လူလိမ်ကြီးများပုံပြင်(ဟင်းပေါင်းအိုးကြီး)

 လူလိမ်ကြီးများပုံပြင်
-ဟင်းပေါင်းအိုးကြီး
-17.1.2016


လူလိမ်ကြီးများပုံပြင်ဆိုတာအမတ်ကြီးဦးပေါ် ဦးကသာယာဝတီမြို့စားမင်းသားကိုပြောပြခဲ့ တဲ့ပုံပြင်တစ်ပုဒ်ပါ။
နတ်ဝတ်ပုဆိုးတိမ်မီးခိုးလို့ လဲခေါ်ပါတယ်။
ကြားဘူးသူတွေလဲကြားဘူး ကြမှာပါ။

ဇာတ်လမ်းစပုံကဒီလိုပါ…
တခါတုန်းကသာယာဝတီမြို့စားမင်းသားနဲ့ အတူနောက်လိုက်နောက်ပါဝန်မင်းတစ်စုအ တူထမင်းတစ်ဝိုင်းထဲစားဖြစ်ကြတဲ့အခါမြို့စား မင်းသားဟာငပိရည်ဖျော်နဲ့ကြက်ဟင်းခါးအ ရွက်ရေနွေးဖျောလေးတို့စားရတာအလွန်ထ မင်းမြိန်တာနဲ့ သူ့နောက်ပါ ဝန်မင်းတွေကိုလဲ ကြက်ဟင်းခါးရွက်တို့ကြည့်ဘို့ပြောပါတယ်။
အဲဒီထမင်းပွဲမှာအမတ်ကြီးဦးပေါ်ဦးလဲပါဝင် ခဲ့ပါတယ်။



ဝန်မင်းတွေဟာမင်းသားစကားမပယ်ရှားဝံ့ တော့ ကြက်ဟင်းခါးရွက် တို့စားရတာခါးမှန်း သိပေမယ့်ကြိတ်မှိတ်စားကြတာပေါ့။
ဒီထဲမှာ အမတ်ကြီးဦးပေါ်ဦးတော့မပါ ပါဘူး။

စားသောက်ပြီးကြတော့မြို့စားကထမင်းမြိန် ရဲ့လားလို့မေးပါတယ်။
မြို့စားကသူကြိုက်တာ စားရတော့မြိန်ချ င်မြိန်မှာပေါ့။
ကျ န်တဲ့သူတွေ ကတော့ခါးသီးစာကိုစားခဲ့ရတော့ဘယ်မြိန်ပါ့ မလဲ။ဒါပေမယ့်မြို့စားအကြိုက်လိုက်ပြီးမြိန်ပါ တယ်လို့လိမ်ပြောကြတာပေါ့။
အမတ်ကြီးဦး ပေါ်ဦးကတော့အကြိုက်လိုက်မပြောပါဘူး။
ဒါ ပေမယ့်မြို့စားကိုတော့ဒီလိုပြောပါတယ်။

"မှန်လှပါစားကောင်းမကောင်းပြောခင်အရှင့် ကိုနတ်ဝတ်ပုဆိုးတိမ်မီးခိုးပုံပြင်အရင်ပြောပြ ချင်ပါတယ်ဘုရား "….လို့ပြောပါတယ်။

"အလို နတ်ဝတ်ပုဆိုးတိမ်မီးခိုးတဲ့လား ပြော ပြစမ်းပါဦးအမတ်မင်းရယ် "

ဦးပေါ်ဦးဟာနတ်ဝတ်ပုဆိုးတိမ်မီးခိုးပုံပြင်ကို စတင်ပြောပြလိုက်ပါတော့တယ်။

ရှေးတုန်းကအလွန်အမြှောက်အပင့်ကြို က် တဲ့ဘုရင်ကြီးတစ်ပါးရှိသတဲ့။
သူ့နားခစားနေ ကြတဲ့မှူးမတ်တွေဟာ အလကားအားနေရင် ဘုရင်ကိုဘဲမြှောက်ပင့်နေကြတာပေါ့။

တစ်နေ့တော့အမြှောက်ကြိုက်တဲ့ဘုရင်ကြီး သတင်းကိုကြားတဲ့ တောသား လူလည်တစ် ယောက်ဟာဘုရင့်ရှေ့တော် ရောက်အောင် အခစားဝင်ပြီးဒီလိုတင်လျှောက်လာပါတယ်။

" ဘုန်းသမ္ဘာကြီးမြတ်လှတဲ့မင်းတရားကြီးရှိ ရာ ကျ နော်မျိုးကြီးအလာမှာ မြို့အဝင်နားရှိ ညောင်ပင်က ရုက္ခစိုးနတ်မင်းက မင်းကြီးကို နတ်ဝတ်ပုဆိုးတိမ်မီးခိုးဆက်သချ င်ကြောင်း ကျ နော်မျိုးနဲ့အမှာရှိလိုက်ပါတယ်ဘုရား "

"ငါကိုယ်တော်ကိုနတ်ဝတ်ပုဆိုးတိမ်မီးခိုးဆို တာဘာလဲလို့ရုက္ခစိုးမင်းကရှင်းပြလိုက်သေး လားဟဲ့ "



"မှန်လှပါဒီပုဆိုးဟာဘုန်းကံမြင့်သူမှသာမြင် နိုင်မယ် ပြောပါတယ်ဘုရား...ပြီးတော့ဘုရင် မင်းမြတ်ရဲ့ လစာရိက္ခာကို လိမ်ညာစားနေသူ တွေ ရာထူးဌာနန္တရနဲ့ မထိုက်တန် သူတွေဆို ရင်မမြင်ရနိုင်ဘူးလို့အမှာရှိလိုက်ပါ့ဘုရား "

