒကြီးလွန်းခြင်း၊ ဖြစ်လို စိတ်များသောလုပ်ငန်းများမှ စိတ်အနှောင့်အယှက်ရှိမှု ကြုံမည်။ ဆန္ဒကိုလျှော့၍ အေးအေးချမ်းချမ်း စိတ်လျှော့ ပြီးလုပ်က အဆင်ပြေမည်။ အကုန်အကျ၊ အပျောက်အရှ များမည်။ သံယောဇဉ်ရှိသူနှင့် ခွဲခွာရတတ်သည်။ ယတြာ ။ ။ မွေးနေ့တွင် ပဲပလာတာ ဒါနပြုပါ။ ယတြာ ။ ။ မွေးနေ့တွင် ကြာဆံကြော် ဒါနပြုပါ။
ယခု တစ်လလုံး ဘုရားရှင်နှင့် ရှင်သီဝလိ ရဟန္တာ မထေရ်မြတ် ကြီးအား တနင်္ဂနွေနံ ပန်း၊ အဟာရများဖြင့် မကြာခဏ ကပ်လှူ ပူဇော်ပြီး - - ဒိဝါ တပတိ ဂါထာဖြင့် ပုတီးစိပ်ပါ။
အင်္ဂါနေ့ တွင်ခွေးကျွေးပြီးမှ အကြွေးတောင်းပါ။
နံနက်ဝေလီဝေလင်း စောစော ထ၍ ပဌာန်း ဥဒ္ဒေသနိဒ္ဒေသ ကို ရွတ်ဖတ် ပူဇော်ပါ။
အိမ်ကို ဒါန်းညွန့်  လက်တစ်ဆုပ်ဖြင့် မကြာ မကြာ စတိ ရိုက်ပါ။
ကားစက်ဖုံးကို နံ့ သာတုံးဖြင့် စတိ ရိုက်ပါ။
တနင်္ဂနွေနံ ဘွဲ့  အမည်ရှိသော ဘုရားစေတီများသသို့ သွား၍ အဓိဌာန် ပုတီး (၇)ရက် စိပ်ပါ။
အိမ်ထဲရှိ ကော်ခွက် အဟောင်းများကို ရေ မျှော ပစ်လိုက်ပါ။
ဘုန်းကြီးကျောင်းများသို့ သွား၍ တဲမြက်စည်းလှဲပါ။
ငါး အရှင်လေးများကို ဘေးမဲ့ လွှတ်ပေးပါ။
နံနက်တိုင်း ဘုရားရှင်အား မျက်နှာ သစ်ေတာ်ရေ ကပ်လှူပါ။
စနေနံ ထီဆိုင်တွင် (၇)ဂဏန်းများစွာ ပါအောင် ရွေးချယ် ကံစမ်းထားပါ။
ယတြာ ။ ။ မွေးနေ့တွင် ပိန်းပန်းပွင့် ဘုရားတင်ပါ။ -------- ။ ။ မွေးနေ့တွင် ပဲပေါင်မုန့်ဒါနပြုပါ။ ~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သောကြာ မည်မျှခက်ခဲသော ကိစ္စဖြစ်စေ၊ ကျော်လွှားအောင်မြင်နိုင် ပြီး ဘဝတိုးတက်မှုများ အထင်အရှားရရှိမည်။ မိတ်ဆွေ အကြီးအကဲများထံမှ ကောင်းသောအထောက်အကူ ကောင်းများရရှိမည်။ လုပ်ငန်းခွင်မှသူများ အလုပ်ခွင် သင်တန်းများတက်ရောက်ရမည်။ ငွေကြေးမြှုပ်နှံမှုများ မှ ထူးထူးခြားခြား အကျိုးကောင်းရမည်။ ရည်မှန်းချက် သစ်များ အကောင်အထည်ဖော်၍ အောင်မြင်ခြင်းရှိမည်။ ဆောင်ရွက်သမျှ ကိစ္စများ၊ တလွဲတချော်ဖြစ်ပြီး မှန်းထားသည်များ လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲနေမည်။ သူတစ်ပါးနှင့် ပတ်သက်ပြီး