နောက်နေ့မှာတော့တောသားလူလည်နဲ့အ တူအမတ်တွေကိုရွှေကလပ်တစ်ခုနဲ့နတ်ဝတ် ပုဆိုးတိမ်မီးခိုးယူဘို့လွှတ်လိုက်ပါတယ်။

ညောင်ပင်ဆီရောက်လို့ရွှေကလပ်နဲ့စောင့် ယူနေကြပေမယ့်ဘာရုက္ခစိုးမှလဲဆင်းမလာ ပါဘူး။ဒါပေမယ့်အတန်ငယ်ကြာတော့တော သားလူလည်ကရွှေကလပ်ကိုကြည့်ပြီး…
"ဟာ ဘယ်အချိန်ကရောက်နေပါလိမ့်ဗျာ.. ဒီမှာနတ်ဝတ်ပုဆိုးက ရွှေကလပ်ပေါ်မှာဘဲဗျ လှလိုက်တဲ့အဆင်ဗျာ အသားလေးကလဲအိ လို့ပါလား ကြည့်ကြပါဦး ဘိုးဘိုးတို့ရယ် "…
ဆိုပြီးခပ်တည်တည်နဲ့စဖြီးလိုက်ပါတယ်။

ဒီအခါအမတ်တွေကတွေးကြပါတယ်…

"ဟင့် ဘာမှလဲမတွေ့ရဘူး အဲ..ဒါပေမဲ့မတွေ့ ဘူးဆိုရင်လဲ ငါတို့ရာထူးတွေနဲ့ မထိုက်လို့အ ပြောခံရဦးမယ်..ဒီတော့ မတွေ့လဲ တွေ့တယ် ဘဲပြောမှဖြစ်မယ် " ဆိုပြီး…

"ဟာ ဟုတ်ပါရဲ့အရောင်လေးကလဲလွင်နေ တာဘဲနော် "

" အေးဗျာ ဒီလောက်အိစက်တဲ့ပိုးသားဖျ င် ဒီတစ်ခါဘဲတွေ့ဘူးရဲ့ "... စသဖြင့်အိယောင်ဝါးလိုက် အကြောင်ရိုက်စ ကားတွေနဲ့ဖောရှောလုပ်ကြပါလေရော...

ဒီလိုနဲ့ဘဲဘာမှမရှိတဲ့ရွှေကလပ်ကြီးကိုင်ပြီး ဘုရင့်ရှေ့ရောက်လာကြရောဆိုပါတော့..ဘု ရင်ဆီရောက်လို့ဆက်သတဲ့အခါ...
"ရှုစားတော်မူပါမင်းကြီးဘုရား..အဆင်လဲလှ အသားလေးကလဲအိနေတဲ့နတ်ဝတ်ပုဆိးပါ ဘုရား.."

ဘုရင်ကြီးကြည့်လိုက်တော့ရွှေကလပ်ပေါ် မှာဘာမှမတွေ့ရဘူး.. ဒါပေမယ့်သူလဲမတွေ့ ဘူးမပြောရဲဘူး.ပြောမိရင်ထီးနန်းနဲ့မတန်ဘူး ဘုန်းသမ္ဘာမရှိတဲ့သူထင်ခံရမယ်လေ.ဒီတော့ သူ့ခါးကဝတ်လဲတော်ပုဆိုးကိုချွ တ်ချ ပြီး က လပ်ပေါ်ကမရှိတဲ့ပုဆိုးကို ယူတဲ့ဟန်ပြပြီးဝတ် ဟန်ဆောင်လိုက်ပါတော့တယ်။

ကြေးမုံပြင်ရှေ့မှာခါးအောက်ပိုင်းဗလာကျင်း ဖင်ဟောင်းလောင်းပြောင်ပြောင်နဲ့ဟိုလှည့် ဒီ လှည့်လုပ်နေတဲ့ ဘုရင်ကိုမကြည့်ရဲကြတဲ့မှူး မတ်နဲ့ မောင်းမတွေဟာ အားလုံး ခေါင်းငုံ့နေ ကြပါတော့တယ်။

"ပုံပြင်ကတော့ဒီလောက်ပါဘဲအခုလဲမြို့စား မင်းကြက်ဟင်းခါးရွက်ခါးချ က်အလွန်ဆိုးပေ မယ့်ခါးတယ်မပြောရဲတော့ရှုံ့ရှုံ့မဲ့မဲ့နဲ့ကောင်း ပါတယ် ပြောနေကြတာ မမြင်ရတဲ့ နတ်ဝတ် ပုဆိုးကို မမြင်ရဘဲမြင်တယ်လို့ လိမ်ပြောနေ သလိုဖြစ်နေကြောင်းပါဘုရား "

ဦးပေါ်ဦးစကားအဆုံးမှာမြို့စားမင်းအပါအ ပါအဝင်မှူးမတ်အားလုံးအုံးကနဲရယ်မောကြ ပါလေတော့သတည်း…။

ဒီဇာတ်ကြောင်းကိုဖတ်ကြလို့အပြီးမှာဘာ များနားလည်လိုက်ကြပါသလဲ ? ကျ နော်က တော့ခေတ်အဆက်ဆက်လက်ညှိုးထောင် ခေါင်းညိတ်လုပ်လာကြတဲ့ အပါးတော်မြဲ လူ လိမ်လူညာကြီးတွေကိုသွားမြင်မိပါကြောင်း ရေးသားရင်းဖြင့်……
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
စိုပြေ
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။(ဟစ်တိုင်)

Othet links