ပြဿနာများဖြစ် တတ်သည်။ မိမိလုပ်လိုသည့် ကိစ္စမှန်သမျှကို ဆောင်ရွက် ရန်မသင့်။ စိတ်ကူးထားသည်များကို အတင်းချိုးနှိမ်၍ ချုပ်တည်းပါ။ ကိုယ်တိုင်မလုပ်ဖြစ်သေးသော အကြံ အစည် စိတ်ကူးများအား သူတစ်ပါးကို ဖွင့်ဟ တိုင်ပင်ခြင်း မပြုပါနှင့်။ ကိုယ်လုပ်လိုသော ကိစ္စများနှင့် ဆန့်ကျင် ဘက်လုပ်မှ အဆင်ပြေမည်။ ယတြာ ။ ။ မွေးနေ့တွင် သွပ်ပြား၊ သံပြားအစုတ်များ ရှာဖွေ၍စွန့်ပစ်ပါ။ ယတြာ ။ ။ မွေးနေ့တွင် သက်ကြီးရွယ်အိုများအား ဆေးဝါးလှူပါ။
ယခု တစ်လလုံး ဘုရားရှင်နှင့် ရှင်သီဝလိ ရဟန္တာ မထေရ်မြတ် ကြီးအား ကြာသပတေးနံ ပန်း၊ အဟာရများဖြင့် မကြာခဏ ကပ်လှူ ပူဇော်ပြီး - - ဒိဝါ တပတိ ဂါထာဖြင့် ပုတီးစိပ်ပါ။
စနေနေ့ တွင် အင်းချီ အပြာရောင် ၀တ်ဆင်ပြီး အကြွေးတောင်းပါ။
သီလရှင် ဆရာကြီးများကိုဆေးလှူပါ။
အိမ်ကို ဓါတ်မရိုက်ပါနှင့်။ ကြာသပတေး သမီး တစ်ဦးနှင့် စပ်ရောင်းပါ။
ကားကို အနောက်အရပ်မှ အကျိုးဆောင်နှင့် အပ်ပြီးရောင်းပါ။
တနေ့ တည်း ဘုရား ၅ ဆူလှည့်၍ ဆစ်ဆူရှင် ပန်း ၅ မျိုးစီဖြင့် ပူဇော်ပါ။ ပြည်ပရောက်ရှိနေသူများ မိမိ ကြည်ညိုရာ ဘာရား ၅ ဆူအား ရည်မှန်း ပူဇော်ပါ။
မေတ္တာသုတ် နေ့စဉ် ဂြိုလ်သက်အလိုက် ရွတ်ဖတ် ပူဇော်ပါ။
အိမ်နှင့် သိပ်မဝေးသော ဘုရား တစ်ဆူသို့ လမ်းလျှောက်သွားပြီး သန့် ရှင်ေးရးများ တတ်အားသရွေ့  ကုသိုလ် ပြုပေးပါ။
ခို၊ကျီး၊ ခွေးလေးများကို မကြာခဏ အစာကျွေးပါ။
နွမ်းပါး သူများကို အထည်များ လှူပါ။
ယတြာ ။ ။ မွေးနေ့တွင် သက်သတ်လွတ်စားပါ။ ------- ။ ။ မွေးနေ့တွင် ငှက်ပျောသီး လှူပါ။ ~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ စနေ ကြတိစကားမတည်သောသူများနှင့်တွေ့မည်။ စုပေါင်း၍ ဖြစ်စေ၊ စုစည်း၍ဖြစ်စေ၊ ဆောင်ရွက်ထားသည်များမှ ထူးခြားသောတက်လမ်းရရှိမည်။ မိသားစုလုပ်ငန်း စီးပွားတိုးတက်မည်။ သူတစ်ပါးအပေါ် ယုံစားလွယ်သော စရိုက်ပြင်ပါ။ စာရွက်စာတမ်း၊ ငွေကြေးကိစ္စများ၊ သတိနှင့်ဆောင်ရွက်ပါ။ စိတ်ချမ်းမြေ့ဖွယ်ရာများနှင့် အောင်မြင်တိုးတက်မှုများရရှိမည်။ အတွင်းလူကို သတိ နှင့်ဆက်ဆံပါ။ သူတစ်ပါးထံသို့ အကြောင်းမဲ့ အလည်ပတ်သွားခြင်း ရှောင်ပါ။ လူငယ်များအဖို့ ညအိပ်ညနေ ခရီးသွားလာ လည်ပတ်ခြင်း ရှောင်ပါ။ အပေါင်းအသင်းကြောင့် နာမည် သိက္ခာ ထိခိုက်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းရှိ သည်။ လုပ်ငန်းဟောင်းများအား လမ်းသစ်ထွင်၍ လုပ်ကိုင်အောင်မြင်ခြင်းရှိမည်။ အရာရာအပေါ် စနစ်တကျ လုပ်ကိုင်၍ ရိုးသားမှုအားကောင်းခြင်းကြောင့် တိုးတက်မှုများ အထင်အရှားရရှိမည်။ ယတြာ ။ ။ မွေးနေ့တွင် အိမ်ရှေ့ခန်းသန့်ရှင်းရေးပြုပါ။ ယတြာ ။ ။ မွေးနေ့တွင် အုန်းနို့ခေါက်ဆွဲ ဒါနပြုပါ။
ယခု တစ်လလုံး ဘုရားရှင်အား ကြာသပတေးနံ အသီး၊ အညွန့် ၊ပန်း၊ အဟာရများဖြင့် မကြာခဏ ကပ်လှူ ပူဇော်ပြီး - - ဒိဝါ တပတိ ဂါထာဖြင့် ပုတီးစိပ်ပါ။
စနေနေ့တွင်ခွေးကျွေးပြီးမှ အကြွေးတောင်းပါ။
သီလရှင် ဆရာကြီးများကို အချိုရည်ဘူးများ လှူပါ။
အိမ်ကို ပျဉ်းမ လက်တစ်ဆုပ်ဖြင့် မကြာ မကြာ ရိုက်ပါ။
ကား ကိုကံ့ကော် လက်တစ်ဆုပ်ဖြင့် မကြာ မကြာ ရိုက်ပါ။
ယခုလ ဘုရား ၅ ဆူလှည့်လည်၍ ပန်းပေါင်းစုံ ကပ်လှူ ပုဇော်ပြီး ပဌာန်း ရွတ်ပါ ။
မေတ္တာသုတ်ကို နေ့ စဉ်ြ၈ိုလိသက်အလိုက် ရွတ်ဖတ် သရဇ္ဈယ်ပါ။
ခိုစာ မကြာခဏ ကျွေးပါ။
ထမင်းစားတိုင်း ဖုဌဿ ဂါထာ ရွတ်ဖတ်ပြီးမှ စားပါ။
ခရီးသွားမည့် လူကြုံနှင့် မှာ၍ ထီထိုးပါ။ ဂဏန်း မရွေးဘဲ ကြိုက်ရာ ထိုးနိုင်ပါသည်။
ယတြာ ။ ။ မွေးနေ့တွင် လက်နှီးအဟောင်းများ စွန့်ပစ်ပါ။ ------- ။ ။ မွေးနေ့တွင် ဒိန်ချဉ်သောက်ပြီး လိုရာ ဆန္ဒပြုပါ။ ~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဆြာ နှင့် သင့်ကံကြမ္မာ ရှေ့ ရေး ဆွေးနွေး လိုပါက သူရိယ အယ်ဒီတာမှ တဆင့် ဆက်သွယ်မေးမြန်း နိုင်ပါသည်။ ဗေဒ က၀ိန် ဆြာကြီး -
ဆက်သွယ်ရန်
editor.thuriya@gmail.com
ကိုယ်သေမယ့်ရက် တွက်ကြည့် ချင်သူများအတွက် http://www.deathclock.com/
မှာ ၀င်ပြီး တွက်ကြည့် နိုင်ပါတယ်။
။။။။။။။။။။။။။။။
အောက်တွင် ရွေးချယ်ပြီး သင့်ကံကြမ္မာကို စစ်ဆေးနိုင်ပါသည်
ဟိန်းတင့်ဇော် ၏ ဗေဒင်ပညာ
ဖတ်ချင်စရာ ဗေဒင်စာအုပ်များ
အောက်တွင် နှိပ်ပြီး ရွေးချယ်ပါ